JICM အစည်းအဝေးအတွက် ဆွေးနွေးမယ့်အကြောင်းအရာတွေ အတည်ပြုနိုင်ခဲ့ပြီ

 

 

နေပြည်တော်၊ ဇန်နဝါရီ ၇ -၂၀၂၀
အောင်ထူးနိုင်(VOM)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၇/ ၂၀၂၀) ကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး JICM အစည်းအဝေးအတွက် ဆွေးနွေးမယ့်အကြောင်းအရာတွေကို အတည်ပြုနိုင်ခဲ့ပြီလို့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က နိဂုံးချုပ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“မနက်ဖြန်မှာ ကျင်းပမယ့် (၈)ကြိမ်မြောက် JICMအစည်းအဝေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်အရေးပါတာ ဖြစ်ပါတယ်။ JICM အစည်းအဝေး အောင်မြင်အောင် ကျင်းပနိုင်ခြင်းဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ခြင်းကို များစွာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီ PPST အစည်းအဝေးကနေ JICM အစည်းအဝေးအတွက် ဆွေးနွေးမယ့် အကြောင်းအရာတွေကို အတည်ပြုနိုင်ခဲ့ပါတယ်”လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

ဒါ့အပြင် JICM အစည်းအဝေးပြီးပြီးချင်း နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ နောက်ဆက်တွဲ အစည်းအဝေးကိုလည်း တပါတည်း ကျင်းပဖို့ သဘောထားချမှတ်တာ၊ JICM အစည်းအဝေးကျင်းပပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ အစီအစဉ်တွေကို ဆုံးဖြတ်နိုင်တာတွေလည်း ဒီနေ့အစည်းအဝေးကနေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ညှိနှိုင်းမှုရလဒ်တွေအပေါ်မူတည်လို့ နှစ်ဖက်ညှိနှိုင်းထားတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်းဆောင်ရွက်ပြီး ၂ဝ၂ဝ နှစ်လယ်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းပြီး နည်းလမ်းမျိုးစုံ ရှာဖွေဖော်ထုတ်ဖို့ သဘောထားချမှတ်နိုင်ခဲ့တယ်”လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ လက်ရှိ NCA-S EAO (၁၀)ဖွဲ့တည်းနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်း၊ နှစ် (၇၀)ကျော်ကြာ ပြည်တွင်းပဋိပက္ခတွေကို ဖြေရှင်းဖို့ ထိုက်သင့်တဲ့ အချိန်ကာလယူရမှာဖြစ်ကြောင်း၊ ဖြေရှင်းဆောင်ရွက်ရာမှာလည်း အခက်အခဲတွေနဲ့ မလွဲမသွေ ကြုံတွေ့ရမှာ ဖြစ်ကြောင်း၊ ကြုံတွေ့ရတဲ့ အခက်အခဲအကျပ်အတည်းတွေကို တည်တည်ငြိမ်ငြိမ်၊ စိတ်ရှည်လက်ရှည်၊ သတိတရား၊ အသိတရားတွေနဲ့ ရင်ဆိုင်ကျော်လွှားပြီး အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းသွားဖို့ လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ အသေးအမွှား ကိစ္စရပ်တွေကအစ သတိထား အလေးပေး ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရမှာဖြစ်ကြောင်း စတဲ့အကြောင်းအရာတွေကိုလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က နိဂုံးချုပ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #JICMအစည်းအဝေး #ဗိုလ်ချုပ်ကြီးယွက်စစ်

Zawgyi

JICM အစည္းအေဝးအတြက္ ေဆြးေႏြးမယ့္အေၾကာင္းအရာေတြ အတည္ျပဳႏိုင္ခဲ့ၿပီ

ေနျပည္ေတာ္၊ ဇန္နဝါရီ ၇ -၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝး (၀၇/ ၂၀၂၀) ကို ေနျပည္ေတာ္မွာ က်င္းပခဲ့ၿပီး JICM အစည္းအေဝးအတြက္ ေဆြးေႏြးမယ့္အေၾကာင္းအရာေတြကို အတည္ျပဳႏိုင္ခဲ့ၿပီလို႔ PPST ယာယီ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က နိဂုံးခ်ဳပ္မိန႔္ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

“မနက္ျဖန္မွာ က်င္းပမယ့္ (၈)ႀကိမ္ေျမာက္ JICMအစည္းအေဝးဟာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ အလြန္အေရးပါတာ ျဖစ္ပါတယ္။ JICM အစည္းအေဝး ေအာင္ျမင္ေအာင္ က်င္းပႏိုင္ျခင္းဟာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေအာင္ျမင္ျခင္းကို မ်ားစြာ အေထာက္အပံ့ျဖစ္ေစမွာ ျဖစ္ပါတယ္။ ဒီ PPST အစည္းအေဝးကေန JICM အစည္းအေဝးအတြက္ ေဆြးေႏြးမယ့္ အေၾကာင္းအရာေတြကို အတည္ျပဳႏိုင္ခဲ့ပါတယ္”လို႔ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

ဒါ့အျပင္ JICM အစည္းအေဝးၿပီးၿပီးခ်င္း ႏွစ္ဖက္ညႇိႏႈိင္းေရးအဖြဲ႕ေတြရဲ႕ ေနာက္ဆက္တြဲ အစည္းအေဝးကိုလည္း တပါတည္း က်င္းပဖို႔ သေဘာထားခ်မွတ္တာ၊ JICM အစည္းအေဝးက်င္းပၿပီးေနာက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ပတ္သက္တဲ့ ေရွ႕ဆက္ေဆာင္႐ြက္ရမယ့္ လုပ္ငန္းစဥ္အဆင့္ဆင့္နဲ႔ အစီအစဥ္ေတြကို ဆုံးျဖတ္ႏိုင္တာေတြလည္း ဒီေန႔အစည္းအေဝးကေန ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

“ႏွစ္ဖက္ညႇိႏႈိင္းေရးအဖြဲ႕ေတြရဲ႕ ညႇိႏႈိင္းမႈရလဒ္ေတြအေပၚမူတည္လို႔ ႏွစ္ဖက္ညႇိႏႈိင္းထားတဲ့ လုပ္ငန္းစဥ္ အဆင့္ဆင့္အတိုင္းေဆာင္႐ြက္ၿပီး ၂ဝ၂ဝ ႏွစ္လယ္ေလာက္မွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစုပင္လုံ စတုတၳအစည္းအေဝးကို က်င္းပသြားႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ တစ္ဖက္မွာလည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အားလုံးပါဝင္ႏိုင္ေရးအတြက္ အစိုးရနဲ႔ ညႇိႏႈိင္းၿပီး နည္းလမ္းမ်ိဳးစုံ ရွာေဖြေဖာ္ထုတ္ဖို႔ သေဘာထားခ်မွတ္ႏိုင္ခဲ့တယ္”လို႔ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေဆာင္႐ြက္ရာမွာ လက္ရွိ NCA-S EAO (၁၀)ဖြဲ႕တည္းနဲ႔ ၿပီးျပည့္စုံေအာင္ ေဆာင္႐ြက္ႏိုင္မွာမဟုတ္ေၾကာင္း၊ ႏွစ္ (၇၀)ေက်ာ္ၾကာ ျပည္တြင္းပဋိပကၡေတြကို ေျဖရွင္းဖို႔ ထိုက္သင့္တဲ့ အခ်ိန္ကာလယူရမွာျဖစ္ေၾကာင္း၊ ေျဖရွင္းေဆာင္႐ြက္ရာမွာလည္း အခက္အခဲေတြနဲ႔ မလြဲမေသြ ႀကဳံေတြ႕ရမွာ ျဖစ္ေၾကာင္း၊ ႀကဳံေတြ႕ရတဲ့ အခက္အခဲအက်ပ္အတည္းေတြကို တည္တည္ၿငိမ္ၿငိမ္၊ စိတ္ရွည္လက္ရွည္၊ သတိတရား၊ အသိတရားေတြနဲ႔ ရင္ဆိုင္ေက်ာ္လႊားၿပီး ေအာင္ျမင္မႈ ပန္းတိုင္ကို အေရာက္လွမ္းသြားဖို႔ လိုအပ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေဆာင္႐ြက္ရာမွာ အေသးအမႊား ကိစၥရပ္ေတြကအစ သတိထား အေလးေပး ကိုင္တြယ္ေျဖရွင္းေဆာင္႐ြက္ရမွာျဖစ္ေၾကာင္း စတဲ့အေၾကာင္းအရာေတြကိုလည္း ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က နိဂုံးခ်ဳပ္မိန႔္ခြန္းမွာ ထည့္သြင္းေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #JICMအစည္းအေဝး #ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္

Related posts

Leave a Comment

VOM News

FREE
VIEW