မရမ္းၿခံဆိပ္ကမ္းအဆင့္ျမႇင့္တင္ဖို႔ ဆိပ္ကမ္းမွာရွိေနတဲ႕ လုပ္ငန္းရွင္ေတြ ဒီဇင္ဘာမွာ အၿပီးဖယ္ေပးရမယ္

မရမ္းၿခံဆိပ္ကမ္းအဆင့္ျမႇင့္တင္ဖို႔ ဆိပ္ကမ္းမွာရွိေနတဲ႕ လုပ္ငန္းရွင္ေတြ ဒီဇင္ဘာမွာ အၿပီးဖယ္ေပးရမယ္

မႏၲေလး ႏိုဝင္ဘာ ၁၄-၂၀၁၉
ျဖဴျဖဴ (VOM)

မႏၲေလးၿမိဳ႕ ေဘး ဧရာဝတီျမစ္ သေဘာၤဆိပ္ကမ္းတခုုျဖစ္တဲ႕ မရမ္းျခံဆိပ္ကမ္းကို အဆင့္ျမႇင့္တင္ဖို႔အတြက္ ဆိပ္ကမ္းကလုပ္ငန္းရွင္ေတြအေနနဲ႔ ဒီႏွစ္မကုန္မီ အၿပီးေျပာင္းေ႐ႊ႕ေပးရမယ္လို႔ ဆိပ္ကမ္းေနရာခ်ထားေပးေရးေကာ္မတီက သိရပါတယ္။

ႏိုင္ငံျခားခရီးသြားက႑ျမႇင့္တင္တဲ့အေနနဲ႔ မရမ္းၿခံဆိပ္ကမ္းကို အဆင့္ျမႇင့္တင္ဖို႔ေဆာင္႐ြက္ေနတာျဖစ္ၿပီး ပထမဆင့္အျဖစ္ ဆိပ္ကမ္းကလုပ္ငန္းေတြကို ရွင္းလင္းေနတာျဖစ္ပါတယ္။

“သူတို႔ေျပာင္းေ႐ႊ႕ဖို႔ က်ေနာ္တို႔စာထုတ္ထားတယ္။ ေ႐ႊ႕ေျပာင္းတာေတြလည္းရွိတယ္၊ မေ႐ႊ႕ေျပာင္းေသးတာေတြလည္း ရွိေနေသးတယ္။ ဥပေဒအရ သုံးႀကိမ္ေတာ့ စာထုတ္မယ္၊ သုံးႀကိမ္ထုတ္လို႔မွ မေျပာင္းရင္ ဥပေဒနဲ႔အညီေဆာင္႐ြက္ရမွာေပါ့။”လို႔ ဆိပ္ကမ္းေနရာခ်ထားေပးေရးေကာ္မတီ ဥကၠဌ ဦးေဇာ္ေဇာ္ေအာင္က ေျပာပါတယ္။

အဲဒီဆိပ္ကမ္းမွာ သဲ၊ ႏုန္း၊ ဝါးလုပ္ငန္းရွင္ ၄ ဦးဆီရွိၿပီး ကုန္တင္ကုန္ခ်လုပ္ငန္းရွင္ ၃ဦးရွိေနတာျဖစ္ပါတယ္။ဒီလုပ္ငန္းေတြကို မွီခိုေနတဲ့ လုပ္သားက ရာခ်ီတယ္လို႔ သိရပါတယ္။

သူတို႔ကို ဖယ္ရွားလိုက္တာမဟုတ္ဘဲ ေ႐ႊၾကက္ယက္ဆိပ္ကမ္းနဲ႔ ေခ်ာ္ဆိပ္ဘက္မွာ သတ္မွတ္ေနရာခ်ထားေပးတာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ သဲလုပ္ငန္းရွင္တစ္ဦးကေတာ့ “မရမ္းၿခံဆိပ္ကမ္းထက္ေနရာ ေပကတစ္ဝက္ေလာက္ေလ်ာ့သြားေတာ့ လုပ္ရကိုင္ရတာေတာ့ ခက္ခဲတာေပါ့။ ေနရာက်ဥ္းေတာ့ သဲတင္ရတာ ေမာ္ေတာ္အေခါက္ေရေလ်ာ့သြားတာေပါ့။ ဟိုဘက္လို မ်ားမ်ားတင္မရေတာ့ ေမာ္ေတာ္သမားေလးေတြအတြက္ ဝင္ေငြေလ်ာ့တာေပါ့။” လို႔ဆိုပါတယ္။

လက္ရွိခ်ထားေပးတဲ့ ဆိပ္ကမ္းေတြဘက္မွာ ဝါးနဲ႔ သဲလုပ္ငန္းရွင္ေတြအတြက္ ေပငါးဆယ္ဆီ၊ ကုန္တင္ကုန္ခ်လုပ္ငန္းရွင္ေတြအတြက္ ၁၇၅ ေပဆီ၊ ႏုန္းလုပ္ငန္းရွင္ေတြအတြက္ ၂၅ ေပဆီသတ္မွတ္ခ်ထားေပးထားတယ္လို႔ ဆိပ္ကမ္းေနရာခ်ထားေပးေရးေကာ္မတီက သိရပါတယ္။

မရမ္းၿခံဆိပ္ကမ္းအဆင့္ျမႇင့္တင္ဖို႔အတြက္ ၿပီးခဲ့တဲ့ႏွစ္ကတည္းကလ်ာထားေနတာျဖစ္ၿပီး အခုဆိပ္ကမ္းရွိ လုပ္ငန္းရွင္ေတြကို ေျပာင္းေ႐ႊ႕ၿပီးရင္ အဆင့္ဆင့္ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

#voiceofmyanmar #မႏၲေလး #မရမ္းၿခံဆိပ္ကမ္း

Unicode

မရမ်းခြံဆိပ်ကမ်းအဆင့်မြှင့်တင်ဖို့ ဆိပ်ကမ်းမှာရှိနေတဲ့ လုပ်ငန်းရှင်တွေ ဒီဇင်ဘာမှာ အပြီးဖယ်ပေးရမယ်

မန္တလေး နိုဝင်ဘာ ၁၄-၂၀၁၉
ဖြူဖြူ (VOM)

မန္တလေးမြို့ ဘေး ဧရာဝတီမြစ် သဘောၤဆိပ်ကမ်းတခုဖြစ်တဲ့ မရမ်းခြံဆိပ်ကမ်းကို အဆင့်မြှင့်တင်ဖို့အတွက် ဆိပ်ကမ်းကလုပ်ငန်းရှင်တွေအနေနဲ့ ဒီနှစ်မကုန်မီ အပြီးပြောင်းရွှေ့ပေးရမယ်လို့ ဆိပ်ကမ်းနေရာချထားပေးရေးကော်မတီက သိရပါတယ်။

နိုင်ငံခြားခရီးသွားကဏ္ဍမြှင့်တင်တဲ့အနေနဲ့ မရမ်းခြံဆိပ်ကမ်းကို အဆင့်မြှင့်တင်ဖို့ဆောင်ရွက်နေတာဖြစ်ပြီး ပထမဆင့်အဖြစ် ဆိပ်ကမ်းကလုပ်ငန်းတွေကို ရှင်းလင်းနေတာဖြစ်ပါတယ်။

“သူတို့ပြောင်းရွှေ့ဖို့ ကျနော်တို့စာထုတ်ထားတယ်။ ရွှေ့ပြောင်းတာတွေလည်းရှိတယ်၊ မရွှေ့ပြောင်းသေးတာတွေလည်း ရှိနေသေးတယ်။ ဥပဒေအရ သုံးကြိမ်တော့ စာထုတ်မယ်၊ သုံးကြိမ်ထုတ်လို့မှ မပြောင်းရင် ဥပဒေနဲ့အညီဆောင်ရွက်ရမှာပေါ့။”လို့ ဆိပ်ကမ်းနေရာချထားပေးရေးကော်မတီ ဥက္ကဌ ဦးဇော်ဇော်အောင်က ပြောပါတယ်။

အဲဒီဆိပ်ကမ်းမှာ သဲ၊ နုန်း၊ ဝါးလုပ်ငန်းရှင် ၄ ဦးဆီရှိပြီး ကုန်တင်ကုန်ချလုပ်ငန်းရှင် ၃ဦးရှိနေတာဖြစ်ပါတယ်။ဒီလုပ်ငန်းတွေကို မှီခိုနေတဲ့ လုပ်သားက ရာချီတယ်လို့ သိရပါတယ်။

သူတို့ကို ဖယ်ရှားလိုက်တာမဟုတ်ဘဲ ရွှေကြက်ယက်ဆိပ်ကမ်းနဲ့ ချော်ဆိပ်ဘက်မှာ သတ်မှတ်နေရာချထားပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် သဲလုပ်ငန်းရှင်တစ်ဦးကတော့ “မရမ်းခြံဆိပ်ကမ်းထက်နေရာ ပေကတစ်ဝက်လောက်လျော့သွားတော့ လုပ်ရကိုင်ရတာတော့ ခက်ခဲတာပေါ့။ နေရာကျဉ်းတော့ သဲတင်ရတာ မော်တော်အခေါက်ရေလျော့သွားတာပေါ့။ ဟိုဘက်လို များများတင်မရတော့ မော်တော်သမားလေးတွေအတွက် ဝင်ငွေလျော့တာပေါ့။” လို့ဆိုပါတယ်။

လက်ရှိချထားပေးတဲ့ ဆိပ်ကမ်းတွေဘက်မှာ ဝါးနဲ့ သဲလုပ်ငန်းရှင်တွေအတွက် ပေငါးဆယ်ဆီ၊ ကုန်တင်ကုန်ချလုပ်ငန်းရှင်တွေအတွက် ၁၇၅ ပေဆီ၊ နုန်းလုပ်ငန်းရှင်တွေအတွက် ၂၅ ပေဆီသတ်မှတ်ချထားပေးထားတယ်လို့ ဆိပ်ကမ်းနေရာချထားပေးရေးကော်မတီက သိရပါတယ်။

မရမ်းခြံဆိပ်ကမ်းအဆင့်မြှင့်တင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ကတည်းကလျာထားနေတာဖြစ်ပြီး အခုဆိပ်ကမ်းရှိ လုပ်ငန်းရှင်တွေကို ပြောင်းရွှေ့ပြီးရင် အဆင့်ဆင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #မန္တလေး #မရမ်းခြံဆိပ်ကမ်း

Related posts

Leave a Comment

VOM News

FREE
VIEW