ဟာဝိုင်အီမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျ လိုက်ပါသူအားလုံးသေဆုံး

ဟာဝိုင်အီ၊ ဒီဇင်ဘာ၂၈-၂၀၁၉ မျိုးဆက် (VOM) ဟာဝိုင်အီရှိ ကူအိုင်ကျွန်းပေါ်က တောင်ထိပ်တစ်ခုမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီးနောက် လူခြောက်ဦးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲ့ဒီရဟတ်ယာဉ်ဟာ လူခုနှစ်ဦးကို တင်ဆောင်ပျံသန်းခဲ့ပြီး ပျက်ကျမှုဖြစ်ကြောင့် အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ပျောက်ဆုံးနေသူတစ်ဦးကို ရှာဖွေမှုအား ရာသီဥတုအပေါ် မူတည်ပြီး နံနက်ပိုင်းမှာ ပြန်လည်စတင်သွားမယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ခရီးသည်နှစ်ဦးမှာ အရွယ်မရောက်သေးသူတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့ကပြောပါတယ်။ ရဟတ်ယာဉ်ဟာ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နေစဉ်မှာ ကူအိုင်ကျွန်းရှိ နာပါလီကမ်းရိုးတန်းမှာ လှည့်လည်ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ မတ်ဆောက်တဲ့ မြေပြင်အနေအထား၊ မြင်ကွင်းမရှင်းလင်းခြင်း၊ ပင်လယ်ပြင်မှာလှိုင်းကြီးနေပြီး လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့်ရဟတ်ယာဉ်အပျက်အစီးတွေကို ရှာဖွေရေး အဟန့်အတားဖြစ်စေတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။ Ref : BBC Photo :AP #VOM #voiceofmyanmar #ဟာဝိုင်အီ #ရဟတ်ယာဉ်ပျက်ကျ Zawgyi ဟာ၀ိုင္အီမွာ…

Read More

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် မနောင်ပွဲကျင်းပခွင့် ဖျက်သိမ်း

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၈-၂၀၁၉ ရန်အောင်ထွန်း(VOM) (၇၂) နှစ်မြောက်ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောင်ပွဲကျင်းပခွင့် ဖျက်သိမ်းလိုက်ပြီး ယခင်အစီအစဉ်အတိုင်းမဟုတ်တော့ဘဲ (၂၀၂၀)ခုနှစ် ဇန်နဝါရီ (၅) ရက်ကနေ (၁၂) ရက်ထိ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာသာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ခေါင်းစီးအမည်သဘောထားကွဲလွဲမှုကြောင့် မနောင်ပွဲကျင်းပခွင့်မပြုတာကိုတော့ ဒီဇင်ဘာ ၂၇ ရက်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ “ မနောင်ပွဲအခြေအနေက ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကနေပြီး ကချင်ပြည်နယ်နေ့ဆိုတဲ့ ခေါင်းစဉ်နဲ့တော့ ကျင်းပခွင့်မပြုတော့ပါဘူး ။ နိုင်ငံရေးနဲ့ မပါတ်သက်တဲ့ခေါင်းစဉ်ပေါ့ဗျာ၊ ဥပမာပြောရရင် ကချင်ရိုးရာဗဟိုကော်မတီလို့ တရားဝင်မှတ်ပုံတင်ထားတဲ့အတွက်၊ ကချင်လူမျိုး ရိုးရာမနောပွဲတော်ဆိုတဲ့ အမည်မျိုးပေါ့ ဥပမာပေါ့နော်၊ အဲ့ဒါမျိုးလုပ်ဖို့ အစီအစဉ်ရှိပါတယ်” လို့ မနောင်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးတန်ဂွန်ကပြောပါတယ်။ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောင်ပွဲအတွက် လူမျိုးစုဝင် ၆ စုထဲက အများစုသဘောတူတဲ့ (KACHIN MUNGDAW NHTOI) ဆိုတဲ့စကားလုံး…

Read More

မဒေးဆည်နဲ့ကပ်လျက်က ရွာ၄ရွာမှာ သောက်ရေသုံးရေပြတ်နေ

ကံမ၊ဒီဇင်ဘာ၂၈-၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်မှာရှိတဲ့ မဒေးဆည်ခြေရင်းက ကျေးရွာ၄ရွာဟာ သောက်ရေသုံးရေအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ယခင်က ဒေသခံတွေအသုံးပြုနေတဲ့ မဒေးချောင်းကို ဆည်အဖြစ်ပိတ်ပြီးနောက်ပိုင်းမှာ နှစ်စဉ်ခံစားနေရတယ်လို့လည်း သိရပါတယ်။ “ဆည်ပြီးကာစ၂၀၀၇နဲ့၂၀၀၈အထိဘဲ ရေလုံလောက်စွာရရှိခဲ့တယ်။ ၂၀၀၉ကနေ ယနေ့ထိ အခုလိုလတွေမှာ ဆည်ရေမရတဲ့အပြင် မြေအောက်စမ်းရေပါခမ်းခြောက်လို့ လက်နှိပ်တွင်း၊ အုတ်တွင်းကအစ ရေမထွက်တော့ဘူး”လို့ အထက်မီးပေါက်ရွာက ကိုသံလုံးကပြောပါတယ်။ ယခုလိုရာသီရောက်တိုင်း နှစ်စဉ်ရေပြတ်လပ်တဲ့ဒဏ်ကို ခံကြရတဲ့ရွာတွေဟာ အထက်မီးပေါက် ၊ အလယ်မီးပေါက်၊ အောက်မီးပေါက်၊ သရက်ချောင်းကျေးရွာတို့ပဲ ဖြစ်ပါတယ်။ “ဆည်ရေက မိုးစပါးအတွက် နိုဝင်ဘာအကုန်ထိပေးခဲ့တယ်။ နွေစပါးအတွက် ဖေဖေါ်ဝါရီ၁ရက်နေ့မှပြန်ပေးမှာ၊ ဒီနှစ်က ဆည်ရေဝင်လဲနည်းတယ်၊ ဒီအချိန်တွေက ဆည်မြောင်းလက်တံတွေပြင်ဆင် ၊ ဆည်ကြံ့ခိုင်ရေးလုပ်တဲ့အချိန်ဖြစ်တယ်။”လို့ ဆည်မြောင်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်လင်းကပြောပါတယ်။ အရင်နှစ်တွေထက် ယခုနှစ်မှာ ရေပိုမိုပြတ်လပ်ခြင်းဟာ မိုးမရှိတာနဲ့ ဆည်ကရေကိုထိမ်းထားလို့ မဒေးချောင်းက ရေမနေတော့တာလို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။ “၂၀၀၇ဆည်ပြီးကာစက…

Read More

ခရီးသည်တင်တဲ့ကားကို ရှာဖွေစစ်ဆေးခဲ့တဲ့ သစ်တောဝန်ထမ်းတစ်ချို့ကို ယာဉ်ပိုင်ရှင်က နိုင်လွတ်လုံပုဒ်မနဲ့ အမှုဖွင့်

ပဲခူး ဒီဇင်ဘာ ၂၈-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘောနက်ကြီးကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့နိုဝင်ဘာ၂၆ရက်နေ့က ခရီးသည်တင်ပြေးဆွဲနေတဲ့ မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့တဲ့ သစ်တောဝန်ထမ်းတစ်ချို့ကို ယာဉ်ပိုင်ရှင်က နိုင်လွတ်လုံပုဒ်မနဲ့အမှုဖွင့်ထားတယ်လို့ ပဲခူးမြို့နယ်ဥပဒေရုံးကနေ သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၆ရက်နေ့က ယာဉ်ပိုင်ရှင်ကိုခွင့်ပြုချက်မတောင်းခံဘဲ စစ်ဆေးရှာဖွေခဲ့တယ်ဆိုပြီး ပဲခူးမြို့နယ်သစ်တောဦးစီးအပါ(၅)ဦးကို ယာဉ်ပိုင်ရှင်က နိုင်လွတ်လုံနဲ့အမှုဖွင့်ထားကာ သစ်တောဦးစီးမှူးက ယာဉ်ပိုင်ရှင် ဒေါ်မာမာအေးအပါ(၄)ဦးကို ပုဒ်မ ၃၅၃/၁၁၄တို့နဲ့အပြန်အလှန်အမှုဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။ “နှစ်ဘက်စလုံးရဲ့တိုင်ချက်ကို အကြံတောင်းလာတင်ထားပါတယ်၊ ခက်ခဲမှုရှိမယ်ဆိုရင် ကျွန်တော်တို့မြို့နယ်ကတဆင့် အထက်ကို ထပ်တင်ပြပေးသွားမယ်” လို့ ပဲခူးမြို့နယ်ဥပဒေအရာရှိ ဦးနေကိုအောင်ကပြောပါတယ်။ ဇောင်းတူတိုက်ကြီးကနေ ပဲခူးမြို့ကို ခရီသည်တွေတင်ပြီးမောင်းလာတဲ့ယာဉ်ကို ဘောနက်ကြီးကျေးရွာက ယာဉ်ပိုင်ရှင်ရဲ့အိမ်ရှေ့မှာ ခရီးသည်တွေ ကျန်းမာရေးသန့်စင်ခန်း အသုံးပြုဖို့ခေတ္တနားနေချိန် ရှာဖွေစစ်ဆေးခံရတာဖြစ်ပြီး‌ငွေကျပ်(၂၅)သိန်းလည်း ပျောက်ဆုံးသွားလို့ ယာဉ်ပိုင်ရှင်ရဲ့ ပြောပြချက်အရသိရပါတယ်။ ‟တိုက်ကြီးကပဲခူးကို စီးလုံးငှားလာတဲ့ ခရီးသည်တင်ကားကို ကျွန်မ(ကားပိုင်ရှင်)အိမ်ရှေ့မှာရပ်ထားတုန်းမှာ အမည်မသိလူ(၅)ဦးက ကားပေါ်တက်ရှာဖွေစစ်ဆေးသွားတယ်။ ဘယ်သူမှမသိလိုက်ဘူး၊ ဝုန်းဝုန်းတက်ရှာပြီး ဝုန်းဝုန်းနဲ့ပြန်ဆင်းသွားတယ်။ အဲဒီအချိန်မှာ…

Read More

အေအေအဖွဲ့က Mytel ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ တပ်မတော်ထုတ်ပြန်

စစ်တွေ၊ ဒီဇင်ဘာ ၂၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ Mytel ဆက်သွယ်ရေးကုမ္မဏီဝန်ထမ်းနှစ်ဦးကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာအနီးမှာ အေအေအဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒီကနေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ဖမ်းဆီးခံရသူနှစ်ဦးကတော့ Mytel ဆက်သွယ်ရေးကုမ္မဏီက ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယဉ်မောင်း ဦးစောသိန်းမောင်တို့ဖြစ်တယ်လို့ သိရပါတယ်။ ” လွန်ခဲတဲ့သုံးရက်လောက်က ဖမ်းသွားတာ။ ကျနော်လည်း ဂဃနဏမသိဘူး။ ဖမ်းသွားတာပဲသိတယ်။ ကျန်တာဘာမှမသိဘူး။” လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ တိုင်းဦးစီးပထမတန်း ဗိုလ်မှူ းကြီးဝင်းဇော်ဦးက ပြောပါတယ်။ အဲ့ဒီ Mytel ဝန်ထမ်းနှစ်ဦးဟာ ရခိုင်လူမျိုးတွေဖြစ်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ ဆက်သွယ်ရေးလုပ်ငန်း တွေ ပိုမိုကောင်းမွန်စေဖို့အတွက် ကွင်းဆင်းဆောင်ရွက်နေရာက ဖမ်းဆီးခံရတာဖြစ်တယ်လို့ တပ်မတော်ကထုတ်ပြန်ချက်မှာ ရေးသားထားတာဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်…

Read More

လူလေးဦးကို ရက်စက်စွာသတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ဂျပန်နိုင်ငံမှာ ကြိုးပေးကွပ်မျက်ခံရ

တိုကျို၊ ဒီဇင်ဘာ-၂၇-၂၀၁၉ မျိုးဆက် (VOM) ဂျပန်နိုင်ငံမှာ လူသိများထင်ရှားတဲ့ မိသားစုတစ်ခုမှ လူလေးဦးကို ရက်စက်စွာသတ်ဖြတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦးကို ဂျပန်နိုင်ငံမှာ ကြိုးမိန့်ပေးသတ်လိုက်ပြီး ၁၀ နှစ်တာကာလအတွင်း နိုင်ငံခြားသားတစ်ဦးကို ပထမဆုံးအကြိမ် ကွပ်မျက်လိုက်တာဖြစ်ပါတယ်။ ကွပ်မျက်လိုက်တဲ့ ဝေေ၀လို့အမည်ရတဲ့ တရုတ်နိုင်ငံသားဟာ ် ကြံရာပါနှစ်ဦးနဲ့အတူ ၂၀၀၃ ခုနှစ်မှာ လူသတ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။ လူသတ်ပြီးနောက် သူတို့ဟာ တရုတ်နိုင်ငံသို့ထွက်ပြေးသွားကြပြီး တစ်ဦးက ၂၀၀၅ခုနှစ်မှာ ကွပ်မျက်ခံရပြီး ကျန်တစ်ဦးကတော့ ထောင်ဒါဏ်တစ်သက်တစ်ကျွန်းကျခံနေရပါတယ်။ ဂျပန်နိုင်ငံမှာ သေဒါဏ်ချမှတ်ခံထားရသူ အကျဉ်းသား ၁၀၀ ကျော်ရှိထိရှိနေပါတယ်။ အစွန်းရောက် ဘာသာရေးဂိုဏ်းဝင် ၁၃ ဦးအပါအဝင် အကျဉ်းသား ၁၅ ဦးကို ပြီးခဲ့တဲ့နှစ်က ကွပ်မျက်ခဲ့ပါသေးတယ်။ ဂျပန်နိုင်ငံမှာ ကွပ်မျက်ခံရတဲ့ အကျဉ်းသားတွေရဲ့ အမည်တွေကို ၂၀၀၇ ခုနှစ်ကသာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်၂၀၀၉ ခုနှစ်မှာ နောက်ဆုံးကွပ်မျက်ခဲ့တဲ့ တရုတ်အမျိုးသားတစ်ဦးရဲ့ အမည်ကိုသာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။…

Read More

ကာဇက်စတန်မှာ လူ ၁၀၀ လိုက်ပါသွားတဲ့လေယာဉ်ပျက်ကျ လူ ၁၄ ဦးသေဆုံး

အယ်မာတီ၊ ဒီဇင်ဘာ-၂၇-၂၀၁၉ မျိုးဆက် (VOM) ကာဇက်စတန်နိုင်ငံ မြို့တော်အယ်မာတီအနီးမှာ ခရီးသည် ၉၅ ဦးနဲ့ လေယာဉ်အမှုထမ်း ငါးဦးလိုက်ပါသွားတဲ့ ခရီးသည်တင်လေယာဉ်တစ်စင်း ဒီဇင်ဘာ ၂၇ ရက်မှာ ပျက်ကျသွားတဲ့အတွက် လူ ၁၄ ဦးသေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီလေယာဉ်ဟာ မြို့တော်နူဆူလတန်ကိုသွားရောက်ဖို့ ပျံသန်းခဲ့တာဖြစ်ပြီး နှစ်ထပ်အဆောက်အဦနဲ့မတိုက်မှီ ပျက်ကျပြီး ကွန်ကရစ်ခြံစည်းရိုးတစ်ခုကို ဝင်တိုက်ခိုက်ခဲ့တယ်လို့ ကာဇက်စတန်မြို့ပြလေကြောင်း ကော်မတီကပြောပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံးသွားပြီး ၂၂ ဦးမှာပြင်းထန်တဲ့ဒါဏ်ရာတွေနဲ့ ဆေးရုံတင်ပို့ထားရတယ်လို့ အယ်မာတီမြို့တော်ဝန်ကပြောပါတယ်။ အဲ့ဒီလေယာဉ်ဟာ အာရုဏ်မတက်မှီလေဆိပ်မှ ထွက်ခွာသွားတာဖြစ်ပြီး အဲဒီအချိန်မှာ မြူတွေထူထပ်စွာ ဆင်းနေတယ်လို့လည်း သိရပါတယ်။ လေယာဉ်ဟာ ပြေးလမ်းအဆုံးက အယ်မီရက်ကျေးရွာပေါ်ပျက်ကျခဲ့တာဖြစ်ပါတယ်။ ပျက်ကျခဲ့တဲ့လေယာဉ်ဟာ ဘက်ခ်လေကြောင်းလိုင်းကပိုင်ဆိုင်တာဖြစ်ပြီး ကုမ္ပဏီဟာ ဖော်ကာလေယာဉ်တွေနဲ့ ပြေးဆွဲပျံသန်းနေတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေချိန်မှာ အဲဒီလေယာဉ်အမျိုးအစားတွေကို ပျံသန်းမှုရပ်ဆိုင်းထားမယ်လို့ မြို့ပြလေကြောင်း ကော်မတီကပြောပါတယ်။ Ref…

Read More

လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးက သင်္ကျစ်တော်ရှေးဟောင်းစေတီ ထိခိုက်ပျက်စီးမှုတွေရှိနေ

မြောက်ဦး၊ ဒီဇင်ဘာ ၂၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရှေးဟောင်းသမိုင်းဝင် သင်္ကျစ်တော်စေတီတည်ရှိရာတောင်ပေါ်ကို ဒီဇင်ဘာ ၁၃ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပြီး စေတီတော်နဲ့ မွေအနှစ်တွေထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။ အဲ့ဒီနေ့က တောင်တက်လမ်း တောင်အောက်ခြေအနီးမှာ တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားတာကြောင့် မြောက်ဦးမြို့အခြေစိုက် တပ်မတော်တပ်ရင်းတွေကနေပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဘုရားစေတီရှိတဲ့ တောင်ထိပ်တွေမှာ ကျရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ “ပထမကတော့ တောင်အောက်ခြေမှာတိုက်ပွဲဖြစ်တယ်။ မြောက်ဦးကလှမ်းပစ်တဲ့အခါ အဲ့ဒီဘုရားမှာကျတာ။ ပုဂ္ဂလိက အဖွဲ့တွေကိုယ့်ဘာသာကိုယ် သွားကြည့်တာတော့ရှိတယ်။ ငါတို့တော့သွားကြည့်ဖို့မရသေးဘူး အပျက်အစီးတွေက ဖေ့စဘုတ်ပေါ်မှာပဲမြင်ရတာ။” လို့ မြောက်ဦးမြို့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးထွန်းသာစိန်ကပြောသည်။ ရှေးဟောင်းသမိုင်းဝင်ဘုရားတည်ရှိရာ တောင်ပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့မှုနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။ လက်ရှိမှာ အဲ့ဒီနေရာဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် စေတီတော်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်ဆိုတာကို ကြားသိနေရပေမယ့်…

Read More

နေပြည်တော်မှာ ဆေးလိပ်သောက်ခွင့် တားမြစ်‌တော့မည်

နေပြည်တော်မှာ ဆေးလိပ်သောက်ခွင့် တားမြစ်‌တော့မည် နေပြည်တော်၊ ဒီဇင်ဘာ ၂၇-၂၀၁၉ ကိုထွန်း(VOM) နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(တ) ၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင် ရွက်ခြင်းလုပ်ငန်းတာဝန်အရ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နေထိုင်ကြသော ပြည်သူများအား ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများမှ ကာကွယ်ရန်အတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများအား အများပြည်သူတို့ သိရှိလိုက်နာစေရန် ပုဒ်မ ၃၈ ပုဒ်မခွဲ(ခ)အရ ဤအမိန့်ကြော်ငြာကို ထုတ်ပြန်ကြေညာလိုက်သည်။ ၁။ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အောက်ပါပရိဝုဏ်၊ အဆောက်အအုံ နှင့်နေရာများသည် ဆေးလိပ်သောက်ခွင့်မရှိသော နေရာများဖြစ်သည် (က) ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ပရိုဏ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အိမ်ခန်းများမှအပ ဆေးရုံအဆောက်အအုံ၊ ရုံးခန်း ပရိဝုဏ်နှင့် ပရိဝုဏ်အတွင်းရှိ အခြားအဆောက် အအုံများ၊ (ခ ) လေအေးပေးစက်တပ်ဆင်ထားသောစားသောက်ဆိုင်များ၊ လွှက်ရည်ဆိုင်များနှင့် အအေးဆိုင်များ ( ဂ ) လေအေးပေးစက်တပ်ဆင်ထားသော…

Read More

ရခိုင်ပြည်နယ်က ပြင်ပကျောင်းဆရာတွေ တရားဝင်ဖြစ်ဖို့ သင်တန်းပို့ချပေး

စစ်တွေ၊ ဒီဇင်ဘာ ၂၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိပညာသင်ကြားပေးနေကြတဲ့ ပြင်ပကျောင်းဆရာ/မတွေအနေနဲ့ ဆရာအဖြစ်သင်တန်းတွေ တက်ရောက်ခွင့်မရရှိကြသလို တရားဝင်စာသင်ကြားခွင့် မှတ်ပုံတင်တွေလည်း မရှိတဲ့အတွက် စာသင်ကြားရာမှာ အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်။ အခုလိုမျိုး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့နဲ့ တရားဝင်ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ အရည်အသွေးပြည့်မှီတဲ့ဆရာတွေ တိုးမြှင့်ခန့်အပ်ထားနိုင်ရေးတို့အတွက် ရခိုင်ပြည်နယ်အတွင်းက ဆရာ/မ ၂၀၀ ကျော်ကို စစ်တွေမြို့မှာ ဆရာအဖြစ် ရက်တိုသင်တန်းတစ်ခုကို ရခိုင်ပြည်နယ် ကိုယ်ပိုင်ကျောင်းများအသင်းက ဦးဆောင်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်က ပါမောက္ခအငြိမ်းစားတွေကို ဖိတ်ခေါ်ကာ သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။ အဲ့ဒီသင်တန်းကနေ တက်ရောက်လာခဲ့ကြတဲ့ ဆရာ/မတွေကို သင်တန်းဆင်းလက်မှတ်တွေထုတ်ပေးသွားမှာ ဖြစ်ပြီး အဲ့ဒီလက်မှတ်တွေနဲ့ Green Card ရရှိဖို့ သင့်လျှော်တဲ့ သင်တန်းကျောင်းတွေ၊ ကောလိပ်တွေမှာ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ #VOM #voiceofmyanmar #စစ်တွေ #ဆရာဖြစ်သင်တန်း Zawgyi ရခိုင်ပြည်နယ်က ပြင်ပကျောင်းဆရာတွေ တရားဝင်ဖြစ်ဖို့ သင်တန်းပို့ချပေး စစ်တွေ၊…

Read More
VOM News

FREE
VIEW