ထိုုင္းျမန္မာ ခ်စ္ၾကည္ေရးတံတားအသစ္ဖြင့္လိုု႕ သြင္းကုုန္ပိုု႕ကုုန္မွ်တမယ္ဆိုုရင္ နယ္စပ္ကုန္သြယ္ေရး ပိုတိုးတက္လာမယ္

ရန္ကုန္ ၊ ေအာက္တိုဘာ ၈
သူရိန္(VOM)

ထိုင္း – ျမန္မာနယ္စပ္ျဖတ္ေက်ာ္တည္ေဆာက္ထားတဲ႕ ခ်စ္ၾကည္ေရးတံတား အမွတ္ ၂ ဖြင့္လွစ္ၿပီးရင္ နယ္စပ္ကုုန္သြယ္ေရးတိုးတက္လာႏိုင္တယ္လို႔ နယ္စပ္ကုန္သည္ႀကီးေတြက ေျပာၾကပါတယ္။

 

” ဒီလ ၃၀ ရက္သာ တံတားအမွန္ဖြင့္မယ္ဆိုရင္ အတိုင္းမသိဝမ္းသာတယ္။ ကုန္သြယ္မႈ ၃၀ ရာခိုင္ႏႈန္းတိုးမယ္လို႔လည္းေျပာတယ္။ကြၽန္မတို႔အေနနဲ႔က win win သြားမယ္ဆိုရင္ဒီတံတားႀကီးကအက်ိဳးရွိမယ္။ win win မသြားဘူးဆိုရင္သူတို႔ဘက္ကပို႔ကုန္ အစီး ၇၀၀ လာၿပီး ကြၽန္မတို႔က ၅ စီးေလာက္သြားၿပီး ။win win မျဖစ္ဘူးဆိုရင္ ႏွစ္ဖက္စလုံးေငြေဈးက်မယ္။အဆင္မေျပ ႏိူင္ဘူး။ကြၽန္မတို႔လယ္ယာထြက္ကုန္ကိုကာလသတ္မွတ္ခ်က္မ ဟုတ္ဘဲ ခြင့္ျပဳသင့္တယ္။ သူတို႔ကုန္ေတြကိုလဲ ဘာမွမသတ္မွတ္ ဘဲဝင္ခြင့္ေပးထားတယ္။ ကြၽန္မတို႔ေကာက္ပဲသီးႏွံကို 1 to 10 မသတ္မွတ္ဘဲလက္ခံေပးမယ္ဆိုရင္ ဒီတံတားဖြင့္တာကြၽန္မတို႔အတြက္ အက်ိဳးရွိတယ္” လိုု႕ နယ္စပ္ကုုန္သည္ၾကီးမ်ားအသင္း ဥကၠ႒ ေဒၚသင္းသင္းျမတ္က ‌ေျပာပါတယ္။

လက္ရွိခ်စ္ၾကည္ေရးတံတားအမွတ္ ၁ ကို မနက္ ၆ နာရီ ကေန ညေန ၆ အထိသာတံတားျဖတ္သန္းခြင့့္ျပဳထားတဲ့အတြက္ ယာဥ္ေၾကာပိတ္ဆို႔မႈနဲ႔အခ်ိန္မလုံေလာက္တာေၾကာင့္ မနက္ ၅ နာရီကေန ည ၈ နာရီခြဲအထိအခ်ိန္တိုးျမင့္ေပးဖို႔တင္ျပထားပါတယ္။

ဒီ ခ်စ္ၾကည္ေရး တံတားအမွတ္ ၂ ကို ေအာက္တိုဘာ ၃၀ ရက္မွာဖြင့္လွစ္ဖို႔ စီစဥ္ထားၿပီးတံတားဖြင့္လွစ္ၿပီးရင္ထိုင္းႏိုင္ငံက ျမန္မာဘက္ကို ကုန္ပစၥည္းတင္ပို႔မႈက ၃၀ ရာခိုင္ႏႈန္းတိုးတက္လာႏိုင္ဖြယ္ရွိတယ္လို႔သိရပါတယ္။

ထိုင္းနဲ႔ ျမန္မာနယ္စပ္ကုန္သြယ္ေရးကၿပီးခဲ့တဲ့ႏွစ္မွာ ထိုင္းဘတ္ ၁၉၃ သန္း ရွိခဲ့ၿပီးအခုႏွစ္ ပထမ ရွစ္လအတြင္း ထိုင္းနဲ႔ ျမန္မာ ႏွစ္နုုိင္ငံၾကား နယ္စပ္ကုန္သြယ္မႈက ထိုင္းဘတ္ ၅၅ ဘီလီယံေက်ာ္ရွိ‌ပါတယ္။

#voiceofmyanmar #ထိုုင္းျမန္မာခ်စ္ၾကည္ေရးတံတား

ဓါတ္ပံုု ဝင္းေဇာ္

Unicode

ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအသစ်ဖွင့်လို့ သွင်းကုန်ပို့ကုန်မျှတမယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေး ပိုတိုးတက်လာမယ်

ရန်ကုန် ၊ အောက်တိုဘာ ၈
သူရိန်(VOM)

ထိုင်း – မြန်မာနယ်စပ်ဖြတ်ကျော်တည်ဆောက်ထားတဲ့ ချစ်ကြည်ရေးတံတား အမှတ် ၂ ဖွင့်လှစ်ပြီးရင် နယ်စပ်ကုန်သွယ်ရေးတိုးတက်လာနိုင်တယ်လို့ နယ်စပ်ကုန်သည်ကြီးတွေက ပြောကြပါတယ်။

” ဒီလ ၃၀ ရက်သာ တံတားအမှန်ဖွင့်မယ်ဆိုရင် အတိုင်းမသိဝမ်းသာတယ်။ ကုန်သွယ်မှု ၃၀ ရာခိုင်နှုန်းတိုးမယ်လို့လည်းပြောတယ်။ကျွန်မတို့အနေနဲ့က win win သွားမယ်ဆိုရင်ဒီတံတားကြီးကအကျိုးရှိမယ်။ win win မသွားဘူးဆိုရင်သူတို့ဘက်ကပို့ကုန် အစီး ၇၀၀ လာပြီး ကျွန်မတို့က ၅ စီးလောက်သွားပြီး ။win win မဖြစ်ဘူးဆိုရင် နှစ်ဖက်စလုံးငွေဈေးကျမယ်။အဆင်မပြေ နိူင်ဘူး။ကျွန်မတို့လယ်ယာထွက်ကုန်ကိုကာလသတ်မှတ်ချက်မ ဟုတ်ဘဲ ခွင့်ပြုသင့်တယ်။ သူတို့ကုန်တွေကိုလဲ ဘာမှမသတ်မှတ် ဘဲဝင်ခွင့်ပေးထားတယ်။ ကျွန်မတို့ကောက်ပဲသီးနှံကို 1 to 10 မသတ်မှတ်ဘဲလက်ခံပေးမယ်ဆိုရင် ဒီတံတားဖွင့်တာကျွန်မတို့အတွက် အကျိုးရှိတယ်” လို့ နယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ‌ပြောပါတယ်။

လက်ရှိချစ်ကြည်ရေးတံတားအမှတ် ၁ ကို မနက် ၆ နာရီ ကနေ ညနေ ၆ အထိသာတံတားဖြတ်သန်းခွင့်ပြုထားတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုနဲ့အချိန်မလုံလောက်တာကြောင့် မနက် ၅ နာရီကနေ ည ၈ နာရီခွဲအထိအချိန်တိုးမြင့်ပေးဖို့တင်ပြထားပါတယ်။

ဒီ ချစ်ကြည်ရေး တံတားအမှတ် ၂ ကို အောက်တိုဘာ ၃၀ ရက်မှာဖွင့်လှစ်ဖို့ စီစဉ်ထားပြီးတံတားဖွင့်လှစ်ပြီးရင်ထိုင်းနိုင်ငံက မြန်မာဘက်ကို ကုန်ပစ္စည်းတင်ပို့မှုက ၃၀ ရာခိုင်နှုန်းတိုးတက်လာနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။

ထိုင်းနဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးကပြီးခဲ့တဲ့နှစ်မှာ ထိုင်းဘတ် ၁၉၃ သန်း ရှိခဲ့ပြီးအခုနှစ် ပထမ ရှစ်လအတွင်း ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်မှုက ထိုင်းဘတ် ၅၅ ဘီလီယံကျော်ရှိ‌ပါတယ်။

#voiceofmyanmar #ထိုင်းမြန်မာချစ်ကြည်ရေးတံတား

Related posts

Leave a Comment

VOM News

FREE
VIEW