စံခ်ိန္မမွီတဲ႕ကြန္ဒိုုကိုု Apartment အျဖစ္ပဲ သတ္မွတ္မယ္

Zawgyi

 

ရန္ကုန္နိုဝင္ဘာ၁၁-၂၀၁၉

သိဂီၤ(VOM)

 

ရန္ကုန္တိုင္းထဲကေဆာက္လုပ္ဆဲကြန္ဒိုမီနီယံတိုက္ခန္းေတြနဲ႕ေဆာက္လုပ္ၿပီးကြန္ဒိုမီနီယံတိုက္ခန္းေတြ  သတ္မွတ္ခ်က္နဲ႕ကိုက္ညီမႈမရွိတာကိုစစ္ေဆးေတြ႕ရွိပါကကြန္ဒိုမီနီယံအေဆာက္အအုံအျဖစ္ကေနပယ္ဖ်က္သြားမွာျဖစ္တယ္လို႕ကြန္ဒိုမီနီယံႀကီးၾကပ္ေရးေကာ္မတီကသိရပါတယ္။

 

ကြန္ဒိုမီနီယံတိုက္ခန္းေတြသတ္မွတ္ခ်က္ျပည့္မီမႈရွိမရွိက္ုိေတာ့  ခုလနိုဝင္ဘာလအတြင္းစီစစ္သြားမွာျဖစ္ေႀကာင္းနဲ႕ကြန္ဒိုမီနီယံအားလုံးကိုဒီႏွစ္မကုန္ခင္အျပီးသတ္စစ္ေဆးသြားမွာျဖစ္ပါတယ္။ခုလိုစစ္ေဆးမႈျပဳလုပ္တာဟာကြန္ဒိုဝယ္ယူမည့္သူေတြအတြက္အက်ိဳးရွိတဲ႕ကိစၥျဖစ္တယ္လို႕ျမန္မာနိုင္ငံမွကြန္ဒိုမီဒီယံproject အမ်ားစုကိုအေရာင္းပိုင္းတာဝန္ယူထားသည့္Maverick Management Co.,Ltd ကExecutive Director ျဖစ္သူမေအးေအးမြန္ကေျပာပါတယ္။

 

” Lift ပါတာနဲ႔ကြန္ဒိုလို့ေျပာၿပီးေတာ့Condominium ေဈးနဲေရာင္းေနတဲ့Apartment ေတြကလိုအပ္တာထပ္ပိုၿပီးေဈးတင္ေရာင္းလို့မရေလာက္ေတာ့ဘူးလို့ထင္မိပါတယ္။စံခ်ိန္စံညႊန္းနဲ႔မျပည့္မွီတဲ့Condo ေတြကိုကြန္ဒိုမီနီယံဆိုတဲ့သတ္မွတ္ခ်က္ထဲမထည့္ပဲရိုးရိုးApartment အေနနဲ႔သာသတ္မွတ္ေပးမယ္ထင္တယ္” လို႕ဆိုပါတယ္။

 

ေကာ္မတီစစ္ေဆးမႈအျပီးမွာလက္ရွိျဖစ္ေနတဲ  ဓာတ္ေလွကား  Lift ပါရုံအေဆာက္အဦးေတြကိုကြန္ဒိုအျဖစ္ေျပာဆိုကာ  Condominium ေဈးနဲ႕ေရာင္းခ်ေနတဲ႕Apartment ေတြလိုအပ္တာထပ္ပိုၿပီးေဈးတင္ေရာင္းခ်လို့မရတဲ႕အေျခေနျဖစ္သြားမယ္လို့ဆိုပါတယ္။

 

” ကြန္ဒိုမီဒီယံလို့တပ္ထားရင္ကြန္ဒိုမီဒီယံေတြမွာပါသင့္တဲ႕အခ်က္အကုန္ပါရမွာထုံးစံပဲ။ခုရန္ကုန္မွာေဆာက္ေနတဲ႕ေျပာေနျကတဲ႕ကြန္ဒိုမီဒီယံေတြမွာကတိုက္ခန္းသာသာပဲရွိတယ္။သိစစ္သင့္တာျကာေနျပီ” လို႕ရန္ကုန္ျမိဳ႕ကမာရြတ္ေနဦးေမာင္စိုးကေျပာပါတယ္။

 

ကြန္ဒိုမီနီယမ္ဟာ  အနည္းဆုံး‌ေျခာက္ထပ္ႏွင့္အထက္ရွိရမွာ္ျဖစ္ၿပီးတိုက္ခန္းအက်ယ္အဝန္းကလည္း၂၀၀၀၀စတုရန္းေပအထက္ရွိေသာေျမေပၚမွာတည္ေဆာက္ထားရမွာျဖစ္ေၾကာင္း၊ကြန္ဒိုဥပေဒသစ္အရေျမပိုင္ရွင္တစ္ဦးတည္းအမည္ေပါက္မဟုတ္ေတာ့ဘဲစီမံခန႔္ခြဲေရးေကာ္မတီထံတြင္ယင္းေျမကိုအပ္ႏွံရမည္ျဖစ္ၿပီးတစ္ဦးတစ္ေယာက္ပိုင္ေျမမွအမ်ားပိုင္ေျမအျဖစ္လႊဲေျပာင္းရမွာျဖစ္ပါတယ္။

 

 

 

လက္ရွိရန္ကုန္တိုင္းေဒသႀကီးမွာကြန္ဒိုတိုက္ခန္းမ်ားႏွင့္ပတ္သက္ျပီးလက္ရွိမွာ  စုေပါင္းပိုင္အေဆာက္အအံုတည္ေထာင္သူျပည္တြင္း၊ျပည္ပကုမၸဏီမ်ားကို  လိုင္စင္၂၄ခုကို  ခ်ေပးထားေပးသျဖင့္ကြန္ဒိုမီဒီယံစီမံကိန္း၂၄ခုရွိေႀကာင္းဒီထဲကမွစီမံကိန္း၁၅ခုေလာက္ကစတင္မွာီျဖစ္ပါတယ္။

 

အဲ႕ဒီစီမံကိန္းေတြကိုလည္းအခန္းအတြင္းတန္ဖိုးကိုတြက္ခ်က္ၿပီးအၾကမ္းဖ်င္းတြဲတင္ရမွာျဖစ္ေၾကာင္း၊လိုအပ္သည္မ်ားကိုစိစစ္ၿပီးကြန္ဒိုမီနီယံႀကီးၾကပ္ေရးေကာ္မတီရဲ႕ဆုံးျဖတ္ခ်က္ႏွင့္စတင္ခြင့္ျပဳသြားမွာျဖစ္ပါတယ္။

 

#voiceofmyanmar #ကြန္ဒိုုမီနီယံ #Apartment #စံခ်ိန္မမွီ

Unicode

စံချိန်မမှီတဲ့ကွန်ဒိုကို Apartment အဖြစ်ပဲ သတ်မှတ်မယ်

ရန်ကုန် နိုဝင်ဘာ ၁၁-၂၀၁၉
သိဂီၤ (VOM)

ရန်ကုန်တိုင်းထဲက ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံ တိုက်ခန်းတွေနဲ့ ဆောက်လုပ်ပြီ း ကွန်ဒိုမီနီယံတိုက်ခန်းတွေ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတာကို စစ်ဆေးတွေ့ရှိပါက ကွန်ဒိုမီနီယံအဆောက်အအုံအဖြစ်ကနေ ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီက သိရပါတယ်။

ကွန်ဒိုမီနီယံတိုက်ခန်းတွေ သတ်မှတ်ချက်ပြည့်မီမှု ရှိမရှိကိုတော့ ခုလ နိုဝင်ဘာလအတွင်း စီစစ်သွားမှာဖြစ်ကြောင်းနဲ့ ကွန်ဒိုမီနီယံ အားလုံးကို ဒီနှစ်မကုန်ခင် အပြီးသတ်စစ်ဆေးသွားမှာဖြစ်ပါတယ်။ခုလို စစ်ဆေးမှုပြုလုပ်တာဟာ ကွန်ဒိုဝယ်ယူမည့်သူတွေအတွက် အကျိုးရှိတဲ့ကိစ္စဖြစ်တယ်လို့ မြန်မာနိုင်ငံမှ ကွန်ဒိုမီဒီယံ project အများစုကို အရောင်းပိုင်း တာဝန်ယူထားသည့် Maverick Management Co.,Ltd က Executive Director ဖြစ်သူ မအေးအေးမွန်က ပြောပါတယ်။

” Lift ပါတာနဲ့ ကွန်ဒိုလို့ပြောပြီးတော့ Condominium ဈေးနဲရောင်းနေတဲ့ Apartment တွေက လိုအပ်တာထပ်ပိုပြီး ဈေးတင်ရောင်းလို့မရလောက်တော့ဘူးလို့ ထင်မိပါတယ်။ စံချိန်စံညွှန်းနဲ့မပြည့်မှီတဲ့ Condo တွေကို ကွန်ဒိုမီနီယံ ဆိုတဲ့ သတ်မှတ်ချက်ထဲ မထည့်ပဲ ရိုးရိုး Apartment အနေနဲ့သာ သတ်မှတ်ပေးမယ်ထင်တယ်” လို့ ဆိုပါတယ်။

ကော်မတီစစ်ဆေးမှုအပြီးမှာ လက်ရှိဖြစ်နေတဲ ဓာတ်လှေကား Lift ပါ ရုံအဆောက်အဦးတွေကို ကွန်ဒိုအဖြစ်ပြောဆိုကာ Condominium ဈေးနဲ့ရောင်းချနေတဲ့ Apartment တွေ လိုအပ်တာထပ်ပိုပြီး ဈေးတင်ရောင်းချ လို့မရတဲ့အခြေနေ ဖြစ်သွားမယ်လို့ဆိုပါတယ်။

” ကွန်ဒိုမီဒီယံ လို့ တပ်ထားရင် ကွန်ဒိုမီဒီယံတွေမှာပါသင့်တဲ့အချက်အကုန်ပါရမှာ ထုံးစံပဲ။ ခုရန်ကုန်မှာ ဆောက်နေတဲ့ ပြောနေကြတဲ့ကွန်ဒိုမီဒီယံတွေမှာက တိုက်ခန်းသာသာပဲရှိတယ်။ သိစစ်သင့်တာကြာနေပြီ ” လို့ ရန်ကုန်မြို့ ကမာရွတ်နေ ဦးမောင်စိုးကပြောပါတယ်။

ကွန်ဒိုမီနီယမ်ဟာ အနည်းဆုံးခြောက်ထပ်နှင့် အထက်ရှိရမှာ်ဖြစ်ပြီး တိုက်ခန်း အကျယ်အဝန်းကလည်း ၂၀၀၀၀ စတုရန်းပေ အထက်ရှိသော မြေပေါ်မှာ တည်ဆောက်ထားရမှာ ဖြစ်ကြောင်း၊ ကွန်ဒိုဥပဒေသစ်အရ မြေပိုင်ရှင်တစ်ဦးတည်းအမည်ပေါက် မဟုတ်တော့ဘဲ စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကိုအပ်နှံရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ပိုင်မြေမှ အများပိုင်မြေအဖြစ် လွှဲပြောင်းရမှာဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ ကွန်ဒိုတိုက်ခန်းများနှင့် ပတ်သက်ပြီး လက်ရှိမှာ စုပေါင်းပိုင် အဆောက်အအုံ တည်ထောင်သူ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို လိုင်စင်၂၄ ခုကို ချပေးထားပေးသဖြင့် ကွန်ဒိုမီဒီယံ စီမံကိန်း ၂၄ ခုရှိကြောင်း ဒီထဲကမှ စီမံကိန်း၁၅ ခုလောက်က စတင်မှာီဖြစ်ပါတယ်။

အဲ့ဒီ စီမံကိန်းတွေကိုလည်း အခန်းအတွင်း တန်ဖိုးကိုတွက်ချက်ပြီး အကြမ်းဖျင်းတွဲတင်ရမှာဖြစ်ကြောင်း၊ လိုအပ်သည်များကို စိစစ်ပြီး ကွန်ဒိုမီနီယံကြီးကြပ်ရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်နှင့် စတင်ခွင့်ပြုသွားမှာဖြစ်ပါတယ်။

#voiceofmyanmar #ကွန်ဒိုမီနီယံ # Apartment #စံချိန်မမှီ

 

Related posts

Leave a Comment

VOM News

FREE
VIEW