မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉ ရဲရင့်မင်းခန့်(VOM) ပထမဆုံးအကြိမ်ကျင်းပတဲ့ အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း/ကျောက်မျက်ပြပွဲကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့မနက်ပိုင်းက ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း ၃ထောင်နီးပါးကို ပြသရောင်းချပေးသွားမှာဖြစ်တယ်လို့ ပြပွဲကျင်းပရေးကော်မတီကနေ သိရပါတယ်။ “ ကျောက်စိမ်းအဓိကလုပ်ကိုင်နေတဲ့ မန္တလေးမြို့ဟာ အခုမှ ပထမဆုံးအကြိမ် ပြပွဲကျင်းပခွင့်ရခဲ့တာပါ။ အခုလိုပြပွဲမျိုးက နေပြည်တော်မှာဆိုရင် ပြပွဲပေါင်း (၉၀)ကျော် ကျင်းပခဲ့ပါတယ်။ ဒီလိုဖြစ်ချင်နေတာ မန္တလေးသားတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ဆယ်ချီကတည်းကပါ။ ဒီပွဲကနေပြီးတော့မှ ပြည်ထောင်စုအဆင့် ကျပ်ငွေပွဲတွေ ယူရိုပွဲတွေပါ ကျင်းပနိုင်ဖို့ ဆောင်ရွက်သွားမယ် ” လို့ ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောအောင် က ပြောပါတယ်။ ယင်းပြပွဲမှာ ကြမ်းခင်းဈေး အနည်းဆုံး ၁၀ သိန်းကျပ် ကနေ အမြင့်ဆုံး ကျပ်သိန်း ၃၂၀၀ အထိ တင်ထားပြီး ရောင်းချမယ့် အရိုင်းဖြတ်သား အချောထည်များနဲ့ပတ်သက်ပြီး…
Read MoreMonth: October 2019
ရိုဟင်ဂျာတွေ နေရပ်ပြန်လာတယ်ဆိုပြီး မြန်မာဘက်ကဝါဒဖြန့်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဆို
ဒါကာ၊ အောက်တိုဘာ-၂၃-၂၀၁၉ မျိုးဆက် (VOM) အောက်တိုဘာ ၂၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ၂၉ ဦးကျော်ဟာ မြန်မာနိုင်ငံဘက်ကို ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ရောက်ရှိလာကြောင်း ဒါကာရှိမြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ဟာ မမှန်မကန် ဝါဒါဖြန့်တာလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး (RRRC) ကော်မရှင်နာမင်းကြီး မာဘတ်အလမ် တာလွတ်ဒါက ဒါကာထရီဗြွန်း သတင်းဌာနကကိုပြောပါတယ်။ ဘင်္ဂါလီ ၂၉ ဦးကျော်ဟာ သူတို့ရဲ့ဆန္ဒအလျောက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်ဝင်ရောက်လာတယ်လို့ ဒါကာရှိ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အောက်တိုဘာ ၂၂ ကဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ မှန်ကန်မှုမရှိကြောင်းနဲ့ မြန်မာနိုင်ငံက ဝါဒဖြန့်တာလို့ RRRC ရဲ့ ကော်မရှင်နာမင်းကြီး ကဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာအချက်အလက်မှမရှိကြောင်းနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ချင်ရင် RRRC နဲ့ UNHCR တို့ရဲ့ လုပ်ငန်းစဉ်အတိုင်းသွားရတာဖြစ်တယ်လို့…
Read Moreမြန်မာကျပ်ငွေနဲ့ရောင်းတဲ့ ကျောက်မျက်ရတနာပြပွဲ မန္တလေးမြို့မှာကျင်းပ
မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉ ဟိန်းကို(VOM) ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)က ကျောက်အရိုင်းအချောထည် နဲ့ ကျောက်မျက်ရတနာများကို မြန်မာကျပ်ငွေနဲ့သာ ရောင်းချတဲ့ပွဲကို ဒီကနေ့မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်က မန္တလေးကွန်ဗင်းရှင်းစင်တာမှာ ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒီပြပွဲမှာ ကျောက်စိမ်းအရိုင်းတွဲနဲ့ အချောထည်အတွက် ကြမ်းခင်းဈေးကို ဆယ်သိန်းကျပ်သတ်မှတ်ထားကာ တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့သာ ရောင်းချပေးမှာဖြစ်တဲ့အတွက် ပြည်တွင်းကျောက်မျက်လုပ်ငန်းရှင်တွေကိုသာ ရောင်းဝယ်ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့က ဝင်ရောက်လေ့လာခွင့်သာရရှိမှာ ဖြစ်တယ်လို့ ပြပွဲဖြစ်မြောက်ရေးကော်မတီက သိရပါတယ်။ #voiceofmyanmar #မန္တလေး #မြန်မာကျပ်ငွေနဲ့ရောင်းတဲ့ #ကျောက်မျက်ရတနာပြပွဲ Unicode မြန်မာကျပ်ငွေနဲ့ရောင်းတဲ့ ကျောက်မျက်ရတနာပြပွဲ မန္တလေးမြို့မှာကျင်းပ မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉ ဟိန်းကို(VOM) ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)က ကျောက်အရိုင်းအချောထည် နဲ့…
Read Moreကရင်ပြည်နယ်၊ မြိုင်ကလေး ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံကို ဒေသခံတွေကပိတ်သိမ်းဖို့တောင်းဆို
ဘားအံ ၊ အောက်တိုဘာ ၂၃-၂၀၁၉ သူရိန်(VOM) ကရင်ပြည်နယ် ၊ မြိုင်ကလေး ကျောက်မီးသွေးသုံး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ ကို ဒေသခံတွေက အပြီးပိတ်သိမ်းစေချင်တယ် လို့ ကရင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ယက်ကနေ သိရပါတယ်။ ” ဒေသခံသဘောထားအနေနဲ့ဆိုရင်တော့အပြီးပိတ်သိမ်းစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အကျိုးဆက်ကအရမ်းများတယ်။ ရေရှည်ကျရင်ထိခိုက်မှုအရမ်းများတယ်။ အခုလောလောဆယ်ဆိုရင် အဲဒီနားက ရွာ ၁၀ ရွာလောက်က ရေမှမသောက်ရဲတော့တာ။ သောက်ရင်လဲအဆိပ်ဖြစ်တယ်၊ ချိုးရင်လဲယားတယ်ဆိုတော့ သူတို့အတွက်လုံးဝမကောင်းဘူးဆိုတော့ ပိတ်သိမ်းဖို့အတွက်ပြောတယ်။ နောက်သူတို့သယ်ယူတဲ့လမ်းကြောင်းတွေမှာဆိုလဲ လမ်းမတွေကော လူနေအိမ်တွေနဲ့ကောမလွတ်ဘူးလေ။ ပုံတော့လဲ ဖြစ်ကလက်စန်းပုံတယ်။ သယ်တော့လဲစည်းကမ်းမရှိဘူး။ ကားသမားတွေက အခေါက်ရေနဲ့မောင်းတဲ့အခါကြတော့ အခေါက်များများ ရအောင်အမြန်မောင်းတော့လေ တစ်လမ်းလုံးကကျောက်မီးသွေးတွေ ဖိတ်စဉ်တာတွေရှိတယ်။ မြေနီလမ်းကမြေမဲလမ်းဖြစ်သွားတယ်။ အဲတာကိုရွာသားတွေကပြောတော့မလုပ်တက်တော့ သဲကား တွေနဲ့ဖုံးသွားတယ်။အဲလိုလုပ်တာတွေရှိတယ်။ ကျောက်မီးသွေးသယ်တဲ့လမ်းက မူလတန်းကျောင်းဘေးမှာရှိတာ။ သူတို့ကသယ်သွားတော့ ကလေးတွေက ရူမိရှိုက်မိကြတယ်။ ရေရှည်ကြတော့မကောင်းဘူးလေ။ ဒေသခံတွေကမကြိုက်ဘူး။ အခက်အခဲ နောက်တခုက…
Read Moreရွှေပြည်သာမြို့နယ်မှာ ကျူးကျော်ဆိုင်တွေနဲ့ ပန်းအိုးတွေ ၇ရက်အတွင်းဖယ်ရှားဖို့ စည်ပင်က သတိပေး
Zawgyi ရွှေပြည်သာ အောက်တိုဘာ ၂၃-၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင်လမ်းဆုံမှာ အောက်တိုဘာ ၂၂ရက် မနေ့ညနေ၅နာရီခန့်က ကျူးကျော်ဆိုင်ခန်းတွေ အဖီအဆွယ်တွေနဲ့ သစ်ပင်ပန်းအိုးတွေကို ၇ရက်အတွင်းဖယ်ရှားပေးဖို့ စည်ပင်ဝန်ထမ်းတွေက သတိပေးစာတွေ ပို့ပေးနေပါတယ်။ ‛ကျနော်တို့ စည်ပင်ဝန်ထမ်းတွေနို့တစ်စာတွေ လိုက်ပို့ပေးထားပါတယ်။ ထန်းခြောက်ပင်လမ်းဆုံကနေ ဘုရင့်နောင်လမ်းတစ်လျှောက် ချစ်ကောင်း၊ ရွှေယ၊ုံ ရွှေအင်းဝ ၊ 124ကားဂိတ်၊ စက်မှုလမ်းဆုံရာအထိ လမ်းဘေးဝဲယာ ဆိုင်ကျူးအဖီဆွယ်ကျူးတွေ အကုန်ပါမယ် ပန်းအိုးတွေသစ်ပင်စိုက်တာတွေအကုန်ပါမယ် ။ နို့တစ်စာမှာ ၇ရက်အတွင်း ဖျက်သိမ်းပေးဖို့နဲ့မလိုက်နာရင် စည်ပင်ဥပဒေအတိုင်း အရေးယူသွားမယ်လို့ဖော်ပြထားပါတယ် အဓိက ကတော့ ကျနော်တို့မြို့သာယာလှပဖို့လုပ်တာပါလို့’ရွှေပြည်သာမြို့နယ် စည်/ကော်ဥက္ကဋ္ဌဦးသိန်းဇံကပြောပါတယ်။ နို့တစ်စာ ပို့ခံရတာနဲ့ပတ်သက်ပြီး ဘုရင့်နောင်လမ်းဘေးမှာရှိတဲ့ နိုနို ကလေးကစားစရာနှင့်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင် ဆိုင်ရှင်ဒေါ်စန်းစန်းနွယ်က အခုလိုပြောပါတယ်။ “ ကျမတို့ဆိုင်က ကျူးထားတာမှန်ပါတယ် မြို့နယ်သာယာလှပရေးအတွက်…
Read Moreရဲဘော်သုံးကျိပ်ပန်းခြံနေရာ အထပ်မြင့်အဆောက်အဦးဆောက်လုပ်နေမှု စုံစမ်းစစ်ဆေးပေးရန် ဆန္ဒဖော်ထုတ်
ရန်ကုန် အောက်တိုဘာ ၂၃-၂၀၁၉ သူရိန်(VOM) ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းကုံးတံတား( ဟောင်း) အဆင်းမှာရှိတဲ့ ရဲဘော်သုံးကျိပ်ပန်းခြံနေရာမှာ အထပ်မြင့်အဆောက်အအုံဆောက်လုပ်နေတာကို ပြည်သူလူထုကန့်ကွက်နေတဲ့ကြားက ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ ဆန္ဒဖော်ထုတ်ပွဲကို အောက်တိုဘာ၂၂ရက်နေ့ညနေ ၄နာရီအချိန်က ရဲဘော်သုံးကျိတ်ပန်းခြံရှေ့မှာ ပြည်သူတွေက ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။ “ ကျွန်တော်ကဒီရပ်ကွက်မှာ ငယ်စဉ်တည်းကနေ အခုချိန်ထိနေလာတဲ့ ရပ်ကွက်နေပြည်သူစစ်စစ်ဖြစ်ပါတယ် ။ ဘယ်ပါတီဝင်မှမဟုတ်သလို နိုင်ငံရေးလဲမလုပ်ပါဘူး။ အစဉ်အလာကိုထိန်းသိမ်းဖို့က နိုင်ငံသားတိုင်းရဲ့တာဝန်လို့ခံယူထားတဲ့အတွက် ရဲဘော်သုံးကျိပ်ဆိုတာ သမိုင်းမှာအစဉ်အလာကြီးခဲ့သလို ဒီနာမည်နဲ့ပန်းခြံက ကျွန်တော်တို့ရပ်ကွက်မှာတည်ရှိမူကို သိပ်ကိုဂုဏ်ယူခဲ့တာဖြစ်တဲ့အတွက် ဒီပန်းခြံကို ပကတိအတိုင်းတည်ရှိဖို့နဲ့ လွှတ်တော်ကနေ ဥပဒေနဲ့အညီစစ်ဆေးပေးဖို့ ဆန္ဒဖော်ထုတ်တောင်းဆိုရတာဖြစ်ပါတယ်” လို့ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးရဲဝင်းကပြောပါတယ်။ ဒီဆန္ဒဖော်ထုတ်ပွဲကို လူထုအင်အား ( ၇၀) ခန့်ပါဝင်ပြီး ဗီနိုင်းပါစာသားတွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းရေး၊ မလျှော်သြဇာအသုံးပြုခြင်း ရှိ/ မရှိစစ်ဆေးပေးရေး ဥပဒေနှင့်ညီညွှတ်မူ့ရှိ/ မရှိ စစ်ဆေးပေးရေး…
Read Moreရသေ့တောင်မှာစာသင်ကျောင်းအနီးလက်နက်ကြီးကျရောက်လို့ ကျောင်းပိတ်ထားရ
Read Moreလူငှားပြီး စာမေးပွဲဖြေခိုင်းတဲ့ ဘင်္ဂလားဒေ့ရှ်လွှတ်တော်အမတ် တက္ကသိုလ်မှထုတ်ပယ်ခံရ
ဒါကာ၊ အောက်တိုဘာ ၂၂-၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်လွှတ်တော်အမတ်တစ်ဦးဟာ သူ့ကိုယ်စား စာမေးပွဲတွေဖြေဆိုပေးဖို့ ကိုယ်စားလှယ်ရှစ်ဦးကို ငှားရမ်းခဲ့ကြောင်း တွေ့ရှိပြီးနောက် တက္ကသိုလ်မှ ထုတ်ပယ်ခံလိုက်ရပါတယ်။ အာဏာရ အဝါမီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ တာမန်နာနျူဆရတ်ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အိုးပင်းတက္ကသိုလ်မှာ ၀ိဇ္ဇာဘွဲ့တက်ရောက်သင်ကြားနေသူဖြစ်ပါတယ်။ သူ့အတွက် စာမေးပွဲကိုယ်စားဖြေပေးတယ်ဆိုပြီး စွပ်စွဲခံရတဲ့ ကိုယ်စားလှယ်တွေထဲက တစ်ဦးကို အောက်တိုဘာ ၁၉ ရက်က စာမေးပွဲခန်းတစ်ခုမှာ ရုပ်မြင်သံကြားဌာနတစ်ခုက တွေ့ရှိပြီးနောက် မီးစ်နျူဆရတ်အား တက္ကသိုလ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သကပြီး ပါလီမန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးအမတ် ၅၀ ထဲမှာ တစ်ဦးအပါ အဝင်ဖြစ်တဲ့ နျူဆရတ်က ဘီဘီစီသတင်းဌာနရဲ့ ဆက်သွယ်မှုကို တုံ့ပြန်ဖြေကြားမှုမပြုခဲ့ပါဘူး။ တက္ကသိုလ်လေးနှစ်တာကာလအတွင်း စာမေးပွဲ ၁၃ ခုကို လက်ရှိအချိန်ထိ ကျင်းပပြုလုပ်ပြီးဖြစ်ပေမယ့် အဲဒီ စာမေးပွဲတွေကို လွှတ်တော်အမတ် နျူဆရတ်က ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ပုဂ္ဂလိကရုပ်မြင်သံကြားဌာန…
Read Moreဖောက်ခွဲရေးပစ္စည်းတွေဖမ်းမိထားတဲ့ AAအဖွဲ့ဝင်အပါ ၆ဦးကို ဒုတိယအကြိမ် ရုံးထုတ်
မန္တလေး အောက်တိုဘာ ၂၂-၂၀၁၉ ဖြူဖြူ (VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဖောက်ခွဲရေးအပါအဝင် စပ်ဆက်ပစ္စည်းတွေနဲ့အတူ စက်တင်လာ ၁၀ ရက်က ဖမ်းမိထားတဲ့ AA တပ်ဖွဲ့ဝင်တွေအပါခြောက်ဦးကို ဒီနေ့မွန်းလွဲပိုင်းက မန္တလေးခရိုင်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ “တရားခံပြေးနဲ့ပတ်သက်ပြီးတော့ ဒီနေ့က ဖမ်းဝရမ်းအတည်ပြုတဲ့ရဲအရာရှိ ၂ယောက်နဲ့ အရပ်ဖက်သက်သေ ၂ယောက်ကိုစစ်ဆေးခဲ့ပါတယ်။ အဲဒါစစ်ဆေးပြီးတော့ ရုံးချိန်းကို ၄ ရက် ၁၁ လ ၂၀၁၉ ကို ချိန်းဆိုထားပါတယ်။ အဲ့ဒီနေ့မှာတော့ ဒီအမှုကြီးကို ဘယ်လိုစစ်ဆေးမယ်ဆိုတာကို မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အစည်းအဝေးလုပ်မှာဖြစ်ပါတယ်။ “လို့ မန္တလေးခရိုင်သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က ပြောပါတယ်။ အမှုနဲ့ပက်သက်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ကျန်သုံးဦးကိုတော့ အောက်တိုဘာ ၈ ရက်နေ့က ဖမ်းဝရမ်းထုတ်ထားပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ ဖမ်းဆီးရမိသူတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဒုရာခံဗိုလ် အောင်လင်းထက် (ခ)…
Read Moreထိုင်းဘုရင်ရဲ့ ကြင်ယာတော် ရာထူးအဆောင်အယောင်တွေ ဖယ်ရှားခံရ
ဗန်ကောက်၊ အောက်တိုဘာ ၂၂-၂၀၁၉ မျိုးဆက် (VOM) ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ တော်ဝင်ကြင်ယာတော်ဆင်းနီနတ်ဝမ်ဗဂျီရာပက်ဟာ ဘုရင်ကိုမလေးမစား လွဲမှားတဲ့ အပြုအမူတွေကြောင့် ကြင်ယာတော်အဆင့်အတန်းနဲ့ အဆောင်အယောင်တွေ ကို ဖယ်ရှားခံလိုက်ရပါတယ်။ ကြင်ယာတော်ဆင်းနီနတ်ဟာ ရည်ရွယ်ချက်ကြီးမားလွန်းပြီး သူမကိုယ်သူမ ဘုရင်မအဖြစ် အနေအထားမျိုးရအောင် ကြိုးပမ်းခဲ့တယ်လို့ ထိုင်းဘုရင်နန်းတော်ရဲ့ အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ တော်ဝင်ပြန်တမ်းမှာ ဆိုပါတယ်။ တော်ဝင်ကြင်ယာတော်တစ်ဦးရဲ့ ပြုမူပုံတွေဟာ ရိုသေလေးစားမှုမရှိဘူးလို့ မှတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဟာ စတုတ္ထမြောက်ဇနီး ဘုရင်မဆုသီဒါကို ထိမ်းမြားလက်ထပ်ခဲ့ပြီးနောက် နှစ်လမျှအကြာ၊ ဇူလိုင်လအတွင်း ဆင်းနီနက်ကို ကြင်ယာတော်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဆင်းနီနတ်ဟာ လေ့ကျင့်ရေး လေယာဉ်မှူးတစ်ဦးဖြစ်ပြီး သူနာပြုလည်း ဖြစ်သလို သက်တော်စောင့်လည်းဖြစ်ကာ ရာစုနှစ်တစ်ခုနီးပါးကာလအတွင်း တော်ဝင်ကြင်ယာတော်ဆု ကို ပထမဆုံးပေးအပ်ခံရသူတစ်ဦးဖြစ်ပါတယ်။ Ref : BBC Photo: Getty Images…
Read More