စစ်တွေမြို့မှာ (၇၂) နှစ်မြောက် လွပ်လပ်ရေးနေ့အခမ်းအနားကျင်းပ

စစ်တွေ၊ ဇန်နဝါရီ ၄-၂၀၂၀
ခိုင်လင်းစံ (VOM)

(၇၂) နှစ်မြောက် နိုင်ငံတော်အလံအလေးပြုတာနဲ့ လွပ်လပ်ရေးနေ့အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာပြုလုပ်ခဲ့ပါတယ်။

လွတ်လပ်ရေးနေ့အခမ်းအနာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တရားသူကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

တိုင်းရင်းသားရိုးရာ ဂီတဖျော်ဖြေပွဲမှာ ပါဝင်တဲ့ မြိုတိုင်းရင်းသားတစ်ဦးက” လွတ်လပ်ရေးပွဲဆိုတာ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ပွဲဖြစ်တာကြောင့် တက်ရောက်နိုင်တဲ့အတွက် အထူးဝမ်းသာပါတယ်။ ဒီမှာ တိုင်းရင်းသားပေါင်းစုံနဲ့တွေ့တော့ အရမ်းစိတ်ရွှင်လန်းတယ် ခင်ဗျား။ တအားပျော်ပါတယ်။ နောက်နှစ် နောင်နှစ်တွေမှာလည်း လွတ်လပ်ရေးကို အဓွန့်ရှည်အောင် ဒီလိုအခမ်းနားမျိုး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။”လို့ ပြောပါတယ်။

အခမ်းအနားမှာ ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းဘုးရားစေတီပုထိုးနဲ့ ယဉ်ကျေးမှုအမွေအနှစ်ပုံရိပ်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ယဉ်ကျေးမှုအဖွဲ့ဝင် မခိုင်ဖူးငုံက ” အခုလိုအခမ်းအနားပြုလုပ်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးအနေနဲ့ တက်ရောက်တာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်မယ်လို့မျော်လင့်ပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၁၈၈၆ ခုနှစ်မှာ ဗြိတိသျှလက်အောက်သို့ သိမ်းပိုက်ခံရပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ နယ်ချဲ့ဗြိတိသျှ(အင်္ဂလိပ်) လက်အောက်မှ လွပ်လပ်ရေးရရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #လွတ်လပ်ရေးနေ့ #အခမ်းအနား

Zawgyi

စစ္ေတြၿမိဳ႕မွာ (၇၂) ႏွစ္ေျမာက္ လြပ္လပ္ေရးေန႔အခမ္းအနားက်င္းပ

စစ္ေတြ၊ ဇန္နဝါရီ ၄-၂၀၂၀
ခိုင္လင္းစံ (VOM)

(၇၂) ႏွစ္ေျမာက္ ႏိုင္ငံေတာ္အလံအေလးျပဳတာနဲ႔ လြပ္လပ္ေရးေန႔အခမ္းအနားကို ဒီကေန႔မနက္ပိုင္းက ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာျပဳလုပ္ခဲ့ပါတယ္။

လြတ္လပ္ေရးေန႔အခမ္းအနာကို ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပု၊ ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္း၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစံေက်ာ္လွ၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္တရားသူႀကီး၊ ဌာနဆိုင္ရာအႀကီးအကဲမ်ားနဲ႔တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါတယ္။

တိုင္းရင္းသား႐ိုးရာ ဂီတေဖ်ာ္ေျဖပြဲမွာ ပါဝင္တဲ့ ၿမိဳတိုင္းရင္းသားတစ္ဦးက” လြတ္လပ္ေရးပြဲဆိုတာ တိုင္းရင္းသားေပါင္းစုံ ပါဝင္တဲ့ပြဲျဖစ္တာေၾကာင့္ တက္ေရာက္ႏိုင္တဲ့အတြက္ အထူးဝမ္းသာပါတယ္။ ဒီမွာ တိုင္းရင္းသားေပါင္းစုံနဲ႔ေတြ႕ေတာ့ အရမ္းစိတ္႐ႊင္လန္းတယ္ ခင္ဗ်ား။ တအားေပ်ာ္ပါတယ္။ ေနာက္ႏွစ္ ေနာင္ႏွစ္ေတြမွာလည္း လြတ္လပ္ေရးကို အဓြန္႔ရွည္ေအာင္ ဒီလိုအခမ္းနားမ်ိဳး ျပဳလုပ္ႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္။”လို႔ ေျပာပါတယ္။

အခမ္းအနားမွာ ရခိုင္ျပည္နယ္ရဲ႕ ေရွးေဟာင္းဘုးရားေစတီပုထိုးနဲ႔ ယဥ္ေက်းမႈအေမြအႏွစ္ပုံရိပ္ေတြကိုလည္း ခင္းက်င္းျပသခဲ့ပါတယ္။

ရခိုင္ျပည္နယ္၊ ယဥ္ေက်းမႈအဖြဲ႕ဝင္ မခိုင္ဖူးငုံက ” အခုလိုအခမ္းအနားျပဳလုပ္ေပးတဲ့အတြက္ ဝမ္းသာပါတယ္။ ရခိုင္ျပည္နယ္ရဲ႕ ယဥ္ေက်းမႈအဖြဲ႕ဝင္တစ္ဦးအေနနဲ႔ တက္ေရာက္တာျဖစ္ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း က်င္းပႏိုင္မယ္လို႔ေမ်ာ္လင့္ပါတယ္”လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ ၁၈၈၆ ခုႏွစ္မွာ ၿဗိတိသွ်လက္ေအာက္သို႔ သိမ္းပိုက္ခံရၿပီး ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔မွာ နယ္ခ်ဲ႕ၿဗိတိသွ်(အဂၤလိပ္) လက္ေအာက္မွ လြပ္လပ္ေရးရရွိခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #လြတ္လပ္ေရးေန႔ #အခမ္းအနား

Related posts

Leave a Comment

VOM News

FREE
VIEW