ကင္းလွည္႔သေဘၤာနဲ႔ တိုက္မိျပီး ေျမာက္ကိုရီးယားငါးဖမ္းသေဘၤာ ဂ်ပန္ပင္လယ္အတြင္းနစ္ျမဳပ္

တိုက်ိဳ၊ ေအာက္တိုဘာ-၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ဂ်ပန္ငါးဖမ္းေအဂ်င္စီမွ ကင္းလွည္႔ သေဘၤာတစ္စင္းနဲ႔ ေျမာက္ကိုရီးယားငါးဖမ္းသေဘၤာတစ္စင္းတို႔ဟာ ေအာက္တိုဘာ ၇ ရက္ ဂ်ပန္စံေတာ္ခ်ိန္ နံနက္ ၉ နာရီ ၁၀ မိနစ္မွာ ဂ်ပန္ပင္လယ္ျပင္အတြင္း တိုက္မိခဲ႔တယ္လို႔ ဂ်ပန္ကမ္းေျခေစာင္႔တပ္ဖြဲ႔ကေျပာပါတယ္။

အဲဒီ သေဘၤာနွစ္စင္းဟာ အိုင္ရိွီကာ၀ါျပည္နယ္ရိွ နိုတိုကြ်န္းဆြယ္ရဲ႕ အေနာက္ေျမာက္ဘက္ ကီလိုမီတာ ၃၅၀ အကြာမွာ တိုက္မိခဲ႔တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယား သေဘၤာဟာ ေရ၀င္နစ္ျမဳပ္သြားျပီး သေဘၤာသား ၂၀ ဦးကေတာ႔ ပင္လယ္ျပင္အတြင္း က်သြားတာေၾကာင္႔ ဂ်ပန္ငါးဖမ္းေအဂ်င္စီသေဘၤာက ကယ္ဆယ္ေရးေတြ လုပ္ေဆာင္ေနပါတယ္။

အခင္းျဖစ္ရာေနရာမွာ စံုစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ ကင္းလွည္သေဘၤာတစ္စင္းနဲ႔ အျခားသေဘၤာေတြကို ေစလႊတ္ထားတယ္လို႔ ကမ္းေျခေစာင္႔တပ္ဖြဲ႔က ေျပာပါတယ္။

သေဘၤာခ်င္းတိုက္မိတဲ႔ မေတာ္တဆမႈဟာ အေကာင္းဆံုးငါးဖမ္းရာေဒသျဖစ္တဲ႔ ယာမာတိုတိုင္ရိွ ဂ်ပန္ သီးသန္႔စီးပြားေရးဇုန္အတြင္းျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။ ေပ်ာက္ဆံုးေနတဲ႔ ေျမာက္ကိုရီးယား သေဘၤာသားအခိ်ဳ႕ကို ျပန္လည္ကယ္တင္ထားျပီး သူတို႔ကို စစ္ေဆးေမးျမန္းဖို႔အတြက္ ေခၚေဆာင္သြားဖြယ္ရိွပါတယ္။

မၾကာေသးမီွနွစ္မ်ားအတြင္းကလည္း ေျမာက္ကိုရီးယား ငါးဖမ္းသေဘၤာေတြဟာ ေႏြဦးရာသီမွ ေဆာင္းရာသီအထိ အဲဒီေဒသမွာ တရားမဝင္ငါးခိုးဖမ္းမႈေတြ လုပ္ေဆာင္ခဲ႔ၾကပါတယ္။ျပီးခဲ႔တဲ႔ လအတြင္းကလည္း ဂ်ပန္ပင္လယ္ျပင္က ရုရွားဘက္အျခမ္းမွာ ငါးခိုးဖမ္းတယ္ဆိုတဲ႔ သံသယနဲ႔ ေျမာက္ကိုရီးယားနုိင္ငံသားေတြကို ရုရွားကဖမ္းဆီးခဲ႔ပါတယ္။

Ref : NHK
Photo :AP
#voiceofmyanmar#တိုက်ိဳ#ကင္းလွည္႔သေဘၤာနဲ႔တိုက္မိျပီး#ေျမာက္ကိုရီးယားငါးဖမ္းသေဘၤာ ဂ်ပန္ပင္လယ္အတြင္းနစ္ျမဳပ္#

Unicode

ကင်းလှည့်သင်္ဘောနဲ့ တိုက်မိပြီး မြောက်ကိုရီးယားငါးဖမ်းသင်္ဘော ဂျပန်ပင်လယ်အတွင်းနစ်မြုပ်

တိုကျို၊ အောက်တိုဘာ-၇-၂၀၁၉
မျိုးဆက် (VOM)

ဂျပန်ငါးဖမ်းအေဂျင်စီမှ ကင်းလှည့် သင်္ဘောတစ်စင်းနဲ့ မြောက်ကိုရီးယားငါးဖမ်းသင်္ဘောတစ်စင်းတို့ဟာ အောက်တိုဘာ ၇ ရက် ဂျပန်စံတော်ချိန် နံနက် ၉ နာရီ ၁၀ မိနစ်မှာ ဂျပန်ပင်လယ်ပြင်အတွင်း တိုက်မိခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

အဲဒီ သင်္ဘောနှစ်စင်းဟာ အိုင်ရှီကာဝါပြည်နယ်ရှိ နိုတိုကျွန်းဆွယ်ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၅၀ အကွာမှာ တိုက်မိခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယား သင်္ဘောဟာ ရေဝင်နစ်မြုပ်သွားပြီး သင်္ဘောသား ၂၀ ဦးကတော့ ပင်လယ်ပြင်အတွင်း ကျသွားတာကြောင့် ဂျပန်ငါးဖမ်းအေဂျင်စီသင်္ဘောက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

အခင်းဖြစ်ရာနေရာမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကင်းလှည်သင်္ဘောတစ်စင်းနဲ့ အခြားသင်္ဘောတွေကို စေလွှတ်ထားတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

သင်္ဘောချင်းတိုက်မိတဲ့ မတော်တဆမှုဟာ အကောင်းဆုံးငါးဖမ်းရာဒေသဖြစ်တဲ့ ယာမာတိုတိုင်ရှိ ဂျပန် သီးသန့်စီးပွားရေးဇုန်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့ မြောက်ကိုရီးယား သင်္ဘောသားအချို့ကို ပြန်လည်ကယ်တင်ထားပြီး သူတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ခေါ်ဆောင်သွားဖွယ်ရှိပါတယ်။

မကြာသေးမှီနှစ်များအတွင်းကလည်း မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောတွေဟာ နွေဦးရာသီမှ ဆောင်းရာသီအထိ အဲဒီဒေသမှာ တရားမဝင်ငါးခိုးဖမ်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ လအတွင်းကလည်း ဂျပန်ပင်လယ်ပြင်က ရုရှားဘက်အခြမ်းမှာ ငါးခိုးဖမ်းတယ်ဆိုတဲ့ သံသယနဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေကို ရုရှားကဖမ်းဆီးခဲ့ပါတယ်။

Ref : NHK
Photo :AP
#voiceofmyanmar#တိုကျို#ကင်းလှည့်သင်္ဘောနဲ့တိုက်မိပြီး#မြောက်ကိုရီးယားငါးဖမ်းသင်္ဘော ဂျပန်ပင်လယ်အတွင်းနစ်မြုပ်#

Related posts

Leave a Comment

VOM News

FREE
VIEW