အခြေခံလုပ်ခလစာ တိုးမြှင့်သတ်မှတ်နိုင်ဖို့ အလုပ်သမားတစ်ယောက်ရဲ့ တနေ့တာ ကုန်ကျစရိတ်ကို စစ်တမ်းကောက်မယ်

ရန်ကုန် ဇန်နဝါရီ ၇-၂၀၂၀
သိဂီ ၤ(VOM)

အခြေခံလုပ်ခလစာ တိုးမြှင့်သတ်မှတ်နိုင်ဖို့ အလုပ်သမားတစ်ယောက်ရဲ့ တနေ့တာ ကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူသွားမယ်လို့ရန်ကုန်တိုင်း အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကော်မတီကနေ သိရပါတယ်။

အဲ့ဒီစစ်တမ်းကို ရန်ကုန်ထဲက မြို့နယ် ၆ မြို့နယ် မှာ တစ်ပြိုင်နက်တည်း ကောက်ခံသွားမှာဖြစ်ပြီး ကောက်ယူတဲ့အခါ အလုပ်သမားတွေရဲ့နေ့စဉ်ကုန်ကျစရိတ်ကို ခေါင်းစဉ် ၁၅ ခုပါဝင်တဲ့ မေးခွန်းပုံစံနဲ့ မေးမြန်းသွားမှာဖြစ်ပါတယ်။

“ဒီစစ်တမ်းကို ကောက်ချိန် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက်အချိန်ယူပြီးတော့ ကောက်ယူသွားမှာပါ။ ဒီလထဲမှာ အပြီးကောက်ဖို့တော့ လုပ်ဆောင်နေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအာအရင်းအမြစ်ဆိုင်ရာဝန်ကြီး ဒေါ်မိုးမိုးစုကြည် ကပြောပါတယ်။

စာရင်းစစ်တမ်းကိုတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ သီလဝါ(SEZ) ပြင်ပ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ အပြင် ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ်တွေက အထည်ချုပ်စက်ရုံလုပ်သားတွေ လူသုံးကုန်၊ စားသောက်ကုန် လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ဦးရေ ၃၀၀၀ ကို နေ့စဉ်ကုန်ကျ စရိတ်စစ်တမ်း ကောက်ခံမှာဖြစ်ပါတယ်။

ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်သားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာကို အနည်းဆုံးအခကြေးငွေ ဥပဒေအရ ၂ နှစ် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ အခြေခံလုပ်ခ တစ်ရက်လုပ်ခလစာ ၃၆၀ဝ ကျပ် ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၄၈၀ဝ ကျပ် သတ်မှတ်ထားရှိခဲ့ပါတယ်။ ဒီနှုန်းထားသည်လည်း ၂၀၂၀ ခုနှစ် မေလမှာ ပြန်လည်ပြင်ဆင် သတ်မှတ်ရမှာဖြစ်ပါတယ်။ အလုပ်သမားတွေကတော့ တစ်ရက်လုပ်ခလစာကို အနည်းဆုံ ၇၀၀၀ ကျပ်သတ်မှတ်ပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Photo-ALR
#VOM #voiceofmyanmar #ရန်ကုန် #အလုပ်သမား #လုပ်ခလစာ #စစ်တမ်းကောက်

Zawgyi

အေျခခံလုပ္ခလစာ တိုးျမွင့္သတ္မွတ္နိုင္ဖို႕ အလုပ္သမားတစ္ေယာက္ရဲ႕ တေန့တာ ကုန္က်စရိတ္ကုိ စစ္တမ္းေကာက္မယ္

ရန္ကုန္ ဇန္နဝါရီ ၇-၂၀၂၀
သိဂီ ၤ(VOM)

အေျခခံလုပ္ခလစာ တိုးျမွင့္သတ္မွတ္နိုင္ဖို႕ အလုပ္သမားတစ္ေယာက္ရဲ႕ တေန့တာ ကုန္က်စရိတ္ကို စစ္တမ္းေကာက္ယူသြားမယ္လို႕ရန္ကုန္တိုင္း အနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးေကာ္မတီကေန သိရပါတယ္။

အဲ့ဒီစစ္တမ္းကို ရန္ကုန္ထဲက ၿမိဳ့နယ္ ၆ ၿမိဳ့နယ္ မွာ တစ္ၿပိဳင္နက္တည္း ေကာက္ခံသြားမွာျဖစ္ၿပီး ေကာက္ယူတဲ့အခါ အလုပ္သမားေတြရဲ႕ေန႔စဥ္ကုန္က်စရိတ္ကို ေခါင္းစဥ္ ၁၅ ခုပါဝင္တဲ့ ေမးခြန္းပုံစံနဲ႕ ေမးျမန္းသြားမွာျဖစ္ပါတယ္။

“ဒီစစ္တမ္းကို ေကာက္ခ်ိန္ ၂ ပတ္ ဒါမွမဟုတ္ ၃ ပတ္ေလာက္အခ်ိန္ယူၿပီးေတာ့ ေကာက္ယူသြားမွာပါ။ ဒီလထဲမွာ အၿပီးေကာက္ဖို႕ေတာ့ လုပ္ေဆာင္ေနပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူဝင္မွုႀကီး ၾကပ္ေရးႏွင့္ လူ႔စြမ္းအာအရင္းအျမစ္ဆိုင္ရာဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ ကေျပာပါတယ္။

စာရင္းစစ္တမ္းကိုေတာ့ လွိုင္သာယာ၊ ေရႊျပည္သာ၊ သီလဝါ(SEZ) ျပင္ပ၊ အေရွ႕ဒဂုံ၊ ေတာင္ဒဂုံ အျပင္ ဒဂုံဆိပ္ကမ္း စတဲ့ၿမိဳ့နယ္ေတြက အထည္ခ်ဳပ္စက္ရုံလုပ္သားေတြ လူသုံးကုန္၊ စားေသာက္ကုန္ လုပ္ငန္းေတြမွာ လုပ္ကိုင္ေနတဲ႕ အလုပ္သမား ဦးေရ ၃၀၀၀ ကို ေန႔စဥ္ကုန္က် စရိတ္စစ္တမ္း ေကာက္ခံမွာျဖစ္ပါတယ္။

ျပည္တြင္းရွိ ပုဂၢလိကလုပ္သားေတြရဲ႕ အနိမ့္ဆုံးလုပ္ခလစာကို အနည္းဆုံးအခေၾကးေငြ ဥပေဒအရ ၂ ႏွစ္ တစ္ႀကိမ္ ျပင္ဆင္သတ္မွတ္ရမွာျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္မွာ အေျခခံလုပ္ခ တစ္ရက္လုပ္ခလစာ ၃၆၀ဝ က်ပ္ ျဖစ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ ၄၈၀ဝ က်ပ္ သတ္မွတ္ထားရွိခဲ့ပါတယ္။ ဒီႏႈန္းထားသည္လည္း ၂၀၂၀ ခုႏွစ္ ေမလမွာ ျပန္လည္ျပင္ဆင္ သတ္မွတ္ရမွာျဖစ္ပါတယ္။ အလုပ္သမားေတြကေတာ့ တစ္ရက္လုပ္ခလစာကို အနည္းဆုံ ၇၀၀၀ က်ပ္သတ္မွတ္ေပးဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

Photo-ALR
#VOM #voiceofmyanmar #ရန္ကုန္ #အလုပ္သမား #လုပ္ခလစာ #စစ္တမ္းေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW