စစ္ကိုင္းၿမိဳ႕နယ္တရားရုံးက တြဲဖက္ျမိဳ႕နယ္တရားသူႀကီးကို ဆႏၵထုတ္ေဖာ္

စစ္ကုိင္း ေအာက္တုိဘာ ၇ -၂၀၁၉
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကုိင္းၿမဳိ႔နယ္တရားရုံး ရဲ႕ တြဲဖက္ျမိဳ႕နယ္တရားသူႀကီး မႏွင္းပြင့္ၿဖဴ ကုိ ယေန႕ နံနက္ပုိင္းက စစ္ကိုင္းၿမိဳ႕ေတာ္ခန္းမေရွ႕မွာ စုရပ္ျပဳလုပ္ၿပီး လူဦးေရ (၁၁)ဦး နဲ႕ ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။

စစ္ကုိင္းၿမဳိ႕နယ္ ခုိေတာင္ေက်းရြာမွာေနတဲ႕ မခင္သူဇာထံကေန တစ္ရြာထဲေနသူ ဦးေအးေငြက ေငြက်ပ္ ၇ သိန္းေခ်း ျပီး ျပန္မဆပ္တဲ႕အတြက္ မခင္သူဇာ က စစ္ကုိင္းၿမဳိ႕နယ္ တရားရုံး ကုိ ဦးတုိက္ေလ်ာက္ထားတဲ႕ အမႈမွာ စစ္ကုိင္းၿမဳိ႕နယ္တရားရုံးက တရားစြဲဆုိခံတဲ႕ ဦးေအးေငြ ကုိ အၿပီးသတ္လြတ္ေပးခဲ့ျပီး ေနရပ္လိပ္စာ ေတြ လြဲမွားၿပီးအမိန္႕ခ်ခဲ့တဲ့အတြက္ တရားစီရင္ေရးမွန္ကန္ေအာင္ ဆႏၵထုတ္ေဖာ္ရတာျဖစ္တယ္လုိ႔ ဦးေဆာင္ဆႏၵထုတ္ေဖာ္တဲ့ ကုိေအာင္ျမတ္မင္းကေျပာပါတယ္။

အဲ့ဒီ ဆႏၵထုတ္ေဖာ္မႈကုိ စစ္ကုိင္းၿမဳိ႕ေတာ္ခန္းမေရွ႕မွာ စုေဝးျပီး သုဓမၼာလမ္းကေန တာရုိးလမ္းေတာင္ဘက္ အတုိင္း လမ္းေလွ်ာက္ျပီး စစ္ကုိင္းျမိဳ႕နယ္ေျမစာရင္းရုံး အေနာက္ေျမာက္ေထာင့္မွာ ဆႏၵထုတ္ေဖာ္မႈကုိ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar#စစ္ကိုင္း#ၿမိဳ႕နယ္တရားရုံးကတြဲဖက္ျမိဳ႕နယ္တရားသူႀကီးကိုဆႏၵထုတ္ေဖာ္#

Unicode

စစ်ကိုင်းမြို့နယ်တရားရုံးက တွဲဖက်မြို့နယ်တရားသူကြီးကို ဆန္ဒထုတ်ဖော်

စစ်ကိုင်း အောက်တိုဘာ ၇ -၂၀၁၉
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့နယ်တရားရုံး ရဲ့ တွဲဖက်မြို့နယ်တရားသူကြီး မနှင်းပွင့်ဖြူ ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ စုရပ်ပြုလုပ်ပြီး လူဦးရေ (၁၁)ဦး နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာမှာနေတဲ့ မခင်သူဇာထံကနေ တစ်ရွာထဲနေသူ ဦးအေးငွေက ငွေကျပ် ၇ သိန်းချေး ပြီး ပြန်မဆပ်တဲ့အတွက် မခင်သူဇာ က စစ်ကိုင်းမြို့နယ် တရားရုံး ကို ဦးတိုက်လျောက်ထားတဲ့ အမှုမှာ စစ်ကိုင်းမြို့နယ်တရားရုံးက တရားစွဲဆိုခံတဲ့ ဦးအေးငွေ ကို အပြီးသတ်လွတ်ပေးခဲ့ပြီး နေရပ်လိပ်စာ တွေ လွဲမှားပြီးအမိန့်ချခဲ့တဲ့အတွက် တရားစီရင်ရေးမှန်ကန်အောင် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒထုတ်ဖော်တဲ့ ကိုအောင်မြတ်မင်းကပြောပါတယ်။

အဲ့ဒီ ဆန္ဒထုတ်ဖော်မှုကို စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ စုဝေးပြီး သုဓမ္မာလမ်းကနေ တာရိုးလမ်းတောင်ဘက် အတိုင်း လမ်းလျှောက်ပြီး စစ်ကိုင်းမြို့နယ်မြေစာရင်းရုံး အနောက်မြောက်ထောင့်မှာ ဆန္ဒထုတ်ဖော်မှုကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#စစ်ကိုင်း#မြို့နယ်တရားရုံးကတွဲဖက်မြို့နယ်တရားသူကြီးကိုဆန္ဒထုတ်ဖော်#

Related posts

Leave a Comment

VOM News

FREE
VIEW