အခန်း (၂၂၈)

ဆူးငှက်   ကျွန်တော့် သတင်းထောက် မိတ်ကပ်ဆရာ ———————————————- ကျွန်တော်တို့ ရပ်ကွက်လေးနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေမှာ ဦးတက်တိုးက သူတို့မင်းသားထံ လက်ရောက် စာပို့ ပြီးပြီ။ ထူးသည်နှင့် မင်းသား ပီအက်အိုက တဆင့် ကျွန်တော်တို့ထံ အကြောင်းကြားနိုင်ဖို့ လမ်းကြောင်းလည်း ပေးခဲ့ပြီဟု သိရသည်။ ထို့ကြောင့် ထို့အကြောင်းကြားချက်ကို စောင့်ရုံပဲရှိသည်။ မသေချာ မရေရာသော အနာဂတ်အတွက် သပြေပင်လေးတွေ ရေလောင်းတိုင်း အိပ်မပျော်သောကြောင့် အတွေးတွေ ရောက်ရက်ခတ်တိုင်း ခံစားနာကျဉ်ရသည်။ ကျွန်တော်ပြောခဲ့သလိုပါပဲ ရပ်ကွက်လေးထဲမှာ သွားမြဲလာမြဲ ဖြစ်သော်လည်း အပြင်ရောက်တိုင်း သတင်းက သည်းသည်း လှုပ် နေသည်။ အရေးကြီးတာက အပြင်မှာ ပြောဆို နေကြသလို တရားဝင်စီမံကိန်း ဖြစ်သွားပြီလား။ တကယ်တမ်း ကျွန်တော်တို့ သိထားတာက မြေယာဆိုင်ရာ တာဝန်ရှိသူတစ်ဦး ပူးပေါင်းစီစဉ်မှုဖြင့် အာဏာရှိ ပုဂ္ဂိုလကြီးတစ်ယောက်၏ ကိုယ်ပိုင်…

Read More

ကလေးမြို့မှာ ကွန်ပျူတာဆိုင်မီးလောင်လို့ ဝန်ထမ်းအမျိုးသမီးသုံးယောက် သေဆုံး

စက်တင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်ရှိ ကွန်ပျူတာဆိုင်မှာ မီးလောင်မှုဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးသုံးယောက် သေဆုံးခဲ့တယ်လို့ ကလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ် ပြီး ၊ မီလောင်ကျွမ်းချိန်မကြာပေမယ့် မီးကူးစက်မှုမြန် တဲ့အတွက် ဆိုင်အပေါ်ထပ်မှာ အိပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးသုံးယောက် သေဆုံးခဲ့ပါတယ်။ ” Apple ကွန်ပျူတာမိတ္ထူဆိုင် မီးလောင်တာ။ လောင်တာအိမ်က တအိမ်တည်းပါ။ဆုံးတာက ဆိုင်အလုပ်သမားအမျိုးသမီးသုံးယောက် အပေါ်ထပ်မှာအိပ်ကြတာ။ ပိုင်ရှင်တွေက အောက်ထပ်မှာအိပ်တာ။ သူတို့က ဘေးကင်းတယ်။ မြို့မှာကတော့ ဆိုလာအင်ဗာတာနဲ့ သုံးကြတယ်။ညကျတော့ဖုန်းတွေအားသွင်းတယ်။ အဲဒီကနေ ဖုန်းအားသွင်းကပဲ အပူလွန်ကဲပြီး အနီးနားမှာရှိတဲ့စာရွက်စာတမ်းကို ကူးစက်လောင်တဲ့သဘောပါ။ အောက်ထပ်ကစလောင်တာပါ။မီးကစလောင်တဲ့အချိန် ဖြေးဖြေးချင်းလောင်မှာဆိုပေမယ့် မိတ္ထူဆိုင်ဆိုပေမယ့် လောင်စာကများတော့ မီးကူးစက်မှုမြန်သွားတာပေါ့။ ” လို့…

Read More

လဝက မှာ ပွဲစားတွေကတဆင့် ဆောင်ရွက်မှုမရှိစေရေး စစ်ဆေးကြပ်မတ်နေ

မန္တလေး၊ စက်တင်ဘာ- ၂၂- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဝင်ကြီးဌာနတွေမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားပြုလုပ်ရာမှာ ပွဲစားအကျိုးဆောင်တွေကို ဆောင်ရွက်ပေးတာမပြုလုပ်ဖို့ ညွှန်ကြားထားပြီး စစ်ဆေးကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မဟာအောင်မြေမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါဖြိုးသန္တာ က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ အခမ်းအနားမှာ ” အိမ်ထောင်စုဇယားနဲ့ နိုင်ငံသားစစ်ဆေးရေးကတ်ပြား ပြုလုပ်ရာတွင် ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ရုံးရှေ့မှာ Notice စာ ကပ်ပေးဖို့ကိစ္စ” ကို လွှတ်တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ နိုင်ငံသားတိုင်း ကိုင်ဆောင်ရမယ့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မှတ်ပုံတင်ပြုလုပ်ရာမှာ ပြည်သူတွေကိုယ်တိုင် တရားဝင်လုပ်ထုံးလုပ်နည်းထက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာ နယ်မြေရဲစခန်းထောက်ခံ စာနဲ့ တခြားရုံးထောက်ခံစာအမျိုးမျိုးကို အဆင့်ဆင့်တောင်းခံနေရတာကြောင့် အချိန်ကြာခြင်းနဲ့ စရိတ်စခ…

Read More
VOM News

FREE
VIEW