

ခိုင်လင်းစံ(VOM)

 


 

အဲ့ဒီမုန့်ရောင်းပွဲတော်မှာ မုန့်အမျိုးအစားပေါင်း၄၀ကျော်ကိုရောင်းချနေပြီး ရလာခဲ့တဲ့ရံပုံတွေကိုအဲ့ဒီဖောင်ဒေးရှင်းကနှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ဝေးလံခေါင်ဖျားတဲ့ဒေသတွေ၊တောင်ပေါ်ဒေသတွေကရှင်မပြုနိုင်တဲ့ဆင်းရဲနွမ်းပါးကလေးငယ်တွေကိုရှင်ပြုအလှူတွေလုပ်ပေးသွားမှာဖြစ်ပြီးရခိုင်ပြည်နယ်အတွင်းကလူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေမှာအသုံးပြုသွားမှာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။

 


 


Unicode

သီတင်းကျွတ် ရခိုင်ရိုးရာမုန့်ရောင်းပွဲတော်ကျင်းပ

စစ်တွေ၊ အောက်တိုဘာ ၁၃-၂၀၁၉
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ သီတင်းကျွတ်ပွဲတော်ကာလအတွင်း ရခိုင်ရိုးရာမုန့်မျိုးစုံ အရောင်းပွဲတော်တစ်ခုကို မေတ္တာအာရီယာန်ဖောင်ဒေးရှင်းက ဦးဆောင်ပြီးတော့ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

အဲ့ဒီမုန့်ရောင်းပွဲတော်မှာ မုန့်အမျိုးအစားပေါင်း ၄၀ ကျော်ကို ရောင်းချနေပြီး ရလာခဲ့တဲ့ ရံံပုံတွေကို အဲ့ဒီဖောင်ဒေးရှင်းက နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေ၊ တောင်ပေါ်ဒေသတွေက ရှင်မပြုနိုင်တဲ့ ဆင်းရဲနွမ်းပါးကလေးငယ်တွေကို ရှင်ပြုအလှူတွေလုပ်ပေးသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဖောင်ဒေးရှင်းအနေနဲ့ နှစ်စဉ်နှစ်တိုင်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ်ပြီး ရံပုံငွေရှာခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဒေသမတည်မငြိမ်မှုတွေကြောင့် မုန့်ရောင်းပွဲတော်ကို ပြုလုပ်ရတာဖြစ်တယ်လို့ဆိုပါတယ်။

#voiceofmyanmar #ရခိုင် #စစ်တွေ #မုန့်ရောင်းပွဲတော်

Related posts

Leave a Comment

VOM News

FREE
VIEW