ငရုုတ္ေကာင္းမွာ ဖမ္းမိတဲ့ ႐ိုဟင္ဂ်ာ ၃၀ ဦး ျပန္လႊတ္ေပးဖို႔ HRW ေတာင္းဆို

နယူးေယာက္၊ ေအာက္တိုဘာ-၉-၂၀၁၉
မ်ိဳးဆက္ (VOM)

ရခိုင္ျပည္နယ္ကေန ရန္ကုန္ကိုသြားဖို႔ ႀကိဳးစားတဲ့ ႐ိုဟင္ဂ်ာ ၃၀ ဦးကို ျမန္မာအာဏာပိုင္ေတြအေနနဲ႔ ခ်က္ခ်င္းလႊတ္ေပးသင့္ေၾကာင္း နယူးေယာက္အေျခစိုက္ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕ HRW ကတိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။

လူနည္းစု ႐ိုဟင္ဂ်ာေတြအေပၚ ခရီးသြားလာခြင့္ကန႔္သတ္ခ်က္အားလုံးကိုဖယ္ရွားေပးဖို႔နဲ႔ သူတို႔ရဲ႕ လြတ္လပ္စြာသြားလာခြင့္ကို ကန႔္သတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းေတြကို ပယ္ဖ်က္ေပးဖို႔ မေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ HRW ကေတာင္းဆိုထားပါတယ္။

င႐ုတ္ ေကာင္းၿမိဳ႕ကိုေရာက္ရွိလာတဲ့ ႐ိုဟင္ဂ်ာ ၃၀ ဦးကို ျမန္မာအာဏာပိုင္ေတြက စက္တင္ဘာ ၂၆ ရက္မွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး တစ္ပတ္အၾကာမွာေတာ့ သူတို႔ထဲက ၂၁ ဦးကို ေထာင္ဒါဏ္ ႏွစ္ႏွစ္စီခ်မွတ္လိုက္ပါတယ္။ အသက္မျပည့္ေသးသူ ရွစ္ဦးကို လူငယ္ထိန္းသိမ္းေရးစခန္းကို ပို႔ေဆာင္ထားၿပီး အသက္အငယ္ဆုံးျဖစ္တဲ့ ငါးႏွစ္အ႐ြယ္ကေလးကေတာ့ မိခင္ျဖစ္သူနဲ႔အတူ ပုသိမ္ေထာင္မွာ ေရာက္ရွိေနပါတယ္။

႐ိုဟင္ဂ်ာေတြဟာ ေနအိမ္မွာပဲေနေန၊ ႏိုင္ငံအတြင္းမွာ သြားလာတာပဲျဖစ္ျဖစ္ သူတို႔ကိုဖိႏွိပ္ဖို႔အာဏာပိုင္ေတြက ရည္႐ြယ္ထားၾကၿပီး ေထာင္ခ်ခံရတဲ့ ႐ိုဟင္ဂ်ာ ၃၀ ဦးဟာ သူတို႔ရဲ႕ ဆိုး႐ြားလွတဲ့ေန႔စဥ္ျဖတ္သန္းမႈေတြကေန လြတ္ေျမာက္ဖို႔ႀကိဳးစားရင္ အျပစ္ေပးခံရတာျဖစ္တယ္လို႔ HRW ရဲ႕ အာရွေရးရာၫႊန္ၾကားေရးမႉး ဘရက္အဒမ္က ေျပာပါတယ္။

အဲဒီ႐ိုဟင္ဂ်ာေတြဟာ ရခိုင္ျပည္နယ္အလယ္ပိုင္း စစ္ေတြၿမိဳ႕နယ္ကေန ေလွနဲ႔ဧရာဝတီတိုင္း ေဒသႀကီးကိုေရာက္ရွိၿပီးေနာက္ ခရီးသြားလာခြင့္အတြက္ တရားဝင္အေထာက္အထားေတြမပါရွိတာေၾကာင့္ ျမန္မာအာဏာပိုင္ေတြက ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ သူတို႔ေတြဟာ အလုပ္ရွာဖို႔ သို႔မဟုတ္ မေလးရွားႏိုင္ငံကို သြားဖို႔အတြက္ ရန္ကုန္ကို သြားဖို႔စီစဥ္ထားေၾကာင္း သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

Ref :Daily Star
Photo : Reuters

#voiceofmyanmar #ရုုိဟင္ဂ်ာ #ံHRW

Unicode

ငရုုတ္ပ်ကောင်းမှာဖမ်းမိတဲ့ ရိုဟင်ဂျာ ၃၀ ဦး ပြန်လွှတ်ပေးဖို့ HRW တောင်းဆို

နယူးယောက်၊ အောက်တိုဘာ-၉-၂၀၁၉
မျိုးဆက် (VOM)

ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုသွားဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၃၀ ဦးကို မြန်မာအာဏာပိုင်တွေအနေနဲ့ ချက်ချင်းလွှတ်ပေးသင့်ကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

လူနည်းစု ရိုဟင်ဂျာတွေအပေါ် ခရီးသွားလာခွင့်ကန့်သတ်ချက်အားလုံးကိုဖယ်ရှားပေးဖို့နဲ့ သူတို့ရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို ပယ်ဖျက်ပေးဖို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ HRW ကတောင်းဆိုထားပါတယ်။

ငရုပ်ကောင်းမြို့ကိုရောက်ရှိလာတဲ့ ရိုဟင်ဂျာ ၃၀ ဦးကို မြန်မာအာဏာပိုင်တွေက စက်တင်ဘာ ၂၆ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ပတ်အကြာမှာတော့ သူတို့ထဲက ၂၁ ဦးကို ထောင်ဒါဏ် နှစ်နှစ်စီချမှတ်လိုက်ပါတယ်။ အသက်မပြည့်သေးသူ ရှစ်ဦးကို လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထားပြီး အသက်အငယ်ဆုံးဖြစ်တဲ့ ငါးနှစ်အရွယ်ကလေးကတော့ မိခင်ဖြစ်သူနဲ့အတူ ပုသိမ်ထောင်မှာ ရောက်ရှိနေပါတယ်။

ရိုဟင်ဂျာတွေဟာ နေအိမ်မှာပဲနေနေ၊ နိုင်ငံအတွင်းမှာ သွားလာတာပဲဖြစ်ဖြစ် သူတို့ကိုဖိနှိပ်ဖို့အာဏာပိုင်တွေက ရည်ရွယ်ထားကြပြီး ထောင်ချခံရတဲ့ ရိုဟင်ဂျာ ၃၀ ဦးဟာ သူတို့ရဲ့ ဆိုးရွားလှတဲ့နေ့စဉ်ဖြတ်သန်းမှုတွေကနေ လွတ်မြောက်ဖို့ကြိုးစားရင် အပြစ်ပေးခံရတာဖြစ်တယ်လို့ HRW ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး ဘရက်အဒမ်က ပြောပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်အလယ်ပိုင်း စစ်တွေမြို့နယ်ကနေ လှေနဲ့ဧရာဝတီတိုင်း ဒေသကြီးကိုရောက်ရှိပြီးနောက် ခရီးသွားလာခွင့်အတွက် တရားဝင်အထောက်အထားတွေမပါရှိတာကြောင့် မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူတို့တွေဟာ အလုပ်ရှာဖို့ သို့မဟုတ် မလေးရှားနိုင်ငံကို သွားဖို့အတွက် ရန်ကုန်ကို သွားဖို့စီစဉ်ထားကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref :Daily Star
Photo : Reuters

#voiceofmyanmar #ရိုဟင်ဂျာ #ံHRW

Related posts

Leave a Comment

VOM News

FREE
VIEW