ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးငယ်တွေအပေါ် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ လူ့အခွင့်အရေး ချိုးဖောက်နေ

နယူးယောက်၊ ဒီဇင်ဘာ-၄-၂၀၁၉
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ ကျောင်းနေအရွယ် ရိုဟင်ဂျာကလေးငယ် လေးသိန်းရဲ့ ပညာသင်ကြားခွင့်တွေကို ပိတ်ပင်တားဆီးပြီး လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာကလေးငယ်တွေဟာ ဒေသအတွင်းက စာသင်ကျောင်းတွေမှာ တက်ရောက်သင်ကြားခွင့်ကို ပိတ်ပင်ခံထားရတယ်လို့ ဆရာ၊ ဆရာမတွေ၊ အကူအညီပေးရေးလုပ်သားတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ဒုက္ခသည် ၁၅၀ ကျော်နဲ့ တွေ့ဆုံမေးမြန်းမှုတွေလုပ်ထားတဲ့အပေါ် အခြေခံပြီး HRW ကစွပ်စွဲလိုက်ပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းအတွင်းမှာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေ၊ နိုင်ငံတကာအင်န်ဂျီအိုအဖွဲ့တွေရဲ့ တရားဝင်ပညာသင်ကြားခွင့်ကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တားမြစ်ထားတယ်လို့ အစီၤရင်ခံစာမှာဖော်ပြထားပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ကျောင်းနေအရွယ် ရိုဟင်ဂျာကလေးငယ်များစွာရှိနေပြီး အားလုံးမှာ သုံးတန်းပင်အောင်မြင်ခြင်းမရှိကြောင်း၊ သင့်တော်တဲ့ပညာသင်ကြားရတာမျိုးမရှိတာကြောင့် သူတို့ရဲ့အနာဂါတ် ပျက်စီးသွားလိမ့်မယ်လို့ HRW ကပြောပါတယ်။

ရိုဟင်ဂျာကလေးငယ်တွေကို ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းမှာ ပေါင်းစည်းသွားခြင်းနဲ့ နိုင်ငံအတွင်းနေထိုင်တာတွေကိုတားမြစ်ဖို့အတွက် ပညာသင်ကြားဖို့ စာသင်ကျောင်းသွားတာတွေကို တားမြစ်ပိတ်ပင်တာဖြစ်တယ်လို့ HRW ကစွပ်စွဲပြောဆိုလိုက်ပါတယ်။

Ref : Time Photo : Getty Images
#voiceofmyanmar #နယူးယောက် #ရိုဟင်ဂျာ #ဘင်္ဂလားဒေ့ရှ်

Zawgyi

ဒုကၡသည္စခန္းက ရိုဟင္ဂ်ာကေလးငယ္ေတြအေပၚ ဘဂၤလားေဒ႔ရွ္အာဏာပိုင္ေတြ လူ႔အခြင္႔အေရး ခ်ိဳးေဖာက္ေန

နယူးေယာက္၊ ဒီဇင္ဘာ-၄-၂၀၁၉
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႕ရွ္အစိုးရဟာ ဒုကၡသည္စခန္းေတြမွာေနထိုင္ေနၾကတဲ႔ ေက်ာင္းေနအရြယ္ ရိုဟင္ဂ်ာကေလးငယ္ ေလးသိန္းရဲ႕ ပညာသင္ၾကားခြင္႔ေတြကို ပိတ္ပင္တားဆီးျပီး လူ႔အခြင္႔အေရးခ်ိဳးေဖာက္ေနတယ္လို႔ လူ႔အခြင္႔အေရးေစာင္႔ၾကည္႔အဖြဲ႔ (HRW) က ဒီဇင္ဘာ ၃ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

ရိုဟင္ဂ်ာကေလးငယ္ေတြဟာ ေဒသအတြင္းက စာသင္ေက်ာင္းေတြမွာ တက္ေရာက္သင္ၾကားခြင္႔ကို ပိတ္ပင္ခံထားရတယ္လို႔ ဆရာ၊ ဆရာမေတြ၊ အကူအညီေပးေရးလုပ္သားေတြ၊ အစိုးရတာ၀န္ရိွသူေတြနဲ႔ ဒုကၡသည္ ၁၅၀ ေက်ာ္နဲ႔ ေတြ႔ဆံုေမးျမန္းမႈေတြလုပ္ထားတဲ႔အေပၚ အေျခခံျပီး HRW ကစြပ္စြဲလိုက္ပါတယ္။

ဒါ႔အျပင္ ဒုကၡသည္စခန္းအတြင္းမွာ ကုလသမဂၢလူသားခ်င္းစာနာေထာက္ထားမႈအဖြဲ႔ေတြ၊ နိုင္ငံတကာအင္န္ဂ်ီအိုအဖြဲ႔ေတြရဲ႕ တရား၀င္ပညာသင္ၾကားခြင္႔ကိုလည္း ဘဂၤလားေဒ႔ရွ္ အာဏာပိုင္ေတြက တားျမစ္ထားတယ္လို႔ အစီၤရင္ခံစာမွာေဖာ္ျပထားပါတယ္။

ဒုကၡသည္စခန္းေတြမွာ ေက်ာင္းေနအရြယ္ ရိုဟင္ဂ်ာကေလးငယ္မ်ားစြာရိွေနျပီး အားလံုးမွာ သံုးတန္းပင္ေအာင္ျမင္ျခင္းမရိွေၾကာင္း၊ သင္႔ေတာ္တဲ႔ပညာသင္ၾကားရတာမ်ိဳးမရိွတာေၾကာင္႔ သူတို႔ရဲ႕အနာဂါတ္ ပ်က္စီးသြားလိမ္႔မယ္လို႔ HRW ကေျပာပါတယ္။

ရိုဟင္ဂ်ာကေလးငယ္ေတြကို ဘဂၤလားေဒ႔ရွ္လူမႈအသိုင္းအ၀ိုင္းမွာ ေပါင္းစည္းသြားျခင္းနဲ႔ နိုင္ငံအတြင္းေနထိုင္တာေတြကိုတားျမစ္ဖို႔အတြက္ ပညာသင္ၾကားဖို႔ စာသင္ေက်ာင္းသြားတာေတြကို တားျမစ္ပိတ္ပင္တာျဖစ္တယ္လို႔ HRW ကစြပ္စြဲေျပာဆိုလိုက္ပါတယ္။

Ref : Time Photo : Getty Images
#voiceofmyanmar #နယူးေယာက္ #ရိုဟင္ဂ်ာ #ဘဂၤလားေဒ႔ရွ္

Related posts

Leave a Comment

VOM News

FREE
VIEW