ကျိုက်ထီးရိုးတောင်တော် ဂေါပကအဖွဲ့က ပျံကျဈေးသည် ၁၄ ဦးကိုအမှုဖွင့်ထား

ကျိုက်ထို ၊ နိုဝင်ဘာ ၅-၂၀၁၉ သူရိန်(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ပေါ်မှာ နိုဝင်ဘာ( ၄) ရက် နံနက်ပိုင်းက ပျံကျဈေးသည်တွေနဲ့ တောင်တော်ပေါ်ကဈေးကော်မတီဝင်၊ စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းတွေ ပြသာနာပွားဖြစ်ခဲ့တာနဲ့ပက်သက်ပြီး ဂေါပကအဖွဲ့က ဈေးသည်(၁၄)ဦးကို အမှုဖွင့်ထားတယ်လို့သိရပါတယ်။ “ လက်ရှိအမှုကတော့ဖွင့်ထားပါတယ်။ ပုဒ်မတော့မသိသေးဘူး။ ဈေးသည်တွေကိုသင့်တော်တဲ့နေရာ ချထားပေးပါတယ်။ ကျွန်တော်တို့ကဘုရားဖူးကျပ်မယ့်နေရာ ၊ အသွားအလာပိတ်မယ့်နေရာ ၊ ရင်ပြင်တော်လိုနေရာတွေမှာ ပေးမရောင်းပါဘူး။ မုဆိုးတောင် ထမင်းဆိုင်လူစည်တဲ့နေရာတွေမှာ သူတို့ကိုနေရာချထားပေးပါတယ်။ အဆင်မပြေဘူးဆိုတဲ့ဈေးသည်တွေက ကျူးကျော်ဈေးသည်တွေပါ။ ကျွန်တော်တို့က ပေးနိုင်တဲ့နေရာပေးတာပါ ”လို့ ကျိုက်ထီးရိုးတောင်တော်ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်ကပြောပါတယ်။ နိုဝင်ဘာ(၄)ရက်နေ့မနက်ပိုင်းက ကျိုက်ထိုဟိုတယ်ရှေ့ ရင်ပြင်တော်အတက်လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာရှိတဲ့ ပျံကျဈေးသည်တွေကို ဂေါပကအဖွဲ.ဝင်၊ ဈေးကော်မတီ၊ ရဲတပ်ဖွဲ.ဝင်တွေ နဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက ဝင်ရောက်ရှင်းလင်းရာမှာ မကျေနပ်တဲ့ဈေးသည်တွေက သူတို့ရဲ့ ပစ္စည်းတွေကို ကိုင်တွယ်၊ ဖမ်းဆီးတယ်ဆိုပြီး နှစ်ဖက်အပြန်အလှန် ခုခံရိုက်နှက်မှု့များဖြစ်ခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့…

Read More

အမြှောက်ဆံထိလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မြောက်ဦး၊ နိုဝင်ဘာ ၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အရှေ့ဘက်၊ လေးမြို့မြစ်ကမ်းနံဘေးကျေးရွာတစ်ရွာဖြစ်တဲ့ ကျောင်းတောင်ကျေးရွာမှာ နိုဝင်ဘာ၎ ရက်နေ့ နေ့လည်ပိုင်းက လက်နက်ကြီး အမြှောက်ကျည်တစ်လုံး ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီလက်နက်ကြီးကျည်ဟာ မြောက်ဦးမြို့ဘက်ကနေ ပန်းမြောင်းကျေးရွာအရှေ့ဘက်ကို လှန်းပစ်ရာမှာ ကျောင်းတောင်ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဒေါ်မထွေးလေးရဲ့ ပေါင်ကို ကျည်စထိမှန်ခဲ့တာဖြစ်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။ “နေ့လည်ပိုင်း ၁၂ နာရီ ကျော်လောက်မှာ ဖြစ်တာပါ။ လက်နက်ကြီးကျည်က အဲ့ဒီဒဏ်ရာရသွားတဲ့ မထွေးလေးတို့နေအိမ်ခြံဝင်းအတွင်းမှာ ကျတယ်။ ပေါက်ကွဲပြီးတော့ ထမင်းစာဖို့လုပ်နေတဲ့ သူ့ရဲ့ပေါင်မှာ ဖောက်ဝင်သွားတာပေါ့။”လို့ အဲ့ဒီရွာသားက ဆိုပါတယ်။ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာ “အဲ့ဒါတော့မသိဘူးဗျ။ အဲ့ဒီကျောင်းတောင်ရွာဘက်မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ တပ်တွေလည်းမရှိဘူး။”လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။…

Read More

ဖမ်းဆီးခံရချိန် သေဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံသားရဲ့ ရုပ်အလောင်းကို ရန်ကုန်သို့ပို့ဆောင်လိုက်ပြီ

စစ်တွေ၊ နိုဝင်ဘာ ၅-၂၀၁၉ ခိုင်လင်းစံ (VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ ကုလားတန်မြစ်ကြောင်းအတိုင်း စပိဘုတ်နဲ့ဆင်းလာခဲ့ကြတဲ့ အိန္ဒိယနိုင်ငံသား ၅ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို နိုဝင်ဘာ ၃ ရက်နေ့မနက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်းမှာ အေအေတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီဖမ်းဆီးခံရစဉ်မှာ ရုတ်တရက်အမောဖောက်ပြီး သေဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံသား Mr.Vinoo Gopal အသက် ၆၀ နှစ်ခန့်ရဲ့အလောင်းကို နိုဝင်ဘာ ၄ ရက်နေ့ည ၈ နာရီကျော်လောက်မှာ စစ်တွေကနေ ရန်ကုန်ကိုလေကြောင်းကနေတစ်ဆင့် ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။ “သူတို့ကို မနေ့က မနက်ပိုင်းမှာ လွှတ်ပေးတယ်။ တစ်ဦးတော့ နှလုံးရောဂါရှိတဲ့အတွက် အဲ့ဒီဖမ်းဆီးခံရလို့ တောင်ပေါ်ကိုခေါ်သွားချိန်မှာ အမောဖောက်ပြီး သေဆုံးသွားခဲ့တယ်။ အလောင်းကိုတော့ မနေ့က ညနေ ၈ နာရီကျော်မှာ ရန်ကုန်ကို ယူသွားပြီ။”လို့ ကုလားတန်စီမံကိန်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။…

Read More

ရွှေနဒီရေယာဉ်ပေါ်က အေအေဖမ်းဆီးထားသူတချို့ ပြန်လွတ်လာ

ဘူးသီးတောင်၊ နိုဝင်ဘာ ၅-၂၀၁၉ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့က ဘူးသီးတောင်ကို သွားတဲ့ ခရီးသည်တင်အမြန်ရေယာဉ်ပေါ်ကနေ အေအေ တပ်ဖွဲ့ဝင်တွေဖမ်းဆီးသွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ အတူဖမ်းဆီးခံလိုက်ရတဲ့ အရပ်သား ၂၅ ဦးကို ဒီကနေ့မှာ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ရွှေနဒီရေယာဉ်ပေါ်က ဖမ်းဆီးခဲ့သူ ၆၀ နီးပါးအနက် အရပ်သားတွေကို ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပြီး သူတို့ ၂၅ ဦးကို ဘူးသီးတောင်မြို့နယ် ငွေတောင်ရွာ ဘုန်းတော်ကြီးကျောင်းမှာ ကျေးရွာတာဝန်ရှိသူတွေရဲ့ လက်ထဲကို မနက် ၆ နာရီက အပ်နှံခဲ့တာဖြစ်တယ်လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။ “စစ်သားတွေနဲ့ အရပ်သားတွေကို ခွဲပြီးတော့ စက်လှေတွေမှာ တင်နေတဲ့အချိန် မြန်မာစစ်တပ်က ရဟတ်ယာဉ်သုံးစီးနဲ့ ပစ်ခတ်တဲ့အတွက် ဘေးလွတ်ရာကို ကယ်တင်လာခဲ့တဲ့ အရပ်သား ၂၅…

Read More

မြန်မာနိုင်ငံမှ ကိုရီးယားကုမ္ပဏီတွေ ဘင်္ဂလားဒေ့ရှ်ကိုပြောင်းရွှေ့ဖို့ ဆန္ဒရှိနေ

ဒါကာ၊ နိုဝင်ဘာ-၅-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာရှိတဲ့ တောင်ကိုရီးယားကုမ္ပဏီပေါင်း(၁၀၀)ဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ ဆန္ဒရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ (BEZA) က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားမရရှိမှု ၊ ရေအရင်းအမြစ်ရှားပါးတာတွေအပါအဝင် အခြေခံ အဆောက်အအုံဆိုင်ရာနဲ့ အခြားပြသနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်ဖို့ နောက်ထပ်ရွေးချယ်စရာနေရာတစ်ခုအဖြစ် သတ်မှတ်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တောင်ကိုရီးယား ရင်းနှီးမြုပ်နှံသူတွေဟာ ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန်တွေမှာ ရင်းနှီးမြုပ်နှံဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် The Korea Industrial Complex Co Ltd ဟာ ကုမ္ပဏီပေါင်း ၁၀၀ စီးပွားရေးလာရောက်လုပ်ကိုင်နိုင်မယ့် စက်မှုဇုန်တစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တည်ဆောက်ဖို့ စိတ်ဝင်စားနေတယ်လို့ BEZA ကပြောပါတယ်။ အဲဒီ ကုမ္ပဏီဟာ မြန်မာနိုင်ငံ၊ ပဲခူးမြို့နဲ့ မွန်ပြည်နယ်တို့မှာ စက်မှုဇုန်နှစ်ခုကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လျှပ်စစ်ဓါတ်အားရရှိရေးနဲ့…

Read More

ကထိန်ခင်းဖို့သွားတဲ့ ကားတိမ်းမှောက်ပြီး ဘုန်းကြီး၂ပါးအပါအဝင် (၁၃)ဦးသေဆုံး

သပိတ်ကျင်း၊ နိုဝင်ဘာ ၅-၂၀၁၉ ဟိန်းကို(VOM) ဇလုံတောင်နားမှာ ကထိန်ခင်းဖို့အတွက် မော်လမြိုင်ကနေလာတဲ့ Express ကားနှစ်စီးဟာ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာနားမှာ သစ်ပင်ကိုဝင်တိုက်ပြီး ကားနှစ်စီးလုံးတိမ်းမှောက်သွားတဲ့ဖြစ်စဉ် ဒီကနေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုခရိုင်လူမူကယ်ဆယ်ရေးအဖွဲ့ကနေသိရပါတယ်။ သတင်းကို အတည်တော့မပြုနိုင်သေးဘူး ၊ ခုထိ အလောင်းထုတ်နေတုန်းရှိပါသေးတယ် ၊ ဘုန်းကြီး၂ပါး ယောကျာ်း၁ယောက် မိန်းမ၁၀ယောက် သေဆုံးတယ်”လို့ ဖြစ်တဲ့နေရာမှာ သွားရောက် ကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေဘိုခရိုင်လူမှုကယ်ဆယ်ရေးအသင်းမှ ဦးနေမျိုးထွန်းက ပြောပါတယ်။ ကထိန်ခင်းဖို့လာတဲ့ကားနှစ်စီးဟာ မော်လမြိုင်မြို့ကနေ ဇလုံတောင်နားမှာ ကထိန်ခင်းဖို့သွားရာက သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးရွာနားက တောင်အဆင်းလမ်းမှာ တိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်‌ရေးအဖွဲ့ကနေ သိရပါတယ်။ တိမ်းမှောက်တဲ့ ကားနှစ်စီးပေါ်က ဘုန်းကြီး(၂)ပါးအပါအ၀င် (၁၃)ဦးသေးဆုံးခဲ့ပြီး ဒဏ်ရာရ လူနာ ၂၇ဦးရှိကာ ဒဏ်ရာရသူတွေကို မန္တလေးပြည့်သူ့ဆေးရုံကြီးနဲ့ သပိတ်ကျင်းဆေးရုံတို့မှာ အသီးသီးပို့ဆောင်ပြီး ဆေးကုသမှုခံနေတယ်လို့ သိရပါတယ်။ Photo – Lwin Myo Oo(Sbo-Rescue) #voiceofmyanmar…

Read More

အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီရဲ့ညီမဖြစ်သူကို တူရကီအာဏာပိုင်တွေဖမ်းဆီး

ဒမတ်စကတ်၊ နိုဝင်ဘာ-၅-၂၀၁၉ မျိုးဆက် (VOM) အစ္စလာမ္မစ်စစ်သွေးကြွအုပ်စု အိုင်အက်စ်ခေါင်းဆောင် အဘူဘာကရယ်အယ်ဘဂ္ဂဒါဒီရဲ့ ညီမဖြစ်သူကို ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ဖမ်းဆီးလိုက်ကြောင်းတူရကီအာဏာပိုင်တွေက ပြောပါတယ်။ အသက်၆၅နှစ်အရွယ် ရတ်စ်မီယာအေဝတ်ဟာ အေဇက်မြို့အနီး၊ နိုဝင်ဘာ၎ရက်က ရုတ်တရတ်ဝင်ရောက် စီးနင်းတိုက်ခိုက်ချိန်မှာ ထိန်းသိမ်းခံလိုက်ရတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီဖမ်းဆီးမှုဟာ အိုင်အက်စ်အဖွဲ့နဲ့ ပတ်သက်တဲ့ အဖိုးတန်ထောက်လှမ်းရေး သတင်းတွေအတွက် အကျိုးရှိစေကြောင်း တူရကီအာဏာပိုင်တွေက ပြောပါတယ်။ ဘဂ္ဂဒါဒီဟာ ပြီးခဲ့တဲ့လက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ သူ့ရဲ့ ခြံဝန်းအတွင်း အမေရိကန် အထူးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန်မှာ ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။ ဘဂ္ဂဒါဒီသေဆုံးမှုဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက် အောင်မြင်မှုတစ်ရပ်ဖြစ်စေပေမယ့်လည်း ဆီးရီးယားနဲ့ အခြားနေရာတွေမှာ အိုင်အက်စ်တို့က လုံခြုံရေး ခြိမ်းခြောက်မှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြပြောဆိုကြပါတယ်။ Ref : BBC Photo :Reuters #voiceofmyanmar #အိုင်အက်စ်ခေါင်းဆောင် #ညီမဖြစ်သူဖမ်းဆီးခံရ Unicode အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီရဲ့ညီမဖြစ်သူကို…

Read More
VOM News

FREE
VIEW