ရဲတပ္ဖြဲ႔ရဲ႕ ေသနတ္နဲ႔ပစ္ခတ္ခံရတဲ႔ ေဟာင္ေကာင္ဆႏၵျပသူတစ္ဦး အသက္အႏၱရာယ္စိုးရိမ္ရ

ေဟာင္ေကာင္၊ နို၀င္ဘာ-၁၁-၂၀၁၉
မ်ိဳးဆက္ (VOM)

 

ေဟာင္ေကာင္မွာ အၾကမ္းဖက္ဆႏၵျပမႈေတြေနာက္ထပ္ျပဳလုပ္တဲ႔ေန႔မွာ ဆႏၵျပသူတစ္ဦးကို ရဲတပ္ဖြဲ႔၀င္တစ္ဦးက ေသနတ္နဲ႔ ပစ္ခတ္ခဲ႔႔ပါတယ္။

 

ရဲတပ္ဖြဲ႔၀င္ဟာ အတားအဆီးတစ္ခုမွာ လူတစ္ေယာက္ကို ဖမ္းဆီးဆုပ္ကိုင္ထားျခင္းမျပဳမီ သူ႔ရ႕ဲ ေသနတ္ကို ဆြဲထုတ္ခဲ႔ေၾကာင္း လူမႈကြန္ရက္မွာ ျပန္႔နွံ႕ေနတဲ႔ရုပ္သံမွတ္တမ္းတစ္ခုမွာ ေဖာ္ျပထားပါတယ္။

 

အဲဒီေနာက္ မ်က္နွာဖံုးတပ္ဆင္ထားတဲ႔ ေနာက္ထပ္အမ်ိဳးသားတစ္ဦးခ်ဥ္းကပ္လာရာ အဲဒီလူကို ေသနတ္နဲ႔ ပစ္ခတ္ခဲ႔တာျဖစ္ပါတယ္။ဆႏၵျပသူေတြနဲ႔ ရုန္းရင္းဆန္ခတ္ေတြ ဆက္လက္ျဖစ္ေနခ်ိန္မွာပဲ ရဲတပ္ဖြဲ႔၀င္ဟာ ေနာက္ထပ္ေသနတ္နွစ္ခ်က္ ပစ္ေဖာက္ခဲ႔ေပမယ္႔ လူတစ္ဦးသာ ဒါဏ္ရာရရိွသြားတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

 

ေသနတ္နဲ႔ ပစ္ခတ္ခံရတဲ႔ အသက္ ၂၁ နွစ္အရြယ္ အမ်ိဳးသားဟာ ေသြးအုိင္ထဲမွာ မ်က္လံုးပြင့္လ်က္ လဲက်ေနသည္ကုိ လူမႈကြန္ယက္မွာ တင္ထားတဲ႔ ဗြီဒီယုိဖုိင္မွာေတာ႔ ေတြ႔ျမင္ရပါတယ္။ လက္ရိွမွာေတာ႔ သူ႔ရဲ႕အေျခအေနဟာ စိုးရိမ္ရျပီး ခြဲစိတ္မႈခံယူေနရတယ္လို႔ ေဆးရံုတာ၀န္ရိွသူေတြက ေျပာပါတယ္။

 

ေဟာင္ေကာင္ရဲ႕အျခားေနရာေတြမွာလည္း ဆႏၵျပသူေတြဟာ ရဲတပ္ဖြဲ႔နဲ႔ ထိပ္တိုက္ေတြ႔ဆံုေနၾကျပီး ရာဘာက်ည္ဆန္ေတြ၊ မ်က္ရည္ယိုဗံုးေတြနဲ႔ ျဖိဳခြင္းခံခဲ႔ရပါတယ္။ ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႔က ေသနတ္က်ည္အစစ္နဲ႔ ပစ္ခတ္မႈဟာ ဇြန္လအတြင္း ဆႏၵျပပြဲေတြစတင္ကတည္းက သံုးၾကိမ္ေျမာက္ျဖစ္ပါတယ္။

Ref : BBC
Photo : Reuters

#voiceofmyanmar #ေဟာင္ေကာင္ #ဆႏၵျပသူေသနတ္နဲ႕ပစ္ခံရ

Unicode

ရဲတပ်ဖွဲ့ရဲ့ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဟောင်ကောင်ဆန္ဒပြသူတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ

ဟောင်ကောင်၊ နိုဝင်ဘာ-၁၁-၂၀၁၉
မျိုးဆက် (VOM)

ဟောင်ကောင်မှာ အကြမ်းဖက်ဆန္ဒပြမှုတွေနောက်ထပ်ပြုလုပ်တဲ့နေ့မှာ ဆန္ဒပြသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်ဟာ အတားအဆီးတစ်ခုမှာ လူတစ်ယောက်ကို ဖမ်းဆီးဆုပ်ကိုင်ထားခြင်းမပြုမီ သူ့ရဲ့ သေနတ်ကို ဆွဲထုတ်ခဲ့ကြောင်း လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ရုပ်သံမှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် မျက်နှာဖုံးတပ်ဆင်ထားတဲ့ နောက်ထပ်အမျိုးသားတစ်ဦးချဉ်းကပ်လာရာ အဲဒီလူကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ်တွေ ဆက်လက်ဖြစ်နေချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်ဟာ နောက်ထပ်သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့ပေမယ့် လူတစ်ဦးသာ ဒါဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားဟာ သွေးအိုင်ထဲမှာ မျက်လုံးပွင့်လျက် လဲကျနေသည်ကို လူမှုကွန်ယက်မှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ တွေ့မြင်ရပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့အခြေအနေဟာ စိုးရိမ်ရပြီး ခွဲစိတ်မှုခံယူနေရတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ဟောင်ကောင်ရဲ့အခြားနေရာတွေမှာလည်း ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံနေကြပြီး ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခံခဲ့ရပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်မှုဟာ ဇွန်လအတွင်း ဆန္ဒပြပွဲတွေစတင်ကတည်းက သုံးကြိမ်မြောက်ဖြစ်ပါတယ်။

Ref : BBC
Photo : Reuters

#voiceofmyanmar #ဟောင်ကောင် #ဆန္ဒပြသူသေနတ်နဲ့ပစ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW