မသန်စွမ်းသူတွေ လွတ်လပ်စွာမဲပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းမယ် ရန်ကုန်၊ ဒီဇင်ဘာ ၁၀-၂၀၁၉ စွဲ့ဝတီ(VOM) လာမယ့္ ၂၀၂၀ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေအနေနဲ့ အထောက်အကူပြုပုဂ္ဂိုလ်မပါဘဲ လွတ်လပ်စွာ မဲပေးနိုင်ဖို့ ပြန်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေသိရပါတယ်။ “ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း မသန်စွမ်းတွေ မဲပေးဖို့အတွက် ရသင့်သလောက်ရတာရှိပါတယ်။ အပြည့်အဝမဖြစ်ဘူး။ လွတ်လွတ်လပ်လပ်ဖြစ်ဖို့ အရေးကြီးတာပေါ့။ မျက်မမြင်တို့ ၊ နားမကြားတို့ ၊ ကိုယ်ပိုင်လွတ်လပ်စွာ မဲပေးနိုင်အောင်လို့ အထောက်အကူပြုပုဂ္ဂိုလ်ပါတဲ့ အခါကျတော့ အထောက်အကူပြုပုဂ္ဂိုလ်က လွှမ်းမိုးတတ်တယ်။ အဲလို အထောက်အကူပြုပုဂ္ဂိုလ်မပါဘဲနဲ့ မဲပေးနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုပြီးတော့ ဆောင်ရွက်ပေးမယ်။ သူတို့ကလည်း လုပ်ပေးမယ်ဆိုတဲ့ လိုလိုလားလား ပြန်ကြားမူရှိပါတယ်။ တိုးတက်မူစောင့်ကြည့်ရမှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်က…
Read MoreYear: 2019
ရုရှားနိုင်ငံကို ကမ္ဘာ့ဖလားအပါအဝင် နိုင်ငံတကာအားကစားပွဲတွေမှာ ယှဉ်ပြိုင်ခွင့်လေးနှစ်ပိတ်
ရုရှားနိုင်ငံကို ကမ္ဘာ့ဖလားအပါအဝင် နိုင်ငံတကာအားကစားပွဲတွေမှာ ယှဉ်ပြိုင်ခွင့်လေးနှစ်ပိတ် မော်စကို၊ ဒီဇင်ဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ဟာ ရုရှားနိုင်ငံကို အဓိကယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေ အားလုံးမှာ ပါဝင်ခြင်းကို တားမြစ်လိုက်ပါတယ်။ ဒီလိုတားမြစ်လိုက်တာကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်နဲ့ မသန်စွမ်းအားကစားပြိုင်ပွဲ၊ ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေမှာ ရုရှားအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် တားမြစ်ဆေးအရှုပ်တော်ပုံမှာ မပါဝင်ကြောင်း သက်သေပြနိုင်သူ အားကစားသမားတွေကတော့ ပါဝင်ယှဉ်ပြိုင်ဖို့ အခွင့်အရေးအချို့ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ အယူခံဝင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဟာ ဆွစ်ဇာလန်နိုင်ငံမှာ ဒီဇင်ဘာ ၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ပြီး ရုရှားအပေါ်တားမြစ်ပိတ်ပင်တဲ့ အဲဒီဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်ထား ချခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စုံစမ်းစစ်ဆေးသူတွေထံလွှဲပြောင်းပေးခဲ့တဲ့ ဓါတ်ခွဲခန်း အချက်အလက်တွေကို ကြိုးကိုင်ချယ်လှယ်မှုတွေအတွက် ရုရှားတားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီက…
Read Moreနယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (မန္တလေး)
မန္တလေး ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ ဟိန်းကို(VOM) ICJ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုခံရတာနဲ့ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသောအားဖြင့် ဒီကနေ့ညနေပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ လူထုထောက်ခံပွဲကျင်းပ ပြုလုပ်ခဲ့ပါတယ်။ လူထုထောက်ခံပွဲကို လူအင်အား (၁)သိန်း၀န်းကျင်နဲ့ပြုလုပ်ခဲ့ပြီး ထောက်ခံပွဲကို ဌာနဆိုင်ရာ၀န်ထမ်းများ၊ တက္ကသိုလ်အသီးသီးက ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်သူများ၊ ရဟန်းသံဃာတော်များ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #ICJ #မန္တလေး #ထောက်ခံပွဲ Zawgyi နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (မန္တလေး) မန္တလေး ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ ဟိန်းကို(VOM) ICJ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုခံရတာနဲ့ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသောအားဖြင့် ဒီကနေ့ညနေပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ လူထုထောက်ခံပွဲကျင်းပ ပြုလုပ်ခဲ့ပါတယ်။…
Read Moreဟောင်ကောင် မငြိမ်မသက်မှုတွေဖြေရှင်းရေး အစိုးရအဖွဲ့ အပြောင်းလဲလုပ်ဖွယ်ရှိနေ
ဟောင်ကောင် မငြိမ်မသက်မှုတွေဖြေရှင်းရေး အစိုးရအဖွဲ့ အပြောင်းလဲလုပ်ဖွယ်ရှိနေ ဟောင်ကောင်၊ ဒီဇင်ဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လကျော်ကြာဖြစ်ပွားနေချိန်မှာ ဟောင်ကောင်အစိုးရအဖွဲ့အပြောင်းအလဲလုပ်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီ အုပ်ချုပ်ရေးမှူး ကာရီလမ်းက ငြင်းဆိုခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပထမဦးစားပေးကတော့ တရားဥပဒေစိုးမိုးမှုပြန်လည် ရရှိရေးပင်ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေမှာ ဒီမိုကရေစီလိုလားသူတွေကို ထောက်ခံကြောင်းပြသခဲ့ပြီးကတည်းက ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးအကြီး အကျယ်ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ရက်အကြာမှာ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အုပ်ချုပ်ရေးမှူးကာရီလမ်းက ယခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ဟောင်ကောင်အစိုးမှာ ဖိအားတွေ များပြားလာခြင်းနဲ့ အတူ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေကို ဖြေရှင်းဖို့ ယခုနှစ်ကုန်မှာ ဟောင်ကောင်အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ တရုတ်ဗဟိုအစိုးရက စဉ်းစားနေကြောင်း အက်ပဲဒေးလီးသတင်းစာက ဒီဇင်ဘာ ၁၀ ရက်မှာဖော်ပြထားပါတယ်။ အုပ်ချုပ်ရေးမှူး ကာရီလမ်းဟာ ဆယ်စုနှစ်များစွာအတွင်း ဟောင်ကောင်ရဲ့ အကြီးမားဆုံး နိုင်ငံရေး အကြပ်အတည်းနဲ့…
Read Moreနယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (ရန်ကုန်)
Unicode နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (ရန်ကုန်) ရန်ကုန် ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ သူရိန် (VOM) ICJ တွင်တရားစွဲဆိုခံရမှုနှင့်ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံသောအားဖြင့် ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လူထုထောက်ခံပွဲကျင်းပ ပြုလုပ်ခဲ့သည်။ ယနေ့ပြုလုပ်မည့် လူထုထောက်ခံပွဲသို့ “နိုင်ငံ့ဂုဏ်သိက္ခာ ကာကွယ်ဖို့ အမေစုနဲ့ရပ်တည်စို့” ကြွေးကြော်သံများဖြင့် လူထုသောင်းနှင့်ချီသောပြည်သူများမှ မဟာဗန္ဓုလပန်းခြံသို့ လမ်း လျှောက်ချီတက်ခဲ့ကြသည်။ #voiceofmyanmar #ICJ #ထောက်ခံပွဲ #ရန်ကုန် Zawgyi နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (ရန်ကုန်) ရန်ကုန် ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ သူရိန် (VOM) ICJ တွင်တရားစွဲဆိုခံရမှုနှင့်ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော…
Read Moreလူ ၃၈ ဦး တင်ဆောင်ထားတဲ့ ချီလီစစ်လေယာဉ်တစ်စင်း ပျောက်ဆုံး
ဆန်တီယာဂို၊ ဒီဇင်ဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) အန္တာတိကရှိ ချီလီလေတပ်အခြေစိုက်စခန်းကို သွားရောက်မယ့် ခရီးသည် ၃၈ ဦးတင်ဆောင်ထားတဲ့ သယ်ယူပို့ဆောင်ရေး စစ်ဘက်လေယာဉ်တစ်စင်းဟာ ဒီဇင်ဘာ ၉ ရက်က အဆက်အသွယ်မရတော့ပဲ ပျောက်ဆုံးနေတယ်လို့ ချီလီလေတပ်က ထုတ်ပြန်ပါတယ်။ ပျောက်ဆုံးသွားတဲ့ လေယာဉ်နဲ့ပတ်သက်လို့ ချီလီစစ်ဘက်က တပ်လှန့်ထားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ C-130 Hercules အမျိုးအစားလေယာဉ်ဟာ လေယာဉ်အမှုထမ်း ၁၇ ဦးနဲ့ ခရီးသည် ၂၁ ဦးလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့အတူ အခြေအနေတိုးတက်မှုရှိမရှိ လေတပ်အခြေစိုက်ဌာနချုပ်ကနေ စောင့်ကြည့်နေတယ်လို့ ချီလီသမ္မတ ဆီဘတ်စတိန်းပင်နီရာက ပြောပါတယ်။ အဲ့ဒီလေယာဉ်ဟာ မြို့တော်ဆန်တီယာဂိုကနေ ကီလိုမီတာ ၃၀၀၀ ကွာဝေးတဲ့ ပန်တာအရီနာမြို့လေဆိပ်ကနေ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်မှာ ပျံတက်ခဲ့ပြီး ညနေ ၆ နာရီကျော်မှာ…
Read Moreဖင်လန်နိုင်ငံမှ ၃၄ နှစ်အရွယ်အမျိုးသမီး ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာ
ဟယ်လင်စကီး၊ ဒီဇင်ဘာ-၉-၂၀၁၉ မျိုးဆက် (VOM) ဖင်လန်နိုင်ငံမှာ အသက် ၃၄ နှစ်အရွယ် ဆန်နာမာရင်ဟာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံလိုက်ရပြီး သူဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်တစ်ဦးအဖြစ် သတ်မှတ်ရမှာဖြစ်ကာ ဖင်လန်နိုင်ငံမှာ ညွှန့်ပေါင်းအစိုးရတစ်ရပ်ကို အမျိုးသမီးတစ်ဦးက ဦးဆောင်တော့မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် အန့်တီရီနေးနှုတ်ထွက်သွားပြီးနောက် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ ဆန်နာမာရင်ကို ဝန်ကြီးချုပ်အဖြစ် သူမရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ရွေးချယ်လိုက်တာဖြစ်ပြီး ယခုတစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖွယ်ရှိနေပါတယ်။ သူမဟာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ထားတဲ့ ပါတီငါးခုပါဝင်တဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ရီနေးဟာ စာတိုက်နဲ့ပတ်သက်တဲ့ သပိတ်မှောက်မှုတစ်ခုကို ကိုင်တွယ်ရာမှာ ညွှန့်ပေါင်းအဖွဲ့ရဲ့ ယုံကြည်မှု ပျောက်ဆုံးပြီးနောက် ရာထူးကနေ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။ ဆန်နာမာရင်အနေနဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မယ့်အချိန်မှာ အသက် ၃၄ နှစ်အရွယ်သာရှိတာကြောင့် ကမ္ဘာ့အသက်ငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက်ငယ်ရွယ်တဲ့ ဝန်ကြီးချုပ်တွေအဖြစ် သူမပြီးရင် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်…
Read MoreICJ ကို သွားဖြေရှင်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ မြစ်ကြီးနားမြို့မှာပြုလုပ်
ICJ ကို သွားဖြေရှင်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ မြစ်ကြီးနားမြို့မှာပြုလုပ် မြစ်ကြီးနား၊ ဒီဇင်ဘာ ၉-၂၀၁၉ ရန်အောင်ထွန်း(VOM) အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို သွားရောက်တရားရင်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲကို ဒီကနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့မှာ ဒေသခံလူဦးရေ တစ်ထောင်လောက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာကို ရင်ဆိုင်ဖြေရှင်းဖို့ ဒီဇင်ဘာ ၈ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟေ့ဂ့်မြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ #voiceofmyanmar #မြစ်ကြီးနား #ထောက်ခံပွဲ
Read Moreဟွာမူန် အထည်ချုပ်စက်ရုံလုပ်သားတွေ စက်ရုံတာဝန်ရှိသူတွေကို သပိတ်မှောက်
ဧရာဝတီ၊ ဒီဇင်ဘာ ၉-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ရှိ ဟွာမူန်အထည်ချုပ်စက်ရုံက အလုပ်သမား၂၀၀ဟာ စက်ရုံဝင်းထဲမှာပဲ စက်ရုံတာဝန်ရှိသူတွေကို ဒီကနေ့မနက်ပိုင်းက သပိတ်မှောက်ခဲ့ကြပါတယ်။ ဟွာမူန်စက်ရုံက အလုပ်သမားတွေဟာ အောက်တိုဘာလတုန်းက စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားအခွင့်အရေးတွေပေးဖို့ တောင်းဆိုချက်(၅၇)ချက် တောင်းဆိုခဲ့ပီး (၄၂)ချက်ကိုသာ သဘောတူခဲ့ပေမယ့် ယနေ့အချိန်ထိ စက်ရုံကနေ အကောင်အထည်ဖော်ပေးခြင်း မရှိတဲ့အတွက် ခုလိုသပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “အများသူငါ ရုံးပိတ်ရက်တွေ မနားရတာ၊ နောက်ဆုံးတနင်္ဂနွေနေ့ ပါအလုပ်ဆင်းရတာ၊ သောက်ရေမသန့်ရှင်းတာက အစ၊ အလုပ်ချိန်ပိုဆင်းရတာတွေ ၊ အလုပ်သမားဘက်က တောင်းဆိုချက်တွေကို ခုထိ ဘာမှကိုလုပ်မပေးသေးလို့ သပိတ်မှောက်ကြတာ” လို့ ဟွာမူန်အထည်ချုပ်အလုပ်သမားသမဂ္ဂ ဥက္ကဌမ ခိုင်နွေဦးမွနိကပြောပါတယ်။ စက်ရုံကို သပိတ်မှောက်တဲ့အခါမှာလဲ စက်ရုံဘက်က အလုပ်သမားတွေအပေါ် သပိတ်ကို ဖြိုခွင်းမယ့်သဘော နဲ့ ခြိမ်းခြောက်မူတွေရှိနေတယ်လို့ သိရပါတယ်။ “မနက်က သပိတ်မှောက်ဖို့လူစုထဲက ဟန်းစပီကာတွေနဲ့လိုက်အော်နေတယ် စက်ရုံထဲမှာ အလုပ်မဆင်းဘဲ…
Read Moreရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ မြန်မာနိုင်ငံကိုသပိတ်မှောက်တဲ့ ‘Boycott Myanmar Campaign’ စတင်
တိုရွန်တို၊ ဒီဇင်ဘာ-၉-၂၀၁၉ မျိုးဆက် (VOM) ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ ယဉ်ကျေးမှု၊ သံတမန်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးဖို့ရည်ရွယ်တဲ့ ‘Boycott Myanmar Campaign’ ကို နိုင်ငံ ၁၀ နိုင်ငံမှ လူ့အခွင့်အရေး၊ ပညာရေးနဲ့ အခြားအဖွဲ့အစည်းပေါင်း ၃၀ က စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် သပိတ်မှောက်တဲ့ လှုပ်ရှားမှု ‘Boycott Myanmar Campaign’ ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာတိုင်ကြားထားတာအတွက် ပြန်လည်ခုခံချေပဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီလှုပ်ရှားမှုလုပ်ဆောင်တဲ့ အဖွဲ့တွေထဲမှာ Free Rohingya Coalition, Forsea.co, Restless Beings, Destination Justice, Rohingya Human Rights Network of Canada, Rohingya Human…
Read More