ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ(၃)နေရာဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ အေအေထုတ်ပြန်

ရသေ့တောင်၊ ဇန်နဝါရီ ၇-၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်း မနေ့ကဇန်နဝါရီ ၆ ရက်နေ့မှာ တိုက်ပွဲ(၃)နေရာဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ အေအေက ထုတ်ပြန်လိုက်ပါတယ်။

ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာ အနောက်ဖက်ကားလမ်းမပေါ်နဲ့ အောင်ဆိတ်ကျေးရွာရဲ့ မြောက်ဖက်၊(၁) ကီလိုမီတာအကွာအဝေးမှာလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာအနီးမှာလည်းကောင်း တိုက်ပွဲ (၃) နေရာဖြစ်ပွားခဲ့တယ်လို့ အေအေကထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

နွားရုံတောင်ကျေးရွာအနီးတိုက်ပွဲမှာ တပ်မတော်ဘက်က ၅ ဦးကျဆုံးခဲ့ပြီး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်းဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာမှာ ” ဗိုလ်မှူးကြီးအစည်းအဝေးဝင်နေလို့ပါ နောက်မှပြန်ဆက်ပါ။ “လို့ ကိုယ်းရေးအရာရှိကပြောပါတယ်။

ဒါကြောင့် အေအေရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး တပ်မတော်ဖက်က ပြန်လည်တုံ့ပြန်တာကို မရရှိခဲ့ပါဘူး။

အေအေဘက်ကလည်း တိုက်ပွဲအတွင်း တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုမှူမရှိခဲ့ပါ။

ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာနဲ့ အနီးအနားရွာကဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အစပိုင်း တပ်မတော်နဲ့ အေအေတို့ မကြာခဏတိုက်ပွဲဖြစ်တဲ့အတွက် ဒုက္ခသည်ခိုလှုံရေးစခန်းတွေကို ထွက်ပြေးရောက်ရှိနေကြတာဖြစ်ပါတယ်။

” မနေ့က တိုက်ပွဲဖြစ်လား မဖြစ်ဘူးလား သတင်းအတိကျမသိဘူး။ သေနတ်သံတွေကြားတာနဲ့ ဟိုလိုက်မေး ဒီလိုက်မေး မေးတယ်။ သေနတ်ပစ်နေကြတယ် အဲ့ဒါပဲကြားတယ်။” လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

ယခုလိုတိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ် ချွတ်ပြင်နဲ့ အောင်ဆိတ်ကျေးရွာက ဒေသခံတွေဟာ ဘေးလွှတ်ရာသို့ထွက်ပြေးနေကြရပြီး အောင်ဆိတ်ကျေးရွာက ဒေသခံတချို့မှာ မိမိတို့ရွာသို့ ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။

“ကျမတို့ မနေ့က ရောက်တယ်။ ဒီနေ့ရောက်တဲ့သူတွေလည်းရှိတယ်။ မနေ့က ၄ နာရီလောက်ကရောက်တာ။” လို့ ရသေ့တောင်မြို့နယ် အောင်ဆိပ်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များအတွင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှောင်းပိုင်းမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေဖြစ်ပွားမှုမှာ တစ်နှစ်ကျော်ပြီဖြစ်ရာ တိုက်ပွဲတွေကြား အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရတာတွေရှိသလို ဒုက္ခသည်ဦးရေဟာလည်း ၁ သိန်းကျော်ရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #တိုက်ပွဲဖြစ် #နှစ်ဖက်ထိခိုက်မှုရှိ

Zawgyi

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲ(၃)ေနရာျဖစ္ပြားခဲ့ကာ ႏွစ္ဖက္ထိခိုက္မႈရွိတယ္လို႔ ေအေအထုတ္ျပန္

ရေသ့ေတာင္၊ ဇန္နဝါရီ ၇-၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္အတြင္း မေန႔ကဇန္နဝါရီ ၆ ရက္ေန႔မွာ တိုက္ပြဲ(၃)ေနရာျဖစ္ပြားခဲ့ကာ ႏွစ္ဖက္ထိခိုက္က်ဆုံးမႈေတြရွိတယ္လို႔ ေအေအက ထုတ္ျပန္လိုက္ပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္၊ ခြၽတ္ျပင္ေက်း႐ြာ အေနာက္ဖက္ကားလမ္းမေပၚနဲ႔ ေအာင္ဆိတ္ေက်း႐ြာရဲ႕ ေျမာက္ဖက္၊(၁) ကီလိုမီတာအကြာအေဝးမွာလည္းေကာင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ႏြား႐ုံေတာင္႐ြာအနီးမွာလည္းေကာင္း တိုက္ပြဲ (၃) ေနရာျဖစ္ပြားခဲ့တယ္လို႔ ေအေအကထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ႏြား႐ုံေတာင္ေက်း႐ြာအနီးတိုက္ပြဲမွာ တပ္မေတာ္ဘက္က ၅ ဦးက်ဆုံးခဲ့ၿပီး၊ ၂၀ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးပထမတန္းဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ရာမွာ ” ဗိုလ္မွဴးႀကီးအစည္းအေဝးဝင္ေနလို႔ပါ ေနာက္မွျပန္ဆက္ပါ။ “လို႔ ကိုယ္းေရးအရာရွိကေျပာပါတယ္။

ဒါေၾကာင့္ ေအေအရဲ႕ ထုတ္ျပန္ခ်က္နဲ႔ပတ္သတ္ၿပီး တပ္မေတာ္ဖက္က ျပန္လည္တုံ႔ျပန္တာကို မရရွိခဲ့ပါဘူး။

ေအေအဘက္ကလည္း တိုက္ပြဲအတြင္း တစ္ဦးက်ဆုံးၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ေအေအေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုမႉမရွိခဲ့ပါ။

ဘူးသီးေတာင္ၿမိဳ႕နယ္၊ ႏြား႐ုံေတာင္ေက်း႐ြာနဲ႔ အနီးအနား႐ြာကေဒသခံေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ အစပိုင္း တပ္မေတာ္နဲ႔ ေအေအတို႔ မၾကာခဏတိုက္ပြဲျဖစ္တဲ့အတြက္ ဒုကၡသည္ခိုလွဳံေရးစခန္းေတြကို ထြက္ေျပးေရာက္ရွိေနၾကတာျဖစ္ပါတယ္။

” မေန႔က တိုက္ပြဲျဖစ္လား မျဖစ္ဘူးလား သတင္းအတိက်မသိဘူး။ ေသနတ္သံေတြၾကားတာနဲ႔ ဟိုလိုက္ေမး ဒီလိုက္ေမး ေမးတယ္။ ေသနတ္ပစ္ေနၾကတယ္ အဲ့ဒါပဲၾကားတယ္။” လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံကေျပာပါတယ္။

ယခုလိုတိုက္ပြဲေတြေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ ခြၽတ္ျပင္နဲ႔ ေအာင္ဆိတ္ေက်း႐ြာက ေဒသခံေတြဟာ ေဘးလႊတ္ရာသို႔ထြက္ေျပးေနၾကရၿပီး ေအာင္ဆိတ္ေက်း႐ြာက ေဒသခံတခ်ိဳ႕မွာ မိမိတို႔႐ြာသို႔ ျပန္လည္ေရာက္ရွိေနၿပီလို႔ သိရပါတယ္။

“က်မတို႔ မေန႔က ေရာက္တယ္။ ဒီေန႔ေရာက္တဲ့သူေတြလည္းရွိတယ္။ မေန႔က ၄ နာရီေလာက္ကေရာက္တာ။” လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ေအာင္ဆိပ္ေက်း႐ြာမွ ေဒသခံအမ်ိဳးသမီးတစ္ဦးကေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းၿမိဳ႕နယ္မ်ားအတြင္း ၿပီးခဲ့တဲ့ ၂၀၁၈ ခုေႏွာင္းပိုင္းမွာ တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲေတြျဖစ္ပြားမႈမွာ တစ္ႏွစ္ေက်ာ္ၿပီျဖစ္ရာ တိုက္ပြဲေတြၾကား အရပ္သားျပည္သူေတြ ထိခိုက္ေသဆုံးမႈ၊ ဒဏ္ရာရတာေတြရွိသလို ဒုကၡသည္ဦးေရဟာလည္း ၁ သိန္းေက်ာ္ရွိေနၿပီလို႔ အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ စာရင္းေတြအရ သိရပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #တိုက္ပြဲျဖစ္ #နွစ္ဖက္ထိခိုက္မွဳရိွ

Related posts

Leave a Comment

VOM News

FREE
VIEW