၂၀၁၉ ခုနွစ္အတြင္း အေကာင္႔တု ၅ ဒသမ ၄ ဘီလီယံေက်ာ္ ေဖ႔စ္ဘြတ္ခ္ဖယ္ရွား

၂၀၁၉ ခုနွစ္အတြင္း အေကာင္႔တု ၅ ဒသမ ၄ ဘီလီယံေက်ာ္ ေဖ႔စ္ဘြတ္ခ္ဖယ္ရွား

 

ဆန္ဖရန္စစၥကို၊ နို၀င္ဘာ-၁၄-၂၀၁၉
မ်ိဳးဆက္ (VOM)

 

ေဖ႔စ္ဘြတ္ခ္လူမႈကြန္ရက္မွာ ၀ါဒျဖန္႔ၾကိဳးကိုင္ခ်ယ္လွယ္တာေတြနဲ႔ သတင္းအမွားျဖန္႔ေ၀တာမ်ိဳးေတြကို အျမဲတိုက္ဖ်က္ေနတဲ႔ လကၡဏာတစ္ရပ္အျဖစ္ ယခုနွစ္အတြင္းမွာ အေကာင္႔တု ၅ ဒသမ ၄ ဘီလီယံကိုဖ်က္ခ်ခဲ႔တယ္လို႔ ေဖ႔စ္ဘြတ္ခ္က နို၀င္ဘာ ၁၃ ရက္မွာ ေျပာပါတယ္။

အေကာင္႔တုေတြဖန္တီးဖို႔ အားထုတ္မႈတာေတြျမင္႔တက္လာခ်ိန္မွာ ေဖ႔စ္ဘြတ္ခ္ဟာ သူ႔ရဲ႕ ကာကြယ္ေရးစနစ္ကိုတိုးျမင္႔ထားျပီး အေကာင္႔တုေတြဖန္တီးလိုက္တာနဲ႔ မိနစ္အနည္းငယ္အတြင္းမွာပဲ ဖ်က္သိမ္းဖယ္ရွားခဲ႔တယ္လို႔ ဆိုပါတယ္။

 

မိမိတို႔အေနနဲ႔ အေကာင္႔တုေတြနဲ႔ မသင္႔ေတာ္တဲ႔ အေကာင္႔ေတြဖန္တီးဖို႔ ၾကိဳးစားတာကို ေျခရာခံဖုိ႔နဲ႕ တားျမစ္ပိတ္ပင္တဲ႔ စြမ္းရည္မွာ တိုးတက္လာတယ္လို႔ ေဖ႔စ္ဘြတ္ခ္က ေနာက္ဆံုးထုတ္ျပန္တဲ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

 

အမွန္တကယ္မရိွပဲ လူပုဂၢိဳလ္တစ္ဦး သို႔မဟုတ္ အဖြဲ႔အစည္းတစ္ခုအျဖစ္ ဟန္ေဆာင္ထားတယ္လို႔ ယံုၾကည္ရတဲ႔ အေကာင္႔တုေတြဟာ ယခုနွစ္ ဒုတိယနဲ႔ တတိယ သံုးလပတ္ကာလအတြင္း ကမၻာတစ္၀န္းသံုးစြဲသူဦးေရရဲ႕ ၅ ရာခိုင္နႈန္းရိွတယ္လို႔ ေဖ႔စ္ဘြတ္ခ္ကထုတ္ျပန္ထားပါတယ္။

ေဖ႔စ္ဘြတ္ခ္ဟာ သူ႕ရ႕ဲဆိုရွယ္ပလက္ေဖာင္းမွာ အေကာင္႔တုေတြကို ဖယ္ရွားျဖဳတ္ခ်ဖို႔အတြက္ အၾကီးအက်ယ္ ရင္းနွီးျမဳပ္နွံထားပါတယ္။ သံုးစြဲသူေတြရဲ႕ အခ်က္အလက္ေတြကို ေတာင္းခံေနတဲ႔အစိုးရေတြထဲမွာေတာ႔ အေမရိကန္က ဦးေဆာင္ေနတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

Ref : CNA
Photo :Getty Images
#voiceofmyanmar #ေဖ့ဘုုတ္အေကာင့္တုုဖယ္

Unicode

၂၀၁၉ ခုနှစ်အတွင်း အကောင့်တု ၅ ဒသမ ၄ ဘီလီယံကျော် ဖေ့စ်ဘွတ်ခ်ဖယ်ရှား

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ-၁၄-၂၀၁၉
မျိုးဆက် (VOM)

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ဝါဒဖြန့်ကြိုးကိုင်ချယ်လှယ်တာတွေနဲ့ သတင်းအမှားဖြန့်ဝေတာမျိုးတွေကို အမြဲတိုက်ဖျက်နေတဲ့ လက္ခဏာတစ်ရပ်အဖြစ် ယခုနှစ်အတွင်းမှာ အကောင့်တု ၅ ဒသမ ၄ ဘီလီယံကိုဖျက်ချခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
အကောင့်တုတွေဖန်တီးဖို့ အားထုတ်မှုတာတွေမြင့်တက်လာချိန်မှာ ဖေ့စ်ဘွတ်ခ်ဟာ သူ့ရဲ့ ကာကွယ်ရေးစနစ်ကိုတိုးမြင့်ထားပြီး အကောင့်တုတွေဖန်တီးလိုက်တာနဲ့ မိနစ်အနည်းငယ်အတွင်းမှာပဲ ဖျက်သိမ်းဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

မိမိတို့အနေနဲ့ အကောင့်တုတွေနဲ့ မသင့်တော်တဲ့ အကောင့်တွေဖန်တီးဖို့ ကြိုးစားတာကို ခြေရာခံဖို့နဲ့ တားမြစ်ပိတ်ပင်တဲ့ စွမ်းရည်မှာ တိုးတက်လာတယ်လို့ ဖေ့စ်ဘွတ်ခ်က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမှန်တကယ်မရှိပဲ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုအဖြစ် ဟန်ဆောင်ထားတယ်လို့ ယုံကြည်ရတဲ့ အကောင့်တုတွေဟာ ယခုနှစ် ဒုတိယနဲ့ တတိယ သုံးလပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်းသုံးစွဲသူဦးရေရဲ့ ၅ ရာခိုင်နှုန်းရှိတယ်လို့ ဖေ့စ်ဘွတ်ခ်ကထုတ်ပြန်ထားပါတယ်။
ဖေ့စ်ဘွတ်ခ်ဟာ သူ့ရဲ့ဆိုရှယ်ပလက်ဖောင်းမှာ အကောင့်တုတွေကို ဖယ်ရှားဖြုတ်ချဖို့အတွက် အကြီးအကျယ် ရင်းနှီးမြုပ်နှံထားပါတယ်။ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တောင်းခံနေတဲ့အစိုးရတွေထဲမှာတော့ အမေရိကန်က ဦးဆောင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref : CNA
Photo :Getty Images
#voiceofmyanmar #ဖေ့ဘုတ်အကောင့်တုဖယ်

Related posts

Leave a Comment

VOM News

FREE
VIEW