မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ရသေ့တောင်မြို့ပေါ်မှာ စာကပ်ပြီးသတိပေး
ရသေ့တောင်၊ ဇန်နဝါရီ ၉- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ရသေ့တောင်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို သတိပေးတဲ့အနေနဲ့ မြို့တွင်းလျှပ်စစ်ဓါတ်မီးတိုင်တွေမှာ တားမြစ်တဲ့စာအများအပြားကို ကပ်ထားတယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ အမှန်တကယ်ရှိတယ်လို့လည်း မြို့ပေါ်ဒေသခံတွေက ပြောပါတယ်။ “ ဒီလို စာကပ်တဲ့အပေါ်မှာ ကောင်းတယ်လို့မြင်တယ်။ ကောင်းတဲ့အလုပ်ပဲ။ ဒီဟာက လူငယ်တွေပျက်စီးနေတယ်။ စေတနာရှင်တစ်ဖွဲ့က ဒီလူငယ်တွေမပျက်စီးအောင် လုပ်တဲ့သဘောထား သာဖြစ်တယ်။ ဒါကြောင့် မိဘတွေလည်း သတိထားလာမယ်။ ကလေးတွေလည်း သတိထားလာမယ်။ တခြားအပိုင်းတွေတော့ ကျနော်တို့မပြောလိုဘူး။ စာကိုဖတ်လိုက်တော့ ကောင်းတယ်လို့ထင်တယ်။ အမှန်ကတော့ အဲ့ဒါကိုလက်ခံရမယ်။ပြီးမှ အနာဂတ်မှာ ရခိုင်လူငယ်တွေလူတော်လူကောင်းဖြစ်လာမှာ ဖြစ်တယ်။ ”လို့ ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်က ပြောပါတယ်။ အခုလိုမျိုး စာကပ်သတိပေးတာဟာ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ အတိအကျမသိပေမယ့် သတိပေးစာထဲမှာတော့ “ရခိုင်မျိုးချစ်လူငယ်များ” လို့ ပါဝင်တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကို မတားမဆီး၊…
Read More
အက်ဆစ်နဲ့ပက်ပြီး အကြမ်းဖက်ခံရတဲ့အမျိုးသမီးနှစ်ဦးအမှုက တရားခံကို နှစ်လကျော်ကြာတဲ့အထိ ဖမ်းမမိနိုင်သေး
ပန်းတနော် ဇန်နဝါရီ ၉-၂၀၂၀ မိုးယံ(VOM) ဧရာဝတီတိုင်း၊ ပန်းတနော်မြို့အနောက်ပိုင်းရပ်ကွက်မှာ ၂၀၁၉ခုနှစ် အောက်တိုဘာ ၂၄ရက်ညပိုင်းက အက်ဆစ်နဲ့ပက်ပြီး အကြမ်းဖက်ခံရတဲ့အမျိုးသမီးနှစ်ဦးအမှုက တရားခံကို ဖမ်းမမိသေးဘူးလို့ သိရပါတယ်။ “ကျွန်တော်လည်း ရောက်လာတာမကြာသေးဘူး ၊ ဒီကိစ္စက ပြစ်မှုကျူးလွန်သူကိုလည်း ခံရတဲ့သူတွေက အတိအကျမပြောနိုင်ကြဘူး၊ စုံစမ်းရတာအခက်အခဲဖြစ်တာပေါ့ မသင်္ကကာသူတွေ နဲ့ နီးစပ်တဲ့CCTV တွေအစရှိသဖြ င့် ပြန်ပြီးအသေးစိတ် စစ်ဆေးနေပါတယ်။ အမြန်ဆုံး ပေါ်ပေါက်ရေး ညွန်ကြားမှုတွေ ပေးထားပါတယ်လို့ ” ပန်းတနော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံကပြောပါတယ်။ တစ်ရပ်ကွက်တည်းနေထိုင်တဲ့ မခင်ဥမ္မာလင်း နဲ့ မလဲ့လဲ့ဝင်းတို့နှစ်ဦးဟာ လမ်းလျှောက်လာပြီး စကားပြောနေချိန် ရုတ်တရက် အက်ဆစ်အထုပ်နဲ့ပစ်ခံရတဲ့အတွက် အမျိုးသမီးနှစ်ဦးစလုံးရဲ့ လက်မောင်း၊ရင်ဘတ်၊လည်ပင်းနေရာတွေကို အက်ဆစ်ထိမှန်လောင်ကျွမ်းခဲ့ပါတယ်။ မလဲ့လဲ့ဝင်းကတော့ မျက်နှာပြင်အစိတ်အပိုင်းတွေပါထိမှန်ပြီး ညာမျက်စိကွယ်၊ ဘယ်မျက်စိ ကိုတော့မကွယ်အောင် ကုသနေရတယ်လို့လည်း သိရပါတယ်။ “ကျွန်မရဲ့သူငယ်ချင်းကလိုက်ပို့ပြီး လမ်းထိပ်ဓါတ်တိုင်အောက်မှာ စကားပြောနေတုန်း ဆိုင်ကယ်ထောက်ပြီး လှမ်းစကားပြောတော့…
Read More
NCA စာချုပ်မချိုးဖောက်ရေး တပ်မတော်နှင့် KNUကို ပြည်သူလူထုက ဆန္ဒထုတ်ဖော်
ကျောက်ကြီး ၊ ဇန်နဝါရီ ၉-၂၀၂၀ သူရိန်(VOM) ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်က ဌာနေဒေသခံတိုင်းရင်းသားပြည်သူတွေဟာ ဒီ‌နေ့ မနက်ပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ NCA စာချုပ်မချိုးဖောက်ဖို့အတွက် တပ်မတော်နဲ့ KNUကို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်တာကို အောင်စိုးမိုးကျေးရွာကနေ KNU ဆက်ဆံရေးရုံးရှေ့၊ KNU ဆက်ဆံရေးရုံးရှေ့ကတစ်ဆင့် ခလရ(၆၀)တပ်မတော် တပ်ရင်းရှေ့ထိ အင်အား ၂၀၀ ဝန်းကျင်၊ လော်မူပယ်ကျေးရွာကနေ သဲသောမူ သဲသောခွားရေတံခွန်ထိပ်အထိ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ နှစ်နေရာကို တပြိုင်တည်းဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။ “ NCA စာချုပ်ချုပ်ထားတဲ့အပေါ်နှစ်ဦးနှစ်ဖက် တိတိကျကျလိုက်နာစေချင်တယ်။ အခုတောင်းဆိုတာက ၆ ချက်ရှိတယ်။ နောက်ထပ်ပဋိုပက္ခတွေ မဖြစ်ဖို့အတွက်ရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်တာပါ။ ဆန္ဒပြတာမဟုတ်ပါဘူး။ အဓိက NCA ကို နှစ်ဦးနှစ်ဖက်ခေါင်းဆောင်တွေကပေါ့။ အခုရှင်းလင်းပွဲတွေလာလုပ်တယ်။ အစိုးရဘက်ကလာတာမရှိဘူး။ KNU ဘက်ကလာတာရှိတယ်။ ကျွန်တော်တို့ဖြစ်စေချင်တာက ဒီလက်မှတ်ကအစိုးရနဲ့ နှစ်ဖက်သဘောတူ ထိုးထားတဲ့လက်မှတ်ဖြစ်တဲ့အတွက်…
Read More
ညွှန်ချုပ်နဲ့အထက် ကားတင်သွင်းခွင့်ပြုမယ်ဆိုရင် လွှတ်တော်မှာတရားဝင်ကန့်ကွက်မယ်
ရန်ကုန် ၊ ဇန်နဝါရီ ၉-၂၀၂၀ သူရိန်(VOM) ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်ရှိသူတွေကို ကားတင်သွင်းခွင့်ပြုမယ်ဆိုရင် လွှတ်တော်ကနေ တရားဝင်ကန့်ကွက်သွားမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဆွေကနေ သိရပါတယ်။ “စာကို ဇန်နဝါရီ ၂ ရက် စထုတ်ကတည်းက ဒီစာကို သတိထားမိတော့ သက်ဆိုင်တဲ့ဌာနကိုသွားတယ်။ မူဝါဒ ဆိုင်ရာ ညွှန်ကြားရေးမှူးဆိုတဲ့သူနဲ့ တွေ့တယ်။ ကျွန်တော်တို့ အဓိကဖြစ်စေချင်တာက ဝန်ထမ်းတွေအတွက် ပေးမှာကိုတော့ ဘာမှမကန့်ကွက်ဘူး။ ဝန်ထမ်းတွေဆိုတဲ့အထဲမှာ လုပ်သက်များတဲ့ဝန်ထမ်းငယ်တွေကို ပိုပြီးဦးစားပေးစေချင်တယ်။ ဒီခေတ်ကြီးမှာလာပြီးတော့ ဝန်ထမ်းကောင်းတံဆိပ်နဲ့ဆိုပြီး ကန့်သတ်တဲ့အခါကျတော့ အရင်ခေတ်ကို ပြန်ရောက်သွားသလိုပဲ ညွှန်ကြားချက်တွေက အဲဒီလိုဖြစ်နေတယ်။ နိုင်ငံတော်အကြီးအကဲတွေက နိုင်ငံတိုင်းမှာရှိတယ်။ အခါအားလျော်စွာ ဝန်ထမ်းငယ်တွေအတွက် အဆင်ပြေ ဖို့ဆိုပြီးတော့လုပ်ပေးတာ ထုံးစံရှိတယ်။ အစိုးရတိုင်းမှာရှိတယ်။ ဒါကို ကျွန်တော့်အနေနဲ့ ကန့်ကွက်စရာမရှိဘူး ကြိုဆိုတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာကို အောက်ကနေ အဓိကရေးဆွဲနေတဲ့သူတွေအပိုင်းက အရေးကြီးတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲဆိုတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူ တွေကရေးဆွဲရတဲ့အခါကျတော့…
Read More
ရန်ကုန်မြို့လယ်မှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေနဲ့ စက်ဘီးစီးသူတွေကို အရေးယူတော့မယ်
Read More
ညောင်တုန်းမြို့ရှိ ကမ်းနားတာက မြေသားများ ၉ပေခန့် နိမ့်ကျမူဖြစ်ပွား
ဧရာဝတီ၊ဇန်နဝါရီ ၉-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ (၂၁)လမ်းနဲ့ (၂၂)လမ်းကြားရှိ ကမ်းနားတာဟာ မနေ့ဇန်နဝါရီ ၈ရက် ညပိုင်းက ၉ပေခန့် မြေနိမ့်ကျသွားခဲ့တယ်လို့ သိရပါတယ်။ ကမ်းနားတာရဲ့ မြေအက်ကြောင်းဟာ (၃၆၅)ပေခန့်ရှိပြီး၊ နိမ့်ကြသွားတဲ့ အကျယ်အဝန်းမှာ ပေ(၂၅၀) ခန့်နဲ့ အနက်ပေ(၉)ပေခန့်ရှိတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကနေ သိရပါတယ်။ “ဖြစ်တာတော့ မနေ့က မနက်၇နာရီစဖြစ်တာ ညပိုင်းကြပိုဆိုးလာရော၊ လူနေအိမ်တွေနဲ့တော့ ၁၀ပေလောက်ဝေးသေးတယ်၊ ခု တိုင်းအစိုးရအဖွဲ့ကို စာနဲ့တင်ပြထားပါတယ်။ အရေးပေါ်အခြေအနေတွေအတွက်လဲ ပြင်ဆင်ထားပါတယ်”လို့ ညောင်တုန်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ ပက်သက်ပြီး ဧရာဝတီတိုင်းဘေးအန္တရာယ် စီမံခန့်ခွဲ့မှုဦးစီးဌာန ညွန်ကြားရေးမှူးဦးသန်းစိုးကို ဆက်သွယ်မေးမြန်းကြည့်ရာ “လက်ရှိအခြေအနေမှာ တိုင်းရေအရင်းမြစ်ဦးစီးဌာန နှဲ့ ဌာနဆိုင်ရာ၊ လွှတ်တော်ကိုယ်စားလှယ်တို့ စစ်ဆေးနေပြီး ဒေသခံတွေရဲ့ ပြောကြားချက်အရ မြေအိဆင်းသွားတယ်လို့ လတ်တလောသိရပြီး၊ အသေးစိတ်ကိုမသိရသေးဘူး”လို့ ပြောပါတယ်။ ကမ်းနားတာ…
Read More
တပ်မတော်နဲ့ အေအေတိုက်ပွဲအတွင်း တပ်မတော်ကရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ အေအေထုတ်ပြန်
မင်းပြား၊ဇန်နဝါရီ ၉-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း ၊ မင်းပြားမြို့နယ် ၊ ခွဆုံကျေးရွာအနီးမှာ မနေ့က ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားခဲ့ရာ နံနက် ၁၁ နာရီခန့်မှာ တပ်မတော်ဖက်က ရဟတ်ယာဉ်နှစ်စီးနဲ့ နာရီဝက်ခန့် လာရောက်ပစ်ခတ်ခဲ့တယ်လို့ အေအေဖက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ မင်းပြားမြို့နယ်၊ ကျောက်ကရွာအရှေ့မြောက်ဖက် (၅.၅) ကီလိုမီတာအကွာအဝေးမှာ နံနက် ၁၁ နာရီ ၅ မိနစ်ကလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ မင်းပြားမြို့နယ်၊ ခွဆုံကျေးရွာနဲ့ ကျောက်ကရွာအနီးတိုက်ပွဲတွေမှာ တပ်မတော်ဖက်က (၃) ဦးကျဆုံးပြီး (၁၀) ဦးဒဏ်ရာရရှိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မင်းပြားမြို့နယ် ဖေသာပင်ကျေးရွာအထက်က စစ်ရဟတ်ယာဉ်နှစ်စီးဝဲပျံပြီး အုတ်ဖိုတစ်ခုနားအရောက်မှာ ရဟတ်ယာဉ်နဲ့ ပစ်တယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။ “ဟုတ်တယ် မနေ့ကတိုက်ပွဲဖြစ်တယ်။ လယ်ယာဉ်နှစ်စီးနဲ့ ပစ်တယ်။ ပစ်တာတစ်ခုပဲမြင်ရတယ်။ မနက်ဖက် ၇ နာရီနဲ့…
Read More
မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ကျောင်အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်သပိတ်မှောက်
Read More
အောင်မြေသာစံမြို့နယ်တရားရုံးက ကိုရဲရင့်ကျော်ကို ထောင်(၃)လချ
မန္တလေး ၊ ဇန်နဝါရီ ၉-၂၀၂၀ Voice Of Myanmar ဗကသအဖွဲ့၀င်ဟောင်း ကိုရဲရင့်ကျော်ကို ဒီကနေ့မနက်ပိုင်းမှာ အောင်မြေသာစံမြို့နယ်တရားရုံးကနေ ထောင်ဒဏ်(၃)လချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် မေလက မန္တလေးမြို့ကျုံးတောင်ဘက်ခြမ်းမှာ တိုင်းရင်းသားဒေသများမှာ ထိုးစစ်များရပ်ဆိုင်းရေးနဲ့ စစ်နယ်မြေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေ လွှတ်ပေးရေးအတွက် ဖယောင်းတိုင်မီးထွန်းပြီး ဆုတောင်းဆန္ဒပြမှုနဲ့ ပတ်သက်လို့ ဗကသကော်မတီဝင်ဟောင်းတွေ ဖြစ်တဲ့ ကိုသန်းထိုက် ကိုရဲရင့်ကျော်နဲ့ ကိုနှင်းေအာင္တို့ကို ငြိမ်းစုစီ ၁၉ နဲ့ အမှတ် ၅ မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုသန်းထိုက်နဲ့ ကိုနှင်းမောင်တို့ကို ဖမ်းဆီးခဲ့ပြီး ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာပဲ အောင်မြေသာစံမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ လဆီကျခံဖို့ အမိန့်ချခဲ့ပါတယ်။ ဒီအမှုကနေလွတ်မြောက်နေတဲ့ ကိုရဲရင့်ကျော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၉…
Read More
အီရန်ဘက်က လျှော့သွားပုံရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပြော
ဝါရှင်တန်၊ ဇန်န်ဝါရီ-၉-၂၀၁၉ မျိုးဆက် (VOM) အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းတွေကို ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရပြီၤးနောက် အီရန်ဘက်က လျှော့သွားပုံရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။ အမေရိကန် ဒါမှမဟုတ် အီရတ်တို့ရဲ့အသက်တွေဆုံးရှုံးမှုမရှိခဲ့ကြောင်းနဲ့ စစ်အခြေစိုက်စခန်းတွေမှာလည်း အနည်းအကျဉ်းသာ ထိခိုက်ပျက်စီးခဲ့တယ်လို့ အိမ်ဖြူတော်ကရုပ်မြင်သံကြားမိန့်ခွန်းကနေ သူကပြောခဲ့တာဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်အခြေစိုက်စခန်းတွေကို အီရန်ကပစ်မှတ်ထားတိုက်ခိုက်လာပါက စစ်ရေးအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဒေါ်နယ်ထရန့်က ယခင်ကပြောဆိုထားခဲ့ပေမယ့် ယမန်နေ့ကပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ အီရန်အပေါ် စစ်ရေးအရအရေးယူမယ်လို့ ကြေညာခဲ့တာမရှိပါဘူး။ အမေရိကန်မှာ စစ်ရေးနဲ့ စီးပွားရေးအင်အားနှစ်ရပ်စလုံး ခိုင်မာအားကောင်းပြီး ကြီးမားတဲ့စစ်အင်အားနဲ့ လက်နက်ကိရိယာတွေရှိနေပေမယ့်လည်း အဲဒါတွေကို အသုံးပြုဖို့ ရည်ရွယ်မထားဘူးလို့ ဒေါ်နယ်ထရန့်ကပြောပါတယ်။ အီရန်ရဲ့အပြုအမူတွေ ပြောင်းလဲသွားတဲ့အထိ နောက်ထပ်ဘဏ္ဍာရေးနဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က အလျှင်အမြန်ချမှတ်သွားမှာဖြစ်ပြီး အီရန်အနေနဲ့ နျူကလီးယားရည်မှန်းချက်တွေကို မဖြစ်မနေစွန့်လွှတ်ပြီး အကြမ်းဖက်ဝါဒ ထောက်ခံတာတွေကို အဆုံးသတ်ရမယ်လို့ ထရန့်ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Ref : BBC…
Read More
VOM News
FREE
VIEW