မန္တလေး ဒီဇင်ဘာ ၂၀-၂၀၁၉ မောင်တာရာ (VOM) မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ဥတည်ကျေးရွာအုပ်စု၊ လေသာရပ်အနီး၊စည်တိုပုံမြို့ရိုးအတွင်းမှာ ပထမ အင်းဝမြို့ကို တည်ထောင်ခဲ့တဲ့ မြို့တည်၊နန်းတည်ဘုရင် သတိုးမင်းဖျားကြေးရုပ်တုကို ဒီကနေ့မနက်ပိုင်းက ဖွင့်လှစ်ထားရှိခဲ့ပါတယ်။ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရရဲ့ ဦးဆောင်လမ်းညွန်မှုနဲ့ ပြုလုပ်ခဲ့တာပြီး၊အခုနှစ် မေလအတွင်းက စိုက်ထူထားခဲ့ပြီး တည်ဆောက်ခဲ့ရာ ဒီကနေ့မှာ ဖွင့်ပွဲအခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ”သတိုးမင်းဖျားနန်းစံခဲ့တဲ့ ပထမအင်းဝခေတ်တင် မကပဲနဲ့ ပထမအင်းဝခေတ် အရင်က ရှိခဲ့ဖူးတဲ့ ပင်းယခေတ် ပထမအင်းဝခေတ် နောက်မှ ရှိတဲ့ ဟံသာဝတီခေတ်နဲ့ ဒုတိယအင်းဝခေတ်တို့က ရှိခဲ့တဲ့ နံ့ရံပန်းချီတွေ ကြေး၊ကျောက်၊အင်္ဂတေတွေ စတဲ့ ရုပ်ထု ရုပ်ကြွတွေကို လေ့လာပြီးတော့မှ ပထမအင်းဝခေတ် နန်းမူ နန်းဟန် အဆင်တန်ဆာတွေနဲ့ သမိုင်းကြောင်းနဲ့ ညီအောင် သတိုးမင်းဖျား ကြေးရုပ်ထုကြီးကို ထုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။”ဟု မြန်မာမှု ဗိသုကာ…
Read MoreMonth: December 2019
ပတ္တမြားမြေမှ လုပ်ကွက် မျှော်လင့်ကြသူများ
အောင်ထူးနိုင်(VOM) နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၉ ရက်နေ့မှာ မိုးကုတ်မြို့ကို သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ် အဓိက အကြောင်းရင်းကတော့ မိုးကုတ်မြို့မှာရှိတဲ့ ညောင်သုံးပင် ပရိယတ္တိသာမဏေကျော် စာသင်တိုက်အတွင်း တည်ဆောက်ပြီးစီးသွားတဲ့ ညောင်သုံးပင် ပရိယတ္တိသာမဏေကျော် သာသနာ့ဗိမာန်တော်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖို့ ဖြစ်တယ်။ မိုးကုတ်ကို ရောက်တယ်ဆိုရင်ပဲ သူ့အတွက် ဆန္ဒထုတ်ဖော်သူတွေနဲ့ ကြုံတွေ့ရတယ်။ ဆန္ဒထုတ်ဖော်သူတွေထဲမှာ မိုးကုတ်ဒေသခံဖြစ်တဲ့ ဦးစိုးဌေး၊ ကိုဇော်ဝင်း၊ ကိုကျော်တင်၊ကိုမျိုးထက်ဇော်၊ ကိုဇော်မျိုးအပါအဝင် ၆ ဦးဖြစ်တယ်လို့ သိရတယ်။ ကျောက်မျက်လုပ်ကွက်ချထားရေးနဲ့ပတ်သက်လို့ တရားမျှတဖို့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုအသိပေးတာလို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။ လက်လုပ်လက်စားတွေအတွက် ချထားပေးမယ့်နေရာတွေက ကျောက်မထွက်တဲ့နေရာဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်။ “ကျွန်မတို့ဒေသခံအနေနဲ့ ကျောက်ထွက်တဲ့နေရာမှာ ရချင်တာပေါ့”လို့ မိုးကုတ်ဒေသခံဖြစ်တဲ့ ဒေါ်ယဉ်ယဉ်မေက ပြောတယ်။ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ဦးစီးပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ရေးဆွဲခဲ့တယ်။ ဒီဥပဒေကို အခုနှစ် ဇန်နဝါရီ ၃၀…
Read Moreကချင်စည်ပင်လေလံအခွန်အရပ်ရပ် လေလံကြေးနှစ်စဉ် ၁၀ ရာခိုင်နှုန်းတိုးမှု ပါယ်ဖျက်ရေးငြင်းပါယ်ခံရ
ကချင်၊ ဒီဇင်ဘာ ၂၀-၂၀၁၉ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်စည်ပင်သာယာလေးလံအခွန် အရပ်ရပ်ကြမ်းခင်းဈေး နှစ်စဉ် (၁၀) ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်လုပ်ကိုင်နေတာက ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေလို့ ပယ်ဖျက်ပေးဖို့ လွှတ်တော်တွင်း မေးမြန်းတောင်းဆိုခဲ့ပေမယ့် စည်ပင်ဝန်ကြီးက ပါယ်ဖျက်မပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထမြောက်နေ့မှာ ဗန်းမော်မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စာလှယ် ဦးအောင်သင်းက မေးမြန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ “နိုင်ငံတော်ကနေ တစ်ဘီလီယံထောက်ပံ့နေတာရှိတယ် ၊ စည်ပင်သာယာရေးအခွန်မှာလည်း ငှက်ပျောတစ်သျှူးတွေ ၊ ဗန်းမော်ရှိတယ် ဝိုင်းမော်ရှိတယ် ဒါတွေကနေ အခွန်ရရှိနေတာရှိပါတယ်။ ကြမ်းခင်းဈေးတွေကို မနှစ်ကကြမ်းခင်းဈေးက တစ်ခါ၊ ကျွန်တော်တို့ ဈေးပြိုင်ပစ်လိုက်တယ်၊ ဒီပစ်လိုက်တဲ့ဟာ ဒီနှစ်ကြမ်းခင်းဈေးပြန်ဖြစ်တယ်၊ ၁၀ ရာခိုင်နှုန်းတက်တယ်ဆိုတော့ နှစ်စဉ်ဒီလိုသာတက်နေရင် ဒါပြည်သူလူထုရဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်။ လျှပ်စစ်ကလည်းအခု အခွန်အခတွေတက်နေတယ်၊ အလုပ်အကိုင်ရှားပါးမှု…
Read Moreမန္တလေးမြို့ ကလေးဆေးရုံကြီးမှာ အသည်းအစားထိုး ခွဲစိတ်ကုသမှုလုပ်နိုင်ဖို့ ဆောင်ရွက်နေ
ရန်ကုန် ဒီဇင်ဘာ ၁၉-၂၀၁၉ သိဂီ ၤ(VOM) မန္တလေးမြို့ ကလေးဆေးရုံကြီးမှာ အသည်းအစားထိုး ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်နိုင်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ဂျပန်နိုင်ငံနဲ့ပူးပေါင်းပြီး ယခုနှစ်၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်ကလေးဆေးရုံကြီးမှာ အသည်းအစားထိုးခွဲစိတ်မှု (၃) ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်နည်းတူ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးရဲ့ ကလေးဆေးရုံကြီးမှာလည်း အသည်းအစားထိုးခွဲစိတ်ကုသမှုတွေ ဆောင်ရွက်နိုင်ဖို့တွက် ဆေးနှင့် ဆေးနှီးနွှယ် ဘာသာရပ်စုံပါဝင်သော အဖွဲ့ကို ဖွဲ့စည်းထားရှိပြီးဖြစ်တယ်လို့သိရပါတယ်။ “ဒီလို ခက်ခဲရှုပ်ထွေးတဲ့ အသည်းအစားထိုး ခွဲစိတ်ကုသမှုတွေကို မြန်မာနိုင်ငံမှာ ဆာင်ရွက်နိုင်လာတာဟာ ဂုဏ်ယူစရာတစ်ခုပါ။လာမယ့် ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအနေနဲ့ ဖွဲ့စည်းထားရှိတဲ့ ဆေးပညာဘာသာရပ်အသီးသီးက ဘာသာရပ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့တွေရဲ့ အကြံပြုချက်တွေကိုရယူပြီး ဆေးဝါး၊ ဆေးပစ္စည်းနှင့် စက်ကိရိယာတွေကို ဝယ်ယူသွားမှာဖြစ်တယ်” လို့ ဒီဇင်ဘာလ ၁၈ ရက်တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး…
Read MoreJICM အစည်းအဝေးကျင်းပနိုင်ရေးအတွက် ကောင်းကောင်းပြင်ဆင်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးစိုင်းငင်းပြောဆို
ချင်းမိုင်၊ ဒီဇင်ဘာ ၁၉ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကျင်းပနိုင်ရေးအတွက် ကောင်းမွန်တဲ့ပြင်ဆင်မှုကို ပြုလုပ်နိုင်ခဲ့ပြီလို့ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုလိုက်ပါတယ်။ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ရဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး (တတိယအကြိမ်)ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေး နိဂုံးချုပ်အမှာစကားကို အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းမှ ပြောကြားရာမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေများကို လက်တွေ့ကျကျ ဆန်းစစ် သုံးသပ်နိုင်ခဲ့လို့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ရာမှာ များစွာ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်” လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။…
Read Moreနိုင်ငံတော်အတိုင်ပင်ခံခရီးစဉ်အတွင်း မာန်အောင်မြို့မှာ မိုင်းသုံးလုံးပေါက်ကွဲ
မာန်အောင်၊ ဒီဇင်ဘာ ၁၉- ၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက မာန်အောင်မြို့မှာ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရေးအတွက် ဆိုလာစနစ်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ဖွင့်လှစ်ပေးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီကနေမနက်ပိုင်းက တက်ရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခရီးစဉ်မတိုင်မီ နာရီပိုင်းအလို မနက် ၆ နာရီခွဲခန့်က မာန်အောင်မြို့ပေါ်တစ်နေရာမှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတွေကို တင်းကျပ်ထားခဲ့ရတယ်လို့ သိရပါတယ်။ “မနက် ၆ နာရီကျော်လောက်မှာ ပေါက်ကွဲသံ သံုံးချက်ဆက်တိုင်းကြားလိုက်ရတယ်။ မိုင်းပေါက်တယ်လို့တော့ သတင်းရပါတယ်။ ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူး။ လူထိခိုက်မှုတွေတော့မရှိဘူး”လို့ မာန်အောင်ဒေသခံတစ်ဦးက ပြောပါတယ်။ မိုင်းပေါက်ကွဲတဲ့နေရာဟာ ဆိုလာလျှပ်စစ်မီးစက်ရုံဖွင့်ပွဲသို့ သွားရာလမ်းမှာရှိတဲ့ မာန်အောင်ဟိုတယ်အနီးက သင်္ချိုင်းနေရာ လမ်းဘေးမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အတည်ပြုပြောဆိုပါတယ်။ “မိုင်းကွဲတာဟုတ်ပါတယ်။ ဘယ်အဖွဲ့အစည်းကလုပ်တာလဲ။ ဘယ်သူတွေလဲဆိုတာတော့ အတည်ပြုပြေားဖို့ခက်ပါတယ်။ မိုင်းက သုံးလုံးကွဲတာပါ။ ဟိုတယ်နဲ့ လေယာဉ်ကွင်းအစပ်မှာကွဲတာပါ။”လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ မာန်အောင်မြို့ဟာ…
Read Moreရှမ်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း ဘိန်းခင်း ဧကပေါင်း ၉၀၀ ခန့် ဖျက်ဆီးခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ -၂၀၁၉ အောင်ထူးနိုင်(VOM) ရှမ်းပြည်နယ်ထဲက မြို့နယ်တချို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ဘိန်းစိုက်ခင်းဖျက်ဆီးမှု ဧကပေါင်း ၉၀၀ ခန့် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ဘိန်းစိုက်ခင်းတွေရှိတဲ့ ဟိုပုန်း၊ ပင်လောင်း၊ ဆီဆိုင်၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ ညောင်ရွှေ၊ ဖယ်ခုံ၊ လဲချား၊ နမ့်စန်၊ ငဖဲ၊ လွိုင်လင်၊ မိုင်းကိုင်၊ တောင်ကြီး၊ ကျေးသီးနဲ့ မိုင်းပျဉ်းမြို့နယ်တွေမှာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဘိန်းစိုက်ခင်းတွေကို သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘိန်းခင်းတွေနဲ့ပတ်သက်လို့ အပင် ၆ လက်မခန့်ရှိ ဖွံ့ဖြိုးဆဲအနေအထားတွေနဲ့ သီးပွင့်အနေအထားတွေ ရောက်ရှိနေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ဘိန်းခင်းဖျက်ဆီးမှုတွေနဲ့ပတ်သက်လို့ ပုံမှန်သတင်းထုတ်ပြန်မှုတွေ လုပ်နေသလို မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေပတ်သက်လို့လည်း…
Read Moreဂြိုလ်တုဆက်သွယ်ရေးစနစ် မတပ်ဆင်တဲ့ ကမ်းဝေးငါးဖမ်းလှေတွေကို ငါးဖမ်းထွက်ခွာခွင့် ပိတ်သိမ်းမယ်
ရန်ကုန် ဒီဇင်ဘာ ၁၉ -၂၀၁၉ သိဂီ ၤ(VOM) ဂြိုလ်တုဆက်သွယ်ရေး ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (VMS)မတပ်ဆင်တဲ့ ကမ်းဝေးငါးဖမ်းလှေတွေကို ပင်လယ်ပြင် ငါးဖမ်းထွက်ခွာခွင့် ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။ “ ဒီလို ပင်လယ်ပြင် ငါးဖမ်းထွက်ခွာခွင့် ပိတ်သိမ်းမှုကို လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ လကုန်ကစပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လက်တလောမှာတော့ ရေယာဉ်တွေကို စက်(Vessel Monitoring System – VMS) တွေတပ်ဆင်ဖို့ နောက်ဆုံးသတ်မှတ်ရက်အဖြစ် ဇန်နဝါရီလကုန်ထိ လုပ်ခွင့်ပေးထားပါတယ်။ ဒီနှစ် ဒီဇင်ဘာမှာ အပြီးတပ်ခိုင်းထားတယ်။ နောက်ဆုံးကတော့ တစ်လပိုင်း၃၁ရက်နေ့ထိ အပြီးမတပ်ဆင်ဘူးဆိုရင်တော့ ရေယာဉ် တွေကို ပင်လယ်ပြင်ထွက်ခွာခွင့် လုံးဝပိတ်လိုက်မှာပါ။ ရန်ကုန်မှာတော့ ရေယာဉ် တော်တော်များများက တပ်ဆင်ပြီးသွားပြီ။ တချို့ကလည်း တပ်ဆင်ဆဲပေါ့။ VMS တပ်ဆင်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ ကုမ္ပဏီတွေကိုတော့ လောလောဆယ်မှာ…
Read Moreမြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ဗစ်တိုးရီးယားကလေးငယ်ဖြစ်စဥ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်
Read Moreသမ္မတဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်အရေးယူဖို့ အမေရိကန်အောက်လွှတ်တော်ဆုံးဖြတ်
ဝါရှင်တန်၊ ဒီဇင်ဘာ -၁၉၊ ၂၀၁၉ မျိုးဆက် (VOM) သမ္မတဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်အရေးယူရေးအတွက် အမေရိကန်အောက်လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်တာကြောင့် သူဟာ အမေရိကန်သမိုင်းမှာ စွပ်စွဲပြစ်တင်ခံရတဲ့ တတိယမြောက် သမ္မတဖြစ်လာပါတယ်။ အောက်လွှတ်တော်က ဒီလိုအတည်ပြုလိုက်ပြီးနောက် ဒေါ်နယ်ထရန့် သမ္မတရာထူး ဆက်လက်ထမ်းဆောင်ခွင့်ရှိ မရှိဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်မှာ ဆက်လက်ကြားနာသွားမှာဖြစ်ပါတယ်။ သမ္မတထရန့်ဟာ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက်တစ်ဦးဖြစ်သူ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်အပေါ် စုံစမ်းစစ်ဆေးပေးဖို့ သမ္မတအာဏာအလွဲသုံးစွာလုပ်ကာ ယူကရိန်းကို ဖိအားပေးခဲ့ပြီး ကွန်ဂရက်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဟန့်တားနှောင့်ယှက်ခဲ့တာကြောင့် သူ့ကိုစွပ်စွဲပြစ်တင် အရေးယူဖို့လုပ်ဆောင်ရတာဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီက ပြောပါတယ်။ မဲခွဲမှုပြုရာမှာ ဒီမိုကရက်တစ်အမတ်တွေအားလုံးက ထောက်ခံမဲပေးခဲ့ပြီး ရီပတ်ဘလီကန်အမတ်တွေကတော့ ကန့်ကွက်ခဲ့ကြပါတယ်။ စွဲချက်နှစ်ခုအနက် သမ္မတအာဏာအလွဲသုံးစွဲမှုမှာ ထောက်ခံမဲ ၂၃၀ ၊ကန့်ကွက်မဲ ၁၉၇ မဲ၊ ကွန်ဂရက်ရဲ့လုပ်ငန်းတွေကို တားမြစ်ပိတ်ဆို့မှု စွဲချက်အတွက် ထောက်ခံမဲ…
Read More