ျပည္ပေရာက္ အတိုက္အခံေတြျပန္လာရင္ စစ္တပ္နဲ႔ကိုင္တြယ္မယ္လို႔ ကေမၻာဒီးယား၀န္ၾကီးခ်ဳပ္ ျခိမ္းေျခာက္

ဖႏြမ္းပင္၊ ေအာက္တိုဘာ-၈-၂၀၁၉
မ်ိဳးဆက္ (VOM)

ျပည္ပေရာက္ေနတဲ႔ ကေမၻာဒီးယား အတိုက္အခံပါတီေခါင္းေဆာင္နဲ႔ ေထာက္ခံသူေတြ နုိင္ငံအတြင္းကိုျပန္လာမယ္ဆိုရင္ စစ္တပ္နဲ႔ကိုင္တြယ္သြားမွာျဖစ္ေၾကာင္း ကေမၻာဒီးယား၀န္ၾကီးခ်ဳပ္ ဟြန္ဆန္က ျခိမ္းေျခာက္ ေျပာဆိုလိုက္ပါတယ္။

အတိုက္အခံပါတီျဖစ္တဲ႔ ကေမၻာဒီးယား အမ်ိဳးသားကယ္တင္ေရး ပါတီဟာ ဖ်က္သိမ္းခံထားရတာျဖစ္ျပီး ပါတီတည္ေထာင္သူ ဆန္ရိန္ဆီဟာလည္း ျပည္ပကို တိမ္းေရွာင္ေနခဲ႔ရကာ လာမယ္႔ နို၀င္ဘာ ၉ ရက္မွာ ကေမၻာဒီးယားနုိင္ငံကို ျပန္လာဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

အတိုက္အခံပါတီေခါင္းေဆာင္ ျပန္မလာခင္ ဒီနွစ္ထဲမွာပဲ အစိုးရကို ျဖဳတ္ခ်ဖို႔ၾကံစည္တယ္ဆိုတဲ႔ စြပ္စြဲခ်က္နဲ႔ အတိုက္ပါတီက တက္ၾကြလႈပ္ရွားသူ ၃၀ ဦးထက္မနည္းကို ဖမ္းဆီးခဲ႔ပါတယ္။ ဆန္ရိန္ဆီနုိ္င္ငံအတြင္းကို ျပန္လာတာဟာ လက္ရိွအစိုးရကို ျဖဳတ္ခ်ဖို႔ျဖစ္ေၾကာင္း ဖႏြမ္းပင္မွာျပဳလုပ္တဲ႔ အခမ္းအနားတစ္ခုမွာ ၀န္ၾကီးခ်ဳပ္ ဟြန္ဆန္က ေျပာပါတယ္။

တကယ္လို႔ အတိုက္အခံေခါင္းေဆာင္နဲ႔ သူ႔ေနာက္လိုက္ေတြ ျပန္လာမယ္ဆိုရင္ စစ္တပ္ကို စတင္ျဖန္႔ၾကက္ထားမွာျဖစ္ျပီး လက္နက္မ်ိဳးစံုအသံုးျပဳနုိင္တာမ်ိဳးကို ဆိုလိုတဲ႔ ေၾကညာတာမ်ိဳးေတြ လုပ္မယ္လို႔ သူကဆိုပါတယ္။

၀န္ၾကီးခ်ဳပ္ဟြန္ဆန္ဟာ ျပီးခဲ႔တဲ႔နွစ္ေရြးေကာက္ပြဲမွာ ပါလီမန္အမတ္ေနရာအားလံုးကို သူ႔ပါတီကအနိုင္ရျပီး နွစ္ေပါင္းသံုးဆယ္ေက်ာ္ၾကာ အုပ္ခ်ဳပ္မႈကို ဆက္လက္ကိုင္စြဲထားပါတယ္။ အဓိကအတိုက္အခံပါတီျဖစ္တဲ႔ ကေမၻာဒီးယားအမ်ိဳးသားကယ္တင္ေရးပါတီကေတာ႔ ပါတီေခါင္းေဆာင္ ကင္ဆိုခါကို ၂၀၁၇ ခုနွစ္မွာ ဖမ္းဆီးခံရျပီးေနာက္ ေရြးေကာက္ပြဲမတိုင္မီ လအနည္းငယ္အလိုမွာ နုိင္ငံေတာ္အထူးတရားရံုးခ်ဳပ္က အမိန္႔ထုတ္ျပီး ဖ်က္သိမ္းတာခံခဲ႔ရပါတယ္။

Ref & Photo: Reuters

#voiceofmyanmar #ကေမၻာဒီးယား #ျပည္ပေရာက္

Unicode

ပြည်ပရောက် အတိုက်အခံတွေပြန်လာရင် စစ်တပ်နဲ့ကိုင်တွယ်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ခြိမ်းခြောက်

ဖနွမ်းပင်၊ အောက်တိုဘာ-၈-၂၀၁၉
မျိုးဆက် (VOM)

ပြည်ပရောက်နေတဲ့ ကမ္ဘောဒီးယား အတိုက်အခံပါတီခေါင်းဆောင်နဲ့ ထောက်ခံသူတွေ နိုင်ငံအတွင်းကိုပြန်လာမယ်ဆိုရင် စစ်တပ်နဲ့ကိုင်တွယ်သွားမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေး ပါတီဟာ ဖျက်သိမ်းခံထားရတာဖြစ်ပြီး ပါတီတည်ထောင်သူ ဆန်ရိန်ဆီဟာလည်း ပြည်ပကို တိမ်းရှောင်နေခဲ့ရကာ လာမယ့် နိုဝင်ဘာ ၉ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံကို ပြန်လာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အတိုက်အခံပါတီခေါင်းဆောင် ပြန်မလာခင် ဒီနှစ်ထဲမှာပဲ အစိုးရကို ဖြုတ်ချဖို့ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အတိုက်ပါတီက တက်ကြွလှုပ်ရှားသူ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ ဆန်ရိန်ဆီနိုင်ငံအတွင်းကို ပြန်လာတာဟာ လက်ရှိအစိုးရကို ဖြုတ်ချဖို့ဖြစ်ကြောင်း ဖနွမ်းပင်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

တကယ်လို့ အတိုက်အခံခေါင်းဆောင်နဲ့ သူ့နောက်လိုက်တွေ ပြန်လာမယ်ဆိုရင် စစ်တပ်ကို စတင်ဖြန့်ကြက်ထားမှာဖြစ်ပြီး လက်နက်မျိုးစုံအသုံးပြုနိုင်တာမျိုးကို ဆိုလိုတဲ့ ကြေညာတာမျိုးတွေ လုပ်မယ်လို့ သူကဆိုပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ပါလီမန်အမတ်နေရာအားလုံးကို သူ့ပါတီကအနိုင်ရပြီး နှစ်ပေါင်းသုံးဆယ်ကျော်ကြာ အုပ်ချုပ်မှုကို ဆက်လက်ကိုင်စွဲထားပါတယ်။ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီကတော့ ပါတီခေါင်းဆောင် ကင်ဆိုခါကို ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခံရပြီးနောက် ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလိုမှာ နိုင်ငံတော်အထူးတရားရုံးချုပ်က အမိန့်ထုတ်ပြီး ဖျက်သိမ်းတာခံခဲ့ရပါတယ်။

Ref & Photo: Reuters

#voiceofmyanmar #ကမ္ဘောဒီးယား #ပြည်ပရောက်

Related posts

Leave a Comment

VOM News

FREE
VIEW