ရန်ကုန်၊ ဒီဇင်ဘာ – ၁၉၊ ၂၀၁၉ အောင်ထူးနိုင်(VOM) ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ (ဒီဇင်ဘာ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တိုက်ပွဲဖြစ်ပွားမှု ၁၃ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု နှစ်ဦး ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ(ISP Myanmar) က သိရပါတယ်။ “ဒါဟာ တိုက်ပွဲဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကတော့ ယူဆရခက်ပါတယ်။ လက်နက်ကိုင်ဘက်ကလည်း တစ်မျိုးပြောမယ်၊ အစိုးရဘက်ကလည်း တစ်မျိုးပြောမယ်၊ ဒီလိုအခြေအနေဆိုတော့ ကျွန်တော်တို့က သတင်းစာတို့၊ ဂျာနယ်တို့မှာ ပါပြီးသား သတင်းတွေကိုပဲ အတည်ပြုယူပြီး ပြန်လည်ဖော်ပြတာဖြစ်တယ်” လို့ ISP Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက VOM ကို ပြောပါတယ်။ ISP Myanmar က ဖော်ပြတဲ့စာရင်းအရ ဒီဇင်ဘာ…
Read MoreMonth: December 2019
အင်ဒိုနီးရှားမှာ အာဖရိကဝက်တုပ်ကွေးရောဂါ စိုးရိမ်ဖွယ်ကူးစက်ပျံ့နှံ့နေ
ဂျကာတာ၊ ဒီဇင်ဘာ-၁၉-၂၀၁၉ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ အာဖရိကဝက်တုပ်ကွေးရောဂါ စိုးရိမ်ဖွယ်ရာ ကူးစက်ပျံ့နှံ့နေပြီး အာရှဒေသတစ်ဝန်းမှာ ဝက်တွေသေဆုံးပြီး လယ်သမားတွေကို ထိခိုက်စေတဲ့ အာဖရိကဝက်တုပ်ကွေးဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရသော နောက်ဆုံးအာရှနိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ အနောက်ဆူမာတြားဒေသမှာတော့ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် ဝက်ကောင်ရေ ၃၀၀၀၀ နီးပါးသေဆုံးသွားတယ်လို့ အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီရောဂါကြောင့် တရုတ်နိုင်ငံမှာ ဝက်ကောင်ရေထက်ဝက်ကျော် သေဆုံးဖွယ် ရှိနေပါတယ်။ သြစတြေးနိုင်ငံဟာလည်း ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုေွ မြင့်တက်နေကာ ဇီဝလုံခြုံရေး အစီအမံတွေ တိုးမြင့်လုပ်ဆောင်နေပါတယ်။ အာဖရိကဝက်တုပ်ကွေးရောဂါဟာ လူသားတွေအတွက် အန္တရာယ်မရှိပေမယ့်လည်း ရက်အနည်းငယ်အတွင်း ဝက်တွေကို သေစေနိုင်ပြီး ရောဂါဖြစ်ပွားပါက သေဆုံးနိုင်ခြေ ၁၀၀ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့လုံးဆိုင်ရာ တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီရောဂါပိုးဟာ အလွန်အသက်ပြင်းပြီး ကပ်ပါးခိုစရာမရှိပဲ ခုနစ်ရက်အသက်ရှင်နိုင်ကာ အေးခဲဝက်သားထုတ်ကုန်တွေမှာတော့ လပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။ ရောဂါကြောင့် လက်ရှိအချိန်ထိတရုတ်နိုင်ငံမှာ အကြီးအကျယ်ထိခိုက်နေပြီး…
Read Moreကချင်ပြည်နယ်လွှတ်တော်မှာ သတ္တုအသေးစားနဲ့ လက်လုပ်လက်စားလုပ်ငန်းဥပဒေကြမ်း အတည်ပြု
ကချင်၊ ဒီဇင်ဘာ ၁၉-၂၀၁၉ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်လွှတ်တော် စီးပွားရေးနှုင့် လူမှုရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကော်မတီက တင်သွင်းတဲ့ ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်း ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က ကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ ကချင်ပြည်နယ်မှာခေတ်ကာလအခြေအနေ၊ လုံခြုံရေးအခြေအနေ၊ နယ်မြေမငြိမ်းချမ်းမှုတွေကြောင့် စည်းမဲ့ကမ်းမဲ့ တရားမဝင်သတ္တုတူးဖော်နေတာတွေကို ကန့်သတ်နိုင်ဖို့နဲ့ ကချင်ပြည်နယ်လွှတ်တော်ကနေ အစိုးရရဲ့ သတ္တုရေးရာလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် အတည်ပြုပေးဖို့ မိုးမောက်မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်း ဥပဒေကြမ်းကို အတည်ပြုပေးရေး အဆိုပြု ဆွေးနွေးခဲ့တာဖြစ်ပါတယ်။။ အဲ့ဒီအဆိုကို မံစီမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ထောက်ခံခဲ့ပြီး ကချင်ပြည်နယ်လွှတ်တော်က ကန့်ကွက်မယ့်သူမရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။ #VOM #voiceofmaynmar #ကချင် #လက်လုပ်လက်စားလုပ်ငန်း #လွှတ်တော် Zawgyi ကချင်ပြည်နယ်လွှတ်တော်မှာ သတ္တုအသေးစားနဲ့…
Read Moreစစ်ကိုင်းမြို့မှာ ကျောက်စိမ်းအတွဲပေါင်း ၁၄၀၀ခင်းကျင်းရောင်းချနေ
စစ်ကိုင်း ဒီဇင်ဘာ ၁၉-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းတိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)က ဦးစီးကျင်းပတဲ့ ဒုတိယအကြိမ် ကျောက်စိမ်းအရောင်းပြပွဲကို ဒီဇင်ဘာ၁၈ရက်နေ့ နံနက်ပိုင်းက စတင်ပြီး စစ်ကိုင်းခရိုင်ချင်းဆက်လမ်းရှိ ထက်ကျော် ကိုယ်ပိုင် အထက်တန်းကျောင်းဝန်းအတွင်းမှာ ခင်းကျင်းပြသရောင်းချနေပြီဖြစ်ပါတယ်။ ဒုတိယအကြိမ် ကျင်းပတဲ့ ကျောက်စိမ်းအရောင်းပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း ၁၄၀၀ ခင်းကျင်းရောင်းချလျက်ရှိပြီး ပြပွဲကိုတော့ ဒီဇင်ဘာလ၁၈ ရက်ကနေ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ”ဒီဇင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိက ကျောက်ကြည့်ရက်အဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ရက်တွေက ကျောက်ရောင်းချရက်အဖြစ် တင်ဒါဖွင့်ဖောက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တင်ဒါဖွင့်ဖောက် ဆောင်ရွက်တဲ့အခါမှာလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်တွင်းအခွန် ကျွန်တော်တို့ အသင်းပါတယ်။ စနစ်တကျ ဖွင့်ဖောက်စနစ်ကို ထိန်းသိမ်းပြီး သဘာပတိအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ် “လို့ စစ်ကိုင်းတိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဒု-ဥက္ကဌ(၁)ဦးကျော်ဌေးက ပြောပါတယ်။ စစ်ကိုင်းမြို့နယ်အတွင်း…
Read Moreမြောက်ဦးမှာ မူးယစ်ဆေးသံုံးစွဲသူတွေနဲ့ ရောင်းချသူတချို့ကို အေအေဖမ်းဆီး
မြောက်ဦး၊ ဒီဇင်ဘာ ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က မြောက်ဦးမြို့ပေါ်နေရာတော်တော်များများမှာ မူးယစ်ဆေးသုံးစွဲနေကြတဲ့ လူငယ် ၂၄ ဦးနဲ့ မူးယစ်ဆေးရောင်းချပေးနေသူတချို့ကို ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးသွားခဲ့တယ်လို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။ အဲ့ဒီမူးယစ်ဆေးသုံးစွဲနေသူတွေဟာ မြောက်ဦးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ တောင်ရပ်၊ လက်ကောက်ဈေး၊ အောင်တပ် စတဲ့နေရာတွေက လူငယ်တွေဖြစ်ပြီး အဲ့ဒီလူငယ်တွေကိုစစ်ဆေးချက်အရ သူတို့ကိုမူးယစ်ဆေး ရောင်းချပေးနေတဲ့ အောင်မင်္ဂလာ၊ အောင်တပ်စတဲ့ရပ်ကွက်တွေက ရောင်းဝယ်ဖောက်ကားနေသူတချို့ ကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “ဖမ်းတာကတော့ ၁၅ ရက်နေ့က ဖမ်းသွားတာပါ။ နေ့လည် ၂ နာရီကနေ ည ၈ နာရီအထိဖမ်းဆီးခဲ့တာပါ။ အကုန်လုံးက သုံးစွဲနေသူတွေဖြစ်ပါတယ်။ ကလေးအယောက် ၂၀ ကျော်ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ လူငယ်တွေက ချုံအုပ်တွေနဲ့ လူသူတိတ်ဆိတ်တဲ့နေရာတွေမှာ အဲ့လို မူးယစ်ဆေးတွေသုံးစွဲနေကြတာပါ။”လို့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။ အခုလိုမျိုး…
Read Moreဘဏ်ကနေ ငွေထုတ်ပြန်လာသူတွေကို စောင့်ကြည့်လုယက်သူနှစ်ဦး ဖမ်းဆီးရမိ
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉-၂၀၁၉ ရန်အောင်ထွန်း(VOM) မြစ်ကြီးနားမြို့ပေါ်က ဘဏ်တွေကနေ ငွေထုတ်ပြီးပြန်လာသူတွေ ၊ ညဈေးတန်းလာတဲ့ ဧည်သည်တွေကို စောင့်ကြည့်ပြီး လုယက်နေတဲ့အမျိုးသားနှစ်ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ အမှုဖြစ်ပွားရာမှာ အဓိကဦးဆောင်သူကတော့ မြစ်ကြီးနားမြို့၊ နယ်မြေ ၁၈၊ ရမ်ပူရပ်ကွက်က အောင်ဇင်ကို (ခေါ်) အလီဇွတ်လာ အသက် ၂၄ နှစ်နဲ့ အောင်နန်းရပ်ကွက်က အသက် ၂၀ အရွယ်သိန်းထွန်းဦးတို့ ဖြစ်ပြီး သူနှစ်ဦးဟာ မယားညီအစ်ကို တော်စပ်ကာ ဆိုင်ကယ်ကယ်ရီလုပ်ငန်း လုပ်ကိုင်သူတွေလို့ မြစ်ကြီနားမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ ပြောပြချက်အရ သိရပါတယ်။ “ဒီလူတွေက ညဈေးတန်းတွေမှာ လာတဲ့ဧည့်သည်တွေ ၊ ဘဏ်တွေမှာ ငွေအပ်ဖို့လာတာပဲ ဖြစ်ဖြစ် ငွေထုတ်ဖို့လာတာပဲဖြစ်ဖြစ် စောင့်ကြည့်ပြီး လုယက်တာပေါ့ ၊ လောလောဆယ်အမှုတွေက ဒီကောင်တွေအများဆုံးဖြစ်နေတာ ၊ သက်သေခံပစ္စည်းတွေသိမ်းပြီး ဥပဒေအတိုင်းဆက်ဆောင်ရွက်မှာပါ” လို့…
Read Moreဆိုင်ကယ်စတန့်မှာ ကမ္ဘာ့အဆင့်အတန်းမှီဖို့ ကြိုးစားနေတဲ့ ၁၉ နှစ်အရွယ် သက်နောင်ဇော်
Read Moreထင်းခုတ်သွားတဲ့ ကျောင်းတောင်ရွာသားတစ်ဦး မိုင်းနင်းပြီးသေဆုံး
မြောက်ဦး၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာသားတစ်ဦးဟာ မနေ့က ညနေပိုင်းမှာ ကျေးရွာအနီး ထင်းခုတ်သွားချိန် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲပြီး သေဆုံးသွားသူမှာ အသက် ၄၃ နှစ်အရွယ် ဦးမောင်မြင့်ဦးဖြစ်ပြီး အဲ့ဒီတောတောင်တွေမှာ လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူလည်းဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ “သူက အဲ့ဒီအနီးဝန်းကျင်မှာ လယ်တွေလည်းရှိတယ်။ ပန်းခင်းတွေစိုက်တယ်။ မနေ့က သူအမြဲတမ်းသွားနေတဲ့တောင်ဆိုပြီး ထင်းသွားခုတ်တာ။ အဲ့ဒီမှာ မိုင်းပေါက်ကွဲပြီး သေဆုံးသွားပါတယ်။”လို့ ကျောင်းတောင် ကျေးရွာသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျောင်းတောင်ကျေးရွာ အရှေ့ဘက်တောင်တန်းတွေမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီးတော့ အခုမိုင်းပေါက်ကွဲတဲ့နေရာတွေမှာ တပ်မတော်စစ်ကြောင်းတွေ သွားလာလှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ “မိုင်းပေါက်ကွဲတဲ့နေရာက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့ ဝေးပါတယ်။ ရွာနဲ့သိပ်မဝေးတဲ့နေရာပါ။…
Read Moreစစ်ဘေးရှောင်တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေ ပြန်ဖော်ထုတ်ပေးဖို့တောင်းဆို
မန်စီ၊ ဒီဇင်ဘာ ၁၈-၂၀၁၉ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မုန်းတိန်းပါကျေးရွာက ပြန်လည်အခြေချနေထိုင်နေတဲ့ စစ်ဘေးရှောင်တွေရဲ့ လယ်ယာမြေ ၃၆၃ ဧကကျော်ကို နိုင်ငံတော်အစိုးရအကူအညီနဲ့ ပြန်လည်ဖော်ထုတ်ပေးဖို့ ဒီဇင်ဘာ ၁၇ ရက်ကကျင်းပတဲ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ “ပြန်နေတာ ၂ လလောက်ပဲ ရှိသေးလို့ အခက်အခဲများစွာရှိတဲ့အထဲက အရေးအကြီးဆုံး ဖြစ်တဲ့ လုပ်ကိုင်စားစရာမြေအတွက်တောင်းဆိုပေးတာဖြစ်တယ်”လို့ မံစီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောပါတယ်။ အဲ့ဒီ မုန်းတိန်းပါကျေးရွာမှာ အရင်က အိမ်ခြေ တစ်ရာကျော်ရှိခဲ့ပြီး တစ်ကျော့ပြန်စစ်ပွဲကြောင့် ရှစ်နှစ်လောက် စစ်ရှောင်စခန်းတွေမှာ နေခဲ့ပြီးမှ မြို့နယ်ထွေအုပ် ၊ လွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိသူတွေရဲ့ ကူညီမှုနဲ့ အိမ်ထောင်စု ၆၀ လောက် ပြန်လည်အခြေချနေထိုင်နေထိုင်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar…
Read Moreကျားဖောင်လုပ်ငန်းမှာ ရေလုပ်သားအချို့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေရှိနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၈-၂၀၁၉ စွဲ့ဝတီ(VOM) ကျားဖောင်လုပ်ငန်းပေါ်မှာ ကျန်းမာရေးချို့တဲ့လို့ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိတဲ့ အလုပ်သမားတွေကို ဆဲဆိုကြိမ်းမောင်းတာတွေ ရိုက်နှက်ညှဉ်းပန်းပြီး ခိုင်းစေတာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် ရေလုပ်သား အချို့ ပျောက်ဆုံး၊ သေဆုံးသွားကြတဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ သိရပါတယ်။ ကျားဖောင်လုပ်ငန်းဟာ ကမ်းခြေကနေ ရေမိုင် ၃၀ ကျော်မှာ လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ပိုက်ထောင်ပိုက်ဆွဲ အလုပ်ကို နေ့စဉ်ပင်ပန်းကြီးစွာ လုပ်ကိုင်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ပုဇွန်ပြုတ်၊ ငါးခြောက်လှန်း စတဲ့လုပ်ငန်းတွေကိုလည်း အချိန်လုပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ရေလုပ်သားတွေက ခံနိုင်ရည်မရှိတော့ဘဲ ကျန်းမာရေးချို့တဲ့လာကြတယ်လို့ သိရပါတယ်။ ကျားဖောင်လုပ်ငန်းမှာ တရားဝင်လုပ်ကိုင်တဲ့ လုပ်ငန်းရှင်ဦးရေထက် လက်တွေ့မှာ တရားမဝင်လုပ်ငန်းရှင် ဦးရေ ၆ ဆခန့် ပိုမိုများပြားနေပြီး တရားဝင်မှတ်ပုံတင် ရေလုပ်သားမှာလည်း ၄၀၀ ကျော်သာ ရှိနေကာ…
Read More