ကင်မရွန်းနယ်စပ်မှာ ငါးဖမ်းသမားအယောက် ၅၀ ကျော်အသတ်ခံရ

ရာအန်ဒဲ၊ ဇန်နဝါရီ-၄-၂၀၂၀
မျိုးဆက် (VOM)

ကင်မရွန်းနဲ့ ချဒ်နိုင်ငံနယ်စပ်မှာရှိတဲ့ ကျွန်းတစ်ခုပေါ်မှာ ဘိုကိုဟာရမ်စစ်သွေးကြွတွေလို့ သံသယရှိသူတွေရဲ့ သတ်ဖြတ်မှုကြောင့် လူ ၅၀ ကျော်မနည်းသေဆုံးသွားတယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

စစ်သွေးကြွတွေဟာ ကုန်သည်တွေအသွင် ဟန်ဆောင်ထားပြီး ငါးဖမ်းသမားတွကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသက်ရှင်လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသရဲ့မြို့တော်ဝန် အလီရာမက်ကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဝေလံခေါင်သီတဲ့ ဒေသဖြစ်တာကြောင့် သတင်းတွေက ခုမှထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီဇင်ဘာနှောင်းပိုင်းမှာတော့ အဲဒီဒေသကို ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ရာမှာ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ လူသေအလောင်းတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ ကင်မရွန်းနိုင်ငံသား ၂၀ ဦးထက်မနည်းပါဝင်ပြီး ကျန်တဲ့သူတွေကိုတော့ ဘယ်နိုင်ငံသားတွေလည်းဆိုတာ စိစစ်နေဆဲဖြစ်ပါတယ်။

ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲကို ၂၀၀၉ ခုနှစ်မှာ နိုင်ဂျီးရီးယားနိုင်ငံအတွင်း တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ချဒ်၊ ကင်မရွန်းနဲ့ နိုင်ဂျာနိုင်ငံတွေကို ပြန့်နှံ့လှုပ်ရှားနေကြတာဖြစ်ပါတယ်။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ကင်မရွန်း #ငါးဖမ်းသမားတွေ #အသတ်ခံရ

Zawgyi

ကင္မရြန္းနယ္စပ္မွာ ငါးဖမ္းသမားအေယာက္ ၅၀ ေက်ာ္အသတ္ခံရ

ရာအန္ဒဲ၊ ဇန္န၀ါရီ-၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ကင္မရြန္းနဲ႔ ခ်ဒ္နုိင္ငံနယ္စပ္မွာရိွတဲ႔ ကြ်န္းတစ္ခုေပၚမွာ ဘိုကိုဟာရမ္စစ္ေသြးၾကြေတြလို႔ သံသယရိွသူေတြရဲ႕ သတ္ျဖတ္မႈေၾကာင္႔ လူ ၅၀ ေက်ာ္မနည္းေသဆံုးသြားတယ္လို႔ ေဒသဆိုင္ရာတာ၀န္ရိွသူ တစ္ဦးကေျပာပါတယ္။

စစ္ေသြးၾကြေတြဟာ ကုန္သည္ေတြအသြင္ ဟန္ေဆာင္ထားျပီး ငါးဖမ္းသမားတြကို တိုက္ခိုက္ခဲ႔တာျဖစ္တယ္လို႔ အသက္ရွင္လြတ္ေျမာက္လာသူတစ္ဦးရဲ႕ ေျပာၾကားခ်က္ကို ကိုးကားျပီး ေဒသရဲ႕ျမိဳ႕ေတာ္၀န္ အလီရာမက္ကေျပာပါတယ္။

အဲဒီတိုက္ခိုက္မႈဟာ ဒီဇင္ဘာ ၂၂ ရက္ေန႔က ျဖစ္ပြားခဲ႔ျပီး ေ၀လံေခါင္သီတဲ႔ ေဒသျဖစ္တာေၾကာင္႔ သတင္းေတြက ခုမွထြက္ေပၚလာတာျဖစ္ပါတယ္။

ဒီဇင္ဘာေနွာင္းပိုင္းမွာေတာ႔ အဲဒီေဒသကို ရွာေဖြေရးအဖြဲ႔တစ္ဖြဲ႔ ေစလႊတ္ခဲ႔ရာမွာ ေရေပၚမွာ ေပါေလာေပၚေနတဲ႔ လူေသအေလာင္းေတြကိုေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။

ေသဆံုးသူေတြထဲမွာ ကင္မရြန္းနိုင္ငံသား ၂၀ ဦးထက္မနည္းပါ၀င္ျပီး က်န္တဲ႔သူေတြကိုေတာ႔ ဘယ္နုိင္ငံသားေတြလည္းဆိုတာ စိစစ္ေနဆဲျဖစ္ပါတယ္။

ဘိုကိုဟာရမ္စစ္ေသြးၾကြအဖြဲကို ၂၀၀၉ ခုနွစ္မွာ နိုင္ဂ်ီးရီးယားနုိင္ငံအတြင္း တည္ေထာင္ဖြဲ႔စည္းခဲ႔တာျဖစ္ျပီး အဲဒီေနာက္ပိုင္းမွာ အိမ္နီးခ်င္းနိုင္ငံေတြျဖစ္တဲ႔ ခ်ဒ္၊ ကင္မရြန္းနဲ႔ နိုုင္ဂ်ာနိုင္ငံေတြကို ျပန္႔နွံ႔လႈပ္ရွားေနၾကတာျဖစ္ပါတယ္။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ကင္မရြန္း #ငါးဖမ္းသမားေတြ #အသတ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW