ထင်းရှာရင်း မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရ

မြေပုံ၊ အောက်တိုဘာ ၇ -၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြေပုံမြို့နယ် အင်ကြင်းကျေးရွာက အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဒီကနေ့နေ့လည်ပိုင်းက ထင်းရှာသွားစဉ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာတွေအပြင်းအထန်ရရှိခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ကျေးရွာအနီးဝန်းကျင်မှာ ထင်းရှာသွားခဲ့ကြတာဖြစ်ပြီး ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ မင်းပြား-မြေပုံလမ်းပိုင်းအတွင်းက မိုင်တိုင်အမှတ် ၃၈ အနီးမှာ နင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ သူတို့လင်မယားက နေ့လည်ပိုင်းလောက်မှာ ထင်းရှာသွားတယ်။ ကားလမ်းမကနေ တောထဲကိုအဝင်လမ်းမှာ မိုင်းနင်းမိတာပါ။ ယောက်ျားက ကျော်သွားတယ်။ နောက်ကလိုက်လာတဲ့ မိန်းမက နင်းလိုက်တာပေါ့။ ခြေထောက်တွေတော့ တော်တော်လေးကိုဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ် ”လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီမိုင်းနင်းမိတဲ့အတွက် လင်ဖြစ်သူမှာ ထခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် ဇနီးသည်ရဲ့ ညာဖက်ခြေထောက်မှာ ဒဏ်ရာပြင်းထန်ပြီး ဖြတ်ပစ်ရမယ့်အနေအထားရှိနေတယ်လို့ သိရပါတယ်။ “သူ့ကို လောလောဆယ်တော့ အမ်းဆေးရုံကိုပို့ထားတယ်။ ဒဏ်ရာကတော့ နှစ်ဖက်လုံးထိတယ်။ ညာဖက်ခြေထောက်ကတော့ တော်တော်လေးကိုပြင်းထန်တယ်။ ဖြတ်ရမယ်လို့လည်းသတင်းကြားတယ်”လို့ မြေပုံဒေသခံတစ်ဦးကပြောပါတယ်။…

Read More

ကင်းလှည့်သင်္ဘောနဲ့ တိုက်မိပြီး မြောက်ကိုရီးယားငါးဖမ်းသင်္ဘော ဂျပန်ပင်လယ်အတွင်းနစ်မြုပ်

တိုကျို၊ အောက်တိုဘာ-၇-၂၀၁၉ မျိုးဆက် (VOM) ဂျပန်ငါးဖမ်းအေဂျင်စီမှ ကင်းလှည့် သင်္ဘောတစ်စင်းနဲ့ မြောက်ကိုရီးယားငါးဖမ်းသင်္ဘောတစ်စင်းတို့ဟာ အောက်တိုဘာ ၇ ရက် ဂျပန်စံတော်ချိန် နံနက် ၉ နာရီ ၁၀ မိနစ်မှာ ဂျပန်ပင်လယ်ပြင်အတွင်း တိုက်မိခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။ အဲဒီ သင်္ဘောနှစ်စင်းဟာ အိုင်ရှီကာဝါပြည်နယ်ရှိ နိုတိုကျွန်းဆွယ်ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၅၀ အကွာမှာ တိုက်မိခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယား သင်္ဘောဟာ ရေ၀င်နစ်မြုပ်သွားပြီး သင်္ဘောသား ၂၀ ဦးကတော့ ပင်လယ်ပြင်အတွင်း ကျသွားတာကြောင့် ဂျပန်ငါးဖမ်းအေဂျင်စီသင်္ဘောက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။ အခင်းဖြစ်ရာနေရာမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကင်းလှည်သင်္ဘောတစ်စင်းနဲ့ အခြားသင်္ဘောတွေကို စေလွှတ်ထားတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ သင်္ဘောချင်းတိုက်မိတဲ့ မတော်တဆမှုဟာ အကောင်းဆုံးငါးဖမ်းရာဒေသဖြစ်တဲ့ ယာမာတိုတိုင်ရှိ ဂျပန် သီးသန့်စီးပွားရေးဇုန်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့ မြောက်ကိုရီးယား သင်္ဘောသားအချို့ကို ပြန်လည်ကယ်တင်ထားပြီး သူတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ခေါ်ဆောင်သွားဖွယ်ရှိပါတယ်။…

Read More

စစ်ကိုင်းမြို့နယ်တရားရုံးက တွဲဖက်မြို့နယ်တရားသူကြီးကို ဆန္ဒထုတ်ဖော်

စစ်ကိုင်း အောက်တိုဘာ ၇ -၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ်တရားရုံး ရဲ့ တွဲဖက်မြို့နယ်တရားသူကြီး မနှင်းပွင့်ဖြူ ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ စုရပ်ပြုလုပ်ပြီး လူဦးရေ (၁၁)ဦး နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာမှာနေတဲ့ မခင်သူဇာထံကနေ တစ်ရွာထဲနေသူ ဦးအေးငွေက ငွေကျပ် ၇ သိန်းချေး ပြီး ပြန်မဆပ်တဲ့အတွက် မခင်သူဇာ က စစ်ကိုင်းမြို့နယ် တရားရုံး ကို ဦးတိုက်လျောက်ထားတဲ့ အမှုမှာ စစ်ကိုင်းမြို့နယ်တရားရုံးက တရားစွဲဆိုခံတဲ့ ဦးအေးငွေ ကို အပြီးသတ်လွတ်ပေးခဲ့ပြီး နေရပ်လိပ်စာ တွေ လွဲမှားပြီးအမိန့်ချခဲ့တဲ့အတွက် တရားစီရင်ရေးမှန်ကန်အောင် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒထုတ်ဖော်တဲ့ ကိုအောင်မြတ်မင်းကပြောပါတယ်။ အဲ့ဒီ ဆန္ဒထုတ်ဖော်မှုကို စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ စုဝေးပြီး သုဓမ္မာလမ်းကနေ တာရိုးလမ်းတောင်ဘက် အတိုင်း လမ်းလျှောက်ပြီး စစ်ကိုင်းမြို့နယ်မြေစာရင်းရုံး အနောက်မြောက်ထောင့်မှာ ဆန္ဒထုတ်ဖော်မှုကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar#စစ်ကိုင်း#မြို့နယ်တရားရုံးကတွဲဖက်မြို့နယ်တရားသူကြီးကိုဆန္ဒထုတ်ဖော်#…

Read More

သရုပ်ဆောင်ဂျိုလီနဲ့တူဖို့ ခွဲစိတ်မှု ၅၀ ပြုလုပ်ခဲ့တဲ့အမျိုးသမီး အီရန်မှာအဖမ်းခံရ

တီဟီရန်၊ အောက်တိုဘာ ၇-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်သရုပ်ဆောင် အင်ဂျလီနာဂျိုလီနဲ့ သရုပ်တူတဲ့ ဓါတ်ပုံတွေကိုတင်လေ့ရှိတာကြောင့် အင်စတာဂရမ်မှာ ကျော်ကြားတဲ့ အီရန်အမျိုးသမီးကို အီရန်တရားရုံးတစ်ခုက အမိန့်ထုတ်ပြီး ဖမ်းဆီးလိုက်ပါတယ်။ ဆာဟာတာဘာလို့ အမည်ရှိတဲ့ အမျိုးသမီးဟာ ယဉ်ကျေးမှုဆိုင်ရာ ရာဇဝတ်မှုတွေ ၊ ကိုယ်ကျင့်တရားပျက်ပြားစေတာတွေကြောင့် တီဟီရန်တရားရုံးက ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ခဲ့တာလို့ အီရန်အခြေစိုက် သတင်းဌာနတစ်ခုက အောက်တိုဘာ ၆ ရက်နှောင်းပိုင်းမှာ ဖော်ပြပါတယ်။ သူမဟာ ဘုရားသခင်ကို စော်ကားခြင်း၊ အကြမ်းဖက်မှုလှုံ့ဆော်ခြင်း၊ မသင့်လျော်တဲ့ နည်းလမ်းတွေက တစ်ဆင့် ဝင်ငွေရရှိခြင်း၊ လူငယ်တွေကို အကျင့်ပျက်ခြစားမှု အားပေးအားမြှောက်ပြုခြင်းစတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ဓါတ်ပုံတွေလူမှုကွန်ရက်မှာ ပြန့်နှံ့သွားချိန်မှာတော့ တာဘာနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံခဲ့ရပါတယ်။ သူမဟာ ဟောလိဝုဒ်အကျော်အမော် အင်ဂျလီနာဂျိုလီနဲ့ တူဖို့ ခွဲစိတ်မှုအကြိမ် ၅၀ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာ…

Read More

ရှေ့နေ‌ဒေါ်စုဒါလီအောင်ကို နိုင်လွတ်လုံပုဒ်မနဲ့တရားစွဲတဲ့အတွက် တရားလို ဒေါ်ဥမ္မာကျော်ကို အဲ့ဒီပုဒ်မနဲ့ပဲ ပြန်တရားစွဲမယ်

နေပြည်တော်၊ အောက်တိုဘာ ၇-၂၀၁၉ ကိုထွန်း(နေပြည်တော်) ဗစ်တိုးရီးယားရဲ့ အမှုမှာ စွပ်စွဲဖမ်းစီးခံရသူ ဒရိုင်ဘာအောင်ကြီးဘက်က ရှေ့နေလိုက်ပေးတဲ့ ရှေ့နေ့ဒေါ်စုဒါလီအောင်ကို တရားလိုဒေါ်ဥမ္မာကျော်က နိုင်လွတ်လုံပုဒ်မနဲ့ တရားစွဲတဲ့အတွက် အဲ့ဒီပုဒ်မနဲ့ပဲ တရားလိုကိုပြန်တရားစွဲသွားမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဒီကနေ့ ရှေ့နေပါဝါတင်အပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ပထမဦးဆုံးရုံးချိန်းမှာ ရှေ့နေ့များလည်း လာရောက်ဝန်းရံခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်းကို အောက်တိုဘာ ၂၁ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar#နေပြည်တော်#ဒေါ်ဥမ္မာကျော်ကို နိုင်လွတ်လုံပုဒ်မနဲ့ပြန်ပြီးတရားစွဲဆိုသွားမယ်# Zawgyi Code ရှေ့နေ‌ဒေါ်စုဒါလီအောင်ကို နိုင်လွတ်လုံပုဒ်မနဲ့တရားစွဲတဲ့အတွက် တရားလို ဒေါ်ဥမ္မာကျော်ကို အဲ့ဒီပုဒ်မနဲ့ပဲ ပြန်တရားစွဲမယ် နေပြည်တော်၊ အောက်တိုဘာ ၇-၂၀၁၉ ကိုထွန်း(နေပြည်တော်) ဗစ်တိုးရီးယားရဲ့ အမှုမှာ စွပ်စွဲဖမ်းစီးခံရသူ ဒရိုင်ဘာအောင်ကြီးဘက်က ရှေ့နေလိုက်ပေးတဲ့ ရှေ့နေ့ဒေါ်စုဒါလီအောင်ကို တရားလိုဒေါ်ဥမ္မာကျော်က နိုင်လွတ်လုံပုဒ်မနဲ့ တရားစွဲတဲ့အတွက် အဲ့ဒီပုဒ်မနဲ့ပဲ တရားလိုကိုပြန်တရားစွဲသွားမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဒီကနေ့ ရှေ့နေပါဝါတင်အပြီးမှာ ပြောကြားခဲ့ပါတယ်။…

Read More
VOM News

FREE
VIEW