ဝီဂါမွတ်စလင်အရေး တရုတ်တာဝန်ရှိသူတွေကို အရေးယူမယ့်ဥပဒေကြမ်း ကန်အောက်လွှတ်တော် အတည်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ-၄-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရှိ ဝီဂါမျိုးနွယ်စု မွတ်စလင်တွေကို တရုတ်အစိုးရက အာဏာရှင်ဆန်ဆန်ထိန်းသိမ်းခံထားမှု၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မယ့် ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းမှာ တရုတ်အစိုးရအဖွဲ့ဝင်တွေအပေါ် ပစ်မှတ်ထားအရေးယူဖို့ တိုက်တွန်းထားပြီး အထူးသဖြင့် ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကွန်မြူနစ်ပါတီအတွင်ရေးမှူးရဲ့ အမည်ကိုလည်း ဖော်ပြထားပါတယ်။

ဥပဒေမူကြမ်းကို ဥပဒေအဖြစ်အသက်သွင်းဖို့ အထက်လွှတ်တော်နဲ့ သမ္မတထရန့်ရဲ့ ထောက်ခံချက်ရရှိဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ရှင်ကျန်းပြည်နယ်ကိစ္စဟာ ပြည်တွင်းရေးသာဖြစ်ပြီး အမေရိကန်က အကြီးအကျယ်ဝင်ရောက်စွက်ဖက်တာလို့ တရုတ်နိုင်ငံက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

ဝီဂါလူ့အခွင့်အရေးမူဝါဒအက်ဥပဒေ ၂၀၁၉ ကိုထောက်ခံမဲ ၄၀၇ မဲ၊ ကန့်ကွက်မဲ တစ်မဲနဲ့ အမေရိကန်အောက်လွှတ်တော်မှာ ဒီဇင်ဘာ ၃ ရက်ညပိုင်းက အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းဟာ တရုတ်နိုင်ငံရဲ့ ပြစ်တင်ရှုတ်ချမှုကိုခံခဲ့ရတဲ့ ဟောင်ကောင်အရေးထောက်ခံတဲ့ ဥပဒေကြမ်းကို ဥပဒေအဖြစ် ဒေါ်နယ်ထရန့်က လက်မှတ်ထိုးပြီးနောက် ရက်နည်းငယ်အကြာမှာ လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

Ref : BBC Photo: Getty Images
#voiceofmyanmar #ဝါရှင်တန် #ဝီဂါမွတ်စလင် #တရုတ်

Zawgyi

ဝီဂါမြတ္စလင္အေရး တရုတ္တာဝန္ရိွသူေတြကို အေရးယူမယ့္ဥပေဒၾကမ္း ကန္ေအာက္လႊတ္ေတာ္ အတည္ျပဳ

ဝါရွင္တန္၊ ဒီဇင္ဘာ-၄-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္ေအာက္လႊတ္ေတာ္ကုိယ္စားလွယ္ေတြဟာ တရုတ္ႏုိင္ငံရွိ ဝီဂါမ်ိဳးႏြယ္စု မြတ္စလင္ေတြကို တရုတ္အစိုးရက အာဏာရွင္ဆန္ဆန္ထိန္းသိမ္းခံထားမႈ၊ ညွင္းပန္းႏွိပ္စက္မႈေတြနဲ႔ ပတ္သက္ျပီး တာ၀န္ရိွသူေတြကို အေရးယူပိတ္ဆို႔မယ့္ ဥပေဒမူၾကမ္းတစ္ရပ္ကို အတည္ျပဳလိုက္ပါတယ္။

ဒီဥပေဒမူၾကမ္းမွာ တရုတ္အစုိးရအဖဲြ႔ဝင္ေတြအေပၚ ပစ္မွတ္ထားအေရးယူဖို႔ တုိက္တြန္းထားျပီး အထူးသျဖင့္ ရွင္က်န္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ ကြန္ျမဴနစ္ပါတီအတြင္ေရးမွဴးရဲ႕ အမည္ကိုလည္း ေဖာ္ျပထားပါတယ္။

ဥပေဒမူၾကမ္းကို ဥပေဒအျဖစ္အသက္သြင္းဖို႔ အထက္လႊတ္ေတာ္နဲ႔ သမၼတထရန္႔ရဲ႕ ေထာက္ခံခ်က္ရရွိဖို႔ လုိအပ္ေနဆဲ ျဖစ္ပါတယ္။

ရွင္က်န္းျပည္နယ္ကိစၥဟာ ျပည္တြင္းေရးသာျဖစ္ျပီး အေမရိကန္က အၾကီးအက်ယ္၀င္ေရာက္စြက္ဖက္တာလို႔ တရုတ္ႏုိင္ငံက ေဒါသတၾကီး တံု႕ျပန္ခဲ႔ပါတယ္။

ဝီဂါလူ႔အခြင္႔အေရးမူဝါဒအက္ဥပေဒ ၂၀၁၉ ကိုေထာက္ခံမဲ ၄၀၇ မဲ၊ ကန္႔ကြက္မဲ တစ္မဲနဲ႔ အေမရိကန္ေအာက္လႊတ္ေတာ္မွာ ဒီဇင္ဘာ ၃ ရက္ညပိုင္းက အတည္ျပဳခဲ႔တာျဖစ္ပါတယ္။

ဒီဥပေဒၾကမ္းဟာ တရုတ္နုိင္ငံရဲ႕ ျပစ္တင္ရႈတ္ခ်မႈကိုခံခဲ႔ရတဲ႔ ေဟာင္ေကာင္အေရးေထာက္ခံတ႔ဲ ဥပေဒၾကမ္းကို ဥပေဒအျဖစ္ ေဒၚနယ္ထရန္႔က လက္မွတ္ထိုးျပီးေနာက္ ရက္နည္းငယ္အၾကာမွာ လႊတ္ေတာ္က အတည္ျပဳခဲ႔တာျဖစ္ပါတယ္။

Ref : BBC Photo: Getty Images
#voiceofmyanmar #ဝါရွင္တန္ #ဝီဂါမြတ္စလင္ #တရုတ္

Related posts

Leave a Comment

VOM News

FREE
VIEW