အိုင္အက္စ္ေခါင္းေဆာင္ ဘဂၢဒါဒီရဲ႕ညီမျဖစ္သူကို တူရကီအာဏာပိုင္ေတြဖမ္းဆီး

ဒမတ္စကတ္၊ ႏုိဝင္ဘာ-၅-၂၀၁၉
မ်ိဳးဆက္ (VOM)

အစၥလာမၼစ္စစ္ေသြးၾကြအုပ္စု အိုင္အက္စ္ေခါင္းေဆာင္ အဘူဘာကရယ္အယ္ဘဂၢဒါဒီရဲ႕ ညီမျဖစ္သူကို ဆီးရီးယားႏုိင္ငံေျမာက္ပုိင္းမွာ ဖမ္းဆီးလုိက္ေၾကာင္းတူရကီအာဏာပုိင္ေတြက ေျပာပါတယ္။

အသက္၆၅ႏွစ္အရြယ္ ရတ္စ္မီယာေအဝတ္ဟာ ေအဇက္ျမိဳ႔အနီး၊ နုိဝင္ဘာ၄ရက္က ရုတ္တရတ္ဝင္ေရာက္ စီးနင္းတိုက္ခုိက္ခ်ိန္မွာ ထိန္းသိမ္းခံလုိက္ရတာလို႔ တာဝန္ရွိသူေတြကေျပာပါတယ္။

ဒီဖမ္းဆီးမႈဟာ အုိင္အက္စ္အဖြဲ႔နဲ႔ ပတ္သက္တဲ႔ အဖုိးတန္ေထာက္လွမ္းေရး သတင္းေတြအတြက္ အက်ိဳးရိွေစေၾကာင္း တူရကီအာဏာပိုင္ေတြက ေျပာပါတယ္။

ဘဂၢဒါဒီဟာ ျပီးခဲ့တဲ႔လက ဆီးရီးယားႏုိင္ငံ အေနာက္ေျမာက္ပုိင္းရွိ သူ႔ရဲ႕ ျခံဝန္းအတြင္း အေမရိကန္ အထူးတပ္ဖဲြ႔ေတြ ဝင္ေရာက္စီးနင္းခ်ိန္မွာ ကုိယ္ကုိသတ္ေသသြားခဲ့ပါတယ္။

ဘဂၢဒါဒီေသဆံုးမႈဟာ အေမရိကန္သမၼတေဒၚနယ္ထရန္႔အတြက္ ေအာင္ျမင္မႈတစ္ရပ္ျဖစ္ေစေပမယ္႔လည္း ဆီးရီးယားနဲ႔ အျခားေနရာေတြမွာ အုိင္အက္စ္တုိ႔က လံုျခံဳေရး ျခိမ္းေျခာက္မႈေတြ ဆက္လက္ ျပဳလုပ္ေနတယ္လို႔ ေဝဖန္သူေတြက ေထာက္ျပေျပာဆုိၾကပါတယ္။

Ref : BBC Photo :Reuters
#voiceofmyanmar #အိုင္အက္စ္ေခါင္းေဆာင္ #ညီမျဖစ္သူဖမ္းဆီးခံရ

Unicode

အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီရဲ့ညီမဖြစ်သူကို တူရကီအာဏာပိုင်တွေဖမ်းဆီး

ဒမတ်စကတ်၊ နိုဝင်ဘာ-၅-၂၀၁၉
မျိုးဆက် (VOM)

အစ္စလာမ္မစ်စစ်သွေးကြွအုပ်စု အိုင်အက်စ်ခေါင်းဆောင် အဘူဘာကရယ်အယ်ဘဂ္ဂဒါဒီရဲ့ ညီမဖြစ်သူကို ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ဖမ်းဆီးလိုက်ကြောင်းတူရကီအာဏာပိုင်တွေက ပြောပါတယ်။

အသက်၆၅နှစ်အရွယ် ရတ်စ်မီယာအေဝတ်ဟာ အေဇက်မြို့အနီး၊ နိုဝင်ဘာ၄ရက်က ရုတ်တရတ်ဝင်ရောက် စီးနင်းတိုက်ခိုက်ချိန်မှာ ထိန်းသိမ်းခံလိုက်ရတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီဖမ်းဆီးမှုဟာ အိုင်အက်စ်အဖွဲ့နဲ့ ပတ်သက်တဲ့ အဖိုးတန်ထောက်လှမ်းရေး သတင်းတွေအတွက် အကျိုးရှိစေကြောင်း တူရကီအာဏာပိုင်တွေက ပြောပါတယ်။

ဘဂ္ဂဒါဒီဟာ ပြီးခဲ့တဲ့လက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ သူ့ရဲ့ ခြံဝန်းအတွင်း အမေရိကန် အထူးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန်မှာ ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။

ဘဂ္ဂဒါဒီသေဆုံးမှုဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက် အောင်မြင်မှုတစ်ရပ်ဖြစ်စေပေမယ့်လည်း ဆီးရီးယားနဲ့ အခြားနေရာတွေမှာ အိုင်အက်စ်တို့က လုံခြုံရေး ခြိမ်းခြောက်မှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြပြောဆိုကြပါတယ်။

Ref : BBC Photo :Reuters
#voiceofmyanmar #အိုင်အက်စ်ခေါင်းဆောင် #ညီမဖြစ်သူဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW