(၁၂) ဘီးကားနဲ့ ခရီးသည်တင်ယာဉ်တို့ တိုက်မှုဖြစ်ပြီး ခရီးသည်တင်တဲ့ယာဉ်မောင်းသေဆုံး

စစ်ကိုင်း ဇန်နဝါရီလ ၄-၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းမြို့၊ ပြူကံရပ်၊ မုံရွာ -မန္တလေး ကားလမ်း၊မိုင်တိုင်အမှတ်(၁၅/၃)မှာ ဒီကနေ့ မနက် ၇ နာရီခွဲ အချိန်ခန့်က (၁၂)ဘီးကားနဲ့ ခရီးသည်တင် အန်စာတုံးယာဉ်တို့ တိုက်မှုဖြစ်ပြီး ခရီးသည်တင်ယာဉ်က ယာဉ်မောင်းသေဆုံးခဲ့ပါတယ်။

စစ်ကိုင်းမြို့၊ရွာထောင်ရပ်နေ ဦးမြင့်လွင်ဦး(၄၃)နှစ် မောင်းနှင်းလာသော (၁၂ဘီးကား)ခေါင်းပြာ၊ ဘော်ဒီခဲရောင်နဲ့ အပြာကြားယာဉ်ဟာ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို သွားတဲ့အချိန် လမ်းကြောပေါ်မှာ စစ်ကိုင်းဘက်ကို ခေါင်ပြန်လှည့်ဖို့ ဂ ငယ်ကွေ့ကွေ့တဲ့အချိန် ယာဉ်မောင်း ဦးကျော်မျိုးခိုင် မောင်းနှင်းလာသော အန်စာတုံး အမျိုးအစား(ခဲရောင်)အင်ကြင်းဖြူ ခရီးသည်တင်ယာဉ်လိုင်းက ခရီးသည် ၁၃ ဦး တင်ဆောင်လာတဲ့ အန်တုံးယာဉ်မှာ အရှိန်မထိန်နိုင်ဘဲ ၁၂ ကားရဲ့ နောက်မှီးပိုင်ကိုတိုက်မိပြီး အနီးရှိ ရန်အောင်မင်္ဂလာကျောင်းတိုက် အုတ်တံတိုင်းသို့ ဝင်ရောက်တိုင်မိခဲ့တယ်လို့ သိရပါတယ်။

”မန္တလေး-မုံရွာကာလမ်း ပြူကံရပ်နားမှာ ယာဉ်တိုက်မှုဖြစ်ပြီး လူညှက်နေတယ်လို့ ဖုန်းသတင်းရတာနဲ့ ကျွန်တော်တို့ တပ်ဖွဲ့တွေဟာ အခြား မိတ်ဖက် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သွားရောက် ကူညီစောင့်ရွက်ပေးခဲ့တယ်။ ယာဉ်တိုက်မှုဖြစ်ပြီး ညှက်နေတဲ့ လူနာတွေကိုတော့ Hydraulic Tools တွေအသုံးပြုပြီး ကယ်ထုတ်ခဲ့ရပါတယ်။”စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားရဲ့ရှေ့ခေါင်းခန်းမှာညှက်နေတဲ့ ယာဉ်မောင်း(သေဆုံး )နဲ့ ယာဉ်မောင်းထိုင်ခုံနောက်မှာ ညှက်နေတဲ့ အမျိူးသမီးနှစ်ဦးကို ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း SERT နဲ့ ပူးပေါင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ လူနာတွေကို Hydraulic Toolsတွေ အသုံးပြုပြီး ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းတွေ ဖြစ်ကြတဲ့ (၁၂)ဘီးကား ယာဉ်မောင်း မြင့်လွင်ဦး နဲ့ ခရီးသည်တင် အန်စာတုံးယာဉ်မောင်း ကျော်မျိုးခိုင်တို့ကို ယာဉ်ထိန်း ဒုရဲအုပ်မိုးဇော်ဦးက တရားလိုပြုလုပ်ကာ စစ်ကိုင်းမြို့မရဲစခန်းမှာ ယာဉ်(ပ) ၂/၂၀၂၀ ပုဒ်မ ၃၀၄ -က /၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #ယာဉ်တိုက်မှု #သေဆုံး

Zawgyi


မောင်တာရာ(VOM)




ယာဉ်တိုက်မှုကြောင့် ကားရဲ့ရှေ့ခေါင်းခန်းမှာညှက်နေတဲ့ ယာဉ်မောင်း(သေဆုံး )နဲ့ ယာဉ်မောင်းထိုင်ခုံနောက်မှာ ညှက်နေတဲ့ အမျိုးသမီးနှစ်ဦးကို ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း SERT နဲ့ ပူးပေါင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ လူနာတွေကို Hydraulic Toolsတွေ အသုံးပြုပြီး ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။



Related posts

Leave a Comment

VOM News

FREE
VIEW