(ကော်စေ့စက်ရုံ)အလုပ်သမားတွေ လစာမရမချင်း (အလရ)ရုံးကနေ မပြန်ဘူးဆိုပြီး ဆန္ဒပြတောင်းဆို

ရန်ကုန် ဒီဇင်ဘာ ၄-၂၀၁၉
မိုးယံ(VOM)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရားစက်မှုဇုန်က True Green City (ကော်စေ့စက်ရုံ) အလုပ်သမား(၂၀၀)ခန့်ဟာ စက်ရုံကလုပ်ခလစာ မရှင်းပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားတွေက လစာမရမချင်း ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန(အလရ) ရုံးဘေးကနေ မပြန်ဘူးလို့ဆိုပြီး တညီတညွတ်တည်းစုပေါင်းကာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

” ၉လပိုင်း ၁၅ရက်ကနေနောက်ပိုင်း ဒီနေ့ထိ လစာမရသေးတာပါ၊ မရမချင်း ဒီနေရာကနေ မပြန်တော့ဘူး၊ အဆောင်လစာတွေလည်း မပေးနိုင်တော့ဘူး၊ စားစရာလည်းမရှိတော့ဘူးလေ၊ ဒီလစာရမှ ကျမတို့အဆင်ပြေမှာလေ၊ ဒီလစာလေးကိုဘဲ အားကိုးထားတာလို့” (အလရ)ရုံးဘေး စုဝေးရောက်ရှိနေတဲ့ အလုပ်သမားတွေထဲက အလုပ်သမားတစ်ဦးဖြစ်သူ မမိုးသီတာကပြောပါတယ်။

အထက်ပါကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာဌာနဖြစ်တဲ့ အလုပ်ရှင်နှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှာ အလုပ်သမားတွေက စုပေါင်းတောင်းဆိုထားရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ၁၅ရက်နေ့ နံနက်၁၀နာရီခွဲအချိန်က အလုပ်ရှင် နဲ့ အလုပ်သမားတွေကို ခေါ်ယူဖြေရှင်းရာ ပြေလည်မှုမရခဲ့ဘူးလို့ သိရပါတယ်။

စက်ရုံမှာ လုပ်ငန်းရှင်တွေရဲ့ စုပေါင်းစပ်တူစက်ရုံဖြစ်ပြီး လပိုင်းလောက်သာ လည်ပတ်ခဲ့ရပြီး ကုန်ကြမ်းမရဘူးလို့ပြောပြီး စက်တင်ဘာလယ်ပိုင်းကနေစကာ လုပ်ငန်းရပ်ဆိုင်းနေတာ ဖြစ်တယ်လို့ အလုပ်သမားတွေကနေသိရပါတယ်။

နိဝင်ဘာ၂၀ ရက်နေ့မှာ ထပ်မံချိန်းဆိုခေါ်ယူရာမှာလည်း လုပ်ငန်းရှင်ဘက်က အလုပ်သမားတွေကိုပေးဖို့ရှိတဲ့ လုပ်ခလစာတွေကို နိုဝင်ဘာ၂၉ရက်ရက်နေ့မှာ နောက်ဆုံးထား လစာငွေရှင်းပေးပါ့မယ်လို့ ကတိပေးပြောဆိုခဲ့ပေမယ့် ပြောထားတဲ့နေ့မှာ လာရောက်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

“စက်ရုံဘက်ကတော့ ကုန်ကြမ်းမရလို့ ရပ်ထားတယ်လို့သိရတယ်၊ ဒီနေ့ရှင်းပေးဖို့လုပ်နေပါတယ်” လို့ ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန (အလရ)ရုံးမှ ဦးစီးမှုးဦးဇော်ဇော်လတ်ကပြောပါတယ်။

အလုပ်သမားတွေက အလုပ်ရှင်နဲ့အလုပ်သမားဥပေဒ စစ်ဆေးရေးရုံးရှေ့မှာ ဒီဇင်ဘာ၂ရက်နေ့နံနက်ပိုင်း ကစပြီး လုပ်ခလစာရဖို့အတွက် ဒီကနေ့အချိန်ထိညအိပ်ပြီး ဆန္ဒပြတောင်းဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #အလုပ်သမား #ဆန္ဒပြ

Zawgyi

(ေကာ္ေစ့စက္႐ုံ)အလုပ္သမားေတြ လစာမရမခ်င္း (အလရ)႐ုံးကေန မျပန္ဘူးဆိုၿပီး ဆႏၵျပေတာင္းဆို

ရန္ကုန္ ဒီဇင္ဘာ ၄-၂၀၁၉
မိုးယံ(VOM)

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဝါးတရားစက္မႈဇုန္က True Green City (ေကာ္ေစ့စက္႐ုံ) အလုပ္သမား(၂၀၀)ခန႔္ဟာ စက္႐ုံကလုပ္ခလစာ မရွင္းေပးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး အလုပ္သမားေတြက လစာမရမခ်င္း ေ႐ႊျပည္သာၿမိဳ႕နယ္ အလုပ္႐ုံႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန(အလရ) ႐ုံးေဘးကေန မျပန္ဘူးလို႔ဆိုၿပီး တညီတၫြတ္တည္းစုေပါင္းကာ ဆႏၵျပေတာင္းဆိုေနၾကပါတယ္။

” ၉လပိုင္း ၁၅ရက္ကေနေနာက္ပိုင္း ဒီေန႔ထိ လစာမရေသးတာပါ၊ မရမခ်င္း ဒီေနရာကေန မျပန္ေတာ့ဘူး၊ အေဆာင္လစာေတြလည္း မေပးႏိုင္ေတာ့ဘူး၊ စားစရာလည္းမရွိေတာ့ဘူးေလ၊ ဒီလစာရမွ က်မတို႔အဆင္ေျပမွာေလ၊ ဒီလစာေလးကိုဘဲ အားကိုးထားတာလို႔” (အလရ)႐ုံးေဘး စုေဝးေရာက္ရွိေနတဲ့ အလုပ္သမားေတြထဲက အလုပ္သမားတစ္ဦးျဖစ္သူ မမိုးသီတာကေျပာပါတယ္။

အထက္ပါကိစၥနဲ႔ပတ္သတ္ၿပီး သက္ဆိုင္ရာဌာနျဖစ္တဲ့ အလုပ္ရွင္ႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာနမွာ အလုပ္သမားေတြက စုေပါင္းေတာင္းဆိုထားရာမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ၁၅ရက္ေန႔ နံနက္၁၀နာရီခြဲအခ်ိန္က အလုပ္ရွင္ နဲ႔ အလုပ္သမားေတြကို ေခၚယူေျဖရွင္းရာ ေျပလည္မႈမရခဲ့ဘူးလို႔ သိရပါတယ္။

စက္႐ုံမွာ လုပ္ငန္းရွင္ေတြရဲ႕ စုေပါင္းစပ္တူစက္႐ုံျဖစ္ၿပီး လပိုင္းေလာက္သာ လည္ပတ္ခဲ့ရၿပီး ကုန္ၾကမ္းမရဘူးလို႔ေျပာၿပီး စက္တင္ဘာလယ္ပိုင္းကေနစကာ လုပ္ငန္းရပ္ဆိုင္းေနတာ ျဖစ္တယ္လို႔ အလုပ္သမားေတြကေနသိရပါတယ္။

နိဝင္ဘာ၂၀ ရက္ေန႔မွာ ထပ္မံခ်ိန္းဆိုေခၚယူရာမွာလည္း လုပ္ငန္းရွင္ဘက္က အလုပ္သမားေတြကိုေပးဖို႔ရွိတဲ့ လုပ္ခလစာေတြကို ႏိုဝင္ဘာ၂၉ရက္ရက္ေန႔မွာ ေနာက္ဆုံးထား လစာေငြရွင္းေပးပါ့မယ္လို႔ ကတိေပးေျပာဆိုခဲ့ေပမယ့္ ေျပာထားတဲ့ေန႔မွာ လာေရာက္ျခင္းမရွိဘူးလို႔လည္း သိရပါတယ္။

“စက္႐ုံဘက္ကေတာ့ ကုန္ၾကမ္းမရလို႔ ရပ္ထားတယ္လို႔သိရတယ္၊ ဒီေန႔ရွင္းေပးဖို႔လုပ္ေနပါတယ္” လို႔ ေ႐ႊျပည္သာၿမိဳ႕နယ္ အလုပ္႐ုံႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန (အလရ)႐ုံးမွ ဦးစီးမႈးဦးေဇာ္ေဇာ္လတ္ကေျပာပါတယ္။

အလုပ္သမားေတြက အလုပ္ရွင္နဲ႔အလုပ္သမားဥေပဒ စစ္ေဆးေရး႐ုံးေရွ႕မွာ ဒီဇင္ဘာ၂ရက္ေန႔နံနက္ပိုင္း ကစၿပီး လုပ္ခလစာရဖို႔အတြက္ ဒီကေန႔အခ်ိန္ထိညအိပ္ၿပီး ဆႏၵျပေတာင္းဆိုေနတာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #အလုပ္သမား #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW