ရိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္တယ္ဆိုျပီး ျမန္မာနုိင္ငံကို နိုင္ငံတကာတရားရံုးမွာ တရားစြဲ

Zawgyi

သည္ဟိဂ္၊ နို၀င္ဘာ-၁၂-၂၀၁၉
မ်ိဳးဆက္ (VOM)

ရခိုင္ျပည္နယ္က ရိုဟင္ဂ်ာေတြအေပၚ ျမန္မာနို္င္ငံက ကိုင္တြယ္ခဲ႔ရာမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြရိွေၾကာင္း စြပ္စြဲျပီး ကုလသမဂၢရဲ႕ နိုင္ငံတကာတရားရံုး (ICJ) မွာ ျမန္မာနုိင္ငံကို ဂမ္ဘီယာနုိင္ငံက နို၀င္ဘာ ၁၁ ရက္မွာ တရားစြဲလိုက္တယ္လို႔ ဂမ္ဘီယာအစိုးရက ေျပာပါတယ္။

ျမန္မာနုိင္ငံအေပၚ တရားစြဲဆိုမႈကိုေတာ႔ အဖြဲ႔၀င္နိုင္ငံ ၅၇ နုိင္ငံရိွတဲ႔ အစၥလာမ္မစ္ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (OIC) အဖြဲ႔ကိုယ္စား လုပ္ေဆာင္ခဲ႔တာျဖစ္တယ္လို႔ ဂမ္ဘီယာနုိင္ငံက ဆိုပါတယ္။

တရားစြဲဆိုရာမွာေတာ႔ ရခိုင္ျပည္နယ္က ရိုဟင္ဂ်ာေတြအေပၚမွာ ပစ္မွတ္ထားျပီး စစ္ဆင္ေရးလုပ္ေဆာင္ခဲ႔တာေၾကာင္႔ ျမန္မာနိုင္ငံက ပါ၀င္လက္မွတ္ထိုးထားတဲ႔ ၁၉၄၈ ခုနွစ္ ကုလသမဂၢလူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ကြန္ဗင္းရွင္းကို ခ်ိဳးေဖာက္တာျဖစ္ေၾကာင္း စြပ္စြဲထားပါတယ္။

ရိုဟင္ဂ်ာေတြအေပၚ ျမန္မာနုိင္ငံက လူမ်ိဳးတုံးသတ္ျဖတ္မွဳေတြ က်ဴးလြန္ေနတာအတြက္ တရားမွ်တမႈနဲ႔ အေရးယူဖို႔အတြက္ ဒီလိုလုပ္ေဆာင္ရတာလို႔ ဂမ္ဘီယာတရားေရး၀န္ၾကီး အဘူဘာကာတမ္ဘာဒိုက ေၾကညာခ်က္မွာ ေျပာပါတယ္။

ရိုဟင္ဂ်ာေတြအေပၚမွာ ေနာက္ထပ္အႏၱရာယ္က်ေရာက္တာကေန ကာကြယ္ေပးဖို႔ ၾကားျဖတ္အေရးေပၚအစီအမံေတြနဲ႔ ပတ္သက္ျပီး ဂမ္ဘီယာနုိင္ငံရဲ႕ ေတာင္းဆိုမႈေၾကာင္႔ ဒီတရားစြဲမႈအေပၚ ပထမဆံုးအၾကိမ္ၾကားနာတာကို ဒီဇင္ဘာလအတြင္းမွာ ျပဳလုပ္ဖြယ္ရိွတယ္လို႔ ဂမ္ဘီယာေရွ႕ေနမ်ားအဖြဲ႔ Foley Hoag ကထုတ္ျပန္ထားပါတယ္။

နိုင္ငံတကာတရားရံုး (ICJ) ကို ကုလသမဂၢအဖြဲ႔၀င္နုိင္ငံေတြအၾကား အျငင္းပြားမႈေတြကို စီရင္ဆံုးျဖတ္ဖို႔ ဒုတိယကမၻာစစ္ျပီးေနာက္ ၁၉၄၆ ခုနွစ္တြင္ဖြဲ႔စည္းခဲ႔သည္။ ပံုမွန္အားျဖင္႔ နယ္စပ္ျပသနာကဲ႔သို႔ေသာ နိုင္ငံတကာဥပေဒဆိုင္ရာကိစၥမ်ားကို စီရင္ဆံုးျဖတ္ေလ႔ရိွေပမယ္႔ တစ္ခါတစ္ရံမွာေတာ႔ အၾကမ္းဖက္မႈေတြနဲ႔ လူမ်ိဳးတုန္းသတ္ျဖတ္မႈလိုမ်ိဳး ကုလသမဂၢရဲ႕ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္တာမ်ိဳးေတြကိုလည္း စီရင္ေလ႔ရိွပါတယ္။

Ref : Daily Mail
Photo : AFP
#voiceofmyanmar #ရိုုဟင္ဂ်ာ #icj

 

Unicode

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုပြီး မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တရားစွဲ

သည်ဟိဂ်၊ နိုဝင်ဘာ-၁၂-၂၀၁၉
မျိုးဆက် (VOM)

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက ကိုင်တွယ်ခဲ့ရာမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိကြောင်း စွပ်စွဲပြီး ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာ ၁၁ ရက်မှာ တရားစွဲလိုက်တယ်လို့ ဂမ်ဘီယာအစိုးရက ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကိုတော့ အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံရှိတဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ကိုယ်စား လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဂမ်ဘီယာနိုင်ငံက ဆိုပါတယ်။

တရားစွဲဆိုရာမှာတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ်မှာ ပစ်မှတ်ထားပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးထားတဲ့ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်တာဖြစ်ကြောင်း စွပ်စွဲထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာအတွက် တရားမျှတမှုနဲ့ အရေးယူဖို့အတွက် ဒီလိုလုပ်ဆောင်ရတာလို့ ဂမ်ဘီယာတရားရေးဝန်ကြီး အဘူဘာကာတမ်ဘာဒိုက ကြေညာချက်မှာ ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ်မှာ နောက်ထပ်အန္တရာယ်ကျရောက်တာကနေ ကာကွယ်ပေးဖို့ ကြားဖြတ်အရေးပေါ်အစီအမံတွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုမှုကြောင့် ဒီတရားစွဲမှုအပေါ် ပထမဆုံးအကြိမ်ကြားနာတာကို ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်ဖွယ်ရှိတယ်လို့ ဂမ်ဘီယာရှေ့နေများအဖွဲ့ Foley Hoag ကထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာတရားရုံး (ICJ) ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြား အငြင်းပွားမှုတွေကို စီရင်ဆုံးဖြတ်ဖို့ ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၆ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။ ပုံမှန်အားဖြင့် နယ်စပ်ပြသနာကဲ့သို့သော နိုင်ငံတကာဥပဒေဆိုင်ရာကိစ္စများကို စီရင်ဆုံးဖြတ်လေ့ရှိပေမယ့် တစ်ခါတစ်ရံမှာတော့ အကြမ်းဖက်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလိုမျိုး ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာမျိုးတွေကိုလည်း စီရင်လေ့ရှိပါတယ်။

Ref : Daily Mail
Photo : AFP
#voiceofmyanmar #ရိုဟင်ဂျာ #icj

Related posts

Leave a Comment

VOM News

FREE
VIEW