ေရႊနဒီေရယာဥ္ေပၚက ေအေအဖမ္းဆီးထားသူတခ်ိဳ႕ ျပန္လြတ္လာ

ဘူးသီးေတာင္၊ ႏုိဝင္ဘာ ၅-၂၀၁၉
ခိုင္လင္းစံ (VOM)

ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၂၆ ရက္ေန႔ မနက္ပိုင္းမွာ ရေသ့ေတာင္ၿမိဳ႕က ဘူးသီးေတာင္ကို သြားတဲ့ ခရီးသည္တင္အျမန္ေရယာဥ္ေပၚကေန ေအေအ တပ္ဖြဲ႔ဝင္ေတြဖမ္းဆီးသြားခဲ့တဲ့ ရဲတပ္ဖြဲ႔ဝင္ေတြ၊ တပ္မေတာ္သားေတြနဲ႔ အတူဖမ္းဆီးခံလိုက္ရတဲ့ အရပ္သား ၂၅ ဦးကို ဒီကေန႔မွာ ျပန္လည္လႊတ္ေပးလိုက္ၿပီျဖစ္ပါတယ္။

တပ္မေတာ္သားေတြနဲ႔ ရဲတပ္ဖြဲဲ႔ဝင္ေတြအပါအဝင္ ေရႊနဒီေရယာဥ္ေပၚက ဖမ္းဆီးခဲ့သူ ၆၀ နီးပါးအနက္ အရပ္သားေတြကို ျပန္လည္လႊတ္ေပးလိုက္တာျဖစ္ၿပီး သူတုိ႔ ၂၅ ဦးကို ဘူးသီးေတာင္ၿမိဳ႕နယ္ ေငြေတာင္ရြာ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ေက်းရြာတာဝန္ရွိသူေတြရဲ႕ လက္ထဲကို မနက္ ၆ နာရီက အပ္ႏွံခဲ့တာျဖစ္တယ္လို႔ ေအေအရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ေျပာပါတယ္။

“စစ္သားေတြနဲ႔ အရပ္သားေတြကို ခြဲၿပီးေတာ့ စက္ေလွေတြမွာ တင္ေနတဲ့အခ်ိန္ ျမန္မာစစ္တပ္က ရဟတ္ယာဥ္သံုးစီးနဲ႔ ပစ္ခတ္တဲ့အတြက္ ေဘးလြတ္ရာကို ကယ္တင္လာခဲ့တဲ့ အရပ္သား ၂၅ ဦးရွိတယ္။ အဲ့ဒီလူေတြကို ဒီေန႔ မနက္ပိုင္း ၆ နာရီမွာ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေငြေတာင္ရြာမွာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးလက္ထဲကို ေကာင္းေကာင္းမြန္မြန္ ျပန္လည္အပ္ႏွံခဲ့ပါတယ္”လို႔ခိုင္သုခက ေျပာပါတယ္။

အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ကေတာ့ အဲ့ဒီလြတ္ေျမာက္လာခဲ့သူေတြထဲမွာ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြနဲ႔ တပ္မေတာ္သားေတြ ပါဝင္မႈရွိမရွိ မသိရေသးဘူးလို႔ ဆိုပါတယ္။

အဲ့ဒီလူေတြကိုေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အရပ္ဖက္အဖြဲ႔အစည္းေတြက သြာေရာက္ေခၚေဆာင္မႈေတြ ျပဳလုပ္ေနတယ္လို႔ဆိုပါတယ္။

“ကၽြန္ေတာ္တို႔ သူတုိ႔ကို အိုးသည္မရြာကေန အခုေခၚယူလာခဲ့ပါတယ္။ ေနာက္ထပ္တစ္နာရီေလာက္ဆိုရင္ ဘူးသီးေတာင္ကိုေရာက္မွာပါ။ လြတ္လာတာက ၂၅ ေယာက္ပါ။ အခုကၽြန္ေတာ္တုိ႔နဲ႔ ၂၁ ေယာက္ပါလာတယ္။ က်န္တဲ့ေလးေယာက္က သူတုိ႔နဲ႔ နီးတဲ့ေနရာေတြမွာ က်န္ခဲ့ၾကပါတယ္။”လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့့ ရက္ပိုင္းအတြင္းကလည္း ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ ေရႊျပည္သစ္ခရီးသည္ပို႔ေဆာင္ေရး ကားလိုင္းကေန ဖမ္းဆီးသြားခဲ့တဲ့ မီးသတ္တပ္ဖြဲဲ႔ဝင္ေတြကို စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီး ျပန္လည္လႊတ္ေပးလိုက္္ၿပီျဖစ္တယ္လို႔ ေအေအဘက္က ထုတ္ျပန္ထားပါတယ္။

#voiceofmyanmar #ဘူးသီးေတာင္ #ေအေအ

Unicode

ရွှေနဒီရေယာဉ်ပေါ်က အေအေဖမ်းဆီးထားသူတချို့ ပြန်လွတ်လာ

ဘူးသီးတောင်၊ နိုဝင်ဘာ ၅-၂၀၁၉
ခိုင်လင်းစံ (VOM)

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့က ဘူးသီးတောင်ကို သွားတဲ့ ခရီးသည်တင်အမြန်ရေယာဉ်ပေါ်ကနေ အေအေ တပ်ဖွဲ့ဝင်တွေဖမ်းဆီးသွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ အတူဖမ်းဆီးခံလိုက်ရတဲ့ အရပ်သား ၂၅ ဦးကို ဒီကနေ့မှာ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ရွှေနဒီရေယာဉ်ပေါ်က ဖမ်းဆီးခဲ့သူ ၆၀ နီးပါးအနက် အရပ်သားတွေကို ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပြီး သူတို့ ၂၅ ဦးကို ဘူးသီးတောင်မြို့နယ် ငွေတောင်ရွာ ဘုန်းတော်ကြီးကျောင်းမှာ ကျေးရွာတာဝန်ရှိသူတွေရဲ့ လက်ထဲကို မနက် ၆ နာရီက အပ်နှံခဲ့တာဖြစ်တယ်လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“စစ်သားတွေနဲ့ အရပ်သားတွေကို ခွဲပြီးတော့ စက်လှေတွေမှာ တင်နေတဲ့အချိန် မြန်မာစစ်တပ်က ရဟတ်ယာဉ်သုံးစီးနဲ့ ပစ်ခတ်တဲ့အတွက် ဘေးလွတ်ရာကို ကယ်တင်လာခဲ့တဲ့ အရပ်သား ၂၅ ဦးရှိတယ်။ အဲ့ဒီလူတွေကို ဒီနေ့ မနက်ပိုင်း ၆ နာရီမှာ ဘူးသီးတောင်မြို့နယ်၊ ငွေတောင်ရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ထဲကို ကောင်းကောင်းမွန်မွန် ပြန်လည်အပ်နှံခဲ့ပါတယ်”လို့ခိုင်သုခက ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကတော့ အဲ့ဒီလွတ်မြောက်လာခဲ့သူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ ပါဝင်မှုရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီလူတွေကိုတော့ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက သွာရောက်ခေါ်ဆောင်မှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ သူတို့ကို အိုးသည်မရွာကနေ အခုခေါ်ယူလာခဲ့ပါတယ်။ နောက်ထပ်တစ်နာရီလောက်ဆိုရင် ဘူးသီးတောင်ကိုရောက်မှာပါ။ လွတ်လာတာက ၂၅ ယောက်ပါ။ အခုကျွန်တော်တို့နဲ့ ၂၁ ယောက်ပါလာတယ်။ ကျန်တဲ့လေးယောက်က သူတို့နဲ့ နီးတဲ့နေရာတွေမှာ ကျန်ခဲ့ကြပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မြောက်ဦးမြို့နယ်အတွင်းမှာ ရွှေပြည်သစ်ခရီးသည်ပို့ဆောင်ရေး ကားလိုင်းကနေ ဖမ်းဆီးသွားခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ အေအေဘက်က ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #ဘူးသီးတောင် #အေအေ

Related posts

Leave a Comment

VOM News

FREE
VIEW