အုတ်ဖို အောက်တိုဘာ ၆-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အေးမြသာယာအုပ်စု(၁၀)ရပ်ကွက်မှာ အောက်တိုဘာ ၄ရက်နေ့ညနေ၅နာရီဝန်းကျင်က ဖခင်အရင်းကနေ ဆယ့်နှစ်နှစ်သမီးကို သားမယားပြုကျင့်မှုဖြစ်ပွါးခဲ့တယ်လို့ အေးမြသာယာနယ်မြေရဲစခန်းကသိရပါတယ်။ အောက်တိုဘာ၎ရက်နေ့က မိခင်ဖြစ်သူ အသက်၄၁နှစ်ရှိ ဒေါ်— အိမ်မှာရှိနေစဉ် အသက်ဆယ့်နှစ်နှစ်ခုနှစ်လရှိ မ—အား ဖခင်ရင်းဖြစ်သူက ရှမ်းကုန်းအုပ်စု တောင်သုံးလုံးဘုန်းကြီးကျောင်းဘက်သို့ စက်ဘီးနဲ့တင်ခေါ်သွားခဲ့ပါတယ်။ အဲဒီနောက် ဘုန်း ကြီးကျောင်း မရောက်ခင်အင်တိုင်းတောအနီးမှာ သားမယားပြုကျင့်ခဲ့တယ်လို့ မ—က မိခင်ဖြစ်သူကို ပြန်ပြောခဲ့ကြောင်း ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။ သမီးအရင်းကို သားမယားပြုကျင့်ပြီး ၎င်းအလုပ်လုပ်ကိုင်ရာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် သဲဝါကျေးရွာအုတ်ကွင်းကိုထွက်ပြေးသွားတဲ့ ဖခင်ကို အရေးယူပေးဖို့ မိခင်ကတိုင်တန်းတဲ့အတွက် ဒီနေ့ နေ့လယ်တစ်နာရီက(ပ)၂၄၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ အေးမြသာယာနယ်မြေရဲစခန်းကသိရပါတယ်။ သမီးအရင်းအား ဖခင်အရင်းဖြစ်သူမှ အရက်အလွန်အကျွံမူးနေစဉ် အသိဥာဏ်ကင်းမဲ့ပြီး လတ်တလောဖြစ်ပေါ်လာတဲ့စိတ်ရိုင်းကို မထိန်းနိုင်ဘဲ…
Read MoreMonth: October 2019
တစ်ပတ်ကြာ ဆန္ဒပြတောင်းဆိုနေသော အလုပ်သမားသပိတ် အဆင်ပြေမှုမရရှိသေး
ရန်ကုန် ၊အောက်တိုဘာ ၅ သူရိန် (VOM) ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ကင်းဝန်မင်းကြီးလမ်းနဲ့ ဒေါ်ဖွားရှင်လမ်းထောင့်ရှိ ကိုင်ချန်ဂါးမဲ့( န်တ်) မြန်မာကုမ္မဏီလီမိတက်အထည်ချုပ်စက်ရုံ မှာလုပ်ခလစာအမြန်ဆုံးထုတ်ပေးဖို့အချက်အပါအဝင်အချက် ၁၄ ချက်ကို အလုပ်သမား ၂၀၀ ကျော်ကစုပေါင်းတောင်းဆိုနေတာဟာ စက်တင်ဘာ ၃၀ရက်နေ့ကစပြီး ဆန္ဒပြတောင်းဆိုနေမှုဟာ ယနေ့အချိန်ထိ အဆင်ပြေမှုမရရှိသေးတာဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာအမြန်ဆုံးထုတ်ပေးဖို့ ၊ ရက်မှန်ကြေးတိုးမြှင့်ပေးဖို့ ၊ ABCD ဂရိတ်အဆင့်ကြေးတိုးမြှင့် ပေးဖို့ ၊ All super တွေရဲ့ ဆဲဆိုမှုနဲ့မတရားခိုင်းစေမှုတွေဖြေရှင်းပေးဖို့အပြင်အချက် ၁၄ ချက်ကိုတောင်းဆိုနေတာပါ။ ” ကျွန်မတို့တောင်ဆိုတဲ့အချက်တွေကို အလုပ်ရှင်ကိုယ်စားလှယ်နဲ့ စက်ရုံမန်နေဂျာကလာဆွေးနွေးတယ်။အဆင်မပြေဘူး။ အလုပ် သမားရုံးမှာချိန်းတော့လဲသူတို့ကမလာဘူး။ တောင်းဆိုတာတွေမလုပ်ပေးနိူင်ဘူး။စက်ရုံမီးရှို့ရင်မီးသတ်ကားခေါ်မယ်ဆိုပြီး အလုပ် ရှင်ကိုယ်စားလှယ်ကပြောတယ်။လစာကိုလဲစက်ရုံထဲနေတဲ့သူဘဲ ပေးမယ်။ဆန္ဒပြတဲ့သူတွေကိုအဆောင်ခ ၅ သောင်း ၊၆ သောင်းဘဲထုတ်ပေးမယ်ပြောလို့အခုထိစုပေါင်းတောင်းဆိုနေတာလို့ “စက်ရုံစက်ချုပ်သမားမမာလာကပြောပါတယ်။ စုပေါင်းတောင်းဆိုတာတွေကိုအလုပ်ရှင်ကမဖြေရှင်းပေးတဲ့အပြင် အောက်တိုဘာ ၄ ရက်ညပိုင်းက…
Read Moreမိုးမောက် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၆၆ ဃ ဖြင့်အမှုဖွင့်ခံရ
မိုးမောက်၊ အောက်တိုဘာ ၅-၂၀၁၉ ရန်နိုင်ထွန်း(VOM) ကချင်ပြည်နယ် မိုးမောက်မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ ဃ နဲ့ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှာ အောက်တိုဘာ ၄ ရက်နေမှာ တရားလိုဒေါ်စုစုခိုင်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ တရားလိုဘက်ကတော့ သူ့ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ၂၀၂၀ ရွေးကောက်ပွဲ နိုင်အောင် ဘယ်လိုလုပ်ရမလည်း ဆိုတဲ့ပို့ကို အောက်တိုဘာ ၁ ရက်နေ့မှာ NLD ပါတီဝင် တစ်ဦးဖြစ်တဲ့ ဦးချစ် အကောင့်ပိုင်ရှင်က ( tag ) တွဲတင်ခဲ့ရာမှာ မီးနဂါးအကောင့်အမည်နဲ့ အခုအမှုဖွင့်ခံရသူ လွှတ်တော်ကိုယ်စားလှယ် ရေးသားခဲ့တဲ့ ( comment ) ကြောင့် အမှုဖွင့်ရတာလို့ ဆိုပါတယ်။ အမှုဖွင့်ရလောက်တဲ့အထိ ရေးသားတုန့်ပြန်ခဲ့တာကတော့ “NLD အစိုးရအနေနဲ့ ရေရော ၊ လမ်းရော…
Read Moreပါကစ္စတန်မှ မြန်မာနိုင်ငံပို့လိုက်တဲ့ ဘိန်းမျိုးစေ့ ကွန်တိန်နာခြောက်လုံး ထိုင်းဆိပ်ကမ်းမှာဖမ်းဆီးခံရ
ခွျှန်ဘူရီ၊ အောက်တိုဘာ-၅-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်ကနေ မြန်မာနိုင်ငံကိုပို့လိုက်တဲ့ ဘိန်းမျိုးစေ့ တန်ချိန် ၁၇၀ ကို ထိုင်းနိုင်ငံ ခွျှန်ဘူရီမှာရှိတဲ့ လမ်ချာဆိပ်ကမ်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းအကောက်ခွန်အရာရှိတွေ၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေဟာ ဆိပ်ကမ်းက ကွန်တိန်နာခြောက်လုံးကို စစ်ဆေးမှုတွေလုပ်ရာမှာ မြန်မာနိုင်ငံကိုပို့မယ့် ဘိန်းမျိုးစေ့တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီဘိန်းမျိုးစေ့တွေဟာ ထိုင်းနိုင်ငံမှာခွင့်ပြုချက်မရှိရင် ရောင်းဝယ်ဖောက်ကား လက်ဝယ်ထားရှိလို့မရတဲ့ မူးယစ်ဆေးဝါး အုပ်စု ၅ မှာ အကျုံးဝင်နေတာကြောင့် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ထိုင်းအကောက်ခွန်အကြီးအကဲ ကရီဆာဒါက ပြောပါတယ်။ ဘိန်းမျိုးစေ့တွေကို ကွန်တိန်နာခြောက်လုံးနဲ့ သယ်ဆောင်လာတာဖြစ်ပြီး အိပ်ပေါင်း ၇၆၉၉ အိပ်နဲ့ ထည့်ထားကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ရှစ်သိန်းနှစ်သောင်း (ထိုင်းဘတ်ငွေ ၂၅ သန်း) ဖိုးရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဘိန်းအထွက်နှုန်းဟာ ကြီးထွားမှုအပေါ်အခြေခံကာကွဲပြားခြားနားပြီး ပုံမှန်အားဖြင့် ဘိန်းစိုက်ခင်း ၂…
Read Moreစစ်တွေမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးဒဏ်ရာရ
စစ်တွေ၊ အောက်တိုဘာ ၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၄ ရက်နေ့ည ၉ နာရီခန့်အချိန်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်ခံရသူနှစ်ဦးမှာ စစ်တွေမြို့ လမ်းမကြီး ဦးဥတ္တမပန်းခြံရှေ့မှာ ဖွင့်လှစ်ထားတဲ့ အေးငြိမ်းဆေးခန်းပိုင်ရှင် ဦးညီညီ ၄၄ နှစ်နဲ့ သုံးဘီးကယ်ရီဆိုင်ကယ်သမား ဦးညီညီနိုင်တို့နှစ်ဦးဖြစ်ကြပါတယ်။ “ဖြစ်တာက မနေ့ကည ၉ နာရီလောက်မှာဖြစ်တယ်လို့သိရတယ်။ ဦးညီညီက သူ့ဆေးခန်းကနေပြီးတော့ အိမ်ကိုပြန်အလာ အိမ်ရှေ့ကိုအရောက်မှာ နောက်က နှစ်ဘီးဆိုင်ကယ်နဲ့လိုက်လာတဲ့ သေနတ်သမားနှစ်ယောက်က ပစ်ခတ်ခဲ့တာလို့သိရတယ်။”လို့ ဒေသခံတွေကပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ကျောင်းတက်လမ်းရပ်ကွက်က သူ့နေအိမ်ရှေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားတွေဟာ လေးချက်ခန့်ပစ်ခတ်ခဲ့ပြီး ဦးဥတ္တမလမ်းအတိုင်း ဘုရားကြီးဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။ “သူတု့ိကိုပစ်တာက လေးချက်ပစ်ခဲ့တယ်လို့သိရတယ်။ ပစ္စတိုကျည်ခွံလေးခုရတယ်။ ကယ်ရီသမားရဲ့ ဘယ်ဘက်ပေါင်ကို တစ်ချက်ထိတယ်။ ဦးညီညီရဲ့ အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းအောက်ကို တစ်ချက်ထိတယ်။”လို့ ဆိုပါတယ်။…
Read Moreတောင်သူဦးပေါက်စ အမှုမှ ကျောင်းဆရာမကို ခရိုင်တရားရုံးအယူခံအောင်၍ အပြီးသတ်လွတ်
မန္တလေး၊ အောက်တိုဘာ ၅-၂၀၁၉ ဟိန်းကို(VOM) တောင်သူဦးပေါက်စ နဲ့ ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)တို့ အငြင်းပွားမှုဖြစ်ပွားနေတဲ့မြေပေါ်မှာ ၂၀၁၈ခုနှစ် နို၀င်ဘာလ၁၀ရက်နေ့က ရေကြောင်းရဲတပ်ဖွဲ့ မှ ဝင်ရောက်သိမ်းဆည်းပြီးခြံစည်းရိုးခတ်နေစဉ် တောင်သူမိသားစုက နှောက်ယှက်မှုများပြုလုပ်ခဲ့တယ်လို့ဆိုကာ ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)က တောင်သူဦးပေါက်စ အပါအ၀င် တောင်သူ၆ဦးကို တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲဆိုခံရတဲ့ တောင်သူ၆ဦးကို ဩဂုတ်လ ၁၆ရက်နေ့က မဟာအောင်မြေမြို့နယ်တရားရုံးမှာ ထောင်ဒဏ် ၂နှစ်စီချမှတ်ခံရပြီး ထောင်ဒဏ်ချမှတ်ခံရမှုကို ကျောင်းဆရာမ မခိုင်ဇာ၀င်းက ကျေနပ်မှုမရှိတဲ့အတွက် ခရိုင်တရားရုံးကို အယူခံတက်ခဲ့ရာ အောက်တိုဘာ ၄ရက်နေ့ မနက်ပိုင်းက အောက်ရုံးအမိန့်ကိုပယ်ဖျက် ပြီးတော့ မခိုင်ဇာ၀င်းကိုအပြီးသတ် လွှတ်ပေးဖို့ ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ #voiceofmyanmar#မန္တလေး#တောင်သူဦးပေါက်စ အမှုမှ ကျောင်းဆရာမကို#ခရိုင်တရားရုံးအယူခံအောင်၍ အပြီးသတ်လွတ်# Zawgyi Code တောင်သူဦးပေါက်စ အမှုမှ ကျောင်းဆရာမကို ခရိုင်တရားရုံးအယူခံအောင်၍ အပြီးသတ်လွတ် မန္တလေး၊ အောက်တိုဘာ ၅-၂၀၁၉ ဟိန်းကို(VOM) တောင်သူဦးပေါက်စ နဲ့ ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)တို့…
Read Moreပျားမွေးမြူရေးပုံးတွေချလို့ ဇီးသီးအထွက်နည်းတယ်ဆိုပြီး မြို့နယ်သုံးမြို့နယ်က တောင်သူတွေဆန္ဒပြ
Unicode မုံရွာ၊အောက်တိုဘာ၄-၂၀၁၉ ရန်နိုင်စိုး (VOM) ပျားမွေးမြူရေးလုပ်ငန်းတွေရဲ့ ပျားပုံးတွေကို ဇီးစိုက်ခင်းအနီးနဲ့ စိုက်ခင်းအတွင်း လာရောက်ချထားတာတွေကြောင့် ဇီးသီးအထွက်နှုန်းလျော့ကျသွားတယ်ဆိုကာ ဘုတလင်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်တွေမှာရှိတဲ့ ဇီးစိုက်တောင်သူတွေက အောက်တိုဘာလ ၄ ရက်နေ့က မုံရွာမြို့မှာ လာရောက်ဆန္ဒပြခဲ့ကြပါတယ်။ ပျားပုံးချထားတာတွေကြောင့် ဇီးပင်တွေအသီးသီးရာမှာ တနှစ်ထက်တနှစ်အထွက်နှုန်းလျော့နည်းသွားပြီး အသီးအရည်သွေးမှာလဲ ကျဆင်းတာတွေကြုံတွေ့နေရတာကြောင့် ပျားပုံးများဖယ်ရှားပေးဖို့ သက်ဆိုင်ရာဌာနတွေကိုတင်ပြပေမယ့် ထိရောက်အောင်ဖြေရှင်းပေးတာတွေ မရှိတဲ့အတွက် အခုဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” ကျနော်တို့တောင်သူတွေအနေနဲ့ ဒီဇီးကိုပဲ အားထားစိုက်ပျိုးနေကြရတာ။ ပျားပုံးတွေလာချလို့ ဇီးပျက်တယ်ဆိုတာက အသီးသီးချိန်မတန်ခင်ကတည်းက အုံလိုက်ကျင်းလိုက် စုပ်ယူတာတွေရှိတော့ ဇီးက အသီးညိုးသွားတယ်။ အသီးဖြစ်လဲ အရသာသိပ်မရှိတော့တာ။ ၂၀၁၅ ခုနှစ်ကတည်းက ဒါတွေဖယ်ရှားပေးဖို့ သက်ဆိုင်ရာဌာနဖြစ်တဲ့ ပျားမွေးမြူရေးဌာနကို တောင်းဆိုခဲ့တယ်။ သူတို့က ရွေ့ဖို့လာတိုင်းပေးတာရှိပေမယ့် နောက်ကျတော့ ဒီနေရာအတိုင်းပဲ ပြန်လာချတယ်။ အဲ့ဒီတော့ တောင်သူတွေက ပျားစုပ်တာကတကြောင်း၊…
Read Moreဟောင်ကောင်မှာ မျက်နှာဖုံးတပ် ဆန္ဒပြတာကို တားမြစ်တဲ့အမိန့်ထုတ်
Unicode ဟောင်ကောင်၊ အောက်တိုဘာ-၄-၂၀၁၉ မျိုးဆက် (VOM) ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ လေးလနီးပါးကြာမြင့်ပြီးနောက် မျက်နှာဖုံးတပ်ဆင်တာတွေကို တားမြစ်ပိတ်ပင်ဖို့အတွက် ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ အရေးပေါ်ဥပဒေတစ်ရပ်ကို အသုံးပြုပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလန်းက အမိန့်ထုတ်လိုက်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ ဟောင်ကောင်တစ်ဝန်း အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၄ ရက် ဒီနေ့မှာ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေဟာ မြို့တော်ကို ဖျက်ဆီးနေတာဖြစ်ပြီး ဆိုးရွားသထက်ဆိုးရွားလာတဲ့ အခြေအနေကို အာဏာပိုင်တွေက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ ကာရီလန်းကဆိုပါတယ်။ မျက်နှာဖုံးတွေ တပ်ဆင်တာကို တားမြစ်တဲ့အမိန့်ဟာ စနေနေ့မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးကာရီလန်း အသုံးပြုခဲ့တဲ့ ဥပဒေဟာ ၁၉၉၂ ခုနှစ် ကိုလိုနီခေတ်က အရေးပေါ် စည်းမျဉ်းလုပ်ထုံးဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ ဟောင်ကောင်မငြိမ်မသက်မှုဖြစ်ပွားပြီးနောက်ပိုင်းကတည်းက အသုံးပြုခဲ့ခြင်းမရှိပါဘူး။ သံသယရှိသူတရားခံကို တရုတ်ပြည်မကြီးဆီ…
Read Moreဘူးသီးတောင်မြို့နယ် စေတီတောင်စခန်းမှာ ကျည်ကျပြီး မိန်းကလေးတစ်ဦးဒဏ်ရာရ
Unicode ရသေ့တောင်၊ အောက်တိုဘာ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာမှာရှိတဲ့ ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းက ကျည်တွေကျရောက်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကျောင်းသူမိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့သူ မမြသဇင်မှာ ဒုက္ခသည်စခန်းကနေပြီး စေတီတောင်အထကမှ ကျောင်းတက်နေတဲ့ ရှစ်တန်းကျောင်းသူ လေးတစ်ဦး ဖြစ်ပြီးတော့ ၂ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ကျေးရွာအနီးပစ်ခတ်မှုဖြစ်ပွားရာကနေ ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ “အဲ့ဒီနေ့က သမီးလေးဟာ စာဖတ်ဖို့အတွက် စာအုပ်တွေယူနေတဲ့အချိန် ပစ်သံတွေကြားရပြီးတာနဲ့ အိမ်ခေါင်မိုးတွေမှာ ကျည်တွေကျသံကြားရတယ်။ အောက်ကိုဆင်းပြေးတယ်။ သမီးလေးဝမ်းဗိုက်ကို ကျည်ထိသွားတယ်။”လို့ သူ့အမေ ဒေါ်လှသိန်းခင်ကပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ စေတီတောင်ကျေးရွာနဲ့ မိုင်ဝက်လောက်ပဲဝေးတဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ နွားရုံတောင် ကျေးရွာဘက်က ပစ်ခတ်လိုက်တာဖြစ်ပြီးတော့…
Read Moreမြန်မာနိုင်ငံမှ ဝက်တုပ်ကွေးမကူးစက်ရေး ထိုင်းနယ်စပ်မှာစစ်ဆေးရေး စခန်း ၅၀ ဖွင့်ပြီးဆောင်ရွက်နေ
ဗန်ကောက်၊ အောက်တိုဘာ-၄-၂၀၁၉ မျိုးဆက် (VOM) တစ်နှစ်ကို ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံလောက်နဲ့ လည်ပတ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဝက်သားလုပ်ငန်းကို အိမ်နီးချင်းမြန်မာနိုင်ငံကနေ အာဖရိကဝက်တုပ်ကွေး ကူးစက်မှုကနေ ကာကွယ်ရေးလုပ်ငန်းအတွက် ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ အတူ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးအစားအသောက် ကုမ္ပဏီကြီးသုံးခုက ပူးပေါင်းလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်က စစ်ဆေးရေးဂိတ် ၅၀ အတွက် ထိုင်းနိုင်ငံရဲ့ အကြီးဆုံးစိုက်ပျိုးမွေးမြူရေး ကုမ္ပဏီ Charoen Pokphand က ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Betagro နဲ့ Thai Food တို့နဲ့ ပူးပေါင်းပြီး ရန်ပုံငွေထူထောင်ပေးမှာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီသုံးခုပေါင်းလိုက်ရင် ထိုင်းနိုင်ငံရဲ့ ဝက်သားထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းအထိရှိနေပြီး အာဖရိကဝက်တုပ်ကွေး မကူးစက်ရေးလုပ်ငန်းစဉ်မှာ နိုင်ငံရန်ပုံငွေနည်းပါးတာကြောင့် ပုဂ္ဂလိကအပိုင်းကနေ ပုံမှန်မဟုတ်တဲ့ ထည့်ဝင်ငွေနဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ…
Read More