နေပြည်တော်၊ နိုဝင်ဘာ ၄-၂၀၁၉ ကိုထွန်း(VOM) လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျောက်ဆုံးသွားတာဟာ နိုင်ငံတော်ရဲ့လုံခြုံရေးကို ထိပါးတာဖြစ်ပြီး နိုင်ငံတော်သမ္မတနဲ့လွှတ်တော်ဥက္ကဋ္ဌတို့ ပူးပေါင်းကာ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ဒီကနေ့မနက် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှာ မီဒီယာများရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ အခုလက်ရှိကတော့ ဦးဝှေ့တင်း ပျောက်ဆုံးနေတယ်ဆိုတာပဲ သိရတယ်။ ဆရာတို့ ပါတီအနေနဲ့လည်း အတည်ပြုထားပြီးဖြစ်တယ်။ ပျောက်ဆုံးနေတယ်ဆိုတာတော့ သေချာတယ်။ ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာလည်း မသိသေးဘူး။ ဘာဖြစ်နေတယ်ဆိုတာလည်း အတိအကျ မသိသေးပါဘူး။ သိလာတဲ့အချိန်မှာ ဆရာတို့လွှတ်တော်ဘက်ကလည်း ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။ သူ့ရဲ့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။(လွှတ်တော်က ဘာလုပ်လို့ ရလဲ) ဒါကတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ကိုယ်စားလှယ်တစ်ယောက်ပျောက်ဆုံးသွားတယ်ဆိုတာ နိုင်ငံတော်ရဲ့လုံခြုံရေးထိပါးတာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မလို့ လွှတ်တော်ဥက္ကဋ္ဌနဲ့ နိုင်ငံတော်သမ္မတ…
Read MoreYear: 2019
မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေရှောင်ရှားရေး အမေရိကန်-တောင်ကိုရီးယား လေတပ်စစ်ရေးလေ့ကျင့်မှု ဆိုင်းငံ့မည်
ဝါရှင်တန်၊ နိုဝင်ဘာ-၃-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား နျူကလီးယားဆွေးနွေးပွဲတွေ ရပ်တန့်နေချိန်မှာပဲ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကိုရှောင်ရှားဖို့အတွက် အမေရိကန်-တောင်ကိုရီးယား ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်ခန်းကို နှစ်နှစ်ဆက်တိုက်ဆိုင်းငံ့လိုက်ပြန်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။ Vigilant Ace လို့အမည်ရတဲ့ လေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ဒီဇင်ဘာလမှာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေအပါအဝင် စစ်လေယာဉ်ရာပေါင်းများစွာ ပါဝင်မှာဖြစ်ပါတယ်။ ဒီလို ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဆိုင်းငံ့မယ့် နောက်ဆုံးဆုံးဖြတ်ချက်ကို နိုဝင်ဘာလအလယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေ တွေ့ဆုံချိန်မှာ ဆုံးဖြတ်ကြလိမ့်မည်လို့ ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမယ့် ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်မှုအစား နှစ်နိုင်ငံအနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေကို လွတ်လပ်စွာလုပ်ဆောင်ကြလိမ့်မယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားစွန့်လွှတ်ရေးအတွက် သံတမန်ရေးရာအားထုတ်မှုတွေကို စစ်ဘက်အနေနဲ့ ဆက်လက်ထောက်ခံသင့်တယ်လို့ တောင်ကိုရီးယားအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်တာဝန်ရှိသူတွေဟာ ရှစ်လအတွင်း ပထမဆုံးအကြိမ်…
Read Moreတူရကီထိန်းချုပ်တဲ့ ဆီးရီးယားနယ်စပ်မှာ ကားဗုံးခွဲတိုက်ခိုက်ခံရ၊ ၁၃ ဦးသေဆုံး
ဒမတ်စကတ်၊ နိုဝင်ဘာ ၃-၂၀၁၉ မျိုးဆက် (VOM) ဆီးရီးယားနိုင်ငံမြောက်ပိုင်း တဲအဘစ်နယ်စပ်မြို့တွင်းမှာ ကားဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူပေါင်း(၁၃)ဦး ထက်မနည်း သေဆုံးသွားတယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အခြားလူ၂၀ထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတယ်လို့ တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကာ့ဒ်တပ်ဖွဲ့တွေကို ကာကွယ်ပေးနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ ဆီးရီးယားကနေ ရုပ်သိမ်းပြီးနောက် တူရကီတပ်ဖွဲ့တွေနဲ့ တူရကီထောက်ခံတဲ့ အတိုက်အခံတွေဟာ ပြီးခဲ့သောလက တဲအဘစ်မြို့နဲ့ အခြားနယ်စပ်မြို့တွေကို ကာ့ဒ်တပ်ဖွဲ့တွေထံကနေ ထိန်းချုပ်ခဲ့ပါတယ်။ နိုဝင်ဘာ၂ရက်က ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှ တူရကီလိုလားတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေလည်း ပါဝင်ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကို ဆီးရီးယားကာ့ဒ်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝိုင်ပီဂျီက ပြုလုပ်တာလို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲပြောဆိုထားပါတယ်။ တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို လက်တလောမှာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ Ref : BBC Photo :…
Read Moreကျူးကျော်တွေအတွက် ၂၅ သိန်းတန် အိမ်ခန်းပေါင်း၂၀၀၀၀ဝန်းကျင်တည်ဆောက်မယ်
ရန်ကုန် ၊နိုဝင်ဘာ ၃-၂၀၁၉ သိင်္ဂီ(VOM) ရန်ကုန်တိုင်း အတွင်းက ကျူးကျော်နေထိုင်သူတွေအတွက် မြန်မာကျပ်ငွေ ၂၅ သိန်းတန်ဖိုးရှိ အိမ်ခန်းပေါင်း ၂၀၀၀၀ ကို ဒီနှစ် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အပြီး တည်ဆောက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ တန်ဖိုးနည်းအိမ်ယာတွေကို အကျယ်အဝန်း ၁၅ ပေ ၃၅ ပေပတ်လည် အခန်းတွေတည်ဆောက်မှာဖြစ်ပြီး ကုန်ကျစရိတ် တန်ဖိုးအနေနဲ့ လည်း မြန်မာကျပ်ငွေ ၂၅ သိန်းနှင့် သိန်း ၃၀ ဝန်းကျင်သာ ရှိမှာဖြစ်ပြီး လူထုအခြေပြုအိမ်ယာစီမံကိန်းအဖြစ် အဲ့ဒီစီမံကိန်းကို ရွှေပြည်သာမြို့နယ်မှာ လုပ်ဆောင်နေပြီ လို့သိရပါတယ်။ ” မြေကတော့ Community ကပိုင်မြေဖြစ်တယ်။ ကျူးကျော်တွေကိုယ်တိုင်က ဒီနေရာမှာ ဒီလိုပုံစံရှိပါမယ် ဒီလိုပုံစံ ဆောက်ချင်ပါတယ်ဆိုတာကို အဖွဲ့အစည်းကနေ ကွင်းဆင်းစာရင်းကောက်ယူထားတာဖြစ်တယ်။ ဒါကြောင့် ကျူးကျော်နေထိုင်သူတွေ သူတို့ဖြစ်ချင်တဲ့ပုံစံ တတ်နိုင်တဲ့ဈေးနှုန်းတွေကို ညှိနှိုင်းပြီးတော့ ဒီဇိုင်းရေးဆွဲပေးထားပါတယ်။…
Read Moreရိုဟင်ဂျာပြဿနာ ဖြေရှင်းရေး အာဆီယံအဖွဲ့ ပိုမိုကူညီသွားမည်
ဘန်ကောက်၊ နိုဝင်ဘာ-၃-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံမှ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေအရေး ဖြေရှင်းရေးကို ယခုထက်ပိုမိုကူညီရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေက သဘောတူလိုက်ကြပါတယ်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာ နိုဝင်ဘာ ၃ ရက်မှ စတင်နေပြီဖြစ်ပါတယ်။ ရိုဟင်ဂျာပြသနာဖြေရှင်းရေး ကူညီရာမှ အာဆီယံအနေနဲ့ ပါဝင်သင့်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဌ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောဆိုခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ ဒုက္ခသည်တွေကို မြန်မာအစိုးရက ပြန်လည်လက်ခံရေးမှာ ကူညီဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ရေးတို့မှာ အာဆီယံရဲ့ပါဝင်မှုကို တိုးမြင့်ဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်းမရှိသည့် အာဆီယံအဖွဲ့ရဲ့မူဝါဒကိုအခြေခံပြီး မြန်မာနိုင်ငံအပေါ်ကို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးတွေကို ရှောင်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း ဒုက္ခသည်တွေပြန်လည်လက်ခံရေးကြိုးပမ်းမှုတွေမှာ…
Read Moreရှိမ်းမကားဘေးမဲ့တောက ရှေးဟောင်းပစ္စည်းတွေကို ပြတိုက်တစ်ခုထားပြီးပြသဖို့ ဒေသခံတွေလိုလား
ရွှေဘို၊ နိုဝင်ဘာ ၃-၂၀၁၉ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာရှိတဲ့ ရှိမ်းမကားဘေးမဲ့တောမှာ အရင်နှစ်တွေထက် လာရောက်လည်ပတ် လေ့လာသူတွေ ပိုများပြားလာတယ်လို့ ရှိမ်းမကားကျေးရွာကနေ သိရပါတယ်။ ရှိမ်းမကားဘေးမဲ့တောမှာ ပုဂံခေတ်စပြီး ခေတ်အဆက်ဆက်တည်ထားခဲ့တဲ့ ရှေးဟောင်းစေတီတွေ၊ ရှေးဟောင်းအဆောက်ဦးတွေနဲ့ ဘုန်းကြီးကျောင်းတွေရှိနေပြီး ဧရိယာ ၃၃၄ ဧက ကျယ်ဝန်းတာဖြစ်ပါတယ်။ “ ဒီလို ရှေးဟောင်းပစ္စည်းတွေကို ဒီအတိုင်းထားတာထက် ပြတိုက်တခုသီးသန့်လုပ်ပြီးထားရင် လာပြီးလေ့လာသူတွေအနေနဲ့ ပိုအဆင်ပြေတာပေါ့။ အရင်ခေတ်က မင်းတုန်း ၊ သီပေါမင်းရေးပို့တဲ့ စာချွန်တွေလဲရှိတယ်။ ဒါတွေကို သေသေသပ်သပ်လေးဖြစ်စေချင်တာပါ ” လို့ ရှိမ်းမကားကျေးရွာက ဒေသခံ ဦးမောင်ဝင်းက ပြောပါတယ်။ ရှိမ်းမကားဘေးမဲ့တောမှာ ရှေးဟောင်းအမွေအနှစ်တွေအပြင် ရှားပါးနေတဲ့ ရွှေသမင်တွေ ကျင်လည်ကျက်စားနေကြပြီး တခြားတောတိရစ္ဆာန်ဖြစ်တဲ့ သမင်ပျောက် ၊ သမင်ဝက် ၊ ယုန် ၊ ချေ စတာတွေလဲ ကျက်စားနေတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ…
Read Moreမန္တလေးမြို့မှာ ကားပုံစံငယ် စုဆောင်းသူတွေတွေ့ဆုံပြီး ပြပွဲကျင်းပ
Read Moreအစိုးရကို ပေးသွင်းထားတဲ့အာမခံကြေးများ ရက်(၉၀)အတွင်း လာမထုတ်ရင် နိုင်ငံပိုင်သိမ်းမယ်
ရန်ကုန် နိုဝင်ဘာ ၂-၂၀၁၉ သိဂီ င်္(VOM) တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံပြန်ရောက်နေတဲ့ အလုပ်သမားတွေအနေနဲ့ အစိုးရကိုပေးသွင်းထားတဲ့ ကြိုတင်အာမခံကြေး ၁၅ သိန်းကို ရက်ပေါင်း ၉၀ အတွင်းမှာ လာရောက်ထုတ်ယူမှုမရှိဘူးဆိုရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အောက်တိုဘာလ ၃၀ရက်နေ့က အသိပေး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံက ပြန်ရောက်လာပြီး ကြိုတင်အာမခံကြေး ထုတ်မယူရသေးတဲ့ မြန်မာအလုပ်သမားတွေအတွက် ပြောဆိုလိုက်တာဖြစ်ပြီး အာမခံကြေးကို ထုတ်ယူဖို့အတွက် ခုလ နိုဝင်ဘာလ ၁ ရက်ကနေ လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိအချိန် ၃ လပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ “ ကိုရီးယားက ပြန်လာရင် ပြန်လာတာနဲ့ အလုပ်သမားက ပြန်လာကြောင်း သတင်း ပို့ရမယ်။ အဲ့ဒီလိုသတင်းပို့…
Read Moreပါကစ္စတန်ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ လူသိန်းချီဆန္ဒပြနေကြ
အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၂-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းနှုတ်ထွက်ရေးအတွက် မြို့တော် အစ္စလာမ္မဘတ်မှာ ပြည်သူသိန်းနဲ့ချီပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ပြီး တောင်းဆိုနေကြပါတယ်။ အစ္စလာမ်မစ်နိုင်ငံရေးပါတီတစ်ခုနဲ့ အခြားအတိုက်အခံအင်အားစုတွေက ဝန်ကြီးချုပ်နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲတွေဟာ အတုအယောင်ဖြစ်တယ်လို့ ရှုတ်ချလိုက်ပါတယ်။ ဆန္ဒပြသူများသည် ဝန်ကြီးချုပ် အိုင်မရာခန်း နဲ့ သူ့ရဲ့စိုရအဖွဲ့ရာထူးကနေ နှုတ်ထွက်ရေးနဲ့ ပါလီမန်ဖျက်သိမ်း ရေးတို့ကို တောင်းဆိုနေကြပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ နှစ်ရက်အတွင်း ရာထူးကနေမနှုတ်ထွက်ဘူးဆိုရင် ဖြိုခွဲရခက်တဲ့ ပြင်းထန်တဲ့ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။ ပါကစ္စတန်အစိုးရကတော့ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မလာအောင် မြို့တော် အစ္စလာမ္မာဘတ်တစ်လျှောက်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ချထားနေပါတယ်။ Ref : NHK Photo : AP #voiceofmyanmar #ပါကစ္စတန် #ဝန်ကြီးချုပ်နှုတ်ထွက်ဖို့ ဆန္ဒပြ Unicode ပါကစ္စတန်ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့…
Read Moreမြဝတီမြို့က အထက်တန်းကျောင်းခွဲတစ်ခုမှာ တရုတ်နိုင်ငံသားတွေအပေါ့စွန့်လို့ လူစုလူဝေးဖြစ်ပွား
မြဝတီ၊ နိုဝင်ဘာ ၂-၂၀၁၉ သူရိန်(VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် (၄)ရပ်ကွက်၊ အောင်မြေရွှေဘုံ အခြေခံပညာအထက်တန်းကျောင်း ( ခွဲ ) ကျောင်းဝင်းအတွင်းမှာ နိုဝင်ဘာ ၁ ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံသားတွေ အုပ်စုလိုက်အပေါ့စွန့်တဲ့အတွက် လူစုလူဝေးဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့မ ရဲစခန်းကနေ သိရပါတယ်။ အောင်မြေရွှေဘုံ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေ အချိန်ပိုသင်ကြားနေတဲ့ ည ၆နာရီခွဲ အချိန်မှာ တရုတ်နိုင်ငံသားတွေဝင်လာပြီး ဘောင်းဘီ ချွတ် မဖွယ်မရာ အပေါ့စွန့်ခဲ့ ကြတဲ့အတွက် လူစုလူဝေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ အမှုဖွင့်ထားတယ် လက်ရှိတော့ထိန်းသိမ်းထားပါတယ်၊ အာမခံတော့ မပေးသေးပါဘူး” လို့ မြဝတီမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒီလို မဖွယ်မရာ အပေါ့စွန့်နေတဲ့ တရုတ်နိုင်သားတွေကို ကျောင်းသားမိဘ၊ ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ကို အကြောင်းကြားခဲ့တဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေက…
Read More