AA အဖြဲ႕အေပၚ ခ်င္းအရပ္ဘက္အဖြဲ႕အစည္းမ်ား သတိေပး

zawgyi

 

ပလက္ဝ၊ ႏိုဝင္ဘာ ၁၁ ရက္၊ ၂၀၁၉၊
မင္းရန္ႏိုင္

အပစ္မဲ့ျပည္သူမ်ားအေပၚ ပစ္မွတ္ထားၿပီး ျပစ္မႈက်ဴးလြန္ျခင္းမွာ အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ဥပေဒမ်ားအရ ရာဇဝတ္မႈ ေျမာက္ႏိုင္တယ္လို႔ AA အဖြဲ႕အေပၚ ခ်င္းအရပ္ဘက္အဖြဲ႕အစည္း‌ေတြက သတိေပးလိုက္ပါတယ္။

AA အဖြဲ႕က ဖမ္းဆီးထားတဲ့ ခ်င္းအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းနဲ႔ပတ္သက္ၿပီး ခ်င္းအရပ္ဘက္အဖြဲ႕အစည္း (၄၃) ခုက ဒီေန႔မွာ ထုတ္ျပန္ခ်က္ထုတ္ၿပီး ေျပာဆိုလိုက္ျခင္း ျဖစ္ပါတယ္။

အခုလို ခ်င္းအရပ္ဘက္အဖြဲ႕အစည္းေတြက ထုတ္ျပန္ခ်က္ ထုတ္ရတာနဲ႔ပတ္သက္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီရဲ႕ ညႇိႏႈိင္းေရးမႉး ဦးေစာျမက “အဓိကေတာ့ အခု AA ဖမ္းထားတဲ့ ကြၽန္ေတာ္တို႔ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ က်န္းက်န္းမာမာနဲ႔ ျပန္လာဖို႔ပါပဲ။ တျခားႏိုင္ငံေရးရည္႐ြယ္ခ်က္ေတြ မရွိပါဘူး။ AA အေနနဲ႔ အခုလို ဖမ္းထားတာထက္စာရင္ အျမန္ဆုံးလႊတ္ေပးေစခ်င္တယ္”လို႔ VOM ကို ေျပာပါတယ္။

ခ်င္းအရပ္ဘက္အဖြဲ႕အစည္း (၄၃) ခုရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ AA မွ တစ္ဖက္သတ္စြပ္စြဲခ်က္‌ေတြနဲ႔ ဖမ္းဆီးထားတဲ့ ခ်င္းလႊတ္ေတာ္ကိုယ္စားလွယ္အား ခ်က္ခ်င္း လႊတ္ေပးရန္ထပ္မံေတာင္းဆိုပါတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ AA က ခ်င္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို တစ္ဖက္သတ္ စြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးအဆက္အသြယ္ျဖတ္ထားတာဟာ ဒီေန႔အထိဆိုရင္ ၉ ရက္ရွိၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဦးေဝွ႔တင္းရဲ႕ က်န္းမာေရးနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနေတြအတြက္ မ်ားစြာစိုးရိမ္မကင္းျဖစ္မိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

AA အဖြဲ႕အေနနဲ႔ ဦးေဝွ႔တင္းကို ဖမ္းဆီးထိန္းသိမ္းထားစဥ္ကာလအတြင္း ႏိုင္ငံတကာလူ႔အခြင့္အေရး စံခ်ိန္စံၫႊန္းမ်ားနဲ႔အညီ လူ႔ဂုဏ္သိကၡာျပည့္ဝစြာ ဆက္ဆံရန္လည္း သတိေပးလိုပါတယ္လို႔ ခ်င္းအရပ္ဘက္အဖြဲ႕အစည္းေတြက ဆိုပါတယ္။

AA အဖြဲ႕အေနနဲ႔ ဦးေဝွ႔တင္းမွာ ေဘးကင္းလုံၿခဳံစြာ ရွိေနေၾကာင္း ခိုင္လုံတဲ့သက္ေသအေထာက္အထားေတြနဲ႔ ဦးေဝွ႔တင္းရဲ႕ မိသားစုဝင္‌ေတြနဲ႔ အမ်ားျပည္သူအား ပြင့္လင္းစြာ အသိေပးခ်ျပရန္ အခ်ိန္တန္ေနၿပီလို႔ ေျပာပါတယ္။

ဦးေဝွ႔တင္းကို ဖမ္းဆီးထိန္းသိမ္းထားတဲ့အခ်ိန္ ၾကာျမင့္လာတာနဲ႔အမွ် AA အဖြဲ႕ က ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ ျပည္သူလူထုမ်ားအၾကား သူတို႔ရဲ႕ပုံရိပ္ စြန္းထင္းက်ဆင္း လာမွာကို သတိခ်ပ္ေစလိုေၾကာင္း ထပ္မံအသိေပးပါတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ျဖစ္ေစ အျပစ္မဲ့ျပည္သူေတြအား ပစ္မွတ္ထားကာ အၾကမ္းဖက္မႈမ်ား က်ဴးလြန္လို႔မရဘဲ ဒီလို က်ဴးလြန္တာဟာ အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒမ်ားအရ ရာဇဝတ္မႈ ေျမာက္ႏိုင္တာကိုလည္း ထပ္မံ သတိေပးလိုပါတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ လူ႔ အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ဆက္လက္က်ဴးလြန္ျခင္းဟာ ခ်င္းျပည္သူေတြနဲ႔ AA အဖြဲ႕တို႔ၾကား ဆက္ဆံေရးတင္းမာလာေစမယ့္အျပင္ AA အဖြဲ႕ရဲ႕ လုပ္ရပ္ေတြကို အၾကမ္းဖက္လုပ္ရပ္‌ေတြအျဖစ္ ျပည္သူေတြက မွတ္ယူ သြားေစႏိုင္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါေသးတယ္။

#voiceofmyanmar #AA #ပလက္ဝ

Unicode

AA အဖွဲ့အပေါ် ချင်းအရပ်ဘက်အဖွဲ့အစည်းများ သတိပေး

ပလက်ဝ၊ နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၉၊
မင်းရန်နိုင်

အပစ်မဲ့ပြည်သူများအပေါ် ပစ်မှတ်ထားပြီး ပြစ်မှုကျူးလွန်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအရ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ AA အဖွဲ့အပေါ် ချင်းအရပ်ဘက်အဖွဲ့အစည်း‌တွေက သတိပေးလိုက်ပါတယ်။

AA အဖွဲ့က ဖမ်းဆီးထားတဲ့ ချင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ပတ်သက်ပြီး ချင်းအရပ်ဘက်အဖွဲ့အစည်း (၄၃) ခုက ဒီနေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

အခုလို ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ချက် ထုတ်ရတာနဲ့ပတ်သက်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီရဲ့ ညှိနှိုင်းရေးမှူး ဦးစောမြက “အဓိကတော့ အခု AA ဖမ်းထားတဲ့ ကျွန်တော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ် ကျန်းကျန်းမာမာနဲ့ ပြန်လာဖို့ပါပဲ။ တခြားနိုင်ငံရေးရည်ရွယ်ချက်တွေ မရှိပါဘူး။ AA အနေနဲ့ အခုလို ဖမ်းထားတာထက်စာရင် အမြန်ဆုံးလွှတ်ပေးစေချင်တယ်”လို့ VOM ကို ပြောပါတယ်။

ချင်းအရပ်ဘက်အဖွဲ့အစည်း (၄၃) ခုရဲ့ ထုတ်ပြန်ချက်မှာတော့ AA မှ တစ်ဖက်သတ်စွပ်စွဲချက်‌တွေနဲ့ ဖမ်းဆီးထားတဲ့ ချင်းလွှတ်တော်ကိုယ်စားလှယ်အား ချက်ချင်း လွှတ်ပေးရန်ထပ်မံတောင်းဆိုပါတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် AA က ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို တစ်ဖက်သတ် စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးအဆက်အသွယ်ဖြတ်ထားတာဟာ ဒီနေ့အထိဆိုရင် ၉ ရက်ရှိပြီဖြစ်ပါတယ်။ ဒါကြောင့် ဦးဝှေ့တင်းရဲ့ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် များစွာစိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ဖော်ပြထားပါတယ်။

AA အဖွဲ့အနေနဲ့ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားစဉ်ကာလအတွင်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနဲ့အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ဆက်ဆံရန်လည်း သတိပေးလိုပါတယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

AA အဖွဲ့အနေနဲ့ ဦးဝှေ့တင်းမှာ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ခိုင်လုံတဲ့သက်သေအထောက်အထားတွေနဲ့ ဦးဝှေ့တင်းရဲ့ မိသားစုဝင်‌တွေနဲ့ အများပြည်သူအား ပွင့်လင်းစွာ အသိပေးချပြရန် အချိန်တန်နေပြီလို့ ပြောပါတယ်။

ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အချိန် ကြာမြင့်လာတာနဲ့အမျှ AA အဖွဲ့ က နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်သူလူထုများအကြား သူတို့ရဲ့ပုံရိပ် စွန်းထင်းကျဆင်း လာမှာကို သတိချပ်စေလိုကြောင်း ထပ်မံအသိပေးပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်စေ အပြစ်မဲ့ပြည်သူတွေအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ကျူးလွန်လို့မရဘဲ ဒီလို ကျူးလွန်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများအရ ရာဇဝတ်မှု မြောက်နိုင်တာကိုလည်း ထပ်မံ သတိပေးလိုပါတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ခြင်းဟာ ချင်းပြည်သူတွေနဲ့ AA အဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာလာစေမယ့်အပြင် AA အဖွဲ့ရဲ့ လုပ်ရပ်တွေကို အကြမ်းဖက်လုပ်ရပ်‌တွေအဖြစ် ပြည်သူတွေက မှတ်ယူ သွားစေနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

#voiceofmyanmar #AA #ပလက်ဝ

Related posts

Leave a Comment

VOM News

FREE
VIEW