အိန္ဒိယနိုင်ငံကနေ တမူးမြို့ကိုပေးဝေးနေတဲ့ မီတာခကို ဧပြီလမှာ ထပ်တိုးကောက်ခံမယ်

တမူး၊ ဇန်နဝါရီ ၄-၂၀၂၀
ဂေါင်ဂေါင်(VOM)

အိန္ဒိယနိုင်ငံကနေ တမူးမြို့ကိုပေးဝေနေတဲ့ လျှပ်စစ်မီတာခကို ဧပြီလကနေစပြီး အိန္ဒိယရူပီးငွေ(၇)ကျပ်တိုးကာ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၆ခုနှစ်က ၂၄နာရီမီးရရှိရေးအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး၂၀၁၈ ဧပြီလကနေ ၂၀၁၉ မတ်လအထိ တစ်ယူနှစ်ကို အိန္ဒိယရူပီးငွေ ၆ကျပ် ပြား၄၀ ကောာက်ခံခဲ့ကာ မီးလင်းရေးကော်မတီအဖွဲ့က တစ်ယူနှစ် ကိုမြန်မာကျပ်ငွေ ၂၀၀ ကျပ်နဲ့ တမူးပြည်သူတွေကို ကောက်ခံခဲ့တာဖြစ်ပါတယ်။

၂၀၂၀ခုနှစ်မှာတော့ အိန္ဒိယရူးပီးငွေ ၇ ကျပ်တိုးကောက်မှာဖြစ်တဲ့အတွက် မီတာခကို တစ်ယူနှစ် ၂၅၀ ကျပ်နဲ့ တမူးပြည်သူတွေကို ကောက်ခံသွားမှာဖြစ်ပါတယ်။

အိန္ဒိယအနေနဲ့လည်း အခြားနိုင်ငံတွေကို လျှက်စစ်ဖြန်ဖြူးလျှက်ရှိရာ တစ်ယူနှစ်ကို ရူပီးငွေ ၈ကျပ်ခွဲနဲ့ပေးထါးပြီး တမူးနယ်စပ်ကိုလဲ အဲ့ဒီဈေးအတိုင်းကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

“တမူးမြို့ EPCရုံးအနနဲ့ ငွေကျေးပိုင်းနဲ့ ဈေးအနိမ့်အမြင်တွေမကိုင်ထားပါဘူး။ နည်းပညာပိုင်းနဲ့ မီးပျက်ရင်ရုံးမှပညာရှင်တွေကို လွတ်ပေးတါမျိုးဘဲရှိပါတယ်။ မီးလင်းရေးကော်မတီကသာ ငွေကျေးပိုင်းကော ကောက်ခံမှုပိုင်းကော အကုန်တာဝန်ယူထားတာဖြစ်တယ်”လို့တမူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဖြိုးဝေကို ကပြောပါတယ်။

တမူးမြို့က မီးသုံးစွဲသူတစ်ဦးဖြစ်တဲ့ ဦးသက်နောင်ဆိုသူကလည်း “မီတာခဈေးမတက်ခင် တစ်လကို တစ်သိန်းခုနှစ်သောင်းကျော်ဆောင်ရပါတယ်။ လုပ်ငန်းသုံးမဟုတ်ပါဘူး၊ အိမ်သုံးမီတာခပါ မီတာခဈေးတက်မယ်ပြောတယ်။ တက်မဲ့ဈေးနဲ့တော့ မီတာခမဆောင်ရသေးပါဘူး ။ တက်ရင်လဲနိုင်ငံပိုင်မီးမပေးခင်တော့ မဖြစ်မနေသုံးစွဲနေရမှာဘဲ၊ နိုင်ငံပိုင်မီးအမြန်ပေးနိုင်စေချင်ပါတယ်”လို့ ပြောပါတယ်။

“အိန္ဒိယနိုင်ငံက မီးတာခတွေဈေးမြင်းပေမယ့် ၊ တမူးပြည်သူတွေကတော့ ယခင် တစ်ရက်လေးနာရီ မီးပေးချိန်ထက်တောင် မီတာပေါက်အလုံးရေတိုးပြီး အသုံးပြုမှုများလာပါတယ်။ ၁၉၇၀မှ ယခု ၆၁၆၃လုံးရှိပါတယ်။ မီးလင်းရေးကော်မတီမှလဲ ပြည်သူကိုကြိုတင်အသိမပေးဘဲ မီးဖြတ်တာမျိုး မီတာခဈေးတိုးတောင်းတာမျိုး မလုပ်ပါဘူး”လို့ တမူးမြို့မီးလင်းရေးကော်မတီဥက္ကဌ ဦးသာခင်ကပြောပါတယ်။

မဟာဓာတ်အားလိုင်းကို တမူးမြို့မှာစတင် အကောင်အထည်ဖော်နေပြီဖြစ်တဲ့အတွက် ဓာတ်အားပေးနိုင်ဖို့ကို အဆင်ဆင့် ပြုလုပ်ရအုံးမှာဖြစ်တဲ့အတွက် သုံးနှစ်လောက်တော့ တစ်ဖက်နိုင်ငံကမီးကို ဝယ်ယူသုံးစွဲနေရမှာဖြစ်တယ်လို့ တမူးဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #တမူး #အန္ဒိယ #မီတာခတိုးကောက်

Zawgyi

အိႏၵိယႏိုင္ငံကေန တမူးၿမိဳ႕ကိုေပးေဝးေနတဲ့ မီတာခကို ဧၿပီလမွာ ထပ္တိုးေကာက္ခံမယ္

တမူး၊ ဇန္နဝါရီ ၄-၂၀၂၀
ေဂါင္ေဂါင္(VOM)

အိႏၵိယႏိုင္ငံကေန တမူးၿမိဳ႕ကိုေပးေဝေနတဲ့ လွ်ပ္စစ္မီတာခကို ဧျပီလကေနစၿပီး အိႏၵိယရူပီးေငြ(၇)က်ပ္တိုးကာ ေကာက္ခံသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

၂၀၁၆ခုနွစ္က ၂၄နာရီမီးရရွိေရးအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး၂၀၁၈ ဧၿပီလကေန ၂၀၁၉ မတ္လအထိ တစ္ယူႏွစ္ကို အိႏၵိယ႐ူပီးေငြ ၆က်ပ္ ျပား၄၀ ေကာာက္ခံခဲ့ကာ မီးလင္းေရးေကာ္မတီအဖြဲ႕က တစ္ယူႏွစ္ ကိုျမန္မာက်ပ္ေငြ ၂၀၀ က်ပ္နဲ႔ တမူးျပည္သူေတြကို ေကာက္ခံခဲ့တာျဖစ္ပါတယ္။

၂၀၂၀ခုႏွစ္မွာေတာ့ အိႏၵိယ႐ူးပီးေငြ ၇ က်ပ္တိုးေကာက္မွာျဖစ္တဲ့အတြက္ မီတာခကို တစ္ယူႏွစ္ ၂၅၀ က်ပ္နဲ႔ တမူးျပည္သူေတြကို ေကာက္ခံသြားမွာျဖစ္ပါတယ္။

အိႏၵိယအေနနဲ႔လည္း အျခားႏိုင္ငံေတြကို လွ်က္စစ္ျဖန္ျဖဴးလွ်က္ရွိရာ တစ္ယူႏွစ္ကို ႐ူပီးေငြ ၈က်ပ္ခြဲနဲ႔ေပးထါးၿပီး တမူးနယ္စပ္ကိုလဲ အဲ့ဒီေစ်းအတိုင္းေကာက္ခံမွာျဖစ္တယ္လို႔ သိရပါတယ္။

“တမူးၿမိဳ႕ EPC႐ုံးအနနဲ႔ ေငြေက်းပိုင္းနဲ႔ ေစ်းအနိမ့္အျမင္ေတြမကိုင္ထားပါဘူး။ နည္းပညာပိုင္းနဲ႔ မီးပ်က္ရင္႐ုံးမွပညာရွင္ေတြကို လြတ္ေပးတါမ်ိဳးဘဲရွိပါတယ္။ မီးလင္းေရးေကာ္မတီကသာ ေငြေက်းပိုင္းေကာ ေကာက္ခံမႈပိုင္းေကာ အကုန္တာဝန္ယူထားတာျဖစ္တယ္”လို႔တမူးၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာ ဦးၿဖိဳးေဝကို ကေျပာပါတယ္။

တမူးၿမိဳ႔က မီးသုံးစြဲသူတစ္ဦးျဖစ္တဲ့ ဦးသက္ေနာင္ဆိုသူကလည္း “မီတာခေစ်းမတက္ခင္ တစ္လကို တစ္သိန္းခုႏွစ္ေသာင္းေက်ာ္ေဆာင္ရပါတယ္။ လုပ္ငန္းသုံးမဟုတ္ပါဘူး၊ အိမ္သုံးမီတာခပါ မီတာခေစ်းတက္မယ္ေျပာတယ္။ တက္မဲ့ေစ်းနဲ႔ေတာ့ မီတာခမေဆာင္ရေသးပါဘူး ။ တက္ရင္လဲႏိုင္ငံပိုင္မီးမေပးခင္ေတာ့ မျဖစ္မေနသုံးစြဲေနရမွာဘဲ၊ ႏိုင္ငံပိုင္မီးအျမန္ေပးႏိုင္ေစခ်င္ပါတယ္”လို႔ ေျပာပါတယ္။

“အိႏၵိယႏိုင္ငံက မီးတာခေတြေစ်းျမင္းေပမယ့္ ၊ တမူးျပည္သူေတြကေတာ့ ယခင္ တစ္ရက္ေလးနာရီ မီးေပးခ်ိန္ထက္ေတာင္ မီတာေပါက္အလုံးေရတိုးၿပီး အသုံးျပဳမႈမ်ားလာပါတယ္။ ၁၉၇၀မွ ယခု ၆၁၆၃လုံးရွိပါတယ္။ မီးလင္းေရးေကာ္မတီမွလဲ ျပည္သူကိုႀကိဳတင္အသိမေပးဘဲ မီးျဖတ္တာမ်ိဳး မီတာခေစ်းတိုးေတာင္းတာမ်ိဳး မလုပ္ပါဘူး”လို႔ တမူးၿမိဳ႕မီးလင္းေရးေကာ္မတီဥကၠဌ ဦးသာခင္ကေျပာပါတယ္။

မဟာဓာတ္အားလိုင္းကို တမူးၿမိဳ႕မွာစတင္ အေကာင္အထည္ေဖာ္ေနၿပီျဖစ္တဲ့အတြက္ ဓာတ္အားေပးႏိုင္ဖို႔ကို အဆင္ဆင့္ ျပဳလုပ္ရအုံးမွာျဖစ္တဲ့အတြက္ သုံးႏွစ္ေလာက္ေတာ့ တစ္ဖက္ႏိုင္ငံကမီးကို ဝယ္ယူသုံးစြဲေနရမွာျဖစ္တယ္လို႔ တမူးေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #တမူး #အႏၵိယ #မီတာခတိုးေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW