တူမအရင္းနဲ႔ဖခင္ကို ဓါးနဲ႔ခုတ္တဲ့သား ဖခင္လက္ခ်က္နဲ႔ေသဆံုး

ေပါင္းတည္၊ ေအာက္တိုဘာ ၂၁-၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင္း ျပည္ခ႐ိုင္၊ ေပါင္းတည္ၿမိဳ႕နယ္၊ ႏြယ္ခ်ိဳ (၂)ရပ္ကြက္ အေနာက္လမ္းမွာ ေအာက္တိုဘာ၂၀ရက္ေန႔ မနက္ပိုင္းက အသက္(၃၃)ႏွစ္ရွိ သက္ႏိုင္စိုး(ခ)အာဘိ ဆိုသူဟာ အရက္ေၾကာင္ေၾကာင္ၿပီး စိတ္ေဖာက္ျပန္ကာ အသက္ႏွစ္ႏွစ္ခြဲရိွ တူမကို အ႐ိုး၈လက္မ အသြား၁ေပ၂လက္မ ရွိတဲ့ဓားမနဲ႔ခုတ္ေနလို႔ အာဘိရဲ႕ဖခင္ဦးျမင့္စိုး က ဝင္ေရာက္တားျမစ္ခဲ့ပါတယ္။

 

တားတဲ့ဖခင္ကိုပါ ဓားနဲ႔လိုက္ခုတ္တဲ့အတြက္ ဖခင္က အရွည္၇ေပ လုံးပတ္၇လက္မရွိ သစ္သားတုတ္နဲ႔ျပန္လည္ခုခံခဲ့ရာ အာဘိရဲ႕ဦးေခါင္းကို႐ိုက္မိလို႔ေနရာတင္ ေသဆုံးသြားတယ္လို႔ ေပါင္းတည္ၿမိဳ႕မရဲစခန္းကသိရပါတယ္။

 

“ မနက္က က်ေနာ္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကိုအေၾကာင္းၾကားၿပီး သြားၾကည့္ေတာ့  အာဘိေသေနတဲ့အေလာင္းေတြ႕ပါတယ္၊ ကေလးကို သူ႔ဦးေလးကဓားနဲ႔ခုတ္လို႔ သူ႔အေဖကမခံႏိုင္လို႔ ခေလးကိုဆြဲရင္းနဲ႔ ျပန္ၿပီးခုခံကာကြယ္ရင္းျဖစ္တာလို႔သိရပါတယ္၊ခေလးကေတာ့ အခုရန္ကုန္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတာ အေျခအေနေကာင္းတယ္လို႔သိရပါတယ္၊ အခုေသဆုံးသြားတဲ့ဦးေလးကေတာ့ အၿမဲတမ္းေတာ့ အရက္ေၾကာင္မေၾကာင္ပါဘူး၊ အခုမွဆိုးသြားတာပါ ”လို႔ ႏြယ္ခ်ိဳ (၂)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးတင္လႈိင္က VOMကိုေျပာပါတယ္။

 

သားျဖစ္သူကိုတုတ္နဲ႔႐ိုက္ခဲ့တဲ့ ဖခင္ျဖစ္သူဦးျမင့္စိုးအား အေရးယူေပးဖို႔ ႏြယ္ခ်ိဳ (၂)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈးဦးတင္လႈိင္က တရားလိုျပဳလုပ္တိုင္တန္းတဲ့အတြက္ ေပါင္းတည္ၿမိဳ႕မရဲစခန္းက (ပ)၁၉၈/၂၀၁၉အမႈႀကီးအမွတ္စဥ္ ၅/၂၀၁၉ရာဇသတ္ႀကီးပုဒ္မ ၃၀၂နဲ႔အမႈဖြင့္ အေရးယူထားၿပီး တူမကိုဓားနဲ႔ခုတ္ခဲ့တဲ့အာဘိကို (ပ)၁၉၇/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ၄၅၉/၃၀၇/၃၂၆နဲ႔ အမႈဖြင့္ထားတယ္လို႔သိရပါတယ္။

 

#voiceofmyanmar#ေပါင္းတည္#မွဳခင္း#

Unicode

တူမအရင်းနဲ့ဖခင်ကို ဓါးနဲ့ခုတ်တဲ့သား ဖခင်လက်ချက်နဲ့သေဆုံး

ပေါင်းတည်၊ အောက်တိုဘာ ၂၁-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွယ်ချို (၂)ရပ်ကွက် အနောက်လမ်းမှာ အောက်တိုဘာ၂၀ရက်နေ့ မနက်ပိုင်းက အသက်(၃၃)နှစ်ရှိ သက်နိုင်စိုး(ခ)အာဘိ ဆိုသူဟာ အရက်ကြောင်ကြောင်ပြီး စိတ်ဖောက်ပြန်ကာ အသက်နှစ်နှစ်ခွဲရှိ တူမကို အရိုး၈လက်မ အသွား၁ပေ၂လက်မ ရှိတဲ့ဓားမနဲ့ခုတ်နေလို့ အာဘိရဲ့ဖခင်ဦးမြင့်စိုး က ဝင်ရောက်တားမြစ်ခဲ့ပါတယ်။

တားတဲ့ဖခင်ကိုပါ ဓားနဲ့လိုက်ခုတ်တဲ့အတွက် ဖခင်က အရှည်၇ပေ လုံးပတ်၇လက်မရှိ သစ်သားတုတ်နဲ့ပြန်လည်ခုခံခဲ့ရာ အာဘိရဲ့ဦးခေါင်းကိုရိုက်မိလို့နေရာတင် သေဆုံးသွားတယ်လို့ ပေါင်းတည်မြို့မရဲစခန်းကသိရပါတယ်။

“ မနက်က ကျနော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုအကြောင်းကြားပြီး သွားကြည့်တော့ အာဘိသေနေတဲ့အလောင်းတွေ့ပါတယ်၊ ကလေးကို သူ့ဦးလေးကဓားနဲ့ခုတ်လို့ သူ့အဖေကမခံနိုင်လို့ ခလေးကိုဆွဲရင်းနဲ့ ပြန်ပြီးခုခံကာကွယ်ရင်းဖြစ်တာလို့သိရပါတယ်၊ခလေးကတော့ အခုရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတာ အခြေအနေကောင်းတယ်လို့သိရပါတယ်၊ အခုသေဆုံးသွားတဲ့ဦးလေးကတော့ အမြဲတမ်းတော့ အရက်ကြောင်မကြောင်ပါဘူး၊ အခုမှဆိုးသွားတာပါ ”လို့ နွယ်ချို (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က VOMကိုပြောပါတယ်။

သားဖြစ်သူကိုတုတ်နဲ့ရိုက်ခဲ့တဲ့ ဖခင်ဖြစ်သူဦးမြင့်စိုးအား အရေးယူပေးဖို့ နွယ်ချို (၂)ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးတင်လှိုင်က တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ပေါင်းတည်မြို့မရဲစခန်းက (ပ)၁၉၈/၂၀၁၉အမှုကြီးအမှတ်စဉ် ၅/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့အမှုဖွင့် အရေးယူထားပြီး တူမကိုဓားနဲ့ခုတ်ခဲ့တဲ့အာဘိကို (ပ)၁၉၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၄၅၉/၃၀၇/၃၂၆နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar#ပေါင်းတည်#မှုခင်း#

Related posts

Leave a Comment

VOM News

FREE
VIEW