မန္တလေးမြို့မှာ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပနေချိန် အချိန်အခါမဟုတ် မိုးရွာ

မန္တလေး ဇန်နဝါရီ ၄-၂၀၂၀
ဖြူဖြူ(VOM)

ဒီက‌နေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်ပြည့်လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည့်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကျင်းပနေချိန် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တဲ့အတွက် အခမ်းအနားတက်ရောက်လာသူတွေအနေနဲ့ ဘောလုံးကွင်းအတွင်းမိုးလုံရာနေရာတွေမှာ ခိုလှုံခဲ့ကြရပြီး တိုင်းအစိုးရအဖွဲ့နဲ့ မြို့ခံအချို့သာ အခမ်းအနားမှာ ပါဝင်ဖြစ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုယ်စား ခခေတ္တဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနဝန်ကြီး ဦးဇာနည်အောင်က “ တစ်မျိုးသားလုံးအတွက် အရေးကြီးတဲ့ ဒီနေ့ထူးနေ့မြတ်မှာ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ၊ လေထန်သည်ဖြစ်စေ ကျနော်တို့အားလုံး ဒီလွတ်လပ်ရေးနေ့မှာ တက်ရောက်လာတဲ့အားကလည်း မနည်းဘူး။ ဒါဟာ တစ်မျိုးသားလုံးအတွက် အရေးကြီးတဲ့အချိန်မှာ အားလုံးဟာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်တဲ့ ပြယုဒ်ပဲဖြစ်ပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကင်ဆာရောဂါခံစားနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အနေနဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်ဖို့ မူလကစီစဉ်ထားပေမယ့် လတ်တလောမှာ အဆုတ်အအေးပတ်ရောဂါလည်း ခံစားနေရပြီး ဒီနေ့အခမ်းအနားကိုလည်း တက်ရောက်လာခြင်း မရှိပါဘူး။

ဒါကြောင့် ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်ကပဲ နိုင်ငံတော်သမ္မတရဲ့သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အမှတ်တရစကားများပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #လွတ်လပ်ရေးနေ့ #မိုးရွာသွန်း

Zawgyi

မႏၲေလးၿမိဳ႕မွာ (၇၂)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔က်င္းပေနခ်ိန္ အခ်ိန္အခါမဟုတ္ မိုး႐ြာ

မႏၲေလး ဇန္နဝါရီ ၄-၂၀၂၀
ျဖဴျဖဴ(VOM)

ဒီက‌ေန႔ ဇန္နဝါရီ ၄ ရက္မွာ က်ေရာက္တဲ့ ၇၂ ႏွစ္ျပည့္လြတ္လပ္ေရးေန႔ အခမ္းအနားကို မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည့္ၿမိဳ႕နယ္ရွိ မႏၲလာသီရိအားကစားကြင္းမွာ က်င္းပခဲ့ပါတယ္။

အခမ္းအနားက်င္းပေနခ်ိန္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းခဲ့တဲ့အတြက္ အခမ္းအနားတက္ေရာက္လာသူေတြအေနနဲ႔ ေဘာလုံးကြင္းအတြင္းမိုးလုံရာေနရာေတြမွာ ခိုလႈံခဲ့ၾကရၿပီး တိုင္းအစိုးရအဖြဲ႕နဲ႔ ၿမိဳ႕ခံအခ်ိဳ႕သာ အခမ္းအနားမွာ ပါဝင္ျဖစ္ခဲ့ၾကပါတယ္။

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကိုယ္စား ခေခတၱဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ လွ်ပ္စစ္စြမ္းအင္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီး ဌာနဝန္ႀကီး ဦးဇာနည္ေအာင္က “ တစ္မ်ိဳးသားလုံးအတြက္ အေရးႀကီးတဲ့ ဒီေန႔ထူးေန႔ျမတ္မွာ မိုး႐ြာသည္ျဖစ္ေစ၊ ေနပူသည္ျဖစ္ေစ၊ ေလထန္သည္ျဖစ္ေစ က်ေနာ္တို႔အားလုံး ဒီလြတ္လပ္ေရးေန႔မွာ တက္ေရာက္လာတဲ့အားကလည္း မနည္းဘူး။ ဒါဟာ တစ္မ်ိဳးသားလုံးအတြက္ အေရးႀကီးတဲ့အခ်ိန္မွာ အားလုံးဟာ စည္းစည္းလုံးလုံးညီညီၫြတ္ၫြတ္နဲ႔ အမ်ိဳးသားေရးတာဝန္ကို ထမ္းေဆာင္တဲ့ ျပယုဒ္ပဲျဖစ္ပါတယ္။”လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကင္ဆာေရာဂါခံစားေနရတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္အေနနဲ႔ လြတ္လပ္ေရးေန႔ အခမ္းအနားကို တက္ေရာက္ဖို႔ မူလကစီစဥ္ထားေပမယ့္ လတ္တေလာမွာ အဆုတ္အေအးပတ္ေရာဂါလည္း ခံစားေနရၿပီး ဒီေန႔အခမ္းအနားကိုလည္း တက္ေရာက္လာျခင္း မရွိပါဘူး။

ဒါေၾကာင့္ ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္ကပဲ ႏိုင္ငံေတာ္သမၼတရဲ႕သဝဏ္လႊာကို ဖတ္ၾကားခဲ့ၿပီး အမွတ္တရစကားမ်ားေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #လြတ္လပ္ေရးေန႔ #မိုး႐ြာသြန္း

Related posts

Leave a Comment

VOM News

FREE
VIEW