ျမန္မာႏိုင္ငံမွ ကိုရီးယားကုမၸဏီေတြ ဘဂၤလားေဒ့ရွ္ကိုေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေန

ဒါကာ၊ ႏိုဝင္ဘာ-၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ျမန္မာႏိုင္ငံမွာရွိတဲ့ ေတာင္ကိုရီးယားကုမၸဏီေပါင္း(၁၀၀)ဟာ သူတို႔ရဲ႕စီးပြားေရးလုပ္ငန္းေတြကို ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေျပာင္းေ႐ႊ႕လုပ္ကိုင္ဖို႔ ဆႏၵရွိေနတယ္လို႔ ဘဂၤလားေဒ့ရွ္စီးပြားေရးဇုန္အာဏာပိုင္အဖြဲ႕ (BEZA) က ထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္ဓါတ္အားမရရွိမႈ ၊ ေရအရင္းအျမစ္ရွားပါးတာေတြအပါအဝင္ အေျခခံ အေဆာက္အအုံဆိုင္ရာနဲ႔ အျခားျပသနာေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ကို လုပ္ငန္းေျပာင္းေ႐ႊ႕လုပ္ကိုင္ဖို႔ ေနာက္ထပ္ေ႐ြးခ်ယ္စရာေနရာတစ္ခုအျဖစ္ သတ္မွတ္လိုက္တာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေတာင္ကိုရီးယား ရင္းႏွီးျမဳပ္ႏွံသူေတြဟာ ဘဂၤလားေဒ့ရွ္စီးပြားေရးဇုန္ေတြမွာ ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ စိတ္အားထက္သန္ေနတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ The Korea Industrial Complex Co Ltd ဟာ ကုမၸဏီေပါင္း ၁၀၀ စီးပြားေရးလာေရာက္လုပ္ကိုင္ႏိုင္မယ့္ စက္မႈဇုန္တစ္ခုကို ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ တည္ေဆာက္ဖို႔ စိတ္ဝင္စားေနတယ္လို႔ BEZA ကေျပာပါတယ္။

အဲဒီ ကုမၸဏီဟာ ျမန္မာႏိုင္ငံ၊ ပဲခူးၿမိဳ႕နဲ႔ မြန္ျပည္နယ္တို႔မွာ စက္မႈဇုန္ႏွစ္ခုကို ၂၀၁၃ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး လွ်ပ္စစ္ဓါတ္အားရရွိေရးနဲ႔ ေရရရွိမႈျပသနာေတြ ရင္ဆိုင္ေနရပါတယ္။

အထည္ခ်ဳပ္လုပ္ငန္း၊ သားေရနဲ႔ ေက်ာက္မ်က္ရတနာ အေခ်ာထည္ထုတ္လုပ္ေရး ကုမၸဏီ ၁၀၀ ေလာက္လုပ္ငန္းလုပ္ကိုင္ႏိုင္မယ့္ စက္မႈဇုန္စီမံကိန္းအတြက္ The Korea Industrial Complex Co Ltd ဟာ ေဒၚလာ သန္း၅၀၀ ကနဦးရင္းႏွီးျမဳပ္ႏွံဖို႔ စီစဥ္ထားၿပီး ေျမဧက ၄၀၀ ေတာင္းဆိုထားတယ္လို႔ BEZA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Ref : bdnews24 Photo : Getty Images
#voiceofmyanmar #ကိုရီးယားကုမၸဏီ #ဘဂၤလားေဒ့ရွ္

 

Unicode

မြန်မာနိုင်ငံမှ ကိုရီးယားကုမ္ပဏီတွေ ဘင်္ဂလားဒေ့ရှ်ကိုပြောင်းရွှေ့ဖို့ ဆန္ဒရှိနေ

ဒါကာ၊ နိုဝင်ဘာ-၅-၂၀၁၉
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာရှိတဲ့ တောင်ကိုရီးယားကုမ္ပဏီပေါင်း(၁၀၀)ဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ ဆန္ဒရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ (BEZA) က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားမရရှိမှု ၊ ရေအရင်းအမြစ်ရှားပါးတာတွေအပါအဝင် အခြေခံ အဆောက်အအုံဆိုင်ရာနဲ့ အခြားပြသနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်ဖို့ နောက်ထပ်ရွေးချယ်စရာနေရာတစ်ခုအဖြစ် သတ်မှတ်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား ရင်းနှီးမြုပ်နှံသူတွေဟာ ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန်တွေမှာ ရင်းနှီးမြုပ်နှံဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် The Korea Industrial Complex Co Ltd ဟာ ကုမ္ပဏီပေါင်း ၁၀၀ စီးပွားရေးလာရောက်လုပ်ကိုင်နိုင်မယ့် စက်မှုဇုန်တစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တည်ဆောက်ဖို့ စိတ်ဝင်စားနေတယ်လို့ BEZA ကပြောပါတယ်။

အဲဒီ ကုမ္ပဏီဟာ မြန်မာနိုင်ငံ၊ ပဲခူးမြို့နဲ့ မွန်ပြည်နယ်တို့မှာ စက်မှုဇုန်နှစ်ခုကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လျှပ်စစ်ဓါတ်အားရရှိရေးနဲ့ ရေရရှိမှုပြသနာတွေ ရင်ဆိုင်နေရပါတယ်။

အထည်ချုပ်လုပ်ငန်း၊ သားရေနဲ့ ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ရေး ကုမ္ပဏီ ၁၀၀ လောက်လုပ်ငန်းလုပ်ကိုင်နိုင်မယ့် စက်မှုဇုန်စီမံကိန်းအတွက် The Korea Industrial Complex Co Ltd ဟာ ဒေါ်လာ သန်း၅၀၀ ကနဦးရင်းနှီးမြုပ်နှံဖို့ စီစဉ်ထားပြီး မြေဧက ၄၀၀ တောင်းဆိုထားတယ်လို့ BEZA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref : bdnews24 Photo : Getty Images
#voiceofmyanmar #ကိုရီးယားကုမ္ပဏီ #ဘင်္ဂလားဒေ့ရှ်

Related posts

Leave a Comment

VOM News

FREE
VIEW