ပတ္တမြားမြေမှ လုပ်ကွက် မျှော်လင့်ကြသူများ

အောင်ထူးနိုင်(VOM)

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၉ ရက်နေ့မှာ မိုးကုတ်မြို့ကို သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ် အဓိက အကြောင်းရင်းကတော့ မိုးကုတ်မြို့မှာရှိတဲ့ ညောင်သုံးပင် ပရိယတ္တိသာမဏေကျော် စာသင်တိုက်အတွင်း တည်ဆောက်ပြီးစီးသွားတဲ့ ညောင်သုံးပင် ပရိယတ္တိသာမဏေကျော် သာသနာ့ဗိမာန်တော်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖို့ ဖြစ်တယ်။

မိုးကုတ်ကို ရောက်တယ်ဆိုရင်ပဲ သူ့အတွက် ဆန္ဒထုတ်ဖော်သူတွေနဲ့ ကြုံတွေ့ရတယ်။ ဆန္ဒထုတ်ဖော်သူတွေထဲမှာ မိုးကုတ်ဒေသခံဖြစ်တဲ့ ဦးစိုးဌေး၊ ကိုဇော်ဝင်း၊ ကိုကျော်တင်၊ကိုမျိုးထက်ဇော်၊ ကိုဇော်မျိုးအပါအဝင် ၆ ဦးဖြစ်တယ်လို့ သိရတယ်။

ကျောက်မျက်လုပ်ကွက်ချထားရေးနဲ့ပတ်သက်လို့ တရားမျှတဖို့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုအသိပေးတာလို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။ လက်လုပ်လက်စားတွေအတွက် ချထားပေးမယ့်နေရာတွေက ကျောက်မထွက်တဲ့နေရာဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်။

“ကျွန်မတို့ဒေသခံအနေနဲ့ ကျောက်ထွက်တဲ့နေရာမှာ ရချင်တာပေါ့”လို့ မိုးကုတ်ဒေသခံဖြစ်တဲ့ ဒေါ်ယဉ်ယဉ်မေက ပြောတယ်။

ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ဦးစီးပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ရေးဆွဲခဲ့တယ်။ ဒီဥပဒေကို အခုနှစ် ဇန်နဝါရီ ၃၀ နေ့ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တယ်။ ဥပဒေပြဋ္ဌာန်းပြီးနောက် လက်လုပ်လက်စားတွေအတွက် လုပ်ကွက်ချထားရေးနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

လက်လုပ်လက်စားတွေအတွက် လုပ်ကွက်အဖြစ် မြေဧက ရှစ်သောင်းကျော် လျာထားတယ်လို့ သိရတယ်။ မြေဧကရှစ်သောင်းကျော်(၈၂၂၀၀)ထဲမှာ လောင်းစင်၊ ရေဝေ၊ ပင်သပြေနဲ့ ပိန်းမြစ် အစရှိတဲ့ နေရာတွေက မြေတွေပါဝင်တယ်။ ဒီမြေနေရာတွေကို ဇုံသုံးခု ပိုင်းခြားသတ်မှတ်ခဲ့တယ်။ ဇုံ(၁)မှာ ၆၅၆၂၈ ဧက၊ ဇုံ (၂)မှာ ၁၀၁၅၃ ဧကနဲ့ ဇုံ (၃)မှာ ၆၄၃၈ ဧက ပါဝင်တယ်လို့ သတ္ထုတွင်း ဦးစီးဌာနက ထုတ်ပြန်တဲ့ မြေပုံတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

အဲဒီလုပ်ကွက်တွေကို မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ ထွက်ရှိပြီးမှသာ လုပ်ပိုင်ခွင့် ချထားပေးမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သတ္ထုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေက မီဒီယာတွေကို ဖြေဆိုထားတာ တွေ့ရတယ်။

ဒါပေမယ့် ဒီနေ့အချိန်အထိ နည်းဥပဒေထွက်ပေါ်လာခြင်းမရှိသေးဘူး။ ဒါ့အပြင် ကျောက်မျက်မူဝါဒ(၃၇) ချက်ကို နယ်ပယ်အသီးသီးက ပညာရှင်တွေ စုပေါင်းရေးဆွဲထားပြီး အစိုးရကို တင်ပြထားပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရတယ်။

“ကျောက်မျက်မူဝါဒကို အတည်ပြုပြီး အကောင်အထည်ဖော်နိုင်ရင်တော့ နိုင်ငံတော်အတွက် အခွန်တွေ ပိုရလာနိုင်တယ်”လို့ သဘာဝသယံဇာတအရင်းအမြစ်စီမံခန့်ခွဲမှု အကြံပေးအဖွဲ့(NRGI)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမော်ထွန်းအောင်က ပြောတယ်။

မြန်မာနိုင်ငံအနေနဲ့ တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင်းလင်းမြင်သာမှုဖော်ဆောင်ရေးလုပ်ငန်းစဉ် (EITI)မှာ အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တု၊ ကျောက်မျက်နဲ့ ပုလဲကဏ္ဍတို့ နဲ့ သက်ဆိုင်တဲ့ အစီရင်ခံစာ လေးစောင်ထုတ်ပြန်ပြီးဖြစ်တယ်။

၂၀၁၆-၂၀၁၇ ခုနှစ်မှာ အစိုးရက ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တုထုတ်လုပ်ခွင့် လိုင်စင် ၂၁၀၀၀ကျော် ထုတ်ပေးထားတယ်။ အဲဒီထဲကမှ ကျောက်စိမ်းနဲ့ကျောက်မျက်တူးဖော်ခွင့်လိုင်စင် နှစ်သောင်းကျော်(၂၀၄၅၃) ရှိ တယ်လို့ EITI အစီရင်ခံစာမှာ ဖော်ပြထားတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်အထိ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် အသေးစား၊ အလတ်စား၊ အကြီးစားနဲ့ လက်လုပ်လက်စားအပါအဝင် စမ်းသပ်ကျောက်မျက်လုပ်ကွက် ၁၂၅၀ ကျော် ခွင့်ပြုမိန့်ထုတ်ပေးထားတယ်လို့ သိရတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲခွင့် ရရှိမယ့် လုပ်ကွက်တွေနဲ့ပတ်သက်လို့ လွှတ်တော်မှာဆွေးနွေးဖို့ အတွက် ပြင်ဆင်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ မိုးကုတ်လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က VOM ကို ပြောပါတယ်။

သယံဇာတကဏ္ဍဟာ မြန်မာနိုင်ငံစီးပွားရေးအတွက် အရေးပါနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်မှာဆိုရင် သယံဇာတကဏ္ဍကနေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ကောက်ခံရရှိခဲ့တယ်လို့ EITI အစီရင်ခံစာကနေ သိရပါတယ်။ ဒါပေမယ့် ကျောက်စိမ်း၊ ကျောက်မျက်နဲ့ သတ္တုကဏ္ဍဟာ အခွန်ကောက်ခံရရှိမှု နည်းပါးခဲ့တယ်။

“ဒါက အခွန်ရှောင်တာနဲ့ မှောင်ခိုတူးဖော်တာတွေ များနေလို့ အစိုးရအတွက် အခွန်ငွေလျော့နည်းတာ”လို့ (NRGI)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမော်ထွန်းအောင်က ပြောတယ်။

EITI ရဲ့ အစီရင်ခံစာအရ ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်းတွေမှာ တပ်မတော်ပိုင်ကုမ္ပဏီတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က ၉၃ ရာခိုင်နှုန်းလောက် ပါဝင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် EITI ရဲ့ အစီရင်ခံစာအရ ဓာတ်သတ္တုနဲ့ ကျောက်မျက်တွေကို ပေါက်ဈေးအမှန်ထက် လျော့ပေါ့ပြီး တန်ဖိုးဖြတ်တင်ပြကြတယ်လို့ ဖော်ပြထားတယ်။ ကုမ္ပဏီဘက်ကလည်း အစိုးရကိုပေးသွင်းရမယ့် တွင်းဝခွန်နှုန်း လျော့နည်းအောင် တန်ဖိုးလျော့ပေါ့ပြီး တင်ပြတယ်လို့ ဆိုတယ်။ ကျောက်မျက်လောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရာဖြတ်အဖွဲ့ရဲ့ စံသတ်မှတ်နှုန်းက အရေးကြီးတယ်လို့ သိရတယ်။

မိုးကုတ်မြို့ရဲ့ ထာပွဲဈေးမှာတော့ စံသတ်မှတ်နှုန်းမရှိတဲ့အတွက် အတွေ့အကြုံနဲ့ပဲ ဈေးနှုန်းဖြတ်ကြတာလို့ ကျောက်ဝယ်ရောင်းတစ်ဦးဖြစ်တဲ့ ဦးဝေလှိုင်က ပြောပါတယ်။ VOM က ချဉ်းကပ်မေးမြန်းခဲ့တဲ့ ကျောက်ကျွမ်းကျင်သူတွေကလည်း ဦးဝေလှိုင်လိုပဲ ပြောကြတယ်။

“အရည်အသွေးက မှန်မှန်ကန်ကန်ဖြတ်ဖို့လိုတယ်။ တချို့ကျတော့ ရာဖြတ်ကြပြီဆိုရင် ဈေးနှုန်းကို အခွန်လွတ်ချင်တော့ လျော့ဖြတ်တဲ့လူတွေလည်း အများကြီးပဲ”လို့ ဦးဝေလှိုင်က ပြောပါတယ်။

ကုမ္ပဏီက အခွန်ရှောင်တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ပတ္တမြားနဂါးကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ တာဝန်ရှိသူက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ငြင်းဆိုခဲ့ပါတယ်။

ပတ္တမြားနဂါးကျောက်မျက်တူးဖော်ရေး ကုမ္ပဏီက အစိုးရနဲ့ဖက်စပ်လုပ်ကိုင်ခွင့် ရရှိခဲ့ပေမယ့် ၂၀၁၆ ခုနှစ်ထဲမှာ လိုင်စင်သက်တမ်းကုန်ခဲ့တယ်။ ဒီနေ့အချိန်အထိ အစိုးရက လိုင်စင်သက်တမ်းတိုးမပေးတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းထားရတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ ရတဲ့ကျောက်ဟာ နိုင်ငံတော်နဲ့အကျိုးတူဖြစ်တဲ့အတွက် ရတဲ့ကျောက်အားလုံးကို ကျွန်တော်တို့ တရားဝင်ရောင်းချပါတယ်”လို့ ပတ္တမြားနဂါးကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးထွန်းဝင်းက ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ရချိန်မှာ နိုင်ငံခြားငွေနဲ့ ရောင်းချတဲ့ ကျောက်ရောင်းရငွေ ယူရို ၁၄.၅၆ သန်း (မြန်မာငွေ ၂၂ ဘီလီယံ)ခန့် ရရှိခဲ့တယ်လို့ ဆိုတယ်။ ရတဲ့ငွေကနေ အစိုးရအတွက် ယူရို ၆.၇ သန်း(မြန်မာငွေ ၁၀ ဘီလီယံ) ခန့် ပေးခဲ့တယ်လို့ ဦးထွန်းဝင်းက ပြောတယ်။

ဒါ့အပြင် မြန်မာကျပ်ငွေနဲ့ရောင်းချတဲ့ ကျောက်ရောင်းရငွေထဲကနေ ၆၂.၈ သန်းကို အစိုးရအတွက် ပေးခဲ့တယ်လို့လည်း ဦးထွန်းဝင်းက ပြောပါတယ်။

ကျောက်မျက်လောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဆင့်မှီတဲ့ ကျောက်မျက်ရောင်းဝယ်ရေးစင်တာရှိဖို့ လိုတယ်လို့ လေ့လာသူတွေလည်း ပြောကြပါတယ်။ ကျောက်မျက်ရောင်းဝယ်ရေးစင်တာ မရှိတဲ့အတွက် မှောင်ခို လမ်းကြောင်းတွေလည်း ဖြစ်ပေါ်နေတာလို့ ကျောက်ရောင်းဝယ်သူတွေက ပြောပါတယ်။

“မိုးကုတ်မှာ အဆင့်အတန်းမီတဲ့ ကျောက်မျက်စင်တာမရှိဘူး။ ကျောက်မျက်စင်တာရှိမယ်ဆိုရင် နိုင်ငံခြားသားက စိတ်ချလက်ချဝယ်လို့ရမယ်”လို့ ထာပွဲကျောက်ကုန်သည်ပွဲစားများအသင်းရဲ့ နာယက ဦးမြင့်ဝေက ပြောပါတယ်။

လက်လုပ်လက်စားတွေအတွက် လုပ်ကွက်ချထားရေးနဲ့ပတ်သက်လို့ အတည်ပြုလို့မရနိုင်သေးပေမယ့် ကျောက်ထွက်မယ့် နေရာတွေကိုပဲ ချထားပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

“ကျွန်မတို့ ဒေသခံတွေအတွက် ကျောက်မထွက်တဲ့နေရာမှာ ချထားပေးတာကတော့ လုံးဝမဖြစ်သင့်ဘူး”လို့ မိုးကုတ်ဒေသခံ ဒေါ်ယဉ်ယဉ်မေက ပြောတယ်။

ကျောက်မျက်ပြန်လည်တူးဖော်ခွင့်ရရှိဖို့အတွက် အစိုးရရဲ့ ခွင့်ပြုမိန့်ကို ထိုင်စောင့်နေတဲ့ ပတ္တမြားနဂါးကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးထွန်းဝင်းကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။“ကျောက်ထွက်တဲ့နေရာမှာ လက်လုပ်လက်စားကို ပေးတာတော့ ကျွန်တော်တို့ ကန့်ကွက်စရာမရှိဘူး။ ကျေနပ်တယ်၊ သဘောတူတယ်၊ လက်လုပ်လက်စားတွေကို ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းကြား ခွဲပေးနိုင်ရင်တော့ ပိုကောင်းတယ်”လို့ ဦးထွန်းဝင်းက ပြောပါတယ်။

ကျောက်ကောင်းတွေ့တဲ့အချိန်ကျမှ စီမံကိန်းနဲ့ ရေရှည်ရင်းနှီးမြုပ်နှံထားတဲ့ လုပ်ငန်းကို သက်တမ်းမတိုးပေးဘဲ ရပ်နားထားတဲ့အတွက် နိုင်ငံတော်ကလည်း အခွန်တွေ နစ်နာမှုရှိသလို လုပ်ငန်းရှင်ဘက်ကလည်း ရင်းနှီးမြုပ်နှံထားတာတွေ ပြန်မရသေးဘူး။ ဝန်ထမ်းတွေရဲ့စားဝတ်နေရေးလည်း အများကြီး ထိခိုက်သွားတယ်လို့ ဦးထွန်းဝင်းက သူ့ကုမ္ပဏီရဲ့ စက်ယန္တရားတွေကို ကြည့်ရင်း ညည်းတွားပြောဆိုပါတယ်။

ဦးထွန်းဝင်းလိုပဲ ဒေါ်ယဉ်ယဉ်မေတစ်ယောက်ကတော့ အခုချထားပေးမယ့်နေရာက ဝေးတာထက် ကျောက်ထွက်တယ်ဆိုတဲ့ သမိုင်းမရှိသလောက်ပဲ။ ဘယ်လောက်ဝေးမလဲဆိုတာတော့ သေချာမသိသေးဘူးလို့ အဝေးတစ်နေရာ ငေးမောရင်း မိုးကုတ်က ကျောက်မျက်လုပ်ကွက်တွေအကြောင်းကို ပြောပြခဲ့ပါတယ်။

#VOM #voiceofmyanmar #မိုးကုတ် #ပတ္တမြားလုပ်ကွက်

zawgyi

ပတၱျမားေျမမွ လုပ္ကြက္ ေမွ်ာ္လင့္ၾကသူမ်ား

ေအာင္ထူးႏိုင္(VOM)

ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ႏိုဝင္ဘာ ၉ ရက္ေန႔မွာ မိုးကုတ္ၿမိဳ႕ကို သြားေရာက္ခဲ့ပါတယ္။ သူ႔ရဲ႕ခရီးစဥ္ အဓိက အေၾကာင္းရင္းကေတာ့ မိုးကုတ္ၿမိဳ႕မွာရွိတဲ့ ေညာင္သုံးပင္ ပရိယတၱိသာမေဏေက်ာ္ စာသင္တိုက္အတြင္း တည္ေဆာက္ၿပီးစီးသြားတဲ့ ေညာင္သုံးပင္ ပရိယတၱိသာမေဏေက်ာ္ သာသနာ့ဗိမာန္ေတာ္ဖြင့္ပြဲအခမ္းအနား တက္ေရာက္ဖို႔ ျဖစ္တယ္။

မိုးကုတ္ကို ေရာက္တယ္ဆိုရင္ပဲ သူ႔အတြက္ ဆႏၵထုတ္ေဖာ္သူေတြနဲ႔ ႀကဳံေတြ႕ရတယ္။ ဆႏၵထုတ္ေဖာ္သူေတြထဲမွာ မိုးကုတ္ေဒသခံျဖစ္တဲ့ ဦးစိုးေဌး၊ ကိုေဇာ္ဝင္း၊ ကိုေက်ာ္တင္၊ကိုမ်ိဳးထက္ေဇာ္၊ ကိုေဇာ္မ်ိဳးအပါအဝင္ ၆ ဦးျဖစ္တယ္လို႔ သိရတယ္။

ေက်ာက္မ်က္လုပ္ကြက္ခ်ထားေရးနဲ႔ပတ္သက္လို႔ တရားမွ်တဖို႔အတြက္ အတိုင္ပင္ခံပုဂၢိဳလ္ကိုအသိေပးတာလို႔ ဆႏၵထုတ္ေဖာ္သူေတြက ေျပာပါတယ္။ လက္လုပ္လက္စားေတြအတြက္ ခ်ထားေပးမယ့္ေနရာေတြက ေက်ာက္မထြက္တဲ့ေနရာျဖစ္မွာကို ေဒသခံေတြက စိုးရိမ္ေနၾကတယ္။

“ကြၽန္မတို႔ေဒသခံအေနနဲ႔ ေက်ာက္ထြက္တဲ့ေနရာမွာ ရခ်င္တာေပါ့”လို႔ မိုးကုတ္ေဒသခံျဖစ္တဲ့ ေဒၚယဥ္ယဥ္ေမက ေျပာတယ္။

ၿပီးခဲ့တဲ့ႏွစ္လယ္ပိုင္းက သယံဇာတနဲ႔သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနကေန ဦးစီးၿပီး ျမန္မာ့ေက်ာက္မ်က္ရတနာဥပေဒကို ေရးဆြဲခဲ့တယ္။ ဒီဥပေဒကို အခုႏွစ္ ဇန္နဝါရီ ၃၀ ေန႔ရက္မွာ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳျပ႒ာန္းလိုက္တယ္။ ဥပေဒျပ႒ာန္းၿပီးေနာက္ လက္လုပ္လက္စားေတြအတြက္ လုပ္ကြက္ခ်ထားေရးနဲ႔ပတ္သက္ၿပီး ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္လာတာ ျဖစ္ပါတယ္။

လက္လုပ္လက္စားေတြအတြက္ လုပ္ကြက္အျဖစ္ ေျမဧက ရွစ္ေသာင္းေက်ာ္ လ်ာထားတယ္လို႔ သိရတယ္။ ေျမဧကရွစ္ေသာင္းေက်ာ္(၈၂၂၀၀)ထဲမွာ ေလာင္းစင္၊ ေရေဝ၊ ပင္သေျပနဲ႔ ပိန္းျမစ္ အစရွိတဲ့ ေနရာေတြက ေျမေတြပါဝင္တယ္။ ဒီေျမေနရာေတြကို ဇုံသုံးခု ပိုင္းျခားသတ္မွတ္ခဲ့တယ္။ ဇုံ(၁)မွာ ၆၅၆၂၈ ဧက၊ ဇုံ (၂)မွာ ၁၀၁၅၃ ဧကနဲ႔ ဇုံ (၃)မွာ ၆၄၃၈ ဧက ပါဝင္တယ္လို႔ သတၳဳတြင္း ဦးစီးဌာနက ထုတ္ျပန္တဲ့ ေျမပုံေတြမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

အဲဒီလုပ္ကြက္ေတြကို ျမန္မာ့ေက်ာက္မ်က္ရတနာ နည္းဥပေဒ ထြက္ရွိၿပီးမွသာ လုပ္ပိုင္ခြင့္ ခ်ထားေပးမွာျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ သတၳဳတြင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးမိုးေဆြက မီဒီယာေတြကို ေျဖဆိုထားတာ ေတြ႕ရတယ္။

ဒါေပမယ့္ ဒီေန႔အခ်ိန္အထိ နည္းဥပေဒထြက္ေပၚလာျခင္းမရွိေသးဘူး။ ဒါ့အျပင္ ေက်ာက္မ်က္မူဝါဒ(၃၇) ခ်က္ကို နယ္ပယ္အသီးသီးက ပညာရွင္ေတြ စုေပါင္းေရးဆြဲထားၿပီး အစိုးရကို တင္ျပထားေပမယ့္ အတည္ျပဳႏိုင္ျခင္းမရွိေသးဘူးလို႔ သိရတယ္။

“ေက်ာက္မ်က္မူဝါဒကို အတည္ျပဳၿပီး အေကာင္အထည္ေဖာ္ႏိုင္ရင္ေတာ့ ႏိုင္ငံေတာ္အတြက္ အခြန္ေတြ ပိုရလာႏိုင္တယ္”လို႔ သဘာဝသယံဇာတအရင္းအျမစ္စီမံခန႔္ခြဲမႈ အႀကံေပးအဖြဲ႕(NRGI)ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ တာဝန္ခံ ဦးေမာ္ထြန္းေအာင္က ေျပာတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ တြင္းထြက္သယံဇာတတူးေဖာ္ေရးလုပ္ငန္းမ်ား ပြင္းလင္းျမင္သာမႈေဖာ္ေဆာင္ေရးလုပ္ငန္းစဥ္ (EITI)မွာ အဖြဲ႕ဝင္ေလာင္းႏိုင္ငံ ျဖစ္ပါတယ္။ ေရနံ၊ သဘာဝဓာတ္ေငြ႕နဲ႔ ဓာတ္သတၱဳ၊ ေက်ာက္မ်က္နဲ႔ ပုလဲက႑တို႔ နဲ႔ သက္ဆိုင္တဲ့ အစီရင္ခံစာ ေလးေစာင္ထုတ္ျပန္ၿပီးျဖစ္တယ္။

၂၀၁၆-၂၀၁၇ ခုႏွစ္မွာ အစိုးရက ေရနံ၊ သဘာဝဓာတ္ေငြ႕နဲ႔ ဓာတ္သတၱဳထုတ္လုပ္ခြင့္ လိုင္စင္ ၂၁၀၀၀ေက်ာ္ ထုတ္ေပးထားတယ္။ အဲဒီထဲကမွ ေက်ာက္စိမ္းနဲ႔ေက်ာက္မ်က္တူးေဖာ္ခြင့္လိုင္စင္ ႏွစ္ေသာင္းေက်ာ္(၂၀၄၅၃) ရွိ တယ္လို႔ EITI အစီရင္ခံစာမွာ ေဖာ္ျပထားတယ္။

သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနကေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကုန္အထိ ျပည္နယ္နဲ႔တိုင္းေဒသႀကီးအလိုက္ အေသးစား၊ အလတ္စား၊ အႀကီးစားနဲ႔ လက္လုပ္လက္စားအပါအဝင္ စမ္းသပ္ေက်ာက္မ်က္လုပ္ကြက္ ၁၂၅၀ ေက်ာ္ ခြင့္ျပဳမိန႔္ထုတ္ေပးထားတယ္လို႔ သိရတယ္။

ျပည္နယ္နဲ႔တိုင္းေဒသႀကီးအစိုးရက စီမံခန႔္ခြဲခြင့္ ရရွိမယ့္ လုပ္ကြက္ေတြနဲ႔ပတ္သက္လို႔ လႊတ္ေတာ္မွာေဆြးေႏြးဖို႔ အတြက္ ျပင္ဆင္ထားတယ္လို႔ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ရဲ႕ မိုးကုတ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာေသာင္းတင္က VOM ကို ေျပာပါတယ္။

သယံဇာတက႑ဟာ ျမန္မာႏိုင္ငံစီးပြားေရးအတြက္ အေရးပါေနတယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။ ၂၀၁၆ – ၂၀၁၇ ဘ႑ာႏွစ္မွာဆိုရင္ သယံဇာတက႑ကေန အေမရိကန္ေဒၚလာ ၂.၅ ဘီလီယံ ေကာက္ခံရရွိခဲ့တယ္လို႔ EITI အစီရင္ခံစာကေန သိရပါတယ္။ ဒါေပမယ့္ ေက်ာက္စိမ္း၊ ေက်ာက္မ်က္နဲ႔ သတၱဳက႑ဟာ အခြန္ေကာက္ခံရရွိမႈ နည္းပါးခဲ့တယ္။

“ဒါက အခြန္ေရွာင္တာနဲ႔ ေမွာင္ခိုတူးေဖာ္တာေတြ မ်ားေနလို႔ အစိုးရအတြက္ အခြန္ေငြေလ်ာ့နည္းတာ”လို႔ (NRGI)ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ တာဝန္ခံ ဦးေမာ္ထြန္းေအာင္က ေျပာတယ္။

EITI ရဲ႕ အစီရင္ခံစာအရ ေက်ာက္စိမ္းနဲ႔ ေက်ာက္မ်က္လုပ္ငန္းေတြမွာ တပ္မေတာ္ပိုင္ကုမၸဏီေတြျဖစ္တဲ့ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း(MEC) နဲ႔ ျမန္မာ့စီးပြားေရးဦးပိုင္လိမိတက္က ၉၃ ရာခိုင္ႏႈန္းေလာက္ ပါဝင္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ EITI ရဲ႕ အစီရင္ခံစာအရ ဓာတ္သတၱဳနဲ႔ ေက်ာက္မ်က္ေတြကို ေပါက္ေဈးအမွန္ထက္ ေလ်ာ့ေပါ့ၿပီး တန္ဖိုးျဖတ္တင္ျပၾကတယ္လို႔ ေဖာ္ျပထားတယ္။ ကုမၸဏီဘက္ကလည္း အစိုးရကိုေပးသြင္းရမယ့္ တြင္းဝခြန္ႏႈန္း ေလ်ာ့နည္းေအာင္ တန္ဖိုးေလ်ာ့ေပါ့ၿပီး တင္ျပတယ္လို႔ ဆိုတယ္။ ေက်ာက္မ်က္ေလာက ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္ ရာျဖတ္အဖြဲ႕ရဲ႕ စံသတ္မွတ္ႏႈန္းက အေရးႀကီးတယ္လို႔ သိရတယ္။

မိုးကုတ္ၿမိဳ႕ရဲ႕ ထာပြဲေဈးမွာေတာ့ စံသတ္မွတ္ႏႈန္းမရွိတဲ့အတြက္ အေတြ႕အႀကဳံနဲ႔ပဲ ေဈးႏႈန္းျဖတ္ၾကတာလို႔ ေက်ာက္ဝယ္ေရာင္းတစ္ဦးျဖစ္တဲ့ ဦးေဝလႈိင္က ေျပာပါတယ္။ VOM က ခ်ဥ္းကပ္ေမးျမန္းခဲ့တဲ့ ေက်ာက္ကြၽမ္းက်င္သူေတြကလည္း ဦးေဝလႈိင္လိုပဲ ေျပာၾကတယ္။

“အရည္အေသြးက မွန္မွန္ကန္ကန္ျဖတ္ဖို႔လိုတယ္။ တခ်ိဳ႕က်ေတာ့ ရာျဖတ္ၾကၿပီဆိုရင္ ေဈးႏႈန္းကို အခြန္လြတ္ခ်င္ေတာ့ ေလ်ာ့ျဖတ္တဲ့လူေတြလည္း အမ်ားႀကီးပဲ”လို႔ ဦးေဝလႈိင္က ေျပာပါတယ္။

ကုမၸဏီက အခြန္ေရွာင္တယ္ဆိုတာနဲ႔ ပတ္သက္လို႔ေတာ့ ပတၱျမားနဂါးေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီရဲ႕ တာဝန္ရွိသူက သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ ျငင္းဆိုခဲ့ပါတယ္။

ပတၱျမားနဂါးေက်ာက္မ်က္တူးေဖာ္ေရး ကုမၸဏီက အစိုးရနဲ႔ဖက္စပ္လုပ္ကိုင္ခြင့္ ရရွိခဲ့ေပမယ့္ ၂၀၁၆ ခုႏွစ္ထဲမွာ လိုင္စင္သက္တမ္းကုန္ခဲ့တယ္။ ဒီေန႔အခ်ိန္အထိ အစိုးရက လိုင္စင္သက္တမ္းတိုးမေပးတဲ့အတြက္ လုပ္ငန္းရပ္ဆိုင္းထားရတဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ရတဲ့ေက်ာက္ဟာ ႏိုင္ငံေတာ္နဲ႔အက်ိဳးတူျဖစ္တဲ့အတြက္ ရတဲ့ေက်ာက္အားလုံးကို ကြၽန္ေတာ္တို႔ တရားဝင္ေရာင္းခ်ပါတယ္”လို႔ ပတၱျမားနဂါးေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီရဲ႕ ဒါ႐ိုက္တာ ဦးထြန္းဝင္းက ေျပာပါတယ္။

ကုမၸဏီအေနနဲ႔ လုပ္ငန္းလုပ္ကိုင္ခြင့္ရခ်ိန္မွာ ႏိုင္ငံျခားေငြနဲ႔ ေရာင္းခ်တဲ့ ေက်ာက္ေရာင္းရေငြ ယူ႐ို ၁၄.၅၆ သန္း (ျမန္မာေငြ ၂၂ ဘီလီယံ)ခန႔္ ရရွိခဲ့တယ္လို႔ ဆိုတယ္။ ရတဲ့ေငြကေန အစိုးရအတြက္ ယူ႐ို ၆.၇ သန္း(ျမန္မာေငြ ၁၀ ဘီလီယံ) ခန႔္ ေပးခဲ့တယ္လို႔ ဦးထြန္းဝင္းက ေျပာတယ္။

ဒါ့အျပင္ ျမန္မာက်ပ္ေငြနဲ႔ေရာင္းခ်တဲ့ ေက်ာက္ေရာင္းရေငြထဲကေန ၆၂.၈ သန္းကို အစိုးရအတြက္ ေပးခဲ့တယ္လို႔လည္္း ဦးထြန္းဝင္းက ေျပာပါတယ္။

ေက်ာက္မ်က္ေလာက ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္ အဆင့္မီွတဲ့ ေက်ာက္မ်က္ေရာင္းဝယ္ေရးစင္တာရွိဖို႔ လိုတယ္လို႔ ေလ့လာသူေတြလည္း ေျပာၾကပါတယ္။ ေက်ာက္မ်က္ေရာင္းဝယ္ေရးစင္တာ မရွိတဲ့အတြက္ ေမွာင္ခို လမ္းေၾကာင္းေတြလည္း ျဖစ္ေပၚေနတာလို႔ ေက်ာက္ေရာင္းဝယ္သူေတြက ေျပာပါတယ္။

“မိုးကုတ္မွာ အဆင့္အတန္းမီတဲ့ ေက်ာက္မ်က္စင္တာမရွိဘူး။ ေက်ာက္မ်က္စင္တာရွိမယ္ဆိုရင္ ႏိုင္ငံျခားသားက စိတ္ခ်လက္ခ်ဝယ္လို႔ရမယ္”လို႔ ထာပြဲေက်ာက္ကုန္သည္ပြဲစားမ်ားအသင္းရဲ႕ နာယက ဦးျမင့္ေဝက ေျပာပါတယ္။

လက္လုပ္လက္စားေတြအတြက္ လုပ္ကြက္ခ်ထားေရးနဲ႔ပတ္သက္လို႔ အတည္ျပဳလို႔မရႏိုင္ေသးေပမယ့္ ေက်ာက္ထြက္မယ့္ ေနရာေတြကိုပဲ ခ်ထားေပးဖို႔ ေဒသခံေတြက ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။

“ကြၽန္မတို႔ ေဒသခံေတြအတြက္ ေက်ာက္မထြက္တဲ့ေနရာမွာ ခ်ထားေပးတာကေတာ့ လုံးဝမျဖစ္သင့္ဘူး”လို႔ မိုးကုတ္ေဒသခံ ေဒၚယဥ္ယဥ္ေမက ေျပာတယ္။

ေက်ာက္မ်က္ျပန္လည္တူးေဖာ္ခြင့္ရရွိဖို႔အတြက္ အစိုးရရဲ႕ ခြင့္ျပဳမိန႔္ကို ထိုင္ေစာင့္ေနတဲ့ ပတၱျမားနဂါးကုမၸဏီရဲ႕ ဒါ႐ိုက္တာ ဦးထြန္းဝင္းကလည္း သူ႔အျမင္ကို အခုလို ေျပာပါတယ္။“ေက်ာက္ထြက္တဲ့ေနရာမွာ လက္လုပ္လက္စားကို ေပးတာေတာ့ ကြၽန္ေတာ္တို႔ ကန႔္ကြက္စရာမရွိဘူး။ ေက်နပ္တယ္၊ သေဘာတူတယ္၊ လက္လုပ္လက္စားေတြကို ၂၅ ရာခိုင္ႏႈန္းကေန ၃၅ ရာခိုင္ႏႈန္းၾကား ခြဲေပးႏိုင္ရင္ေတာ့ ပိုေကာင္းတယ္”လို႔ ဦးထြန္းဝင္းက ေျပာပါတယ္။

ေက်ာက္ေကာင္းေတြ႕တဲ့အခ်ိန္က်မွ စီမံကိန္းနဲ႔ ေရရွည္ရင္းႏွီးျမဳပ္ႏွံထားတဲ့ လုပ္ငန္းကို သက္တမ္းမတိုးေပးဘဲ ရပ္နားထားတဲ့အတြက္ ႏိုင္ငံေတာ္ကလည္း အခြန္ေတြ နစ္နာမႈရွိသလို လုပ္ငန္းရွင္ဘက္ကလည္း ရင္းႏွီးျမဳပ္ႏွံထားတာေတြ ျပန္မရေသးဘူး။ ဝန္ထမ္းေတြရဲ႕စားဝတ္ေနေရးလည္း အမ်ားႀကီး ထိခိုက္သြားတယ္လို႔ ဦးထြန္းဝင္းက သူ႔ကုမၸဏီရဲ႕ စက္ယႏၲရားေတြကို ၾကည့္ရင္း ညည္းတြားေျပာဆိုပါတယ္။

ဦးထြန္းဝင္းလိုပဲ ေဒၚယဥ္ယဥ္ေမတစ္ေယာက္ကေတာ့ အခုခ်ထားေပးမယ့္ေနရာက ေဝးတာထက္ ေက်ာက္ထြက္တယ္ဆိုတဲ့ သမိုင္းမရွိသေလာက္ပဲ။ ဘယ္ေလာက္ေဝးမလဲဆိုတာေတာ့ ေသခ်ာမသိေသးဘူးလို႔ အေဝးတစ္ေနရာ ေငးေမာရင္း မိုးကုတ္က ေက်ာက္မ်က္လုပ္ကြက္ေတြအေၾကာင္းကို ေျပာျပခဲ့ပါတယ္။

#VOM #voiceofmyanmar #မုိုးကုတ္ #ပတၱျမားလုပ္ကြက္

Related posts

Leave a Comment

VOM News

FREE
VIEW