ၾကားဝင္ေစ့စပ္ေပးသူ ရွိပါက သုံ႔ပန္းခ်င္း လဲလွယ္လိုေၾကာင္း AA ထုတ္ျပန္

Zawgyi

ရန္ကုန္၊ ႏိုဝင္ဘာ ၁၂ ရက္၊ ၂၀၁၉ ခုႏွစ္
မင္းရန္ႏိုင္(VOM)

ၾကားဝင္ေစ့စပ္ေပးႏိုင္မယ့္သူေတြရွိပါက ဖမ္းဆီးထားတဲ့ သုံ႔ပန္းအခ်င္းခ်င္း လဲလွယ္လိုတဲ့ ဆႏၵရွိတယ္လို႔ AA အဖြဲ႕က သူတို႔ရဲ႕ သေဘာထားကို မေန႔က ထုတ္ျပန္ခ်က္ ထုတ္ၿပီး ေျပာဆိုလိုက္ပါတယ္။

 

AA အဖြဲ႕က” ရခိုင္ေဒသအတြင္း ျမန္မာ့တပ္မေတာ္က ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားမွာ လက္ရွိအခ်ိန္အထိ ရွိေနေသးတဲ့အျပင္ ျမန္မာ့တပ္မေတာ္က လက္နက္ႀကီးမ်ားနဲ႔ အခ်ိန္မေ႐ြးပစ္ခတ္တိုက္ခိုက္ေနတာေၾကာင့္ စစ္ေျမျပင္နဲ႔ စစ္ဆင္ေရးနယ္ေျမထဲမွာ မိမိတို႔ ဖမ္းဆီးရမိေသာ ရန္သူ႔သုံ႔ပန္းမ်ားမွာ လက္နက္ႀကီး က်ည္ေတြေၾကာင့္ ေသဆုံးသြားမွာကို စိုးရိမ္မိပါတယ္။ အျခားတစ္ဖက္မွာလည္း ႏွစ္ဖက္အျပန္အလွန္ ယုံၾကည္မႈတည္ေဆာက္ေနရတဲ့ ကာလေတြမွာ ၾကားဝင္ေစ့စပ္ေပးႏိုင္မယ့္သူရွိပါက အဲဒီစစ္သုံ႔ပန္းေတြကို အျပန္အလွန္ လႊတ္ေပးဖို႔ သေဘာထားဆႏၵရွိပါတယ္” လို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ AA အဖြဲ႕က ထိန္းသိမ္းထားတဲ့ တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕၀င္ေတြနဲ႔ အရပ္ဘက္၀န္ထမ္း ၁၇ ဦးရဲ႕ အမည္စာရင္းကိုပါ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

AA က ထုတ္ျပန္တဲ့ ဖမ္းဆီးရမိတဲ့ စစ္သုံ႔ပန္း စာရင္းမွာ ေ႐ႊနဒီေရယာဥ္ေပၚလိုက္ပါလာတဲ့ တပ္သားေတြ၊ ရဲတပ္ဖြဲ႕၀င္ေတြနဲ႔ အရပ္ဘက္၀န္ထမ္းအမ်ားစု ပါ၀င္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #AA #သံုု႕ပန္းခ်င္းလဲလွယ္

 

 

 

Unicode

ကြားဝင်စေ့စပ်ပေးသူ ရှိပါက သုံ့ပန်းချင်း လဲလှယ်လိုကြောင်း AA ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်
မင်းရန်နိုင်(VOM)

ကြားဝင်စေ့စပ်ပေးနိုင်မယ့်သူတွေရှိပါက ဖမ်းဆီးထားတဲ့ သုံ့ပန်းအချင်းချင်း လဲလှယ်လိုတဲ့ ဆန္ဒရှိတယ်လို့ AA အဖွဲ့က သူတို့ရဲ့ သဘောထားကို မနေ့က ထုတ်ပြန်ချက် ထုတ်ပြီး ပြောဆိုလိုက်ပါတယ်။

AA အဖွဲ့က” ရခိုင်ဒေသအတွင်း မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ လက်ရှိအချိန်အထိ ရှိနေသေးတဲ့အပြင် မြန်မာ့တပ်မတော်က လက်နက်ကြီးများနဲ့ အချိန်မရွေးပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်မြေပြင်နဲ့ စစ်ဆင်ရေးနယ်မြေထဲမှာ မိမိတို့ ဖမ်းဆီးရမိသော ရန်သူ့သုံ့ပန်းများမှာ လက်နက်ကြီး ကျည်တွေကြောင့် သေဆုံးသွားမှာကို စိုးရိမ်မိပါတယ်။ အခြားတစ်ဖက်မှာလည်း နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေရတဲ့ ကာလတွေမှာ ကြားဝင်စေ့စပ်ပေးနိုင်မယ့်သူရှိပါက အဲဒီစစ်သုံ့ပန်းတွေကို အပြန်အလှန် လွှတ်ပေးဖို့ သဘောထားဆန္ဒရှိပါတယ်” လို့ အဲဒီထုတ်ပြန်ချက်မှာ ပြောပါတယ်။

လက်ရှိအချိန်မှာ AA အဖွဲ့က ထိန်းသိမ်းထားတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက်ဝန်ထမ်း ၁၇ ဦးရဲ့ အမည်စာရင်းကိုပါ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

AA က ထုတ်ပြန်တဲ့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း စာရင်းမှာ ရွှေနဒီရေယာဉ်ပေါ်လိုက်ပါလာတဲ့ တပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက်ဝန်ထမ်းအများစု ပါဝင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #AA #သုံ့ပန်းချင်းလဲလှယ်

Related posts

Leave a Comment

VOM News

FREE
VIEW