အမေရိကန်မှာ၂၀၁၉ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စံချိန်တင်

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၉-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နိုင်ငံမှာ အခြားနှစ်တွေထက် ၂၀၁၉ ခုနှစ်အတွင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ စံချိန်တင်ဖြစ်ပွားခဲ့တယ်လို့ သုတေသီတွေကပြောပါတယ်။ ယခုနှစ်အတွင်း အမေရိကန်မှာ မတော်တဆမှု ၄၁ ခုဖြစ်ပွားခဲ့ရာ လူ ၂၁၁ ဦးသေဆုံးခဲ့တယ်လို့ အေပီသတင်းဌာန၊ ယူအက်စ်အေတူဒေးနှင့် အရှေ့မြောက်တက္ကသိုလ်တို့မှ စုဆောင်းထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပြစ်မှုကျူးလွန်သူမှအပ တူညတဲ့ မတော်တဆမှုဖြစ်စဉ်တွေမှာ လူလေးဦး သို့မဟုတ် လေးဦးထက်ပိုပြီး သေဆုံးမှုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အသေအပျောက်အများဆုံးဖြစ်ရပ်တွေကတော့ ဗာဂျီးနီယားကမ်းခြေမှာ မေလအတွင်း လူ ၁၂ ဦးအသတ်ခံရခြင်းနဲ့ သြဂုတ်လအတွင်း အယ်လ်ပါဆိုမှာ လူ ၂၂ ဦးအသတ်ခံရတဲ့ ဖြစ်စဉ်တို့ဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၁ ခုအနက် ၃၃ ခုမှာ သေနတ်နဲ့တိုက်ခိုက်မှုတွ ပါဝင်တယ်လို့ သုတေသီတွေကပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး…

Read More

ကြက်ဝိုင်း ဝင်ဖမ်းရာမှာ ဆိုင်ကယ် အစီး ၆၀ခန့်သာဖမ်းဆီးရမိပြီး လောင်းကစားလုပ်နေသူတွေ ထွက်ပြေး

တိုက်ကြီး၊ ဒီဇင်ဘာ ၂၉-၂၀၁၉ မိုးယံ(VOM) တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဂေါ့ကျေးရွာအုပ်စု၊ ဂေါ့ကျေးရွာရှိလယ်ကွင်းထဲမှာ မနေ့ ဒီဇင်ဘာ(၂၈)ရက်နေ့ညနေ (၄)နာရီဝန်းကျင် ရဲတပ်ဖွဲ့ကကြက်ဝိုင်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးရာ ကြက်နဲ့လောင်းကစားလုပ်နေသူတွေ လွတ်မြောက်သွားပြီး ကျန်ရစ်တဲ့ ဆိုင်ကယ် အစီး( ၆၀)ခန့်ကိုသာ ဖမ်းဆီးရမိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းကနေ သိရပါတယ်။ ‟ကြက်တိုက်လောင်းကစားတဲ့ လူတွေနဲ့ ကြက်တွေက မမိလိုက်ဘူး။ လောင်းကစားဥပဒေနဲ့အမှုဖွင့်လို့မရဘူး။ မြို့နယ်ထွေအုပ်ကိုတော့ ဘယ်လိုစီမံခန့်ခွဲမလည်းဆိုတာတင်ပြထားတယ်။ ဖမ်းမိတဲ့ ဆိုင်ကယ် အစီး ၆၀ နဲ့ စက်ဘီးတစ်စီးကိုတော့ ကျနော်တို့စခန်းမှာထိန်းသိမ်းထားတယ်လို့ ”ဥက္ကံမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် မင်းမင်းဇော်ကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ မော်တော်ဆိုင်ကယ် အမျိုးအစားမျိုးစုံ (၆၀)စီးနဲ့ စက်ဘီးတစ်စီးတို့ကို ဂေါ့ကျေးရွာအုပ်ချုပ်ရေမှူး ဦးသိန်ထွန်း၊ သပြေကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်တို့ရဲ့ ရှေ့မှာသိမ်းဆည်းခဲ့ပြီး ဥက္ကံရဲစခန်းတွင်းသိမ်းဆည်းထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်တွေကို ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနကို လိုင်စင်ရှိ/မရှိ မေးမြန်းဆောင်ရွက်ပြီး တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန…

Read More

ရသေ့တောင်မြို့နယ် မယူကမ်းတောင်ဦးအနီး တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရ ထခိုက်မှုရှိ

ရသေ့တောင်၊ ဒီဇင်ဘာ ၂၉၊ ၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ တောင်ဦးအနီးမှာ မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး၊ တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နံနက် ၇ နာရီကျော်ကနေ စတင်ဖြစ်ပွားခဲ့ပြီး ညနေ ၃နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ တောင်ဦးနားမှာဖြစ်တယ်။ မနက်ကတည်းက လက်နက်ကြီးနဲ့မဟုတ်ဘဲ ရိုးရိုးတိုက်ပွဲဖြစ်တယ်လို့ပြောတယ်။ လက်နက်ကြီးက ၃နာရီ ၄နာရီလောက်မှာထုတယ်။ ကျွန်တော်က စစ်တွေရောက်နေလို့ အတိကျမသိသေးဘူး။” လို့ အငူမော်ဒေသခံ ဦးအောင်ဇော်ဝင်းကပြောပါတယ်။ အဲ့ဒီယာဉ်တန်းဟာ တပ်မတော်က ထောက်ပို့ယာဉ်တန်းဖြစ်တဲ့အတွက် အေအေဘက်ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက အတည်ပြုပြောဆိုပါတယ်။ “မနေ့က ရသေ့တာင်မြို့နယ် အငူမော်အနီးမှာ တပ်မတော်က ထောက်ပို့ယာဉ်တန်းတစ်ခုကို ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့ဧရိယာထဲကို စစ်ဆင်ရေးပုံစံမျိုးနဲ့…

Read More

တရုတ်နိုင်ငံမှာ ပြည့်တန်ဆာတွေကို အပြစ်ပေးတဲ့စနစ် ရပ်ဆိုင်း

ပေကျင်း၊ ဒီဇင်ဘာ-၂၉-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ပြည့်တန်ဆာတွေနဲ့ သူတို့ရဲ့ဖောက်သည်တွေကို ရဲတပ်ဖွဲ့က ပညာပေးစင်တာတွေမှာ နှစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားခြင်းကို ခွင့်ပြုထားတဲ့ ပြည်တန်ဆာလုပ်ငန်းဆိုင်ရာအပြစ်ပေးတဲ့ စနစ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံထားသူတွေကို အရုပ်တွေ၊ အိမ်သုံးပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းတွေမှာ အတင်းအကြပ် စေခိုင်းကြောင်း စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ပြည်တန်ဆာလုပ်ငန်းနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းတဲ့ စနစ်ကို ဒီဇင်ဘာ ၂၉ ရက်မှာ အဆုံးသတ်လိုက်တာဖြစ်ပြီး ထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးမယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ အပြစ်ပေးမှုတွေကတော့ ၁၅ ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနဲ့ ဒါဏ်ငွေ ယွမ် ၅၀၀၀ ကျော်ပေးဆောင်ရတာတွေပါဝင်ပါတယ်။ ထိန်းသိမ်းထားပြီး ပညာပေးတဲ့စနစ်ဟာ လွန်ခဲ့သည့်နှစ် ၂၀ ကျော်ကာလမှာ စတင်ကတည်းက ကောင်းမွန်တဲ့ လူမှုဝန်းကျင်နဲ့ ပြည်သူ့စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ ကူညီပေးခဲ့တယ်လို့…

Read More

ရေးမြို့တစ်မြို့လုံးကို လျှပ်‌စစ်ပေးနေတဲ့ မီးစက်ရုံ မီးလောင်မှုဖြစ်ပွား

ရေး ဒီဇင်ဘာ ၂၈ မိုးယံ(VOM) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်း မှာ ဒီကနေ့မနက် ၁၁နာရီ ဝန်းကျင်အချိန်က ရေးမြို့ တမြို့လုံးကိုလျှပ်စစ်မီးပေးနေတဲ့မီးစက်ရုံတစ်ခုမီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ရေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက‌နေ သိရပါတယ်။ ‟ခုညနေ (၅)နာရီချိန်ထိတော့ ငြိမ်းနေဆဲပါ နည်းနည်းကျန်ပါသေးတယ်။ မီးပေးတဲ့စက်ရုံလောင်တာပါ ၊ ခုလည်းဆီကန်တွေဆက်လောင်နေလို့ငြိမ်းသတ်နေရတုံးပါ၊ မီးသတ်ကား(၁၅)စီး ရေသည်ကား(၁၅)စီးနဲ့ငြိမ်းသတ်နေပါတယ်။ သဲကားတွေနဲ့ဖို့သတ်နေပါတယ်။ တခြားမြို့နယ်တွေဖြစ်တဲ့ မုဒုံမြို့ သံဖြူဇရပ် ခရိုင်မီးသတ်အကုန်လာကြပါတယ်။ ဘေးပတ်ဝန်းကျင်တော့ မထိ ခိုက်ပါဘူး၊ ဆုံးရှုံးမှုတန်ဖိုးကတော့ စိစစ်နေတုန်းပါဘဲ၊ သိရတာနဲ့ ထုတ်ပြန်ပေးပါ့မယ်”လို့ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက VOMကိုအတည်ပြုပြောပါတယ်။ ဆီကန်တွေ ထပ်မံပေါက်ကွဲနေတဲ့အတွက် မီးသတ်ယာဉ် ရေအားနဲ့မနိုင်တော့ပဲ မြေထိုးစက် သဲများနဲ့ကော်ကာ သဲများဖို့ခြင်း ၊ ဖုံး(Foam)ဆေးများအသုံးပြုငြိမ်းသတ်ခဲ့ကြပြီး မီးသတ်ကားတွေ၊ ရေသယ်ကားတွေထပ်မံအင်အားဖြည့် ငြိမ်းသတ်နေတယ်လို့ သိရပါတယ်။ ‟ဦးကုလားကြီးပိုင် မြတ်သူရကုမ္ပဏီ လျှပ်စစ်မီးထုတ်လုပ်တဲ့စက်ရုံ မီးလောင်တာပါ ၊ နေ့ ၁ နာရီအချိန်မှာ…

Read More

ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုဖြစ်၊ အရပ်သား ၄ ဦးဒဏ်ရာရ

ကျောက်တော်၊ ဒီဇင်ဘာ ၂၈၊၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်တော်မြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်း ၉ နာရီခွဲလောက်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ ကျောက်တော်မြို့ပေါ်က မြို့အဝင်လမ်းဘေးမှာတည်ရှိတဲ့ မဟာကံကြီးရှင်ဘုရားဝင်းအတွင်း တပ်မတော်စစ်ကြောင်းက စခန်းချနေတဲ့တပ်စခန်းကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လု့ိ ဒေသခံတွေကပြောပါတယ်။ ပစ်ခတ်မှုကြောင့် အဲ့ဒီအနီးဝန်းကျင်မှာ ဆိုင်ရောင်းနေသူတွေ၊ သွားလာနေသူတွေနဲ့ မြို့ပေါ်နေရာတော်တော်များများက လှုပ်ရှားသွားလာနေသူတွေကို ထိမှန်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ “မနက်ပိုင်း ၉ နာရီကျော်လောက်မှာပေါ့။ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ အဲ့ဒီမှာ မြို့ခံ ၄ ယောက်ကျည်ထိမှန်ခဲ့တယ်။ မျက်လုံးတစ်ဦးထိတယ်။ ခါးတစ်ဦးထိတယ်။ လက်မောင်းမှာတစ်ဦး၊ ပေါင်မှာတစ်ဦးထိတယ်။ မြို့အဝင်မှာရှိတဲ့ မဟာကံကြီးရှင်ဘုရားမှာရှိနေတဲ့ စခန်းကနေ ပစ်တာပါ။”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ ၄ ဦးထဲက မျက်လုံးကျည်ထိသူူနဲ့ လက်မောင်းကျည်ထိသူနှစ်ဦးကိုတော့ ကျောက်တော်ကနေ စစ်တွေဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး နေ့လည်ပိုင်းမှာ…

Read More

ရွှေတိဂုံဘုရားလမ်းဆုံမှာ ကျည်ဆံနဲ့ ကျည်ဘောက်တွေတွေ့

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈-၂၀၁၉ သူရိန်(VOM) ရန်ကုန်မြို့၊ ပန်တျာလမ်းနဲ့ရွှေတိဂုံဘုရားလမ်းဆုံမှာ ဒီကနေ့မနက်ပိုင်းက ဒဂုံမြို့နယ် စည်ပင်သာယာ၊ သန့်ရှင်းရေးဝန်ထမ်းက သန့်ရှင်းရေးဆောင်ရွက်နေချိန် အဖြူရောင်စက္ကူဗူးတစ်ဗူးကို တွေ့ရှိရလို့ ကြည့်ရှု့ရာ ကျည်ဆံနဲ့ ကျည်ဘောက်တွေ ထည့်ထားတာကို တွေ့ရှိရတဲ့အတွက် ရဲစခန်းမှာသွားရောက် အပ်ထားရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ “ ကျည်ဆံနဲ့ ကျည်ဘောက်တွေ့တယ်ဆိုတာ မှန်ပါတယ်။ ကျည်ဆံက ၅၃ တောင့်၊ ကျည်ဘောက်က အတို (၂) ခု၊ အရှည် (၂) ခုဖြစ်ပါတယ်။ အဲဒီနေရာက စစ်ရုံးချုပ်အဟောင်းနဲ့နီးတော့ လုံခြုံရေးတွေကပဲ ကျကျန်ခဲ့တာလား၊ ပိုနေလို့ပဲလွှတ်ပစ်ခဲ့တာလားတော့ မသိဘူး။ အခုတော့ ရဲစခန်းအပ်ထားတယ်”လို့ ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၂)မှ ဦးကျော်ဇေယျက ပြောပါတယ်။ တွေ့ရှိခဲ့တဲ့ကျည်ဆံနဲ့ ကျည်ဘောက်တွေဟာ စစ်ရုံးကပစ္စည်းတွေသာဖြစ်မယ်လို့လည်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၂)က ဦးကျော်ဇေယျက သုံးသပ်ပြောတာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ဘုရားကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးကို…

Read More

ဆိုမာလီမှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀ သေဆုံး၊ ၉၀ ကျော်ဒါဏ်ရာရ

ဆိုမာလီမှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀ သေဆုံး၊ ၉၀ ကျော်ဒါဏ်ရာရ မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ-၂၈-၂၀၁၉ မျိုးဆက် (VOM) ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀ ဦးထက်မနည်းသေဆုံးသွားပြီး သေဆုံးသူတွေထဲမှာ တက္ကသိုလ်ကျောင်းသားတွေလည်း ပါဝင်နေပါတယ်။ အင်အားပြင်းပေါက်ကွဲမှုကြောင့် ဘန်နာဒါတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးပျက်စီးသွားတယ်လို့ မိုဂါဒစ်ရှူးမြို့တော်ဝန် အိုမာမိုဟာမက်ကို ကိုးကားပြီး ဘန်ဆန်ရေဒီယိုသတင်းဌာနက ဆိုပါတယ်။ ပေါက်ကွဲမှုမဖြစ်ပွားမီက အဲဒီစစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အိုင်အက်စ်အဖွဲ့တွေအကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်ကြောင့် အရပ် ၉၀ ဦးထက်အနည်းဒါဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒါဏ်ရာရ သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော်ပါဝင်တယ်လို့ ဒေသဆိုင်ရာ လွှတ်တော်အမတ်နဲ့ လုံခြုံရေးဝန်ကြီးဟောင်းဖြစ်သူ အိုမာမိုဟာမက်က ပြောပါတယ်။ တိုက်ခိုက်ရေးသမားတွေဟာ လုံခြုံရေးဂိတ်အနီးက အခွန်ကောက်ခံရေးရုံးကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ဗိုလ်ကြီးမိုဟာမက်ဟူစိန်က သတင်းထောက်တွေကိုပြောပါတယ်။ လက်ရှိအချိန်ထိ…

Read More

အမေရိကန်နဲ့တင်းမာနေစဉ် တရုတ်၊ ရုရှား၊ အီရန် သုံးနိုင်ငံပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်

  တီဟီရန်၊ ဒီဇင်ဘာ-၂၈-၂၀၁၉ မျိုးဆက်(VOM) အီရန်၊ တရုတ်နှင့်ရုရှားနိုင်ငံတို့ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ အိုမန်ပင်လယ်ပင်လယ်ကွေ့မှာ ဒီဇင်ဘာ ၂၇ ရက်ကစပြီး လေးရက်ကြာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းမှာ သမိုင်းဝင်အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန်နှုတ်ထွက်ပြီးနောက် တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ သုံးနိုင်ငံရေတပ်ပူးတွဲလေ့ကျင့်မှု လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရင်းနှီးရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ညီညွတ်ရေးတို့ဖြစ်ပြီး အီရန်ဟာ အထီးကျန်နေတာမဟုတ်ဘူးဆိုတာ ပြသလိုက်တာဖြစ်ကြောင်း အီရန်ရေတပ်ဗိုလ်ချုပ်ကြီး ဂိုလာမာဇာတာဟာနီက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုတွင် မီးလောင်နေသော သင်္ဘောတွေနဲ့ ဓါးပြတိုက်ခံရတဲ့ သင်္ဘောတွေကို ကယ်တင်တာ၊ ပစ်ခတ်မှုလေ့ကျင့်ခန်းတွေမှာ အီရန်ရေတပ်အပြင် တော်လှန်ရေးအစောင့်တပ်တွေလည်း ပါဝင်တယ်လို့သူကဆိုပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်က နျူကလီးယားသဘောတူစာချုပ်ကနေ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေပြန်လည်ချမှတ်ခဲ့ပါတယ်။ အီရန်ကလည်း နျူကလီးယား သဘောတူစာချုပ်ပါ ကတိကဝတ်တွေကို ချိုးဖောက်ပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ Ref : CNA Photo:AFP #VOM #voiceofmyanmar…

Read More

နွားထိုးကြီးမြို့မှာတွေ့တဲ့ ရှေးဟောင်းရုပ်အလောင်းတွေကို အဆောက်အဦးဆောက်ပြီး သီးသန့်ထားမယ်

နွားထိုးကြီး ၊ ဒီဇင်ဘာ ၂၈-၂၀၁၉ သူရိန်(VOM) နွားထိုးကြီးမြို့နယ်မှာ သံခေတ်ကလို့ယူဆရတဲ့ ရုပ်အလောင်း (၇) လောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာနက အဆောက်အဦးဆောက်ပြီး သီးသန့်ထားရှိမယ်လို့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးစိန်ကျော်မိုးရဲ့ ပြောပြချက်အရ သိရပါတယ်။ “တူးဖော်ရရှိတဲ့ ရုပ်အလောင်း (၇) လောင်းကို မန္တလေးတိုင်းမှာရှိတဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနကနေပြီးတော့ အဆောက်အဦးဆောက်လုပ်ပြီးတော့ အဆောင်အယောင်တွေနဲ့ ထားရှိသွားမယ်။ လက်ရှိကတော့ သူတို့လည်း တိုးချဲ့ရှာဖွေနေဆဲပဲ။ ဘာမှတော့ ထပ်တွေ့တာ မရှိသေးဘူး”လို့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးစိန်ကျော်မိုးက ပြောပါတယ်။ ဒီဇင်ဘာလ ၂၇ ရက် မနက်ပိုင်းက နွားထိုးကြီးမြို့နယ်၊ ကြီးကြီးကျေးရွာရဲ့အနောက်ဘက် တစ်မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၃၃၀) အနီးမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက သုတေသနပြုလုပ်ပြီးတူးဖော်ခဲ့ရာ သံခေတ်ကလို့ယူဆရတဲ့ ရုပ်အလောင်း (၇) လောင်းကို တူးဖော်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်…

Read More
VOM News

FREE
VIEW