မဟတ္တမ ဂန္ဓီရဲ့ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းများ ရောင်းချပေး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Unicode

မန္တလေး၊ အောက်တိုဘာ ၂-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း နဲ့ မန္တလေးမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံကောင်စစ်၀န်ချုပ်ရုံးတို့ပူးပေါင်းပြီး အိန္ဒိယနိုင်ငံ လူထူခေါင်းဆောင် မဟတ္တမ ဂန္ဓီရဲ့ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် မဟတ္တမ ဂန္ဓီ ပုံပါ အထူးတံဆိပ်ခေါင်းများရောင်းချပေးတဲ့အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက မန္တလေးစာတိုက်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။

” အထူးထုတ် တံဆိပ်ခေါင်းတစ်ခုကို ၁၀၀ကျပ်နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ အခုရေ ၁၀သိန်းရောင်းချပေးပါတယ်၊ မန္တလေးစာတိုက်ကြီးအနေနဲ့ အခုရေ ၅သောင်းရောင်းချပေးတာ ဖြစ်ပါတယ်၊ တံဆိပ်ခေါင်းအပြင် ပိုစ့်ကတ်အခု၇၀၀ကိုပါ ရောင်းချပေးမှဖြစ်ပါတယ်၊ မဟတ္တမ ဂန္ဓီရဲ့ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် အနေနဲ့ရောင်းချပေးတာ ဖြစ်ပါတယ်”လို့ မန္တလေးစာတိုက်ကြီး တာ၀န်ခံအရာရှိ မန်နေဂျာ မနွယ်နီထွန်းကပြောပါတယ်။

ဒီနေ့လာ၀ယ်တဲ့ စာပို့တံဆိပ်ခေါင်း အချို့ကို အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ပထမနေ့စာအိတ်(Firstday Cover)များပေါ်တွင် နေ့စွဲအမှတ်အသားများ ရိုက်နှိပ်ပေးခဲ့ပြီး အထူးထုတ် တံဆိပ်ခေါင်း အခုရေ ၅သောင်းကိုလည်း ကုန်သွားတဲ့အချိန်ထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar#မန္တလေး#မဟတ္တမဂန္ဓီရဲ့ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ်#အထူးထုတ် တံဆိပ်ခေါင်းများရောင်းချပေး#

ZwGyi Code

မဟတၱမ ဂႏၶီရဲ႕ ႏွစ္(၁၅၀)ျပည့္အထိမ္းအမွတ္ အထူးထုတ္ တံဆိပ္ေခါင္းမ်ား ေရာင္းခ်ေပး

မႏၲေလး၊ ေအာက္တိုဘာ ၂-၂၀၁၉
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာန ျမန္မာ့စာတိုက္လုပ္ငန္း နဲ႔ မႏၲေလးၿမိဳ႕အေျခစိုက္ အိႏၵိယသမၼတႏိုင္ငံေကာင္စစ္၀န္ခ်ဳပ္႐ုံးတို႔ပူးေပါင္းၿပီး အိႏၵိယႏိုင္ငံ လူထူေခါင္းေဆာင္ မဟတၱမ ဂႏၶီရဲ႕ ႏွစ္(၁၅၀)ျပည့္အထိမ္းအမွတ္ မဟတၱမ ဂႏၶီ ပုံပါ အထူးတံဆိပ္ေခါင္းမ်ားေရာင္းခ်ေပးတဲ့အခမ္းအနားကို ဒီကေန႔မနက္ပိုင္းက မႏၲေလးစာတိုက္ႀကီးမွာ ျပဳလုပ္ခဲ့ပါတယ္။

” အထူးထုတ္ တံဆိပ္ေခါင္းတစ္ခုကို ၁၀၀က်ပ္နဲ႔ တစ္ႏိုင္ငံလုံးအတိုင္းအတာ အခုေရ ၁၀သိန္းေရာင္းခ်ေပးပါတယ္၊ မႏၲေလးစာတိုက္ႀကီးအေနနဲ႔ အခုေရ ၅ေသာင္းေရာင္းခ်ေပးတာ ျဖစ္ပါတယ္၊ တံဆိပ္ေခါင္းအျပင္ ပိုစ့္ကတ္အခု၇၀၀ကိုပါ ေရာင္းခ်ေပးမွျဖစ္ပါတယ္၊ မဟတၱမ ဂႏၶီရဲ႕ ႏွစ္(၁၅၀)ျပည့္အထိမ္းအမွတ္ အေနနဲ႔ေရာင္းခ်ေပးတာ ျဖစ္ပါတယ္”လို႔ မႏၲေလးစာတိုက္ႀကီး တာ၀န္ခံအရာရွိ မန္ေနဂ်ာ မႏြယ္နီထြန္းကေျပာပါတယ္။

ဒီေန႔လာ၀ယ္တဲ့ စာပို႔တံဆိပ္ေခါင္း အခ်ိဳ႕ကို အထူးအစီအစဥ္တစ္ရပ္အေနနဲ႔ ပထမေန႔စာအိတ္(Firstday Cover)မ်ားေပၚတြင္ ေန႔စြဲအမွတ္အသားမ်ား ႐ိုက္ႏွိပ္ေပးခဲ့ၿပီး အထူးထုတ္ တံဆိပ္ေခါင္း အခုေရ ၅ေသာင္းကိုလည္း ကုန္သြားတဲ့အခ်ိန္ထိ ေရာင္းခ်ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar#မႏၲေလး#မဟတၱမဂႏၶီရဲ႕ ႏွစ္(၁၅၀)ျပည့္အထိမ္းအမွတ္#အထူးထုတ္ တံဆိပ္ေခါင္းမ်ားေရာင္းခ်ေပး#

Related posts

Leave a Comment

VOM News

FREE
VIEW