NCA စာချုပ်မချိုးဖောက်ရေး တပ်မတော်နှင့် KNUကို ပြည်သူလူထုက ဆန္ဒထုတ်ဖော်

ကျောက်ကြီး ၊ ဇန်နဝါရီ ၉-၂၀၂၀
သူရိန်(VOM)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်က ဌာနေဒေသခံတိုင်းရင်းသားပြည်သူတွေဟာ ဒီ‌နေ့ မနက်ပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ NCA စာချုပ်မချိုးဖောက်ဖို့အတွက် တပ်မတော်နဲ့ KNUကို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်တာကို အောင်စိုးမိုးကျေးရွာကနေ KNU ဆက်ဆံရေးရုံးရှေ့၊ KNU ဆက်ဆံရေးရုံးရှေ့ကတစ်ဆင့် ခလရ(၆၀)တပ်မတော် တပ်ရင်းရှေ့ထိ အင်အား ၂၀၀ ဝန်းကျင်၊ လော်မူပယ်ကျေးရွာကနေ သဲသောမူ သဲသောခွားရေတံခွန်ထိပ်အထိ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ နှစ်နေရာကို တပြိုင်တည်းဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။

“ NCA စာချုပ်ချုပ်ထားတဲ့အပေါ်နှစ်ဦးနှစ်ဖက် တိတိကျကျလိုက်နာစေချင်တယ်။ အခုတောင်းဆိုတာက ၆ ချက်ရှိတယ်။ နောက်ထပ်ပဋိုပက္ခတွေ မဖြစ်ဖို့အတွက်ရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်တာပါ။ ဆန္ဒပြတာမဟုတ်ပါဘူး။ အဓိက NCA ကို နှစ်ဦးနှစ်ဖက်ခေါင်းဆောင်တွေကပေါ့။ အခုရှင်းလင်းပွဲတွေလာလုပ်တယ်။ အစိုးရဘက်ကလာတာမရှိဘူး။ KNU ဘက်ကလာတာရှိတယ်။ ကျွန်တော်တို့ဖြစ်စေချင်တာက ဒီလက်မှတ်ကအစိုးရနဲ့ နှစ်ဖက်သဘောတူ ထိုးထားတဲ့လက်မှတ်ဖြစ်တဲ့အတွက် ကြောင့် ပြည်သူတွေကိုရှင်းလင်းပြောကြားတဲ့အခါမှာ အစိုးရကိုလည်း ရှင်းလင်းပြောကြားစေချင်တယ်။ နှစ်ဖက်စလုံးကအတူလာပြီး ရှင်းလင်းပြောကြားတာကိုလိုချင်တယ်။ တဖက်တည်းပြောတာကို မလိုချင်ဘူး။ အစိုးရတဖက်တည်းကို လာတာလည်းမဖြစ်စေချင်သလို KNU တဖက်တည်းကလည်းမပြည့်စုံဘူး။ ပြည်သူတွေက ဒါကိုစိုးရိမ်လို့ဆန္ဒဖော်ထုတ်တာပါ”လို့ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ပြုလုပ်တဲ့ စောခြားဖိုးကပြောပါတယ်။

ဒေသခံတိုင်းရင်းသားတွေအနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ၊ NCA ကိုအကောင်အထည်ဖော်စို့ ၊ NCA အပေါ်တာဝန်ယူသူများ တာဝန်ခံမှုချက်ချင်းပြ ၊NCA ပါတပ်နေရာချထားရေး လက်တွေ့အကောင်အထည်ဖော်ပေး။ NCA စာချုပ်မချိုးဖောက်ရေး တာဝန်ခံသူများတားဆီးပေး။ NCA ချိုးဖောက်မှုအရေးယူရေး လက်တွေ့အကောင်အထည်ဖော်ဆောင်ပေး ။ ပြည်သူတင်သောတိုင်စာများ JMC မှ အလေးမထားစတဲ့ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ကျောက်ကြီးမြို့နယ်ဒေသခံတိုင်းရင်းသားတွေအနေနဲ့ တပ်မတော်၊ KNU နှစ်ဖက်စလုံးအပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုလားနေကြပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်ကြီး #တပ်မတော်KNU #ဒေသခံ #ဆန္ဒပြ

Zawgyi

NCA စာခ်ဳပ္မခ်ိဳးေဖာက္ေရး တပ္မေတာ္ႏွင့္ KNUကို ျပည္သူလူထုက ဆႏၵထုတ္ေဖာ္

ေက်ာက္ႀကီး ၊ ဇန္နဝါရီ ၉-၂၀၂၀
သူရိန္(VOM)

ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္၊ ေက်ာက္ႀကီးၿမိဳ႕နယ္က ဌာေနေဒသခံတိုင္းရင္းသားျပည္သူေတြဟာ ဒီ‌ေန႔ မနက္ပိုင္းက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ NCA စာခ်ဳပ္မခ်ိဳးေဖာက္ဖို႔အတြက္ တပ္မေတာ္နဲ႔ KNUကို ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

ဆႏၵေဖာ္ထုတ္တာကို ေအာင္စိုးမိုးေက်း႐ြာကေန KNU ဆက္ဆံေရး႐ုံးေရွ႕၊ KNU ဆက္ဆံေရး႐ုံးေရွ႕ကတစ္ဆင့္ ခလရ(၆၀)တပ္မေတာ္ တပ္ရင္းေရွ႕ထိ အင္အား ၂၀၀ ဝန္းက်င္၊ ေလာ္မူပယ္ေက်း႐ြာကေန သဲေသာမူ သဲေသာခြားေရတံခြန္ထိပ္အထိ အင္အား ၁၀၀၀ ဝန္းက်င္နဲ႔ ႏွစ္ေနရာကို တၿပိဳင္တည္းဆႏၵျပမွဳ ျပဳလုပ္ခဲ့ၾကပါတယ္။

“ NCA စာခ်ဳပ္ခ်ဳပ္ထားတဲ့အေပၚႏွစ္ဦးႏွစ္ဖက္ တိတိက်က်လိုက္နာေစခ်င္တယ္။ အခုေတာင္းဆိုတာက ၆ ခ်က္ရွိတယ္။ ေနာက္ထပ္ပဋိဳပကၡေတြ မျဖစ္ဖို႔အတြက္ရည္႐ြယ္ၿပီး ဆႏၵေဖာ္ထုတ္တာပါ။ ဆႏၵျပတာမဟုတ္ပါဘူး။ အဓိက NCA ကို ႏွစ္ဦးႏွစ္ဖက္ေခါင္းေဆာင္ေတြကေပါ့။ အခုရွင္းလင္းပြဲေတြလာလုပ္တယ္။ အစိုးရဘက္ကလာတာမရွိဘူး။ KNU ဘက္ကလာတာရွိတယ္။ ကြၽန္ေတာ္တို႔ျဖစ္ေစခ်င္တာက ဒီလက္မွတ္ကအစိုးရနဲ႔ ႏွစ္ဖက္သေဘာတူ ထိုးထားတဲ့လက္မွတ္ျဖစ္တဲ့အတြက္ ေၾကာင့္ ျပည္သူေတြကိုရွင္းလင္းေျပာၾကားတဲ့အခါမွာ အစိုးရကိုလည္း ရွင္းလင္းေျပာၾကားေစခ်င္တယ္။ ႏွစ္ဖက္စလုံးကအတူလာၿပီး ရွင္းလင္းေျပာၾကားတာကိုလိုခ်င္တယ္။ တဖက္တည္းေျပာတာကို မလိုခ်င္ဘူး။ အစိုးရတဖက္တည္းကို လာတာလည္းမျဖစ္ေစခ်င္သလို KNU တဖက္တည္းကလည္းမျပည့္စုံဘူး။ ျပည္သူေတြက ဒါကိုစိုးရိမ္လို႔ဆႏၵေဖာ္ထုတ္တာပါ”လို႔ ဆႏၵေဖာ္ထုတ္ပြဲကို ဦးေဆာင္ျပဳလုပ္တဲ့ ေစာျခားဖိုးကေျပာပါတယ္။

ေဒသခံတိုင္းရင္းသားေတြအေနနဲ႔ ထာဝရၿငိမ္းခ်မ္းေရးရရွိဖို႔ ၊ NCA ကိုအေကာင္အထည္ေဖာ္စို႔ ၊ NCA အေပၚတာဝန္ယူသူမ်ား တာဝန္ခံမႈခ်က္ခ်င္းျပ ၊NCA ပါတပ္ေနရာခ်ထားေရး လက္ေတြ႕အေကာင္အထည္ေဖာ္ေပး။ NCA စာခ်ဳပ္မခ်ိဳးေဖာက္ေရး တာဝန္ခံသူမ်ားတားဆီးေပး။ NCA ခ်ိဳးေဖာက္မႈအေရးယူေရး လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္ေပး ။ ျပည္သူတင္ေသာတိုင္စာမ်ား JMC မွ အေလးမထားစတဲ့ ေတာင္းဆိုခ်က္ေတြကို ေတာင္းဆိုခဲ့ၾကတာျဖစ္ပါတယ္။

ေက်ာက္ႀကီးၿမိဳ႕နယ္ေဒသခံတိုင္းရင္းသားေတြအေနနဲ႔ တပ္မေတာ္၊ KNU ႏွစ္ဖက္စလုံးအေပၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ အျမန္ဆုံးအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားဖို႔ လိုလားေနၾကၿပီး တိုက္ပြဲေတြျပန္လည္ျဖစ္ပြားလာမွာကို စိုးရိမ္ေနၾကတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ႀကီး #တပ္မေတာ္KNU #ေဒသခံ #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW