ဘူးသီးတောင်မြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်ကာ ၄ ဦးသေဆုံးပြီး ၆ ဒဏ်ရာပြင်းထန်

ဘူးသီးတောင်၊ ဇန်နဝါရီ ၇၊ ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထင်းခုတ်သွားသူ ၁၀ ဦးထိခိုက်ခဲ့ပြီး အဲ့ဒီထဲက ၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုဟာ ဒီကနေ့ မနက် ၁၀ နာရီခွဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာအနီးပေါက်ကွဲခဲ့တဲ့အတွက့် အသက် ၈ နှစ်အရွယ်နှစ်ဦးနဲ့ ၁၀ နှစ်အရွယ်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။ “ရွာမှာကျူရှင်ပြနေတဲ့ ကျောင်းဆရာနဲ့ကလေးတွေ မနက်ပိုင်းက ထင်းခွေဖို့သွားတယ်။ ၁၀ နာရီခွဲလောက်မှာ မိုင်းပေါက်တာလား။ လက်နက်ကြီးကျတာလားမသိဘူး။ ပေါက်ကွဲမှုဖြစ်ပြီးတော့ လေးယောက်သေတယ်။ ၆ ယောက်ဒဏ်ရာရပါတယ်။” လို့ ထိပ်ထူးပေါက်ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီလက်နက်ကြီး ထိမှန်သူတွေဟာ ထိပ်ထူးပေါက်ကျေးရွာသား လူငယ် ၉ ဦးနဲ့ သာစည်ပင်ကျေးရွာက လူငယ် တစ်ဦးတို့ဖြစ်တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။ ဒီနေ့မနက်ပိုင်းက အဲ့ဒီကျေးရွာအနီးမှာ တပ်မတော်နဲ့အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိကြောင်းနဲ့…

Read More

ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖမ်းမိထားတဲ့ AA အဖွဲ့ဝင်တွေရဲ့အမှုက လိုပြသက်သေ ရဲဒုတပ်ကြပ်ကိုစစ်ဆေး

မန္တလေး ဇန်နဝါရီ ၇-၂၀၂၀ ဖြူဖြူ(VOM) ဖောက်ခွဲရေးပစ္စည်းတွေအပါအဝင် စပ်ဆက်ပစ္စည်းနဲ့ ဖမ်းမိထားတဲ့ AA တပ်ဖွဲ့ဝင်အပါခြောက်ဦးအမှုကို ဒီကနေ့ညနေပိုင်းက မန္တလေးခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ရဲဒုတပ်ကြပ်ကို စစ်ဆေးခဲ့တယ်လို့ မန္တလေးခရိုင်တရားရုံးကနေ သိရပါတယ်။ ” တရားလိုပြသက်သေ ရဲဒုတပ်ကြပ် ရဲလင်းအောင်ကို စစ်ဆေးခဲ့ပါတယ်။ နောက်ရုံးချိန်းမှာ လိုပြသက်သေ ရဲအုပ်ထင်လင်းကျော်၊ ဦးစိုးတင့် ၊ ဦးတင်ဦးတို့ သုံးဦးကို စစ်ဆေးဖို့ ၂၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ” လို့ မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမောင်လွင်က ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုအတွင်းကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ၂၀၁၉ ခုနှစ် စက်တင်လ ၁၀ ရက်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အမှုမှာပါဝင်သူတွေကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)၊၅၂(က) တို့နဲ့ တရားရုံးစွဲတင်ထားတာပါ။ ဖမ်းဆီးရမိသူတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဒုအရာခံဗိုလ် အောင်လင်းထက်…

Read More

JICM အစည်းအဝေးအတွက် ဆွေးနွေးမယ့်အကြောင်းအရာတွေ အတည်ပြုနိုင်ခဲ့ပြီ

    နေပြည်တော်၊ ဇန်နဝါရီ ၇ -၂၀၂၀ အောင်ထူးနိုင်(VOM) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၇/ ၂၀၂၀) ကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး JICM အစည်းအဝေးအတွက် ဆွေးနွေးမယ့်အကြောင်းအရာတွေကို အတည်ပြုနိုင်ခဲ့ပြီလို့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က နိဂုံးချုပ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ “မနက်ဖြန်မှာ ကျင်းပမယ့် (၈)ကြိမ်မြောက် JICMအစည်းအဝေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်အရေးပါတာ ဖြစ်ပါတယ်။ JICM အစည်းအဝေး အောင်မြင်အောင် ကျင်းပနိုင်ခြင်းဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ခြင်းကို များစွာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီ PPST အစည်းအဝေးကနေ JICM အစည်းအဝေးအတွက် ဆွေးနွေးမယ့် အကြောင်းအရာတွေကို အတည်ပြုနိုင်ခဲ့ပါတယ်”လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။ ဒါ့အပြင် JICM အစည်းအဝေးပြီးပြီးချင်း နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ နောက်ဆက်တွဲ အစည်းအဝေးကိုလည်း…

Read More

အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အကြမ်းဖက်သမားတွေအဖြစ် အီရန်ပါလီမန်ကြေညာ

တီဟီရန်၊ ဇန်နဝါရီ-၇-၂၀၂၀ မျိုးဆက် (VOM) ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကပြုလုပ်ခဲ့တဲ့ အမေရိကန်လေကြောင်းတိုက်ခိုက်မှုမှာ အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်တွေအားလုံးကို အကြမ်းဖက်သမားတွေအဖြစ် အီရန်ပါလီမန်က ဇန်နဝါရီ ၇ ရက်မှာ သတ်မှတ်လိုက်ပါတယ်။ အီရန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးတွေကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီဟာ ဘဂ္ဂဒက်လေဆိပ်ပြင်ပမှာ ဇန်နဝါရီ ၃ ရက်က အမေရိကန်မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရတာကြောင့် သေဆုံးခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ အီရန်ပါလီမန်က အတည်ပြုလိုက်တဲ့ ဥပဒေအရ အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ ပင်တဂွန်စစ်ဌာနချုပ်က ဝန်ထမ်းတွေ၊ ဆက်စပ်အဖွဲ့အစည်းတွေ၊ အေးဂျင့်တွေ၊ တပ်မှူးတွေနဲ့ ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီကို လုပ်ကြံဖို့အမိန့်ပေးသူအားလုံးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားပါတယ်။ စစ်ရေး၊ ထောက်လှမ်းရေး၊ ဘဏ္ဍာရေး၊ နည်းပညာ၊ ဝန်ဆောင်မှု ပါအဝင် အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဘယ်လိုကူညီထောက်ပံ့မှုမျိုးကိုမဆို အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းမှုအဖြစ်သတ်မှတ်သွားမယ်လို့ ပါလီမန်ကထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီဦးဆောင်ခဲ့တဲ့ တပ်ဖွဲ့ရဲ့…

Read More

မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းကို ဖျက်ပေးဖို့ဆန္ဒပြ

မြစ်ကြီးနား၊ဇန်နဝါရီ ၇-၂၀၂၀ ရန်အောင်ထွန်း(VOM) မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း WUNPAWNG HTUNGHKING HPUNG GINJAW (WHG) ကို ဖျက်သိမ်းပေးဖို့ ဒီကနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှေ့မှာ လူဦးရေငါးဆယ်ခန့်က ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ထုတ်ပြန်ချက်က အချက် ၇ ချက်မှာတော့ ကချင်လူမျိုး‌တွေကြား စိတ်ဝမ်းကွဲစေမယ့် ပြဿနာများသာ ဖန်တီးနေတဲ့ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း(WHG) ကိုဖျက်သိမ်းပေးဖို့ ၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှာကျရောက်မယ့် ကချင်ပြည်နယ်နေ့အခမ်းအနားကို ကချင်ဘုံစာ‌ပေ မသုံးဘဲ မြန်မာ (ဗမာ) ဘာသာနဲ့သာရေးပြီး မနောင်ကွင်းမှာ ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့မနောင်ပွဲတော် အစီအစဉ်ကို NLD အစိုးရက ဗဟိုညွှန်ကြားမှုအမိန့်နဲ့ ကျင်းပရန်စီစဉ်နေမှုကိုလည်း ရုတ်သိမ်းပေးဖို့၊ RC , KBC , MCC , WMR , JHG ,…

Read More

အခြေခံလုပ်ခလစာ တိုးမြှင့်သတ်မှတ်နိုင်ဖို့ အလုပ်သမားတစ်ယောက်ရဲ့ တနေ့တာ ကုန်ကျစရိတ်ကို စစ်တမ်းကောက်မယ်

ရန်ကုန် ဇန်နဝါရီ ၇-၂၀၂၀ သိဂီ ၤ(VOM) အခြေခံလုပ်ခလစာ တိုးမြှင့်သတ်မှတ်နိုင်ဖို့ အလုပ်သမားတစ်ယောက်ရဲ့ တနေ့တာ ကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူသွားမယ်လို့ရန်ကုန်တိုင်း အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကော်မတီကနေ သိရပါတယ်။ အဲ့ဒီစစ်တမ်းကို ရန်ကုန်ထဲက မြို့နယ် ၆ မြို့နယ် မှာ တစ်ပြိုင်နက်တည်း ကောက်ခံသွားမှာဖြစ်ပြီး ကောက်ယူတဲ့အခါ အလုပ်သမားတွေရဲ့နေ့စဉ်ကုန်ကျစရိတ်ကို ခေါင်းစဉ် ၁၅ ခုပါဝင်တဲ့ မေးခွန်းပုံစံနဲ့ မေးမြန်းသွားမှာဖြစ်ပါတယ်။ “ဒီစစ်တမ်းကို ကောက်ချိန် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက်အချိန်ယူပြီးတော့ ကောက်ယူသွားမှာပါ။ ဒီလထဲမှာ အပြီးကောက်ဖို့တော့ လုပ်ဆောင်နေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအာအရင်းအမြစ်ဆိုင်ရာဝန်ကြီး ဒေါ်မိုးမိုးစုကြည် ကပြောပါတယ်။ စာရင်းစစ်တမ်းကိုတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ သီလဝါ(SEZ) ပြင်ပ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ အပြင် ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ်တွေက အထည်ချုပ်စက်ရုံလုပ်သားတွေ လူသုံးကုန်၊ စားသောက်ကုန် လုပ်ငန်းတွေမှာ…

Read More

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ(၃)နေရာဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ အေအေထုတ်ပြန်

ရသေ့တောင်၊ ဇန်နဝါရီ ၇-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်း မနေ့ကဇန်နဝါရီ ၆ ရက်နေ့မှာ တိုက်ပွဲ(၃)နေရာဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ အေအေက ထုတ်ပြန်လိုက်ပါတယ်။ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာ အနောက်ဖက်ကားလမ်းမပေါ်နဲ့ အောင်ဆိတ်ကျေးရွာရဲ့ မြောက်ဖက်၊(၁) ကီလိုမီတာအကွာအဝေးမှာလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာအနီးမှာလည်းကောင်း တိုက်ပွဲ (၃) နေရာဖြစ်ပွားခဲ့တယ်လို့ အေအေကထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ နွားရုံတောင်ကျေးရွာအနီးတိုက်ပွဲမှာ တပ်မတော်ဘက်က ၅ ဦးကျဆုံးခဲ့ပြီး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်းဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာမှာ ” ဗိုလ်မှူးကြီးအစည်းအဝေးဝင်နေလို့ပါ နောက်မှပြန်ဆက်ပါ။ “လို့ ကိုယ်းရေးအရာရှိကပြောပါတယ်။ ဒါကြောင့် အေအေရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး တပ်မတော်ဖက်က ပြန်လည်တုံ့ပြန်တာကို မရရှိခဲ့ပါဘူး။ အေအေဘက်ကလည်း တိုက်ပွဲအတွင်း တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုမှူမရှိခဲ့ပါ။ ဘူးသီးတောင်မြို့နယ်၊…

Read More

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် ရလဒ်ကောင်းရရှိအောင်ဆွေးနွေးဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ် တိုက်တွန်း

နေပြည်တော်၊ ဇန်နဝါရီ ၇ -၂၀၂၀ အောင်ထူးနိုင်(VOM) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း (NCA-SEAO) ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၇/ ၂၀၂၀) ကို ဒီကနေ့မနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel မှာ ကျင်းပနေပါတယ်။ ဒီအစည်းအဝေးကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် ရလဒ်ကောင်းရရှိအောင် ဆွေးနွေးကြဖို့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။ မနက်ဖြန်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကို ပြုလုပ်ဖို့ ရှိနေတဲ့အတွက် မိမိတို့ဘက်က ထောင့်စေ့အောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး အခြေအနေအရ JICM အစည်းအဝေးရဲ့ရလဒ်ကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်တစား စောင့်မျှော်နားစွင့်နေပါတယ်။ ဒါကြောင့် ဒီနေ့အစည်းအဝေးကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်…

Read More

ထိုင်းနိုင်ငံမှာ နှစ် ၄၀ အတွင်းအဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကြုံနေရ

ဘန်ကောက်၊ ဇန်နဝါရီ-၇-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်လေးခုအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့နေရတယ်လို့ ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်။ မိုးရွာသွန်းမှုနည်းပါးတဲ့အတွက် ဆားငန်ဓါတ်တွေဖြစ်ပေါ်လာတဲ့အတွက် ဘုံပိုင်ရေကိုသောက်သုံးခြင်းမပြုဖို့ အသက်ကြီးအရွယ် အိုမင်းမသန်စွမ်းတွေကို အာဏာပိုင်တွေက အကြံပြုထားပါတယ်။ နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၃၀ မှာပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ရင်ဆိုင်နေရပြီး မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၁၃ ခုမှာတော့ အရေးပေါ်အစီအမံတွေလုပ်ဆောင်ဖို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ ထိုင်းနိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရပေမယ့် ယခုနှစ်မိုးခေါင်မှုဟာ ပုံမှန်ထက် ပိုမိုကြာရှည်တယ်လို့ အမျိုးသားရေအရင်းအမြစ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မိုးခေါင်မှုကြောင့် ကျောက်ဖယားမြစ်ရဲ့စီးဆင်းမှုကို အားနည်းသွားစေပြီး ပင်လယ်ရေမြင့်တက်လာတဲ့ အခါ ဘုံပိုင်ရေမှာဆားဓါတ်ပါဝင်မှုမြင့်တက်လာကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ မိုးခေါင်ရေရှားမှုနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ ရေစီမံခန့်ခွဲမှုဌာနတစ်ခု ဖွဲ့စည်းဖို့အတွက် ဇန်နဝါရီ ၇ ရက်မှာ ဆွေးနွေးဖွယ်ရှိနေပါတယ်။ Ref : NHK…

Read More

၂၀၁၉ခုနစ်အတွင်း ဧရာဝတီတိုင်းမှာ မုဒိန်းမူလျှော့နည်းခဲ့

ဧရာဝတီ၊ဇန်နဝါရီ ၇-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့၂၀၁၉ခုနစ်အတွင်း မုဒိန်းမူဖြစ်ပွားမူဟာ ယခင်နစ်ထက်စာရင် လျှော့နည်းကျဆင်းခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ၂၀၁၈ခုနစ်က ဧရာဝတီတိုင်းမှာ မုဒိန်းမူ(၂၃၁)မူ ဖြစ်ပွားခဲ့ပြီး ၊၂၀၁၉ခုနစ်မှတ်တမ်းများအရ (၁၃၇)မူသာဖြစ်ပွားခဲ့တဲ့အတွက် (၉၄)မူလျှော့နည်းခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမူးကြီး ထွန်းရွှေကပြောပါတယ် ။ “မုဒိန်းမူလျှော့နည်းစေဖို့ အဓိကဖြစ်ပွားတတ်တဲ့ ကျေးရွာတွေမှာ ပညာပေးဟောပြောဖို့ နဲ့ လက်ကမ်းစာစောင်တွေဖြန့်ဝေဖို့ညွန်ကြားထားပါတယ်။ နောြက်ပီး မုဒိန်းမူအပါအဝင် အမူကြီးတွေမဖြစ်အောင် ကြိုတင် အသိပညာပေးမူမလုပ်ရင် စခန်းမှူးတွေကို အရေးယူမယ်ဆိုပြီး ကြတ်မတ်ထားလို့ ခုလိုလျှော့နည်းကျဆင်းခဲ့တာ”လို့ ဒုတိယရဲမူးကြီး ထွန်းရွှေကရှင်းပြပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဧရာဝတီတိုင်းမှာ အမှုကြီး(၁၀)မျိုးကနေ (၃၅၂) မှု ဖြစ်ပွားခဲ့ပြီး၊ အများဆုံးဖြစ်ပွားတာက မုဒိန်းမှုနဲ့ လူသတ်မှုတွေ ဖြစ်တယ်သိရကာ ၂၀၁၈ခုနစ်က (၄၅၂)မူဖြစ်ပွားခဲတဲ့အတွက် ယခင်နှစ်ထက် ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာ မူခင်းလျှော့နည်းကျဆင်းရေးအတွက် စီမံချက်နဲ့ဆောင်ရွက်နေပြီး ၂၀၁၉ခုနစ်မှာ ပြစ်မှုမဖြစ်ပွားခင် ကြိုတင်ကာကွယ်ဖမ်းဆီးနိင်မူ…

Read More
VOM News

FREE
VIEW