မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းလက်ဝယ်တွေ့ရှိတဲ့ ကျောင်းသားတွေကို မိဘထံပြန်အပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄-၂၀၁၉
ချမ်းငြိမ်း(VOM)

ရန်ကုန်မြို့၊ တောင်ဒဂုံ အထက (၁)ကျောင်းက ကျောင်းသားတွေထဲကနေ မူးယစ်းဆေဝါးသုံးစွဲရာမှာပါဝင်တဲ့ ဆက်စပ်ပစ္စည်း သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကပြောပါတယ်။

တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ နိုဝင်ဘာလ ၂၈ ရက်က ဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ ဆယ်တန်းနဲ့ ကိုးတန်းကျောင်းသား (၁၃)ဦးဆီကနေ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေကို သိမ်းဆည်းရမိတာပါ။ ခုကတော့ မိဘတွေဆီကို ပြန်အပ်ထားပါတယ်။ ကျောင်းသားတစ်ဦးကတော့ မိဘကကျောင်းကနေထုတ်သွားပါပြီ”လို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောပါတယ်။

ကျောင်းသားတွေကို ဆက်ပြီးမေးမြန်းရာမှာတော့ ဆေးခြောက်ပါဝင်တဲ့ ဆေးလိပ်တွေကိုပါ သုံးစွဲနေတယ်လို့ သိရပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကျောင်းအလိုက် ပညာပေးဟောပြောပွဲတွေ လုပ်ခိုင်းထားတယ်။ ပြီးရင် ကျောင်းသားတွေကို မိဘကို ပြန်အပ်ထားတယ်။ ကွမ်းယာ၊ ဆေးလိပ်တောင်မှ ကျောင်းနဲ့ ပေ ၁၀၀အတွင်းမှာ မရောင်းရဘူးဆိုပြီး သတ်မှတ်ချက်ရှိပြီးသားပေါ့။ လိုက်နာတာ မလိုက်နာတာကျတော့ အများနဲ့ဆိုင်တာပေါ့ ။ ကျောင်းပြင်ပက ကျွန်တော်တို့ချည်းပဲ လုပ်လို့မရဘူး။ စည်ပင်ပိုင်နယ်မြေတွေ၊ ရဲအရေးပိုင်မူတွေ ရှိတာပေါ့။ အခုလောလောဆယ်တော့ ကလေးတွေကို ကျောင်းထုတ်တာတော့ မဟုတ်ဘူး။ ခဏနားထားတဲ့ သဘောပေါ့ “ လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောင်းတွေမှာ မူးယစ်ဆေးဝါးသုံးစွဲတာတွေနဲ့ပတ်သက်ပြီး အသိပညာပေးဖို့၊ ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်ဖို့ အဆိုကို ရန်ကုန်တိုင်းအစိုးရက လွှတ်တော်ကို အတည်ပြုထားတယ်လို့လည်း သိရပါတယ်။

အရှေ့တောင်အာရှမှာ နှစ်စဉ် မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ကျော် အရောင်းအဝယ်ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo – U Nyi Nyi (FB)
#voiceofmyanmar #ရန်ကုန် #မူးယစ်ဆေး #ကျောင်းသား

Zawgyi

မူးယစ္ေဆးဝါး ဆက္စပ္ပစၥည္းလက္ဝယ္ေတြ႕ရွိတဲ့ ေက်ာင္းသားေတြကို မိဘထံျပန္အပ္

ရန္ကုန္၊ ဒီဇင္ဘာ ၄-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

ရန္ကုန္ၿမိဳ႕၊ ေတာင္ဒဂုံ အထက (၁)ေက်ာင္းက ေက်ာင္းသားေတြထဲကေန မူးယစ္းေဆဝါးသုံးစြဲရာမွာပါဝင္တဲ့ ဆက္စပ္ပစၥည္း သိမ္းဆည္းရမိခဲ့တယ္လို႔ ေတာင္ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ ကေျပာပါတယ္။

တာဝန္သိျပည္သူတစ္ဦးရဲ႕ သတင္းေပးခ်က္အရ ႏိုဝင္ဘာလ ၂၈ ရက္က ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။

“ ဆယ္တန္းနဲ႔ ကိုးတန္းေက်ာင္းသား (၁၃)ဦးဆီကေန မူးယစ္ေဆးဝါး သုံးစြဲရာမွာ အသုံးျပဳတဲ့ ဆက္စပ္ ပစၥည္းေတြကို သိမ္းဆည္းရမိတာပါ။ ခုကေတာ့ မိဘေတြဆီကို ျပန္အပ္ထားပါတယ္။ ေက်ာင္းသားတစ္ဦးကေတာ့ မိဘကေက်ာင္းကေနထုတ္သြားပါၿပီ”လို႔ ေတာင္ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီကေျပာပါတယ္။

ေက်ာင္းသားေတြကို ဆက္ၿပီးေမးျမန္းရာမွာေတာ့ ေဆးေျခာက္ပါဝင္တဲ့ ေဆးလိပ္ေတြကိုပါ သုံးစြဲေနတယ္လို႔ သိရပါတယ္။

“မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီးေတာ့ ေက်ာင္းအလိုက္ ပညာေပးေဟာေျပာပြဲေတြ လုပ္ခိုင္းထားတယ္။ ၿပီးရင္ ေက်ာင္းသားေတြကို မိဘကို ျပန္အပ္ထားတယ္။ ကြမ္းယာ၊ ေဆးလိပ္ေတာင္မွ ေက်ာင္းနဲ႔ ေပ ၁၀၀အတြင္းမွာ မေရာင္းရဘူးဆိုၿပီး သတ္မွတ္ခ်က္ရွိၿပီးသားေပါ့။ လိုက္နာတာ မလိုက္နာတာက်ေတာ့ အမ်ားနဲ႔ဆိုင္တာေပါ့ ။ ေက်ာင္းျပင္ပက ကြၽန္ေတာ္တို႔ခ်ည္းပဲ လုပ္လို႔မရဘူး။ စည္ပင္ပိုင္နယ္ေျမေတြ၊ ရဲအေရးပိုင္မူေတြ ရွိတာေပါ့။ အခုေလာေလာဆယ္ေတာ့ ကေလးေတြကို ေက်ာင္းထုတ္တာေတာ့ မဟုတ္ဘူး။ ခဏနားထားတဲ့ သေဘာေပါ့ “ လို႔ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ေက်ာင္းေတြမွာ မူးယစ္ေဆးဝါးသုံးစြဲတာေတြနဲ႔ပတ္သက္ၿပီး အသိပညာေပးဖို႔၊ ထိထိေရာက္ေရာက္ တားဆီးႏိွမ္နင္းႏိုင္ဖို႔ အဆိုကို ရန္ကုန္တိုင္းအစိုးရက လႊတ္ေတာ္ကို အတည္ျပဳထားတယ္လို႔လည္း သိရပါတယ္။

အေရွ႕ေတာင္အာရွမွာ ႏွစ္စဥ္ မူးယစ္ေဆးဝါး အေမရိကန္ေဒၚလာ ဘီလီယံ ၆၀ေက်ာ္ အေရာင္းအဝယ္ျပဳလုပ္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

Photo – U Nyi Nyi (FB)
#voiceofmyanmar #ရန္ကုန္ #မူးယစ္ေဆး #ေက်ာင္းသား

Related posts

Leave a Comment

VOM News

FREE
VIEW