စစ်တွေမြို့မှာ (၇၂) နှစ်မြောက် လွပ်လပ်ရေးနေ့အခမ်းအနားကျင်းပ

စစ်တွေ၊ ဇန်နဝါရီ ၄-၂၀၂၀ ခိုင်လင်းစံ (VOM) (၇၂) နှစ်မြောက် နိုင်ငံတော်အလံအလေးပြုတာနဲ့ လွပ်လပ်ရေးနေ့အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာပြုလုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးနေ့အခမ်းအနာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တရားသူကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ တိုင်းရင်းသားရိုးရာ ဂီတဖျော်ဖြေပွဲမှာ ပါဝင်တဲ့ မြိုတိုင်းရင်းသားတစ်ဦးက” လွတ်လပ်ရေးပွဲဆိုတာ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ပွဲဖြစ်တာကြောင့် တက်ရောက်နိုင်တဲ့အတွက် အထူးဝမ်းသာပါတယ်။ ဒီမှာ တိုင်းရင်းသားပေါင်းစုံနဲ့တွေ့တော့ အရမ်းစိတ်ရွှင်လန်းတယ် ခင်ဗျား။ တအားပျော်ပါတယ်။ နောက်နှစ် နောင်နှစ်တွေမှာလည်း လွတ်လပ်ရေးကို အဓွန့်ရှည်အောင် ဒီလိုအခမ်းနားမျိုး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။”လို့ ပြောပါတယ်။ အခမ်းအနားမှာ ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းဘုးရားစေတီပုထိုးနဲ့ ယဉ်ကျေးမှုအမွေအနှစ်ပုံရိပ်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ ယဉ်ကျေးမှုအဖွဲ့ဝင် မခိုင်ဖူးငုံက ” အခုလိုအခမ်းအနားပြုလုပ်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးအနေနဲ့…

Read More

ကင်မရွန်းနယ်စပ်မှာ ငါးဖမ်းသမားအယောက် ၅၀ ကျော်အသတ်ခံရ

ရာအန်ဒဲ၊ ဇန်နဝါရီ-၄-၂၀၂၀ မျိုးဆက် (VOM) ကင်မရွန်းနဲ့ ချဒ်နိုင်ငံနယ်စပ်မှာရှိတဲ့ ကျွန်းတစ်ခုပေါ်မှာ ဘိုကိုဟာရမ်စစ်သွေးကြွတွေလို့ သံသယရှိသူတွေရဲ့ သတ်ဖြတ်မှုကြောင့် လူ ၅၀ ကျော်မနည်းသေဆုံးသွားတယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ စစ်သွေးကြွတွေဟာ ကုန်သည်တွေအသွင် ဟန်ဆောင်ထားပြီး ငါးဖမ်းသမားတွကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသက်ရှင်လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသရဲ့မြို့တော်ဝန် အလီရာမက်ကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဝေလံခေါင်သီတဲ့ ဒေသဖြစ်တာကြောင့် သတင်းတွေက ခုမှထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီဇင်ဘာနှောင်းပိုင်းမှာတော့ အဲဒီဒေသကို ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ရာမှာ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ လူသေအလောင်းတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကင်မရွန်းနိုင်ငံသား ၂၀ ဦးထက်မနည်းပါဝင်ပြီး ကျန်တဲ့သူတွေကိုတော့ ဘယ်နိုင်ငံသားတွေလည်းဆိုတာ စိစစ်နေဆဲဖြစ်ပါတယ်။ ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲကို ၂၀၀၉ ခုနှစ်မှာ နိုင်ဂျီးရီးယားနိုင်ငံအတွင်း တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ချဒ်၊ ကင်မရွန်းနဲ့ နိုင်ဂျာနိုင်ငံတွေကို ပြန့်နှံ့လှုပ်ရှားနေကြတာဖြစ်ပါတယ်။ Ref…

Read More

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ကို ဒေါ်‌အောင်ဆန်းစုကြည်ပထမဆုံးအကြိမ်လာမယ်

တမူး၊ ဇန်နဝါရီ ၄-၂၀၂၀ ဂေါင်ဂေါင်(VOM) အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယခုနှစ် ဇန်နဝါရီလလယ်လောက်မှာ ပထမဆုံးအကြိမ်လာမယ်လို့ တမူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ သိရပါတယ်။ ” ဒီနှစ်လာမယ်လို့ သတင်းကြားထားတယ်၊ ရက်အတိအကျတော့ မသိရသေးပါဘူး၊ နာဂပွဲတော်တက်ရောက်ပြီးအပြန်ဝင်မယ်လို့ သိရတာပါ”လို့ တမူးမြို့နယ် NlD ဥက္ကဌ ဦးမြင့်ဇော်ကပြောပါတယ်။ တမူးမြို့ကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ၇လပိုင်းက လာ‌ ရောက်မယ်လို့ပြောကြားခဲ့ပြီး ရာသီဥတုအခြေအနေမကောင်းတဲ့အတွက် လာရောက်မယ့်ခရီးစဥ်ဖျက်လိုက်ရတာ ဖြစ်ပါတယ်။ “ပါတီဝင်မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်တမူးမြို့ကို တစ်ကြိမ်မှမလာဘူးသေးလို့ လာစေချင်ပါတယ်။ နယ်စပ်ဒေသအရေးကိုလဲ သိစေချင်ပါတယ်။ ပြောခွင့်ရသူတွေအနေနဲ့လဲ နယ်စပ်လုံခြုံဖွံ့ဖြိုးဖို့တင်ပြစေချင်ပါတယ်။ ပြည်သူနဲ့တွေဆုံပြီးပြည်သူအသံကို သိစေချင်ပါတယ်”လို့ တမူးမြို့မှာနေထိုင်တဲ့ ဒေါ်အေးဌေးကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး တမူးမြို့ NLD အမျိုးသမီးရေးတာဝန်ခံ ဒေါ်မာမာဦးက”အတိုင်ပင်ခံ လာရောက်မယ်လို့သတင်းကကြားနေရတယ် ။ ပါတီကိုတော့ အတိအကျအကြောင်းမကြားထားသေးပါဘူး၊ လာမှာတော့သေခြာတယ်”လို့ ပြောပါတယ်။ အရင်နှစ်က လာမယ်ဆိုတဲ့အချိန်ကလည်း ကြိုတင်အကြောင်းကြားထားတဲ့အတွက် တမူးမြို့ကပြည်သူတွေဟာ…

Read More

အီရန်နဲ့တင်းမာနေစဉ် အရှေ့အလယ်ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင် သုံးထောင်စေလွှတ်မည်

ဝါရှင်တန်၊ ဇန်နဝါရီ-၄-၂၀၂၀ မျိုဆက် (VOM) အီရန်စစ်ဘက် ထိပ်တန်းဗိုလ်ချုပ် ကာဆမ်ဆိုလိုင်မေနီကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုပြုပြီး သတ်ဖြတ်လိုက်တာဟာ စစ်ပွဲတစ်ခုအဆုံးသတ်ဖို့လုပ်ခဲ့တာဖြစ်ပြီး နောက်ထပ်စစ်ပွဲစဖို့မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။ အီရန်ဗိုလ်ချုပ်ဆိုလိုင်မေနီရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေဟာ ဒီဇင်ဘာ ၃ ရက်က ဘဂ္ဂဒက်မှာပြုလုပ်တဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ပြီးဆုံးသွားပြီလို့ သူကဆိုပါတယ်။ သေဆုံးသွားတဲ့ အီရန်ဗိုလ်ချုပ်ဆိုလိုင်မေနီဟာ အီရန်ကွပ်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်ပြီး အီရန်ရဲ့ အရှေ့အလယ်ပိုင်းစစ်ဆင်ရေးတွေကို ဦးဆောင်နေသူဖြစ်ပါတယ်။ သူ့ကို လေကြောင်းတိုက်ခိုက်မှုပြုပြီး သတ်ဖြတ်ခဲ့တာကြောင့်အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေလည်း အကြီးအကျယ်မြင့်တက်နေပါတယ်။ ဒီလိုအခြေအနေမှာ ကြိုတင်ကာကွယ်မှုအဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၃၀၀၀ ကျော် ထပ်မံစေလွှတ်သွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ ဒေသတွင်း တင်းမာမှုများမြင့်တက်နေတာကြောင့် အီရတ်မှာရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားအားလုံး နိုင်ငံအတွင်းကနေ ချက်ချင်းထွက်ခွာကြဖို့ ဘဂ္ဂဒက်ရှိအမေရိကန်သံရုံးက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ Ref : BBC Photo: AFP #VOM…

Read More

အိန္ဒိယနိုင်ငံကနေ တမူးမြို့ကိုပေးဝေးနေတဲ့ မီတာခကို ဧပြီလမှာ ထပ်တိုးကောက်ခံမယ်

တမူး၊ ဇန်နဝါရီ ၄-၂၀၂၀ ဂေါင်ဂေါင်(VOM) အိန္ဒိယနိုင်ငံကနေ တမူးမြို့ကိုပေးဝေနေတဲ့ လျှပ်စစ်မီတာခကို ဧပြီလကနေစပြီး အိန္ဒိယရူပီးငွေ(၇)ကျပ်တိုးကာ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၆ခုနှစ်က ၂၄နာရီမီးရရှိရေးအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး၂၀၁၈ ဧပြီလကနေ ၂၀၁၉ မတ်လအထိ တစ်ယူနှစ်ကို အိန္ဒိယရူပီးငွေ ၆ကျပ် ပြား၄၀ ကောာက်ခံခဲ့ကာ မီးလင်းရေးကော်မတီအဖွဲ့က တစ်ယူနှစ် ကိုမြန်မာကျပ်ငွေ ၂၀၀ ကျပ်နဲ့ တမူးပြည်သူတွေကို ကောက်ခံခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်မှာတော့ အိန္ဒိယရူးပီးငွေ ၇ ကျပ်တိုးကောက်မှာဖြစ်တဲ့အတွက် မီတာခကို တစ်ယူနှစ် ၂၅၀ ကျပ်နဲ့ တမူးပြည်သူတွေကို ကောက်ခံသွားမှာဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့လည်း အခြားနိုင်ငံတွေကို လျှက်စစ်ဖြန်ဖြူးလျှက်ရှိရာ တစ်ယူနှစ်ကို ရူပီးငွေ ၈ကျပ်ခွဲနဲ့ပေးထါးပြီး တမူးနယ်စပ်ကိုလဲ အဲ့ဒီဈေးအတိုင်းကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။ “တမူးမြို့ EPCရုံးအနနဲ့ ငွေကျေးပိုင်းနဲ့ ဈေးအနိမ့်အမြင်တွေမကိုင်ထားပါဘူး။ နည်းပညာပိုင်းနဲ့ မီးပျက်ရင်ရုံးမှပညာရှင်တွေကို လွတ်ပေးတါမျိုးဘဲရှိပါတယ်။ မီးလင်းရေးကော်မတီကသာ ငွေကျေးပိုင်းကော ကောက်ခံမှုပိုင်းကော အကုန်တာဝန်ယူထားတာဖြစ်တယ်”လို့တမူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဖြိုးဝေကို…

Read More

(၁၂) ဘီးကားနဲ့ ခရီးသည်တင်ယာဉ်တို့ တိုက်မှုဖြစ်ပြီး ခရီးသည်တင်တဲ့ယာဉ်မောင်းသေဆုံး

စစ်ကိုင်း ဇန်နဝါရီလ ၄-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊ ပြူကံရပ်၊ မုံရွာ -မန္တလေး ကားလမ်း၊မိုင်တိုင်အမှတ်(၁၅/၃)မှာ ဒီကနေ့ မနက် ၇ နာရီခွဲ အချိန်ခန့်က (၁၂)ဘီးကားနဲ့ ခရီးသည်တင် အန်စာတုံးယာဉ်တို့ တိုက်မှုဖြစ်ပြီး ခရီးသည်တင်ယာဉ်က ယာဉ်မောင်းသေဆုံးခဲ့ပါတယ်။ စစ်ကိုင်းမြို့၊ရွာထောင်ရပ်နေ ဦးမြင့်လွင်ဦး(၄၃)နှစ် မောင်းနှင်းလာသော (၁၂ဘီးကား)ခေါင်းပြာ၊ ဘော်ဒီခဲရောင်နဲ့ အပြာကြားယာဉ်ဟာ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို သွားတဲ့အချိန် လမ်းကြောပေါ်မှာ စစ်ကိုင်းဘက်ကို ခေါင်ပြန်လှည့်ဖို့ ဂ ငယ်ကွေ့ကွေ့တဲ့အချိန် ယာဉ်မောင်း ဦးကျော်မျိုးခိုင် မောင်းနှင်းလာသော အန်စာတုံး အမျိုးအစား(ခဲရောင်)အင်ကြင်းဖြူ ခရီးသည်တင်ယာဉ်လိုင်းက ခရီးသည် ၁၃ ဦး တင်ဆောင်လာတဲ့ အန်တုံးယာဉ်မှာ အရှိန်မထိန်နိုင်ဘဲ ၁၂ ကားရဲ့ နောက်မှီးပိုင်ကိုတိုက်မိပြီး အနီးရှိ ရန်အောင်မင်္ဂလာကျောင်းတိုက် အုတ်တံတိုင်းသို့ ဝင်ရောက်တိုင်မိခဲ့တယ်လို့ သိရပါတယ်။ ”မန္တလေး-မုံရွာကာလမ်း ပြူကံရပ်နားမှာ ယာဉ်တိုက်မှုဖြစ်ပြီး လူညှက်နေတယ်လို့ ဖုန်းသတင်းရတာနဲ့ ကျွန်တော်တို့…

Read More

လူမှုဖူလုံရေးကြေးပေးသွင်းဖို့ပျက်ကွက်တဲ့ တိုင်းနှင့်ပြည်နယ် ၆ ခုမှာ ရန်ကုန်ကအများဆုံးဖြစ်

ရန်ကုန် ဇန်နဝါရီ ၄-၂၀၂၀ သိဂီ ၤ(VOM) လူမှုဖူလုံရေး လစဉ်ထည့်ဝင်ကြေးပေးသွင်းဖို့ပျက်ကွက်နေတဲ့ တိုင်းနှင့် ပြည်နယ် ၆ ခုအနက် ရန်ကုန်က ပျက်ကွက်မှုအများဆုံးဖြစ်နေတယ်လို့ လူမှုဖူလုံရေးစာရင်းတွေအရ သိရပါတယ်။ လုပ်သားကျန်းမာရေး အာမခံငွေလစဉ်ကြေးပေးသွင်းဖို့ ကျန်ရှိနေတဲ့ အလုပ်ဌာနတွေဟာ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီးအပါအဝင် ရခိုင်၊ ရှမ်း၊ ကချင်ပြည်နယ်တို့ဖြစ်ပြီး ပျက်ကွက်တဲ့အလုပ်ဌာန ၂၅၆ ခုရှိကာ အဲ့ဒီအထဲမှာ ရန်ကုန်က ၂၂၃ ခုရှိနေတာဖြစ်ပါတယ်။ “ ဒီပြည်နယ်တိုင်း(၆)ခုမှာ လစဉ်ထည့်ဝင်ကြေးပေးသွင်းဖို့ ကျန်ရှိငွေက ၂၉၇ ဒသမ ၈၂၄ သန်း ပေးသွင်းဖို့ကို ကျန်ရှိနေတာပါ။ လက်ရှိ ကြွေးကျန်ရရှိဖို့ ကြိုးစားဆောင်ရွက်နေပြီးတော့ တောင်းဖို့ခက်ခဲတဲ့ ကြွေးကျန် အလုပ်ဌာန ၂ ခုကိုတော့ တရားစွဲဆို ဆောင်ရွက်ထားပါတယ်” လို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးကပြောပါတယ်။ အဆိုပါ ပျက်ကွက်အလုပ်ဌာနစာရင်းတွေထဲကမှ လစဉ်ကြေးတောင်းဆိုဖို့ခက်ခဲတဲ့…

Read More

မန္တလေးမြို့မှာ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပနေချိန် အချိန်အခါမဟုတ် မိုးရွာ

မန္တလေး ဇန်နဝါရီ ၄-၂၀၂၀ ဖြူဖြူ(VOM) ဒီက‌နေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်ပြည့်လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည့်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကျင်းပနေချိန် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တဲ့အတွက် အခမ်းအနားတက်ရောက်လာသူတွေအနေနဲ့ ဘောလုံးကွင်းအတွင်းမိုးလုံရာနေရာတွေမှာ ခိုလှုံခဲ့ကြရပြီး တိုင်းအစိုးရအဖွဲ့နဲ့ မြို့ခံအချို့သာ အခမ်းအနားမှာ ပါဝင်ဖြစ်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုယ်စား ခခေတ္တဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနဝန်ကြီး ဦးဇာနည်အောင်က “ တစ်မျိုးသားလုံးအတွက် အရေးကြီးတဲ့ ဒီနေ့ထူးနေ့မြတ်မှာ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ၊ လေထန်သည်ဖြစ်စေ ကျနော်တို့အားလုံး ဒီလွတ်လပ်ရေးနေ့မှာ တက်ရောက်လာတဲ့အားကလည်း မနည်းဘူး။ ဒါဟာ တစ်မျိုးသားလုံးအတွက် အရေးကြီးတဲ့အချိန်မှာ အားလုံးဟာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်တဲ့ ပြယုဒ်ပဲဖြစ်ပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကင်ဆာရောဂါခံစားနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အနေနဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်ဖို့ မူလကစီစဉ်ထားပေမယ့်…

Read More
VOM News

FREE
VIEW