ခရီးသည်တင်တဲ့ကားကို ရှာဖွေစစ်ဆေးခဲ့တဲ့ သစ်တောဝန်ထမ်းတစ်ချို့ကို ယာဉ်ပိုင်ရှင်က နိုင်လွတ်လုံပုဒ်မနဲ့ အမှုဖွင့်

ပဲခူး ဒီဇင်ဘာ ၂၈-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘောနက်ကြီးကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့နိုဝင်ဘာ၂၆ရက်နေ့က ခရီးသည်တင်ပြေးဆွဲနေတဲ့ မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့တဲ့ သစ်တောဝန်ထမ်းတစ်ချို့ကို ယာဉ်ပိုင်ရှင်က နိုင်လွတ်လုံပုဒ်မနဲ့အမှုဖွင့်ထားတယ်လို့ ပဲခူးမြို့နယ်ဥပဒေရုံးကနေ သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၆ရက်နေ့က ယာဉ်ပိုင်ရှင်ကိုခွင့်ပြုချက်မတောင်းခံဘဲ စစ်ဆေးရှာဖွေခဲ့တယ်ဆိုပြီး ပဲခူးမြို့နယ်သစ်တောဦးစီးအပါ(၅)ဦးကို ယာဉ်ပိုင်ရှင်က နိုင်လွတ်လုံနဲ့အမှုဖွင့်ထားကာ သစ်တောဦးစီးမှူးက ယာဉ်ပိုင်ရှင် ဒေါ်မာမာအေးအပါ(၄)ဦးကို ပုဒ်မ ၃၅၃/၁၁၄တို့နဲ့အပြန်အလှန်အမှုဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။

“နှစ်ဘက်စလုံးရဲ့တိုင်ချက်ကို အကြံတောင်းလာတင်ထားပါတယ်၊ ခက်ခဲမှုရှိမယ်ဆိုရင် ကျွန်တော်တို့မြို့နယ်ကတဆင့် အထက်ကို ထပ်တင်ပြပေးသွားမယ်” လို့ ပဲခူးမြို့နယ်ဥပဒေအရာရှိ ဦးနေကိုအောင်ကပြောပါတယ်။

ဇောင်းတူတိုက်ကြီးကနေ ပဲခူးမြို့ကို ခရီသည်တွေတင်ပြီးမောင်းလာတဲ့ယာဉ်ကို ဘောနက်ကြီးကျေးရွာက ယာဉ်ပိုင်ရှင်ရဲ့အိမ်ရှေ့မှာ ခရီးသည်တွေ ကျန်းမာရေးသန့်စင်ခန်း အသုံးပြုဖို့ခေတ္တနားနေချိန် ရှာဖွေစစ်ဆေးခံရတာဖြစ်ပြီး‌ငွေကျပ်(၂၅)သိန်းလည်း ပျောက်ဆုံးသွားလို့ ယာဉ်ပိုင်ရှင်ရဲ့ ပြောပြချက်အရသိရပါတယ်။

‟တိုက်ကြီးကပဲခူးကို စီးလုံးငှားလာတဲ့ ခရီးသည်တင်ကားကို ကျွန်မ(ကားပိုင်ရှင်)အိမ်ရှေ့မှာရပ်ထားတုန်းမှာ အမည်မသိလူ(၅)ဦးက ကားပေါ်တက်ရှာဖွေစစ်ဆေးသွားတယ်။ ဘယ်သူမှမသိလိုက်ဘူး၊ ဝုန်းဝုန်းတက်ရှာပြီး ဝုန်းဝုန်းနဲ့ပြန်ဆင်းသွားတယ်။ အဲဒီအချိန်မှာ ကျွန်မတို့က ဘယ်သူတွေမှန်းမသိဘူး၊ ခရီးသည်တွေက ပြန်ပြောမှသိရတာနဲ့ ကားပေါ်တက်ကြည့်တော့ ဈေးသည်တစ်ဦးဈေးဖိုးမှာတဲ့ ငွေကျပ်(၂၅)သိန်း ပျောက်ဆုံး နေတာတွေ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မတို့လိုက်သွားတော့ ဘုရားကြီးမြို့မဝင်ခင် “ခင်မတံတား”မှာ သူတို့ကားနဲ့တွေ့တယ်။ ဘယ်သူတွေလဲမေးတော့ သူတို့ကားပေါ်ကဆင်းလာပြီး ၊ ကျုပ်ကသစ်တောဦးစီး အရာရှိ ဦးအောင်မင်းသူ ၊ခင်ဗျားတို့ ဘာဖြစ်ချင်လဲ ရှင်းချင်ရင်စခန်းလိုက်ခဲ့လို့ပြောတယ်။ ကျွန်မတို့ကိုခွင့်တောင်းရင် အချိန်မရွေးခွင့်ပြုပေးပါတယ်။ ပိုင်ရှင်ကိုအသိမပေး၊ စပါယ်ယာ၊ ဒရိုင်ဘာကိုအသိမပေးဘဲ ရဲလည်းမပါဘူး ။ ထွေအုပ်လည်းမပါဘူး။ အခုလိုကားပေါ်တက်ရှာသွားတယ် ဆိုတာ မင်းမဲ့စရိုက်ဆန်ဆန် လုပ်သွားတဲ့အတွက် ကျမဂုဏ်သိက္ခာညှိုးနွမ်းမှုရယ်၊ ပတ်ဝန်းကျင်မှာ အရှက်ရစေမှုရယ်နဲ့ အမှုဖွင့်ထားပါတယ်။ ဒီကိစ္စကိုထပ်ပြီးတော့လည်း သမ္မတရုံးအထိ ဌာနဆိုင်ရာ အဆင့်ဆင့်တိုင်ကြားသွားမယ်”လို့ ယာဉ်ပိုင်ရှင် ဒေါ်မာမာအေးကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ထန်းတောကြီးရဲစခန်းမှ ရဲအုပ်နေလင်းထွန်းက ‟သစ်တောဦးစီးဦးအောင်မင်းသူပါ (၅)ဦးက ဒေါ်မာမာအေးတို့ အိမ်ရှေ့မှာရပ်ထားတဲ့ကားပေါ်မှာ ခရီးသည် တစ်ယောက်မှ မရှိတဲ့အချိန် အိမ်ရှင်ကို ခွင့်မတောင်းဘဲရှာဖွေတယ်။ သူတို့ရဲ့တိုင်ကြားချက်အရ သူတို့ထားတဲ့ ပိုက်ဆံငွေကျပ်(၂၅)သိန်းလည်း ပျောက်ဆုံးသွားတယ်။ အဲဒီအချိန်မှာဘဲ သူတို့စစ်ဆေးပြီးတော့ ပြန်ထွက်သွားတယ်။ သူတို့ကလည်း ကားနဲ့ပြန်လိုက်တယ်။ ခင်မမတံတားနားမှာ တွေ့တဲ့အခါ စကားအခြေအတင် ဖြစ်ကြတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါ်မာမာအေးက နိုင်လွတ်လုံနဲ့ လာရောက်တိုင်တန်းတဲ့အတွက် (ပ)၇၆/၂၀၁၉ နိုင်လွတ်လုံ ပုဒ်မ၁၀နဲ့ အမှုဖွင့်ပေးလိုက်တယ်။ တရားလိုနဲ့ စွပ်စွဲခံရသူတွေကိုစစ်ဆေးပြီး ဥပဒေအကြံတောင်းတင်ထားပါတယ်”လို့ ရှင်းပြပါတယ်။

‟သတင်းအရ ကျနော်တို့ရုံးကဝန်ထမ်းတွေနဲ့ အရပ်သားသက်သေရယ် ကားနောက်လိုက်ကြတယ်။ ကားပေါ်လည်းမတက်ပါဘူးဗျာ။ ကား‌ပေါ်နှစ်လှမ်း‌လောက်တက်ပြီး စတစ်ကာကနေလှမ်းကြည့်တော့ ကားပေါ်မှာသုံးယောက်တွေ့တယ်။ တစ်ချို့လည်း ကားအောက်ဆင်းနေပြီ၊ ကားမောင်းတဲ့လူလည်းရှိတယ်၊ ကျနော့်ဝန်ထမ်းတွေနဲ့ သူတို့ရင်းနှီးကြပါတယ်။ အနေကြာဝန်ထမ်းတွေဆိုတော့ သိကြတာပေါ့ဗျာ ၊ သူတို့အချင်းချင်း ရင်းနှီးကြပါတယ်။ ကျွန်တော်ကကားနဲ့ပြန်မောင်းထွက်လာတယ်၊ သူတို့က အံစာတုံးကားအနက်၊ မီနီဘတ်၊ ဆိုင်ကယ်သုံးစီးနဲ့လိုက်လာပြီး ရန်လုပ်တယ်ပေါ့ဗျာ၊ အဲဒါကြောင့်ခင်ဗျားတို့ ရှင်းချင်ရင် ရဲစခန်းလိုက်ခဲ့ပါလို့ ပြောလိုက်တယ်”လို့ ပဲခူးမြို့နယ်သစ်တောဦးစီးမှူးဦးအောင်မင်းသူ ကပြောပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သစ်တောဦးစီးဦးအောင်မင်းသူကလည်း ဒေါ်မာမာအေးပါ(၄)ဦးကို (ပ)၄၅၈/၂၀၁၉၊ ပုဒ်မ ၃၅၃/၁၁၄တို့နဲ့ ပြန်လည်အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပဲခူး #သစ်တောဝန်ထမ်း #အမှုဖွင့်

Zawgyi

ခရီးသည္တင္တဲ့ကားကို ရွာေဖြစစ္ေဆးခဲ့တဲ့ သစ္ေတာဝန္ထမ္းတစ္ခ်ိဳ႕ကို ယာဥ္ပိုင္ရွင္က ႏိုင္လြတ္လုံပုဒ္မနဲ႔ အမႈဖြင့္

ပဲခူး ဒီဇင္ဘာ ၂၈-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕နယ္၊ ေဘာနက္ႀကီးေက်း႐ြာအုပ္စုမွာ ၿပီးခဲ့တဲ့ႏို၀င္ဘာ၂၆ရက္ေန႔က ခရီးသည္တင္ေျပးဆြဲေနတဲ့ ေမာ္ေတာ္ယာဥ္ကို ရွာေဖြစစ္ေဆးခဲ့တဲ့ သစ္ေတာ၀န္ထမ္းတစ္ခ်ိဳ႕ကို ယာဥ္ပိုင္ရွင္က ႏိုင္လြတ္လုံပုဒ္မနဲ႔အမႈဖြင့္ထားတယ္လို႔ ပဲခူးၿမိဳ႕နယ္ဥပေဒ႐ုံးကေန သိရပါတယ္။

ၿပီးခဲ့တဲ့ႏို၀င္ဘာလ ၂၆ရက္ေန႔က ယာဥ္ပိုင္ရွင္ကိုခြင့္ျပဳခ်က္မေတာင္းခံဘဲ စစ္ေဆးရွာေဖြခဲ့တယ္ဆိုၿပီး ပဲခူးၿမိဳ႕နယ္သစ္ေတာဦးစီးအပါ(၅)ဦးကို ယာဥ္ပိုင္ရွင္က ႏိုင္လြတ္လုံနဲ႔အမႈဖြင့္ထားကာ သစ္ေတာဦးစီးမႉးက ယာဥ္ပိုင္ရွင္ ေဒၚမာမာေအးအပါ(၄)ဦးကို ပုဒ္မ ၃၅၃/၁၁၄တို႔နဲ႔အျပန္အလွန္အမႈဖြင့္ထားခဲ့တယ္လို႔ သိရပါတယ္။

“ႏွစ္ဘက္စလုံးရဲ႕တိုင္ခ်က္ကို အႀကံေတာင္းလာတင္ထားပါတယ္၊ ခက္ခဲမႈရွိမယ္ဆိုရင္ ကၽြန္ေတာ္တို႔ၿမိဳ႕နယ္ကတဆင့္ အထက္ကို ထပ္တင္ျပေပးသြားမယ္” လို႔ ပဲခူးၿမိဳ႕နယ္ဥပေဒအရာရွိ ဦးေနကိုေအာင္ကေျပာပါတယ္။

ေဇာင္းတူတိုက္ႀကီးကေန ပဲခူးၿမိဳ႕ကို ခရီသည္ေတြတင္ၿပီးေမာင္းလာတဲ့ယာဥ္ကို ေဘာနက္ႀကီးေက်း႐ြာက ယာဥ္ပိုင္ရွင္ရဲ႕အိမ္ေရွ႕မွာ ခရီးသည္ေတြ က်န္းမာေရးသန႔္စင္ခန္း အသုံးျပဳဖို႔ေခတၱနားေနခ်ိန္ ရွာေဖြစစ္ေဆးခံရတာျဖစ္ၿပီး‌ေငြက်ပ္(၂၅)သိန္းလည္း ေပ်ာက္ဆုံးသြားလို႔ ယာဥ္ပိုင္ရွင္ရဲ႕ ေျပာျပခ်က္အရသိရပါတယ္။

‟တိုက္ႀကီးကပဲခူးကို စီးလုံးငွားလာတဲ့ ခရီးသည္တင္ကားကို ကၽြန္မ(ကားပိုင္ရွင္)အိမ္ေရွ႕မွာရပ္ထားတုန္းမွာ အမည္မသိလူ(၅)ဦးက ကားေပၚတက္ရွာေဖြစစ္ေဆးသြားတယ္။ ဘယ္သူမွမသိလိုက္ဘူး၊ ဝုန္းဝုန္းတက္ရွာၿပီး ဝုန္းဝုန္းနဲ႔ျပန္ဆင္းသြားတယ္။ အဲဒီအခ်ိန္မွာ ကၽြန္မတို႔က ဘယ္သူေတြမွန္းမသိဘူး၊ ခရီးသည္ေတြက ျပန္ေျပာမွသိရတာနဲ႔ ကားေပၚတက္ၾကည့္ေတာ့ ေဈးသည္တစ္ဦးေဈးဖိုးမွာတဲ့ ေငြက်ပ္(၂၅)သိန္း ေပ်ာက္ဆုံး ေနတာေတြ႕ရတယ္။ အဲဒီအခ်ိန္မွာ ကၽြန္မတို႔လိုက္သြားေတာ့ ဘုရားႀကီးၿမိဳ႕မဝင္ခင္ “ခင္မတံတား”မွာ သူတို႔ကားနဲ႔ေတြ႕တယ္။ ဘယ္သူေတြလဲေမးေတာ့ သူတို႔ကားေပၚကဆင္းလာၿပီး ၊ က်ဳပ္ကသစ္ေတာဦးစီး အရာရွိ ဦးေအာင္မင္းသူ ၊ခင္ဗ်ားတို႔ ဘာျဖစ္ခ်င္လဲ ရွင္းခ်င္ရင္စခန္းလိုက္ခဲ့လို႔ေျပာတယ္။ ကၽြန္မတို႔ကိုခြင့္ေတာင္းရင္ အခ်ိန္မေ႐ြးခြင့္ျပဳေပးပါတယ္။ ပိုင္ရွင္ကိုအသိမေပး၊ စပါယ္ယာ၊ ဒ႐ိုင္ဘာကိုအသိမေပးဘဲ ရဲလည္းမပါဘူး ။ ေထြအုပ္လည္းမပါဘူး။ အခုလိုကားေပၚတက္ရွာသြားတယ္ ဆိုတာ မင္းမဲ့စ႐ိုက္ဆန္ဆန္ လုပ္သြားတဲ့အတြက္ က်မဂုဏ္သိကၡာညႇိဳးႏြမ္းမႈရယ္၊ ပတ္ဝန္းက်င္မွာ အရွက္ရေစမႈရယ္နဲ႔ အမႈဖြင့္ထားပါတယ္။ ဒီကိစၥကိုထပ္ၿပီးေတာ့လည္း သမၼတ႐ုံးအထိ ဌာနဆိုင္ရာ အဆင့္ဆင့္တိုင္ၾကားသြားမယ္”လို႔ ယာဥ္ပိုင္ရွင္ ေဒၚမာမာေအးကေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး ထန္းေတာႀကီးရဲစခန္းမွ ရဲအုပ္ေနလင္းထြန္းက ‟သစ္ေတာဦးစီးဦးေအာင္မင္းသူပါ (၅)ဦးက ေဒၚမာမာေအးတို႔ အိမ္ေရွ႕မွာရပ္ထားတဲ့ကားေပၚမွာ ခရီးသည္ တစ္ေယာက္မွ မရွိတဲ့အခ်ိန္ အိမ္ရွင္ကို ခြင့္မေတာင္းဘဲရွာေဖြတယ္။ သူတို႔ရဲ႕တိုင္ၾကားခ်က္အရ သူတို႔ထားတဲ့ ပိုက္ဆံေငြက်ပ္(၂၅)သိန္းလည္း ေပ်ာက္ဆုံးသြားတယ္။ အဲဒီအခ်ိန္မွာဘဲ သူတို႔စစ္ေဆးၿပီးေတာ့ ျပန္ထြက္သြားတယ္။ သူတို႔ကလည္း ကားနဲ႔ျပန္လိုက္တယ္။ ခင္မမတံတားနားမွာ ေတြ႕တဲ့အခါ စကားအေျခအတင္ ျဖစ္ၾကတယ္။ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေဒၚမာမာေအးက ႏိုင္လြတ္လုံနဲ႔ လာေရာက္တိုင္တန္းတဲ့အတြက္ (ပ)၇၆/၂၀၁၉ ႏိုင္လြတ္လုံ ပုဒ္မ၁၀နဲ႔ အမႈဖြင့္ေပးလိုက္တယ္။ တရားလိုနဲ႔ စြပ္စြဲခံရသူေတြကိုစစ္ေဆးၿပီး ဥပေဒအႀကံေတာင္းတင္ထားပါတယ္”လို႔ ရွင္းျပပါတယ္။

‟သတင္းအရ က်ေနာ္တို႔႐ုံးကဝန္ထမ္းေတြနဲ႔ အရပ္သားသက္ေသရယ္ ကားေနာက္လိုက္ၾကတယ္။ ကားေပၚလည္းမတက္ပါဘူးဗ်ာ။ ကား‌ေပၚႏွစ္လွမ္း‌ေလာက္တက္ၿပီး စတစ္ကာကေနလွမ္းၾကည့္ေတာ့ ကားေပၚမွာသုံးေယာက္ေတြ႕တယ္။ တစ္ခ်ိဳ႕လည္း ကားေအာက္ဆင္းေနၿပီ၊ ကားေမာင္းတဲ့လူလည္းရွိတယ္၊ က်ေနာ့္ဝန္ထမ္းေတြနဲ႔ သူတို႔ရင္းႏွီးၾကပါတယ္။ အေနၾကာဝန္ထမ္းေတြဆိုေတာ့ သိၾကတာေပါ့ဗ်ာ ၊ သူတို႔အခ်င္းခ်င္း ရင္းႏွီးၾကပါတယ္။ ကၽြန္ေတာ္ကကားနဲ႔ျပန္ေမာင္းထြက္လာတယ္၊ သူတို႔က အံစာတုံးကားအနက္၊ မီနီဘတ္၊ ဆိုင္ကယ္သုံးစီးနဲ႔လိုက္လာၿပီး ရန္လုပ္တယ္ေပါ့ဗ်ာ၊ အဲဒါေၾကာင့္ခင္ဗ်ားတို႔ ရွင္းခ်င္ရင္ ရဲစခန္းလိုက္ခဲ့ပါလို႔ ေျပာလိုက္တယ္”လို႔ ပဲခူးၿမိဳ႕နယ္သစ္ေတာဦးစီးမႉးဦးေအာင္မင္းသူ ကေျပာပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး သစ္ေတာဦးစီးဦးေအာင္မင္းသူကလည္း ေဒၚမာမာေအးပါ(၄)ဦးကို (ပ)၄၅၈/၂၀၁၉၊ ပုဒ္မ ၃၅၃/၁၁၄တို႔နဲ႔ ျပန္လည္အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ပဲခူး #သစ္ေတာဝန္ထမ္း #အမွဳဖြင့္

Related posts

Leave a Comment

VOM News

FREE
VIEW