တပ်သိမ်းမြေများပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်
သဲကုန်း၊ ဒီဇင်ဘာ ၄-၂၀၁၉ လမင်း(VOM) သဲကုန်းမြို့နယ် ၊ ကျွဲခေါင်းအုပ်စုအတွင်းမှာရှိတဲ့ ကွင်းအမှတ် 973A ကွင်းအား ရေနက်တွင်းဖော်ထုတ်ရေးစီမံချက်နဲ့ ၁၉၉၂ ခုနှစ်က အမှတ် ၄ ‌ခြေမြန်တပ်ရင်းက လယ်ဧက ၁၀၇ ဧကသိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။ ဒီသိမ်းယူခံထားရတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိလုပ်ကိုင်နိုင်ဖို့အတွက် ဒီဇင်ဘာလ ၄ ရက်နေ့မနက်ပိုင်းက သိမ်းဆည်းခံရတဲ့ တောင်သူတွေစုပြီး သဲကုန်းမြို့မှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူတွေဟာ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒထုတ်ဖော်တဲ့ အကြောင်းအရာနဲ့ပက်သတ်တဲ့ အကြောင်းတွေကို ပြောပြခဲ့ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyamar #သဲကုန်း #တပ်သိမ်းမြေ #ဆန္ဒပြ Zawgyi တပ်သိမ်းမြေများပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော် သဲကုန်း၊ ဒီဇင်ဘာ ၄-၂၀၁၉ လမင်း(VOM) သဲကုန်းမြို့နယ် ၊ ကျွဲခေါင်းအုပ်စုအတွင်းမှာရှိတဲ့ ကွင်းအမှတ် 973A ကွင်းအား ရေနက်တွင်းဖော်ထုတ်ရေးစီမံချက်နဲ့ ၁၉၉၂ ခုနှစ်က အမှတ် ၄…
Read More
မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းလက်ဝယ်တွေ့ရှိတဲ့ ကျောင်းသားတွေကို မိဘထံပြန်အပ်
ရန်ကုန်၊ ဒီဇင်ဘာ ၄-၂၀၁၉ ချမ်းငြိမ်း(VOM) ရန်ကုန်မြို့၊ တောင်ဒဂုံ အထက (၁)ကျောင်းက ကျောင်းသားတွေထဲကနေ မူးယစ်းဆေဝါးသုံးစွဲရာမှာပါဝင်တဲ့ ဆက်စပ်ပစ္စည်း သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကပြောပါတယ်။ တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ နိုဝင်ဘာလ ၂၈ ရက်က ဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ “ ဆယ်တန်းနဲ့ ကိုးတန်းကျောင်းသား (၁၃)ဦးဆီကနေ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေကို သိမ်းဆည်းရမိတာပါ။ ခုကတော့ မိဘတွေဆီကို ပြန်အပ်ထားပါတယ်။ ကျောင်းသားတစ်ဦးကတော့ မိဘကကျောင်းကနေထုတ်သွားပါပြီ”လို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောပါတယ်။ ကျောင်းသားတွေကို ဆက်ပြီးမေးမြန်းရာမှာတော့ ဆေးခြောက်ပါဝင်တဲ့ ဆေးလိပ်တွေကိုပါ သုံးစွဲနေတယ်လို့ သိရပါတယ်။ “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကျောင်းအလိုက် ပညာပေးဟောပြောပွဲတွေ လုပ်ခိုင်းထားတယ်။ ပြီးရင် ကျောင်းသားတွေကို မိဘကို ပြန်အပ်ထားတယ်။ ကွမ်းယာ၊ ဆေးလိပ်တောင်မှ ကျောင်းနဲ့ ပေ…
Read More
ဒေါ်ဥမ္မာလှိုင်နဲ့ ကျောင်းဆရာမတစ်ဦးက ကိုအောင်ကြီးဟာ တရားခံမဖြစ်နိုင်ဘူးလို့ ဒီကနေ့ရုံးချိန်းမှာထွက်ဆိုခဲ့
Read More
ဝီဂါမွတ်စလင်အရေး တရုတ်တာဝန်ရှိသူတွေကို အရေးယူမယ့်ဥပဒေကြမ်း ကန်အောက်လွှတ်တော် အတည်ပြု
ဝါရှင်တန်၊ ဒီဇင်ဘာ-၄-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရှိ ဝီဂါမျိုးနွယ်စု မွတ်စလင်တွေကို တရုတ်အစိုးရက အာဏာရှင်ဆန်ဆန်ထိန်းသိမ်းခံထားမှု၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မယ့် ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေမူကြမ်းမှာ တရုတ်အစိုးရအဖွဲ့ဝင်တွေအပေါ် ပစ်မှတ်ထားအရေးယူဖို့ တိုက်တွန်းထားပြီး အထူးသဖြင့် ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကွန်မြူနစ်ပါတီအတွင်ရေးမှူးရဲ့ အမည်ကိုလည်း ဖော်ပြထားပါတယ်။ ဥပဒေမူကြမ်းကို ဥပဒေအဖြစ်အသက်သွင်းဖို့ အထက်လွှတ်တော်နဲ့ သမ္မတထရန့်ရဲ့ ထောက်ခံချက်ရရှိဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ရှင်ကျန်းပြည်နယ်ကိစ္စဟာ ပြည်တွင်းရေးသာဖြစ်ပြီး အမေရိကန်က အကြီးအကျယ်ဝင်ရောက်စွက်ဖက်တာလို့ တရုတ်နိုင်ငံက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ ဝီဂါလူ့အခွင့်အရေးမူဝါဒအက်ဥပဒေ ၂၀၁၉ ကိုထောက်ခံမဲ ၄၀၇ မဲ၊ ကန့်ကွက်မဲ တစ်မဲနဲ့ အမေရိကန်အောက်လွှတ်တော်မှာ ဒီဇင်ဘာ ၃ ရက်ညပိုင်းက အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းဟာ တရုတ်နိုင်ငံရဲ့ ပြစ်တင်ရှုတ်ချမှုကိုခံခဲ့ရတဲ့ ဟောင်ကောင်အရေးထောက်ခံတဲ့ ဥပဒေကြမ်းကို ဥပဒေအဖြစ် ဒေါ်နယ်ထရန့်က လက်မှတ်ထိုးပြီးနောက် ရက်နည်းငယ်အကြာမှာ…
Read More
ကျောင်းသင်ခန်းစာတွေ သင်ယူမှု ပိုမိုအဆင်ပြေစေဖို့ DBE Box ကို ကျောင်းပေါင်း ၆၀ မှာ ရှေ့ပြေးစမ်းသပ် အသုံးပြုသွားမယ်
ရန်ကုန်၊ ဒီဇင်ဘာ ၄-၂၀၁၉ အေးရိပ်(VOM) သင်ကြားသင်ယူမှုအပိုင်းမှာ ပိုမိုအဆင်ပြေစေဖို့နဲ့ Text book တွေ ပျက်စီးသွားတဲ့အခါမျိုးမှာ သင်ခန်းစာတွေကို အလွယ်တကူ ပြန်ကြည့်တဲ့အခါ အထောက်ကူဖြစ်စေဖို့အတွက် DBE Box(K -12 Digital Teaching Resources)ကို နေပြည်တော် ၊ မန္တလေး နဲ့ ရန်ကုန် တိုင်းကကျောင်းတွေမှာ ရှေ့ပြေးစမ်းသပ်တပ်ဆင်မှူအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ” ဆရာ ဆရာမတွေမှာ smart phone တွေ tablet တွေရှိပါတယ်။DBE Box တွေပံ့ပိုးပေးထားမယ်ဆိုရင် ဒီ smart phone တွေ tablet တွေ ဒါတွေကနေပြီးတော့ သင်ခန်းစာတွေကို အလွယ်တကူရနိုင်မယ်။ ဝေးလံတဲ့ဒေသတွေ ဒါမမဟုတ်ရင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတဲ့ဒေသတွေမှာဆိုရင် DBE Box ကို စတင်စမ်းသပ်ပြီးတော့ ကြုံတွေ့နေရတဲ့ Text book…
Read More
ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးငယ်တွေအပေါ် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ လူ့အခွင့်အရေး ချိုးဖောက်နေ
နယူးယောက်၊ ဒီဇင်ဘာ-၄-၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ ကျောင်းနေအရွယ် ရိုဟင်ဂျာကလေးငယ် လေးသိန်းရဲ့ ပညာသင်ကြားခွင့်တွေကို ပိတ်ပင်တားဆီးပြီး လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာကလေးငယ်တွေဟာ ဒေသအတွင်းက စာသင်ကျောင်းတွေမှာ တက်ရောက်သင်ကြားခွင့်ကို ပိတ်ပင်ခံထားရတယ်လို့ ဆရာ၊ ဆရာမတွေ၊ အကူအညီပေးရေးလုပ်သားတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ဒုက္ခသည် ၁၅၀ ကျော်နဲ့ တွေ့ဆုံမေးမြန်းမှုတွေလုပ်ထားတဲ့အပေါ် အခြေခံပြီး HRW ကစွပ်စွဲလိုက်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းအတွင်းမှာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေ၊ နိုင်ငံတကာအင်န်ဂျီအိုအဖွဲ့တွေရဲ့ တရားဝင်ပညာသင်ကြားခွင့်ကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တားမြစ်ထားတယ်လို့ အစီၤရင်ခံစာမှာဖော်ပြထားပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ကျောင်းနေအရွယ် ရိုဟင်ဂျာကလေးငယ်များစွာရှိနေပြီး အားလုံးမှာ သုံးတန်းပင်အောင်မြင်ခြင်းမရှိကြောင်း၊ သင့်တော်တဲ့ပညာသင်ကြားရတာမျိုးမရှိတာကြောင့် သူတို့ရဲ့အနာဂါတ် ပျက်စီးသွားလိမ့်မယ်လို့ HRW ကပြောပါတယ်။ ရိုဟင်ဂျာကလေးငယ်တွေကို ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းမှာ ပေါင်းစည်းသွားခြင်းနဲ့ နိုင်ငံအတွင်းနေထိုင်တာတွေကိုတားမြစ်ဖို့အတွက် ပညာသင်ကြားဖို့ စာသင်ကျောင်းသွားတာတွေကို…
Read More
(ကော်စေ့စက်ရုံ)အလုပ်သမားတွေ လစာမရမချင်း (အလရ)ရုံးကနေ မပြန်ဘူးဆိုပြီး ဆန္ဒပြတောင်းဆို
ရန်ကုန် ဒီဇင်ဘာ ၄-၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရားစက်မှုဇုန်က True Green City (ကော်စေ့စက်ရုံ) အလုပ်သမား(၂၀၀)ခန့်ဟာ စက်ရုံကလုပ်ခလစာ မရှင်းပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားတွေက လစာမရမချင်း ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန(အလရ) ရုံးဘေးကနေ မပြန်ဘူးလို့ဆိုပြီး တညီတညွတ်တည်းစုပေါင်းကာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ” ၉လပိုင်း ၁၅ရက်ကနေနောက်ပိုင်း ဒီနေ့ထိ လစာမရသေးတာပါ၊ မရမချင်း ဒီနေရာကနေ မပြန်တော့ဘူး၊ အဆောင်လစာတွေလည်း မပေးနိုင်တော့ဘူး၊ စားစရာလည်းမရှိတော့ဘူးလေ၊ ဒီလစာရမှ ကျမတို့အဆင်ပြေမှာလေ၊ ဒီလစာလေးကိုဘဲ အားကိုးထားတာလို့” (အလရ)ရုံးဘေး စုဝေးရောက်ရှိနေတဲ့ အလုပ်သမားတွေထဲက အလုပ်သမားတစ်ဦးဖြစ်သူ မမိုးသီတာကပြောပါတယ်။ အထက်ပါကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာဌာနဖြစ်တဲ့ အလုပ်ရှင်နှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှာ အလုပ်သမားတွေက စုပေါင်းတောင်းဆိုထားရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ၁၅ရက်နေ့ နံနက်၁၀နာရီခွဲအချိန်က အလုပ်ရှင် နဲ့ အလုပ်သမားတွေကို ခေါ်ယူဖြေရှင်းရာ ပြေလည်မှုမရခဲ့ဘူးလို့ သိရပါတယ်။ စက်ရုံမှာ လုပ်ငန်းရှင်တွေရဲ့ စုပေါင်းစပ်တူစက်ရုံဖြစ်ပြီး လပိုင်းလောက်သာ…
Read More
မြဝတီမြို့ကလူငယ်တွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှု မြှင့်တက်နေပေမယ့် ဖြန့်ဖြူးသူတွေကို ဖမ်းဆီးဖို့ အခက်အခဲရှိနေ
မြဝတီ ၊ ဒီဇင်ဘာ ၄-၂၀၁၉ သူရိန်(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့က လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှု မြှင့်တက်နေပေမယ့် ဖမ်းဆီးအရေးယူတဲ့‌နေရာမှာ အခက်အခဲရှိနေတယ်လို့ ကရင်ပြည်နယ် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ကနေသိရပါတယ်။ “ မြဝတီမြို့မှာက လူငယ်ထုကြား မူးယစ်ဆေးဝါးသုံးစွဲမှုမြှင့်တက်နေပေမယ့်၊ မူးယစ်ဆေးဖြန့်ဖြူးသူတွေကို ဖမ်းဆီးအရေးယူတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့စုံရှိတဲ့မြို့ဖြစ်လို့ အခြားမြို့နဲ့မတူဘဲ ဖမ်းဆီးမှုအပိုင်းမှာ အခက်အခဲရှိနေတယ်။ မြဝတီမြို့နယ်အတွင်းမှာ မူးယစ်ဆေးစွဲလူငယ်တွေကို ကျွန်တော်တို့အသင်းအနေနဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာနနဲ့ပူးပေါင်းပြီး ဆေးဖြတ်စခန်းများ ဖွင့်လှစ်ထားပါတယ်”လို့ ကရင်ပြည်နယ် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဥက္ကဋ္ဌဦးကျော်ဆန်းဦးက ပြောပါတယ်။ ကရင်ပြည်နယ် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)က သြဂုတ်လကနေ စက်တင်ဘာလထိ ဝှေ့ရှမ်းကျေးရွာမှာ ဖွင့်လှစ်ခဲ့တဲ့ မူးယစ်ဆေးဖြတ်စခန်းက ဆေးစွဲလူငယ် ၃၀ ဦး၊ မြဝတီခရိုင် ပြန်လည်ထူထောင်ရေးရုံးမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထဆေးဖြတ်စခန်းမှာ ဆေးစွဲလူငယ် ၂၅ ဦးကို ကန့်သွင်းဆေးဖြတ်ပေးသလို ဒီနေ့ ဒီဇင်ဘာ ၄ ရက် မင်းလက်ပံကျေးရွာမှာ အစိုးရအထောက်အပံ့နဲ့ ဆေးဖြတ်စခန်းဖွင့်ဖို့…
Read More
မြောက်ကိုရီးယားအပေါ် စစ်ရေးအင်အားအသုံးပြုနိုင်တယ်လို့ ဒေါ်နယ်ထရန့်ဆို
လန်ဒန်၊ ဒီဇင်ဘာ-၄-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောဆိုထားပေမယ့်လည်း လိုအပ်လာရင် မြောက်ကိုရီးယားအပေါ် စစ်အင်အားအသုံးပြုနိုင်တယ်လို့ အရိတ်အမြွတ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိတဲ့ နိုင်ငံဖြစ်ပြီး အဲဒီစစ်အင်အားကို အသုံးမပြုရဖို့ မိမိတို့အနေနဲ့ မျှော်လင့်ကြောင်း၊ ဒါပေမယ့် စစ်ရေးအရ လုပ်ဆောင်ရမယ်ဆိုရင်လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆွေးနွေးပွဲတွေ ရှေ့မတိုး၊ နောက်မဆုတ် အခြေအနေရှိနေစဉ်မှာ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ ဒေါ်နယ်ထရန့်ရဲ့ မှတ်ချက်ပြောဆိုမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ နျူကလီးယားဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းကို ယခုနှစ်ကုန်မှ အဆုံးသတ်ရေး အတွက် အစီအစဉ်တစ်ရပ်လုပ်ဆောင်ဖို့ အမေရိကန်ကို မြောက်ကိုရီးယားက သတိပေး တိုက်တွန်းထားပါတယ်။ မြောက်ကိုရီးယားဟာ ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ကြီးကြပ်မှုနဲ့ အတူ အကြီးစား ဒုံးပျံပစ်လွှတ်စနစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက နိုဝင်ဘာ…
Read More
ရွှေပြည်သာလူမိုက်ဆိုသူတွေက အမျိုးသမီးတစ်ဦးကို ဝိုင်းဝန်းချုပ်နှောင်ပြီး အုတ်နီခဲနဲ့ထု
ရန်ကုန် ဒီဇင်ဘာ ၄-၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ဘိုကလေး (၁)လမ်းမှာ လူမိုက်သံဒင်းမောင်ဆိုသူက ကားဖယ်မပေးတဲ့ကိစ္စနဲ့ စကားများရာကနေ သူရဲ့တပည့်သုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဆံပင်ကိုင်ဆွဲကာ ဝိုင်းဝန်းချုပ်နှောင် အုတ်နီခဲနဲ့ထုလို့ ဝတ်ဆင်လာတဲ့ ရွှေထည်ပစ္စည်း တွေပျောက်ဆုံးပြီး နာကျင်ဒဏ်ရာတွေ ရခဲ့တဲ့ဖြစ်စဉ် ဒီဇင်ဘာ ၁ရက်ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရွှေပြည်သာမြို့မရဲစခန်းကနေ သိရပါတယ်။ “ကားဖယ်မပေးတဲ့ကိစ္စနဲ့ရန်ဖြစ်ကြတာ၊ သံဒင်းမောင်ကတော့ မနေ့ထဲက ရွှေပြည်သာတရားရုံးမှာ ချုပ်ရီမန်ယူပြီး အင်းစိန်ထောင်ပို့ထားတယ်၊ လောလောဆယ် တရားခံသုံးယောက်တော့ မိထားပါပြီ ” လို့ ရွှေပြည်သာမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဒုရဲအုပ်နိုင်လင်းကVOMကို အတည်ပြုပြောကြားပါတယ်။ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ မဆူး (ခ) မကြည်ကြည်ဟာ ဒီဇင်ဘာ ၁ရက်နေ့ နေ့လည် ၁၁နာရီအချိန်ခန့်က ရပ်ကွက်ထဲရှိ မင်္ဂလာဆောင်တစ်ခုကိုသွားဖို့ အငှားယာဉ်တစ်စီးနဲ့ နေအိမ်ကထွက်လာခဲ့ရာ ဘိုကလေး ၁ လမ်းမပေါ်မှာ ရွှေပြည်သာမြို့နယ် (၁၉)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးနေ…
Read More
VOM News
FREE
VIEW