ထင္းရွာရင္း မိုင္းနင္းမိၿပီး ဒဏ္ရာအျပင္းအထန္ရ

ေျမပံု၊ ေအာက္တုိဘာ ၇ -၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ ေျမပံုၿမိဳ႕နယ္ အင္ၾကင္းေက်းရြာက အသက္ ၁၉ ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦးဟာ ဒီကေန႔ေန႔လည္ပိုင္းက ထင္းရွာသြားစဥ္ မိုင္းနင္းမိၿပီး ထိခိုက္ဒဏ္ရာေတြအျပင္းအထန္ရရွိခဲ့ပါတယ္။

အဲ့ဒီအမ်ိဳးသမီးဟာ ခင္ပြန္းျဖစ္သူန႔ဲအတူူ ေက်းရြာအနီးဝန္းက်င္မွာ ထင္းရွာသြားခဲ့ၾကတာျဖစ္ၿပီး ရန္ကုန္-စစ္ေတြအေဝးေျပးလမ္းမ မင္းျပား-ေျမပံံုလမ္းပိုင္းအတြင္းက မိုင္တုိင္အမွတ္ ၃၈ အနီးမွာ နင္းမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

“ သူူတုိ႔လင္မယားက ေန႔လည္ပိုင္းေလာက္မွာ ထင္းရွာသြားတယ္။ ကားလမ္းမကေန ေတာထဲကိုအဝင္လမ္းမွာ မိုင္းနင္းမိတာပါ။ ေယာက်္ားက ေက်ာ္သြားတယ္။ ေနာက္ကလိုက္လာတဲ့ မိန္းမက နင္းလိုက္တာေပါ့။ ေျခေထာက္ေတြေတာ့ ေတာ္ေတာ္ေလးကိုဒဏ္ရာျပင္းျပင္းထန္ထန္ရသြားခဲ့တယ္ ”လို႔ ေဒသခံေတြကေျပာပါတယ္။

အဲ့ဒီမိုင္းနင္းမိတဲ့အတြက္ လင္ျဖစ္သူမွာ ထခိုက္ဒဏ္ရာမရရွိခဲ့ေပမယ့္ ဇနီးသည္ရဲ႕ ညာဖက္ေျခေထာက္မွာ ဒဏ္ရာျပင္းထန္ၿပီး ျဖတ္ပစ္ရမယ့္အေနအထားရွိေနတယ္လို႔ သိရပါတယ္။

“သူ႔ကို ေလာေလာဆယ္ေတာ့ အမ္းေဆးရံုကိုပို႔ထားတယ္။ ဒဏ္ရာကေတာ့ ႏွစ္ဖက္လံုးထိတယ္။ ညာဖက္ေျခေထာက္ကေတာ့ ေတာ္ေတာ္ေလးကိုျပင္းထန္တယ္။ ျဖတ္ရမယ္လို႔လည္းသတင္းၾကားတယ္”လို႔ ေျမပံုေဒသခံတစ္ဦးကေျပာပါတယ္။

ေျမပံုၿမိဳ႕နယ္ဟာ တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တုိက္ပြဲေတြျဖစ္ပြားေနတဲဲ့ေဒသတစ္ခုျဖစ္ၿပီး အဲ့ဒီ မိုင္းေပါက္ကြဲခဲ့တဲ့ေနရာအနီးဝန္းမွာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက တပ္မေတာ္စစ္ေၾကာင္းတစ္ခုေရာက္ရွိခဲ့ၿပီး စခန္းခ်ေနထိုင္ခဲ့ၾကတယ္လို႔ ေဒသခံေတြရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။

#voiceofmyanmar#ေျမပံု#ထင္းရွာရင္းမိုင္းနင္းမိၿပီးဒဏ္ရာအျပင္းအထန္ရ#

Unicode

ထင်းရှာရင်း မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရ

မြေပုံ၊ အောက်တိုဘာ ၇ -၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြေပုံမြို့နယ် အင်ကြင်းကျေးရွာက အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဒီကနေ့နေ့လည်ပိုင်းက ထင်းရှာသွားစဉ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာတွေအပြင်းအထန်ရရှိခဲ့ပါတယ်။

အဲ့ဒီအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူူ ကျေးရွာအနီးဝန်းကျင်မှာ ထင်းရှာသွားခဲ့ကြတာဖြစ်ပြီး ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ မင်းပြား-မြေပံုံလမ်းပိုင်းအတွင်းက မိုင်တိုင်အမှတ် ၃၈ အနီးမှာ နင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ သူူတို့လင်မယားက နေ့လည်ပိုင်းလောက်မှာ ထင်းရှာသွားတယ်။ ကားလမ်းမကနေ တောထဲကိုအဝင်လမ်းမှာ မိုင်းနင်းမိတာပါ။ ယောကျ်ားက ကျော်သွားတယ်။ နောက်ကလိုက်လာတဲ့ မိန်းမက နင်းလိုက်တာပေါ့။ ခြေထောက်တွေတော့ တော်တော်လေးကိုဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ် ”လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီမိုင်းနင်းမိတဲ့အတွက် လင်ဖြစ်သူမှာ ထခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် ဇနီးသည်ရဲ့ ညာဖက်ခြေထောက်မှာ ဒဏ်ရာပြင်းထန်ပြီး ဖြတ်ပစ်ရမယ့်အနေအထားရှိနေတယ်လို့ သိရပါတယ်။

“သူ့ကို လောလောဆယ်တော့ အမ်းဆေးရုံကိုပို့ထားတယ်။ ဒဏ်ရာကတော့ နှစ်ဖက်လုံးထိတယ်။ ညာဖက်ခြေထောက်ကတော့ တော်တော်လေးကိုပြင်းထန်တယ်။ ဖြတ်ရမယ်လို့လည်းသတင်းကြားတယ်”လို့ မြေပုံဒေသခံတစ်ဦးကပြောပါတယ်။

မြေပုံမြို့နယ်ဟာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတစ်ခုဖြစ်ပြီး အဲ့ဒီ မိုင်းပေါက်ကွဲခဲ့တဲ့နေရာအနီးဝန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တပ်မတော်စစ်ကြောင်းတစ်ခုရောက်ရှိခဲ့ပြီး စခန်းချနေထိုင်ခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

#voiceofmyanmar#မြေပုံ#ထင်းရှာရင်းမိုင်းနင်းမိပြီးဒဏ်ရာအပြင်းအထန်ရ#

Related posts

Leave a Comment

VOM News

FREE
VIEW