တရုတ္နုိင္ငံမူၾကိဳေက်ာင္းတစ္ခုမွာ ဓါတုေဗဒပစၥည္းနဲ႔တိုက္ခိုက္လို႔ ကေလးငယ္ ၅၁ ဦးဒါဏ္ရာရ

Zawgyi

ေပက်င္း၊ နို၀င္ဘာ-၁၂-၂၀၁၉
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံအေနာက္ေတာင္ပိုင္းက မူၾကိဳေက်ာင္းထဲကို အမ်ိဳးသားတစ္ဦးက ၀င္ေရာက္ျပီး ဓါတုေဗဒအရည္ေတြနဲ႔ ပက္ျဖန္းခဲ႔တာေၾကာင္႔ ကေလးငယ္အမ်ားစုအပါအ၀င္ လူ ၅၀ ေက်ာ္ဒါဏ္ရရိွသြားတယ္လို႔ ေဒသဆိုင္ရာအာဏာပိုင္ေတြက နုိ၀င္ဘာ ၁၂ ရက္မွာေျပာပါတယ္။

မ်ိဳးရိုးနာမည္ ေကာင္လို႔အမည္ရတဲ႔ အသက္ ၂၃ နွစ္အရြယ္သံသယရိွသူအမ်ိဳးသားဟာ ယူနန္ျပည္နယ္ ကိုင္ယန္ျမိဳ႕မွာရိွတဲ႔ မူၾကိဳေက်ာင္းထဲကို နံရံကိုေက်ာ္တက္၀င္ေရာက္ျပီးေနာက္ ဆိုဒီယမ္ဟိုက္ဒေရာဆိုဒ္ေတြနဲ႔ ပက္ျဖန္းခဲ႔တာလို႔ အာဏာပိုင္ေတြက ဆိုပါတယ္။

အဲဒီျဖစ္စဥ္ဟာ နို၀င္ဘာ ၁၁ ရက္ ညေန သံုးနာရီခြဲမွာ ျဖစ္ပြားခဲ႔တာပါ။ တိုက္ခိုက္မႈေၾကာင္႔ ကေလးငယ္ ၅၁ ဦးနဲ႔ ဆရာမသံုးဦးေဆးရံုတက္ကုသေနရျပီး နွစ္ဦးကေတာ႔ ဒါဏ္ရာအေျခအေန ျပင္းထန္တယ္လို႔ဆိုပါတယ္။

တိုက္ခိုက္မႈအျပီးတစ္နာရီေလာက္အၾကာမွာ သံသယရိွသူအမ်ိဳးသားကို ရဲတပ္ဖြဲ႔က ဖမ္းဆိီးနိုင္ခဲ႔ပါတယ္။ အဆိုပါအမ်ိဳးသားငယ္စဥ္က မိဘေတြဟာကြာရွင္းခဲ႔ျပီး မိသားစုေႏြးေထြးမႈမရိွတာက သူရဲ႕စိတ္ပိုင္းဆိုင္ရာ ထိခိုက္ပ်က္စီးခဲ႔တယ္လို႔ ေဒသဆိုင္ရာအာဏာပိုင္ေတြက ေျပာဆိုျပီး သူ႔ရဲအလုပ္နဲ႔ ဘ၀ကိုလည္း ေက်နပ္မႈမရိွဘူးဘဲ အဆိုးျမင္စိတ္နွင္႔ လူ႔အဖြဲ႔အစည္းကို လက္တုန္႔ျပန္တဲ႔အေတြးေတြ ေပၚေပါက္ေစတယ္လို႔ ဆိုပါတယ္။

ဆိုဒီယမ္ဟိုက္ေဒေရာဆိုဒ္ဟာ မ်က္စိနဲ႔အေရျပားကို ယားယံတာနဲ႔ ေလာင္ကြ်မ္းတာေတြကို ျဖစ္ေပၚေစတယ္လို႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးန႔ဲ ကာကြယ္ေရး ဌာနက ထုတ္ျပန္ခ်က္အရသိရပါတယ္။

တရုတ္နုိင္ငံမွာ ေက်ာင္းသားေတြကိုပစ္မွတ္ထားတိုက္ခိုက္မႈေတြ မၾကာေသးမီနွစ္ေတြအတြင္းက ျဖစ္ပြားခဲ႔ျပီး ၂၀၁၈ ခုနွစ္ကလည္း အိမ္ျပန္လာတဲ႔ အလယ္တန္းေက်ာင္းသားေတြကို အသက္ ၂၈ နွစ္အရြယ္အမ်ိဳးသားတစ္ဦးက ဓါးကိုင္တိုက္ခိုက္မႈေၾကာင္႔ ေက်ာင္းသားကိုးဦးေသဆံုးခဲ႔ရပါတယ္။

Ref : CNA
Photo :AFP
#voiceofmyanmar #တရုုတ္နိုုင္ငံ #မူၾကိဳေက်ာင္းဓါတုုေဆးနဲ႕တိုုက္ခိုုက္ခံရ

Unicode

တရုတ်နိုင်ငံမူကြိုကျောင်းတစ်ခုမှာ ဓါတုဗေဒပစ္စည်းနဲ့တိုက်ခိုက်လို့ ကလေးငယ် ၅၁ ဦးဒါဏ်ရာရ

ပေကျင်း၊ နိုဝင်ဘာ-၁၂-၂၀၁၉
မျိုးဆက် (VOM)

တရုတ်နိုင်ငံအနောက်တောင်ပိုင်းက မူကြိုကျောင်းထဲကို အမျိုးသားတစ်ဦးက ဝင်ရောက်ပြီး ဓါတုဗေဒအရည်တွေနဲ့ ပက်ဖြန်းခဲ့တာကြောင့် ကလေးငယ်အများစုအပါအဝင် လူ ၅၀ ကျော်ဒါဏ်ရရှိသွားတယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက နိုဝင်ဘာ ၁၂ ရက်မှာပြောပါတယ်။

မျိုးရိုးနာမည် ကောင်လို့အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ်သံသယရှိသူအမျိုးသားဟာ ယူနန်ပြည်နယ် ကိုင်ယန်မြို့မှာရှိတဲ့ မူကြိုကျောင်းထဲကို နံရံကိုကျော်တက်ဝင်ရောက်ပြီးနောက် ဆိုဒီယမ်ဟိုက်ဒရောဆိုဒ်တွေနဲ့ ပက်ဖြန်းခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။

အဲဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၁၁ ရက် ညနေ သုံးနာရီခွဲမှာ ဖြစ်ပွားခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၁ ဦးနဲ့ ဆရာမသုံးဦးဆေးရုံတက်ကုသနေရပြီး နှစ်ဦးကတော့ ဒါဏ်ရာအခြေအနေ ပြင်းထန်တယ်လို့ဆိုပါတယ်။

တိုက်ခိုက်မှုအပြီးတစ်နာရီလောက်အကြာမှာ သံသယရှိသူအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဆိုပါအမျိုးသားငယ်စဉ်က မိဘတွေဟာကွာရှင်းခဲ့ပြီး မိသားစုနွေးထွေးမှုမရှိတာက သူရဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောဆိုပြီး သူ့ရဲအလုပ်နဲ့ ဘဝကိုလည်း ကျေနပ်မှုမရှိဘူးဘဲ အဆိုးမြင်စိတ်နှင့် လူ့အဖွဲ့အစည်းကို လက်တုန့်ပြန်တဲ့အတွေးတွေ ပေါ်ပေါက်စေတယ်လို့ ဆိုပါတယ်။

ရ ဆိုဒီယမ်ဟိုက်ဒေရောဆိုဒ်ဟာ မျက်စိနဲ့အရေပြားကို ယားယံတာနဲ့ လောင်ကျွမ်းတာတွေကို ဖြစ်ပေါ်စေတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနက ထုတ်ပြန်ချက်အရသိရပါတယ်။

တရုတ်နိုင်ငံမှာ ကျောင်းသားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေ မကြာသေးမီနှစ်တွေအတွင်းက ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်ကလည်း အိမ်ပြန်လာတဲ့ အလယ်တန်းကျောင်းသားတွေကို အသက် ၂၈ နှစ်အရွယ်အမျိုးသားတစ်ဦးက ဓါးကိုင်တိုက်ခိုက်မှုကြောင့် ကျောင်းသားကိုးဦးသေဆုံးခဲ့ရပါတယ်။

Ref : CNA
Photo :AFP
#voiceofmyanmar #တရုတ်နိုင်ငံ #မူကြိုကျောင်းဓါတုဆေးနဲ့တိုက်ခိုက်ခံ

Related posts

Leave a Comment

VOM News

FREE
VIEW